CHANYEOL (U)

3.8K 307 49
                                    

Unicode

အခန်းတစ်ခုလုံးက မှောင်မဲနေပြီး အေးစိမ့်နေသောနံရံနှင့် ကျောကပ်ထားသည့်တိုင် အေးစက်မှုကိုမခံစားနိုင်သည်အထိ အာရုံတွေပျံ့လွင့်နေသည်။ ရင်ကိုနာစေသည့် မြင်ကွင်းက တော်တော်ကြာသည်အထိ ဦးနှောက်ထဲမှ ထုတ်မရ။ ရင်ထုမနာ နာကျင်ရသည်ထက် တဆစ်ဆစ်ထိုးဆွခံနေရသလို နာကျင်မှုမျိုး။

"အဲ့ကောင်ကို ဖုန်းသိမ်းထားလိုက်စမ်း !!"

အခန်းတံခါး စေ့စေ့ပိတ်ထားသည့်တိုင် အပြင်ကအသံတွေက ဆူညံစွာ ကြားနေရသေးသည်မို့ နားကိုလက်နှစ်ဖက်လုံးဖြင့် အုပ်လိုက်မိသည်။

"ယောကျ်ားတစ်ယောက်ကြောင့်နဲ့ အရူးတစ်ပိုင်းဖြစ်နေရတယ်လို့ တောက် !! နားရှက်စရာတွေကွာ !!!"

အမေ့ငိုသံ တရှိုက်ရှိုက်ကြားမှ ငြင်းဆိုနေသံများကိုလည်း ကြားနေရသေးသည်။ ဘာတွေဖြစ်နေတာလဲ။ ကျွန်တော် ဘာအပြစ်လုပ်ထားမိလို့လဲ။ ကျွန်တော်ပြောမိတာ သူ့ကို ချစ်နေပါတယ် ဆိုတဲ့ ဝန်ခံချက်လေး တစ်ခွန်းလေးသာ။ အိမ်ပြန်ရောက်သည့်အချိန်တွင် အမေ့လက်ထဲ ဖွင့်လျက်သားဖြစ်နေသည့် ဒိုင်ယာရီစာအုပ်ကလေးက တရားခံဟု ဆိုလို့ရနိုင်သော်ငြား အပြစ်မရှိပါဘဲ အဖေ့ဒေါသအောက် ဆွဲဖြဲခံထားရသည်မှာ ကြမ်းပြင်ပေါ် တစစီ။ ပါးစောင်ရိုးပေါ်မှ အဖေ့လက်သီးနာကျင်မှုက အာရုံမထားနိုင်။ ဝေဝါးနေသည့် မြင်ကွင်းကို အားမရစွာ မျက်လုံးတွေကို အကြမ်းပတမ်း ပွတ်သပ်မိသည်။ ဖြဲဆုတ်ထားသည့် စာရွက်အပေါ် တစ်ပိုင်းတစ်စ မြင်နေရသည့် လက်ရေးသော့သော့လေးက ရေးထားသည်က ရိုးရိုးရှင်းရှင်း hyung တဲ့။

ယခုလောလောဆယ် အာရုံထဲရှိနေသည်က အခန်းအပြင်ဘက်တွင် ဆဲရေးတိုင်းထွာနေသော အဖေ့အသံတွင်မဟုတ်။ ငယ်လေးကို ဖက်ကာ ငိုရှိုက်သံတွေ တပ်အပ်ကြားနေရသော အမေ့ထံတွင်လည်းမဟုတ်။ လူတစ်ယောက်ရဲ့ ရင်ခွင်ထဲ ငြိမ်သက်ကာ ပွေ့ဖက်ခံနေသည့် hyung ပုံရိပ်။ ရင်ထဲ တဆစ်ဆစ်တူးဆွနေသည်အထိ မြင်ယောင်နေမိသည်မှာ ထိုသူနှင့်ပတ်သက်လာရင် သေးသေးမွှားမွှားလေးကအစ ကျွန်တော်တကယ်ရူးနေပြီ ထင်ပါရဲ့။

H Y U N GWhere stories live. Discover now