Part 32

5.1K 646 50
                                    

Unicode

Baekhyun ကားထဲ ဝင်ထိုင်လိုက်ပြီးနောက် Chanyeol သည် တံခါးဖြေးဖြေးသာသာ ပိတ်ကာ တစ်ဖက်ခုံ၌ နေရာယူသည်။ ထို့နောက် ကားစက်နှိုးလိုက်သည့်အခါ မည်သည့်နေရာက မြည်မှန်းမသိ မြည်လာသော တတီတီအသံ။

chanyeol , baekhyunဘက်လှည့်ကာ ဆိုလာ၏။

"hyung... ခါးပတ်"

အာ... ခါးပတ်?

baekhyun အလုပ်အသွားပြန် ကားစီးပြီးပြန်ရသည်ဟု ဆိုပါသော်ငြား စီးရသည့်ကားက ဘက်စ်ကားဖြစ်ပြီး ခါးပတ်ဟူ၍ စိုးစဥ်းမျှပတ်ရခြင်းမရှိ။ တစ်ခါတစ်ရံ အချိန်မလောက်၍ taxi ​ဖြင့်သွားရသည့် အချိန်များဆိုလျှင်လည်း အနောက်ခန်းတွင်သာ ထိုင်ရင်း ဧည့်သည်အဖြစ် လိုက်ပါစီးနင်းရသည်မို့ ခါးပတ်ပတ်ရန် ဘာညာမလိုအပ်။ ထို့ကြောင့် ရှင်းရှင်းဆိုရလျှင် ယခု baekhyun အတွက် ခါးပတ်ပတ်ရမည် ဟူသည့် အခြေအနေသည် မည်သည့်နေရာက စရမှန်းမသိ။

ဇာတ်ကားတွေထဲကလို အပေါ်ကဆွဲရမည်လား.. ဘေးကဆွဲရမည်လား.. အောက်ကဆွဲရမည်လား..
ဆွဲလိုက်ပြီးလျှင်ရော.. မည်သည့်အပေါက်ထဲ ထည့်ရမည်နည်း။
သို့မဟုတ် ယခုချက်ချင်းပင် ကားပေါ်ကပြန်ဆင်းလျှင် ကောင်းမလား.

ရှက်လိုက်တာ..

ရုတ်တည်ကြီးနှင့် ထိုင်နေသော baekhyunအား chanyeolက တစ်ချက်ကြည့်ကာ သဘောပေါက်သွားသည့်ဟန်ဖြင့် ခပ်တိုးတိုးရယ်သံပြု၏။

လှောင်တာလား

"ငါ-...."

မခံမရပ်နိုင်စိတ်နှင့်အတူ Chanyeol ဘက်လှည့်ကာ ရန်တွေ့ရန် ပြင်လိုက်သော်ငြား အနားကပ်လာသည့် chanyeol ကြောင့် လူကအသက်ရှူနေသည်ကိုပါ ​အလန့်တကြား ရပ်လိုက်မိသည်အထိ။

ဘာလုပ်တာလဲ..

တဖြည်းဖြည်း နီးကပ်လာသော အကွာအဝေးကြောင့် ခေါင်းကိုတစ်ဖက်လှည့်ပြီး အကြည့်လွှဲလိုက်မိသည်။

"ခါးပတ်ကြိုးက ဒီအပေါ်မှာ hyung..."

chanyeol ၏ ဩရှရှအသံနှင့်အတူ လေဝင်လေထွက်က baekhyun၏ နားသယ်စပ် မွှေးညှင်းများကို လှုပ်ခတ်သွားစေကာ တစ်ကိုယ်လုံး ကြက်သီးများ ထလာစေသည်။

H Y U N GWhere stories live. Discover now