Part 45

5.4K 623 93
                                    

Unicode

ဤနေ့သည်ကား ပိတ်ရက်။
လခစားဝန်ထမ်းတစ်ယောက်အနေနှင့် အပျော်ဆုံးရက်သည် ပိတ်ရက်ဖြစ်သင့်သော်ငြား baekhyun မပျော်။ chanyeol နှင့် ပိတ်ရက်မတူ၍ baekhyun တစ်ယောက်တည်းသာ အိပ်လိုက်စားလိုက်ဖြင့် တစ်နေ့တာကို ဖြတ်သန်းရဦးမည်။ အလုပ်သွားနေသည့်တစ်ပတ်လုံး chanyeol က သူ့ပိတ်ရက်ကိုတောင်မှ မညည်းမညူ baekhyun အား အကြိုအပို့လုပ်ပေးသည်။ မလိုပါဟု အားနာစွာပင် ဆိုမိသော်ငြား အသွားရောအပြန်တွင်မူ စောင့်ကြိုဆဲပင်။

ပိတ်ရက်မှသာ လွမ်းသလိုဖြစ်နေသော်ငြား baekhyun တူတူသွားလာနေသည့်တစ်ပတ်လုံး chanyeol အား ပလစ်ထားသကဲ့သို့ဖြစ်သွားသည်ကိုသိသည်။ တမင်ရည်ရွယ်၍တော့ မဟုတ်သော်ငြား tao ၏ လက်ချာပေးမှုသင်တန်းပြီးဆုံးသည်နှင့် baekhyun, chanyeol အား မျက်နှာချင်းပင်မဆိုင်ရဲသည်အထိ ဖြစ်သွား၍ တစ်ပတ်လုံးလုံး ရှောင်နေသလိုဖြစ်သွားခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ chanyeol မကျေမနပ်ဖြစ်နေမည်ကိုသိသည်။ ကားပေါ်တွင် ပါးကိုနမ်းသည်ပင် ခွင့်မပြုတော့ကာ အကြည့်ချင်းမဆုံမိစေရန် အတတ်နိုင်ဆုံး ထိန်းသိမ်းထားသောကြောင့် chanyeol အတွက် အလွန်တရာမှထူးဆန်းသလို ဖြစ်နေမည်ပင်။ chanyeol သည် စကားနားမထောင်ဘဲ တစ်ခုခုဆိုလျှင် အတင်းအကျပ်လုပ်တတ်သည်ဟု ထင်ရသော်ငြား baekhyun မကြိုက်ဟုငြင်းလျှင် ဆက်မလုပ်။ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဖြင့် အလိုက်တသိနေပေးသည်။

ထို့ကြောင့် ဆိုရလျှင် နှစ်ယောက်သားအခြေအနေသည် ပုံမှန်ပြန်စတွေ့ကာစကဲ့သို့ အူကြောင်ကြောင် ဖြစ်သွားခြင်းပင်။ ထိုအခြေအနေကို chanyeol မကြိုက်သည်မှာ သေချာသကဲ့သို့ baekhyun လည်းမကြိုက်ပါ။ သို့သော်ငြား baekhyun အနည်းငယ်စောင်းမြောင်းတည့်တိုး ကြည့်မိလျှင်တောင် chanyeol ပုံစံသည် အမှားမရှိအောင် ထိန်းထိန်းသိမ်းသိမ်းနေနေသည့် ကလေးတစ်ယောက်လို ထင်ရစေသည်။ baekhyun ဘက်ကအခွင့်အရေးမပေးမချင်း ထိုအတိုင်းသာ နေသွားမည်ထင်ရသော်ငြား ညတိုင်းမပျက်မကွက် ရောက်လာသေးတတ်သော စာကတော့စိမ်းသွားဟန်မရှိ။

ပိတ်ရက်ရောက်မှပင် အလွန်နောင်တရကာ ချက်ချင်းပြေးတွေ့ချင်လာသော်ငြား chanyeol ခုချိန်လောက်ဆို အလုပ်ရှုပ်နေဦးမည်ဖြစ်သောကြောင့် ဖုန်းလည်းမဆက်ဖြစ်။ အချိန်သည် မနက် ၁၀ နာရီ။ baekhyun အခုဆေးရုံတွင် ဖြစ်သည်။ မားသည်မနက်ပိုင်း ဆိုင်ဖွင့်မည်ဆိုသောကြောင့် baekhyun ဆေးရုံတွင်ဝင်စောင့်ပေးနေခြင်းဖြစ်သည်။ အမှန်တိုင်းဆိုရလျှင် baekhyun ဆေးရုံကိုမရောက်ဖြစ်သည်မှာ အတော်ကြာပြီဟု ဆို၍ရသည်။ ပါး၏အခြေအနေပြန်ကောင်းသည်ဟု ကြားရပြီးနောက် အနည်းငယ်စိတ်အေးချမ်းသာနေဖြစ်ခဲ့ပြီး ထိုဘက်ကိုအာရုံသိပ်မရောက်ဖြစ်လိုက်။ ရောက်သည့်အချိန်တွင်လည်း ပါး၏မျက်နှာ အေးချမ်းနေသည်မို့ စိတ်သက်သာရသည်။

H Y U N GWhere stories live. Discover now