Part 14

4.1K 534 6
                                    

Zawgyi

အိမ်မရောက်ခင် လမ်းထိပ်ရှိ စတိုးဆိုင်ထဲတွင် လိုအပ်သည့်ဆေးများဝယ်၍ chanyeolကို တစ်နေရာတွင် ထိုင်ခိုင်းပြီး ဆေးလိမ်းပေးရသည်။ မျက်လုံးအောက်ဖက် ထောင့်နား ပါးရိုးပေါ်တွင်လည်း ညိုမဲဒဏ်ရာတစ်ခု။ baekhyun အိမ်ပြန်ရောက်လျှင် မည်ကဲ့သို့ဖြေရှင်းပြရမည်ကို ခုချိန်ထိ မတွေးတတ်သေး။

နှုတ်ခမ်းထောင့်စွန်းနားရှိ သွေးစတို့ကို သုတ်ဖယ်၍ ဆေးလိမ်းပေးတော့ မျက်နှာရှုံ့မဲ့သွားသည်ကလွဲ၍ ထူးထူးခြားခြား ငြင်းဆန်ခြင်းမရှိ။ ကြိတ်မှိတ်သည်းခံနေရသည့်ပုံပေါ်တော့ သက်သာလို သက်သာငြား baekhyunကဘဲ ပါးစပ်ဖြင့် လေအေးအေးလေး မှုတ်ပေးလိုက်သည်။

ထိုအခါ chanyeol ၏မျက်နှာသည်ရှုံ့မဲ့ခြင်းမရှိတော့သော်ငြား မလှုပ်မယှက် တောင့်တောင့်ကြီးဖြစ်သွားလေသည်။ ဤသည်ကို baekhyun သတိမပြုမိ။ နှုတ်ခမ်းထောင့်မှ ဒဏ်ရာကိုသာ ဖြေးဖြေးချင်းမှုတ်ရင်း စိတ်ရှည်ရှည်ဖြင့် ဆေးထည့်ပေးနေမိသည်။

ဆေးဝင်လောက်သည့် အနေအထားရောက်လောက်ပြီဆိုမှ ဆေးထည့်ပေးခြင်းအမှုကိုရပ်၍ စကားပြောရန် မော့်ကြည့်လိုက်သည့်အခိုက် chanyeol၏ သေချာစူးစိုက်ကြည့်နေသော မျက်ဝန်းဝိုင်းများနှင့်ဆုံမိသည်။

ဘယ်အချိန်တည်းက လူကိုကြည့်နေလဲမသိသော်ငြား chanyeolသည် အကြည့်ချင်းဆုံသွားသည်တောင် အကြည့်မလွှဲ ကြည့်မြဲပင်..။
Baekhyun ကသာ မသိချင်ယောင်ဆောင်၍ ချက်ချင်းအကြည့်လွှဲပစ်၍ ဆေးများကို ကောက်သိမ်းနေလိုက်သည်။
ထိုစဉ် chanyeolဘက်မှ စကားသံထွက်လာသည်။

" နှစ်ယောက်စလုံး ယောက်ျားလေးတွေ မို့လို့လား ..hyung?"

ထိုအခါ baekhyun ၏ ဆေးများသိမ်းနေသော လက်သည် တုန့်ကနဲ ရပ်တန့်သွားလေသည်။ ထိုကဲ့သို့သော စကားလုံးများကိုပြောမည်ကို ကြောက်၍ baekhyun ပတ်ရှောင်နေခဲ့ခြင်းဖြစ်သည်ကို ယခု ဤကဲ့သို့ နှစ်ယောက်တည်းရှိချိန်တွင် ပြောလေတော့ ပြန်ဖြေရန် အဖြေတိတိကျကျ မရှိ၍ baekhyun စိတ်ထဲ ကိုယ့်ဘာသာကိုယ် ဆဲရေးဆိုမိသည်။ မျက်နှာပြောင်ပြောင်ထား၍သာ chanyeolဘက်ကို ပြန်လှည့်ကြည့်လျက် ဆိုလိုက်သည်။

H Y U N GWhere stories live. Discover now