Part 16

3.9K 515 5
                                    

Zawgyi

မျက်စိဖွင့်ဖွင့်ချင်း မြင်ရသောမြင်ကွင်းက ဝရုန်းသုန်းကားဝင်လာသော ရေများဖြစ်သောကြောင့် ချက်ချင်းပြန်မှိတ်လိုက်သော်ငြား နောက်ကျသွားခဲ့ပြီဖြစ်သည်။ ချက်ချင်းဆိုသလို မျက်လုံးတွင် စပ်ဖျင်းဖျင်းနာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး ပတ်ခံလိုက်ရသော ရေအားနှင့်အတူ အနောက်သို့ လန်ကျ၍ ငုပ်တုပ်ထိုင်ချမိသည်အထိ လန့်သွားမိသည်။ ရုတ်တရက် ဖြစ်ပျက်သွားသော အဖြစ်အပျက်ကြောင့် လူက ချောက်နက်တွင်းသို့ တွန်းချခံလိုက်ရသကဲ့သို့ပင်.. ထိတ်လန့်သွားမှုက တော်ရုံနှင့်မပျောက်။

"ဟားဟားဟားဟား...ဟားဟားဟား.."

တစ်ချိန်တည်းတွင်ဆိုသလိုပင် တစ်ဖက်မှ ရယ်သံအနက်ကြီးထွက်ကျလာသည်မှာ ရုပ်ရှင်ဇာတ်ကားများထဲမှ လူယုတ်မာကြီးအလား..တော်ရုံနှင့်မရပ်။ ရယ်နေရင်းဖြင့်လည်း ကျေနပ်အားရနေသည့်အလား လက်ခုပ်လည်း တီးနေသေးသည်။

တစ်ဖက်လူ၏အသံကိုကြားသည်နှင့် ထိုသူမည်သူနည်းဆိုသည်ကို baekhyunသိလိုက်သည်။ သို့သော် baekhyunယခု ရန်တွေ့ချင်သော်ငြား ကျိန်းစပ်သွားသော မျက်လုံးကိုသာ အာရုံစိုက်၍ ရေများကိုသပ်ချနေရသည်။

မြင်လွှာတစ်ခုလုံးပြာဝေသွား၍ ရှိန်းစပ်စပ်ဖြစ်နေသည့် ခံစားချက်မှာ အတော်ပင်ဆိုးရွားသည်။ တစ်ဖက်လူကိုရန်တွေ့ချင်ပါသော်ငြား မိမိမျက်လုံးကိုသာ အရင်အာရုံစိုက်နေရသည်။ ရေအပက်ခံလိုက်ရသော မျက်စိတစ်ဖက်ကို လက်ဖြင့်အုပ်ထားပြီး ဒေါသတကြီး မော့ကြည့်လိုက်သည်။

"မင်း!!"

"ဟားဟားးဟ ငါ့....ငါ့လာအပြစ်မတင်နဲ့ ဟေ့ကောင်.. မင်းရေတောင်းလို့ ငါပေးလိုက်ရုံဘဲ ဟဟား"

တစ်ဖက်လူသည် တခြားလူမဟုတ်..။
Baekhyunတို့ကျောင်းတွင် နှစ်ယောက်ပင်မရှိသည့် အောက်တန်းကျသည့်အကျင့်စရိုက်နှင့် jin hyukပင်။ baekhyun ဒေါသကြောင့် တစ်စက်စက်တုန်လာသည်။ ဖင်ထိုင်ချလိုက်မိသည့်နေရာမှလည်း မတ်တပ်ပြန်ရပ်၍မရသေး။ လက်နောက်ပြန်ထောက်ထားရသည်ဖြစ်၍ ထိုလက်များမှ နာကျင်မှုကို ခံစားနေရသည့်အပြင် တင်ပါးမှလည်း တော်တော်ကို အောင့်သွားသည်။ jin hyuk သည်လည်း ပါးစပ်ပြန်ပိတ်ရန်ပင် သူ့ကိုယ်သူမနည်းအားယူနေရသည်။ jin hyuk ပြောပြီးပြီးချင်း baekhyun ပြန်အော်လိုက်သည်။

H Y U N GWhere stories live. Discover now