Part 25

4.2K 515 26
                                    

Unicode

baekhyun ယခု အိမ်ရှေ့ဧည့်ခန်းထဲတွင် ကျောရိုးမရှိသကဲ့သို့ ခန္တကိုယ်အား လျှောချလျက် ရှေ့ခုံပေါ်သို့ ခြေဆင်းထိုင်ကာ မားနှင့်အတူ ဒရမ်မာကား ကြည့်နေခြင်းဖြစ်သည်။ လက်ထဲရှိ ဇလုံအပြည့် စတော်ဘယ်ရီသီးများအား တစ်လုံးပြီးတစ်လုံး ပါးစပ်ထဲ ပစ်ထည့်နေပြီး မျက်လုံးသည် TVတွင်ပြနေသော ဇာတ်လမ်းတွင် ရောက်နေသော်ငြား အသိစိတ်သည်မူ ယခင် အပတ်က chanyeol နှင့် ပြောခဲ့သော စကားများထံတွင်သာ တစ်ဝဲလည်နေသည်။

အမှန်အတိုင်း ဆိုရလျှင် baekhyun ဒီအပတ် စနေနေ့ အမြန်ပင် ရောက်ချင်လှပြီဖြစ်သည်။ ပုံမှန်နေ့များဆိုလျှင်လည်း ပိတ်ရက်ရောက်ချင်သည်မှာ မဆန်းသော်ငြား ဒီတစ်ပတ်သည်ကား အလွတ်ပြင်းထန်သော ဆန္ဒတစ်ခုကြောင့်သာ...။

အရင်အပတ်က chanyeol ထံမှ 'happy birthday hyung' ဟူသော စကားအားကြားလိုက်ရချိန်တွင် စကားတစ်လုံးမှ ပြန်မပြောနိုင်တော့သည်အထိ အံ့ဩခဲ့ရသည်။ မွေးနေ့ကို ဘယ်လိုသိသလဲ မေးတော့ chanyeol သည် baekhyunနှင့် ပတ်သက်သမျှ ကိစ္စအလုံးစုံအား မားထံတွင် မေးမြန်းထားသည်တဲ့။ မေးမြန်းသည်လား ရစ်သည်လားတော့ မသဲကွဲသော်ငြားပေါ့...။

အတွေးတို့သည် ထိုနေ့ညက စကားလုံးတို့အား ပြန်လည်ကြားယောင်ဆဲပင်..

" မွေးနေ့လက်ဆောင် ဘာလိုချင်လဲ hyung"

ပိုင်ပိုင်နိုင်နိုင် မေးလာသော chanyeol စကားကြောင့် baekhyun မျက်ခုံးပင့်ကာဖြင့် ရယ်သံစွတ်ကာ ပြန်ချေပ၏။

"မွေးနေ့လက်ဆောင်? မင်းက ကိုယ်ပိုင်ဝင်ငွေတောင် မရှိသေးတဲ့ အထက်တန်း ကျောင်းသားတစ်ယောက်လေ... ငါတောင်းရင်ရော မင်းကဝယ်ပေးနိုင်မှာမို့လား.."

"အင်းးးးး ပြောကြည့်လေ hyung ရဲ့.. ရမရဘယ်သိနိုင်မလဲ.. ပြီးရင် ကိုယ်ပိုင်ဝင်ငွေ မရှိဘူးဆိုပေမယ့် ကျွန်တော့်မုန့်ဖိုးနဲ့ ကျွန်တော်ဝယ်မှာပါနော်... အမေ့ဆီက လက်ဖြန့်မတောင်းဘူး"

တစ်ခွန်းမခံ ပြန်​ချေပသော chanyeol ၏ စကားကြောင့် baekhyun စိတ်ထဲ အထင်ပင်ကြီးသွားရကား ခေါင်းတညိတ်ညိတ်ပင် လုပ်လိုက်မိသည်။ chanyeol သည် ရုတ်တရက် အလိုလိုက်ခံထားရသော ကလေးဆိုးအသံနှင့် တိုးဖျဖျဆိုသည်။

H Y U N GWhere stories live. Discover now