Part 40

5.9K 679 109
                                    

Unicode

လက်ထဲရောက်နေသော ရုပ်ရှင်ရုံလက်မှတ်ကိုကြည့်ကာ Baekhyun နောင်တတွေ အတုံးလိုက်အတစ်လိုက် ရချင်သွားသည်။ ဇာတ်ကားနာမည်သည် ခုတလော လူငယ်တွေကြား နာမည်ကြီးနေသည့် သရဲကားတစ်ကားဖြစ်သည်။ နာမည်မြင်ရုံနှင့် baekhyun တန်းသိရလောက်သည်အထိ baekhyun ဇာတ်ကားတွေအပေါ် စိတ်ဝင်စားမှုမရှိသော်ငြား chae hye ထံမှ ခဏခဏကြားဖူးနေသည်မို့ သိနေရခြင်းပင်။

ကြော်ငြာဘုတ်တွင်မူ ခြေတစ်ချောင်းအရှည်ကြီးက​ ခေါင်းထိရောက်ကာ ဆယ်စုနှစ်နီးပါး မလျှော်ရသေးပုံပေါက်သည့် ဆံပင်အရှည်ကြီးက မျက်နှာကိုဖုံးအုပ်ထားသည့် သရဲမတစ်ယောက်က နေရာယူထားသည်။ လက်ထဲတွင်လည်း သွေးစွန်းနေသော ဓားမြှောင်တစ်လတ်ကိုင်ထားကာ ဆေးရုံအင်္ကျီအဖြူကြီးသည်လည်း သွေးများပေစွန်းနေ၏။ baekhyun လက်ပတ်နာရီလေးအား တစ်ချက်ငုံ့ကြည့်လိုက်သည်။

ည ၉နာရီ။

ဟင်းး...

တံတွေးတစ်ချက်မြိုချကာ ထိုသရဲမကိုပြန်ကြည့်မိသည်။ မျက်စောင်းထိုးတစ်နေရာတွင် ထိုသရဲမကားအပြင် တခြားဇာတ်ကားတွေပါ ​စက္ကန့်ပိုင်းစာ ဗီဒီယိုအတိုလေးတွေပြနေသည်။ ရုတ်တရက် အေးစိမ့်လာသော ပတ်ဝန်းကျင်ကြောင့် ပုခုံးနှစ်ဖက်ကိုကျုံ့လိုက်မိသည်။

"အရမ်းချမ်းနေလို့လား hyung.."

အနားသို့ရောက်လာသည့် chanyeol က လက်တွင် ကြွပ်ကြွပ်အိတ်တစ်ခုဆွဲထားပြီး မုန့်အစုံဝယ်လာပုံရသည်။ baekhyun "ရတယ်" ဟုတစ်ခွန်းဆိုကာ မုန့်ထုတ်တွေကို ဆွဲယူကြည့်လိုက်သည်။ ပေါက်ပေါက်ဆုပ်။ နှစ်ဘူး။ နေကြာစေ့အထုပ်ကြီးတစ်ထုပ်။ ထို့နောက် ကျန်သည့်မုန့်အစုံအလင်ပေမို့ baekhyun chanyeol အား မော့ကြည့်လိုက်သည်။

တစ်ဆိုင်လုံးများ ဝယ်လာတာလား...

Baekhyun ပါးစပ်မဟရသေး။ မျက်စိရှေ့ထိုးပေးလာသော long coat အညိုကြီးကိုသာ ကြောင်ကြည့်နေမိသည်။

"ဝတ်ထားလိုက် hyung.. ကျွန်တော် တစ်နေ့လုံး kitchen ထဲမှာပူလောင်နေတာမို့.. ခုသိပ်မချမ်းဘူး.."

baekhyun လက်ပိုက်ထားနေရင်းဖြင့် ပြန်မေးလိုက်သည်။

"သေချာလို့လား.. အထဲမှာတော့ ပိုချမ်းမယ်ထင်တယ်နော် chanyeol.."

H Y U N GWhere stories live. Discover now