*Zawgi Version*
Year 2008,
#Ti Ti~~Ti Ti~~Ti Ti~~~
တိတ်ဆိတ်နေသောအခန်းတစ်ခုအတွင်းကျယ်လောင်စွာ ထွက်ပေါ်နေသော နှိုးစက်သံ။
အခန်းတစ်ခုဟုဆိုသော်လည်း...လူနေသည့်အခန်းနှင့် လုံးလုံးမျှမတူ။ ခြေအိတ်များ၊ လုံးထွေးထားသော အင်္ကျီတစ်ချို့နှင့် ယောကျာ်းလေးဝတ်အတွင်းခံများမှာ ကြမ်းခင်းပြင်ပေါ်တွင်သာမက ထိုင်ခုံပေါ်နှင့် အိပ်ရာပေါ်များတွင် ပြန့်ကျဲလျက်နေရာယူထားသည်။ကုတင်ပေါ်တွင်စောင်များနှင့်အတူလုံးထွေး၍ဖတ်ထုပ်ကဲ့သို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော လူတစ်ယောက်။ ရုတ်တရပ်တိတ်ဆိတ်နေသောအခြေအနေကို နှိုးစက်သံကဖြိုခွင်းလိုက်ခြင်းကိုမကျေနပ်သည့်အလား... ဖတ်ထုပ်ကဲ့သို့စောင်ကြီးအတွင်းမှ လက်ထွက်လာပြီး နှိုးစက်ကိုပိတ်၍ပြန်အိပ်လေသည်။
သို့သော်လည်း...မကြာလိုက်ပါ။
လူသားနှိုးစက်ကိုယ်တိုင်လာနှိုးလေသည်။"Ya Byun Baekhyun ခုထိမထသေးဘူးလား။ ဒီနေ့ကျောင်းစတက်ရမယ်မဟုတ်လား။ နေကဖြင့်ဖင်ထိုးနေပြီ ဒင်းလေးကနှပ်လို့ကောင်းတုန်း..ထ..ထ မြန်မြန်ထစမ်း... ဒီလိုနဲ့ပထမဆုံးစတက်မယ့်ရက်မှာနောက်ကျနေတော့မယ်။
အိုက်ရီးဂူး..ကိုယ့်အခန်းကိုယ်ရှင်းပါလို့ပြောနေတာလည်း အရင်နှစ်ကတည်းက။ တစ်တန်းသာတက်လာတယ် ဒီအခန်းကတစ်စက်ကလေးမှပြောင်းမလဲသွားဘူး။ တကယ့်ကိုလူနေတဲ့အခန်းအဟုတ်ဖူး ဝက်ဘဲ...တကယ့်ကို ဝက်နေတဲ့ရွှံ့အိုင်ကြီးအတိုင်းဘဲ...အိုက်ရီးဂူး.."
ရုတ်တရပ်အခန်းအတွင်းသို့တံခါးမခေါက် ဘာမခေါက် ဝင်လာသော မွေးသမိခင်ကျေးဇူးရှင်။ အခန်းထဲဝင်လာပြီး ပထမဆုံးပြတင်းပေါက်လိုက်ကာများကို ဆွဲဖွင့်၍ အလင်းဝင်အောင်လုပ်သည်။ ထို့နောက် ဖက်ထုပ်ကဲ့သို့ စောင်ကြီးကိုဆွဲခွာလိုက်တော့ ထွက်လာသည့် အင်္ကျီ၊ ဘောင်းဘီများကိုမြင်၍ ကောက်သိမ်းရင်း ပါးစပ်ကလည်းမရပ်မနား ပြောပြန်သည်။
မားကို ပါးဘယ်လိုများကြိုက်ပြီး ယူခဲ့လဲ ခုထိစဉ်းစားလို့မရ။
သေချာသည်။ ဒီလိုအခြေအနေနဲ့ဆိုဆက်အိပ်လို့မရတော့။
DU LIEST GERADE
H Y U N G
Fanfictionငယ်ငယ်ကတည်းက hyung လို့ခေါ်ကာ အမြဲနောက်ကတကောက်ကောက် လိုက်နေခဲ့တဲ့ ကောင်လေးက ကြီးတဲ့ထိ မပြောင်းလဲခဲ့~ ငယ်ငယ်ကတည်းက hyung လို့ခေါ်ကာ အမြဲနောက်ကတကောက်ကောက် လိုက်နေခဲ့တဲ့ ကောင်လေးက ကြီးတဲ့ထိ မပြောင်းလဲခဲ့~ Written by aHMUE. [Zawgyi + Unicode] This cove...