Unicode
မျက်နှာပေါ်တည့်တည့်ကျရောက်နေသော နေရောင်ခြည်စူးစူးကြောင့် အလိုမကျစွာပင် စောင်ကိုခေါင်းပေါ်ထိ ဆွဲခြုံလိုက်သည်။ သို့သော်ငြား ရုတ်တရက် ဆွဲချခံလိုက်ရသော စောင်နှင့်အတူ တင်ပါးမှဖြောင်းဟူသော ရိုက်ခံလိုက်ရသည့် အသံကြီးထွက်လာကာ တစ်ဆက်တည်း မား၏အသံစူးစူးကို ကြားလိုက်ရသည်။
"ထတော့ ဗြောင်ဘတ်! ချန်းယော်လီတောင် နင့်ထက်အစောကြီးနိုးနေတာ.. အကြီးဖြစ်ပြီး အရှက်လေးမရှိဘူးလား.. တစ်ခန်းလုံးလည်း ရှုပ်ပွနေတာဘဲ!"
စောင်ထုတ်ကြီးအား ဆွဲခွာကာ တင်ပါးကိုရိုက်ကာ နှိုးနေသော မားသည် ပါးစပ်မှလည်း အပြောမပျက်။ တဖြောင်းဖြောင်းနှင့် ချနေသောငြား ဂွမ်းစောင်အထူကြီးကြောင့် ဘာမျှမခံစားရကာ ရိုက်လိုက်လည်း နေရောင်ဖွေးဖွေးအောက် ဖုန်မှုန့်များသာထွက်လာ၏။
"အိုက်ဂူး! နင့်ဝက်တဲလိုအခန်းထဲ ချန်းယော်လီကို ပေးအိပ်ခိုင်းရတယ်လို့! ငါရှက်လွန်းလို့သေတော့မယ်! ထစမ်း ဗြောင်ဘတ် ထ!"
baekhyun စောင်ထုတ်ထဲမှ မျက်နှာလေးပေါ်လာကာ အိပ်ချင်မူးတူးဖြင့် မားကိုဝေဝေဝါးဝါးကြည့်မိသည်။
"နှပ်မနေနဲ့! ၁၀နာရီထိုးနေပြီ! ထလာခဲ့တော့! နေကထွက်ပြီးလို့ ပြန်တောင်ဝင်တော့မယ်! အခုထိလာနှိုးနေရတုန်း တကယ်ဘဲ!"
ပွစိပွစိဖြင့် ရေရွတ်ကာ ထွက်သွားသော မားကို baekhyun ကြောင်သာကြည့်နေမိသည်။ ၁၀နာရီတောင် ထိုးသွားပြီဆိုသောကြောင့် ထရန်သာတွေးလိုက်ပြီး ငုပ်တုပ်ထိုင်ကာ ကုတင်ဘေးနားခုံပေါ်ရှိ နာရီကိုယူကြည့်မိလိုက်သည်။
၇နာရီခွဲ!!!!!!!
"အာ....!! မားကလည်း တကယ်ဘဲ!"
ခပ်ဆူဆူညည်းပြီးသည်နှင့် baekhyun ကုတင်ပေါ် ပြန်မှောက်ချကာ အိပ်ပျော်သွားတော့သည်။ အိပ်ပျော်လုဆဲဆဲအခြေအနေတွင် ရုတ်တရက် ပုခုံးစွန်းမှ အထိအတွေ့တစ်ခုကြောင့် အနည်းငယ် လူးလွန့်လာ၏။ အခုမှပြန်အိပ်တာ ပြန်လာနှိုးနေပြန်ပြီတဲ့လား။ ညကအိပ်ပျော်သည့်အချိန် နောက်ကျသောကြောင့် အိပ်ရေးမဝသေး။ ရုတ်တရက် မျက်လုံးပက်ကနဲဖွင့်လိုက်တော့မှ မျက်စိရှေ့ရောက်နေသော chanyeol မျက်နှာအား နေရောင်နုနုတွင် တွေ့လိုက်ရ၍ ထွက်နေသည့်ဒေါသအလုံးစုံသည် လျှောကနဲပြန်ကျသွားသည်။ chanyeol ပြုံးရွှင်ကာဆို၏။
YOU ARE READING
H Y U N G
Fanfictionငယ်ငယ်ကတည်းက hyung လို့ခေါ်ကာ အမြဲနောက်ကတကောက်ကောက် လိုက်နေခဲ့တဲ့ ကောင်လေးက ကြီးတဲ့ထိ မပြောင်းလဲခဲ့~ ငယ်ငယ်ကတည်းက hyung လို့ခေါ်ကာ အမြဲနောက်ကတကောက်ကောက် လိုက်နေခဲ့တဲ့ ကောင်လေးက ကြီးတဲ့ထိ မပြောင်းလဲခဲ့~ Written by aHMUE. [Zawgyi + Unicode] This cove...