Part 47

4.5K 618 175
                                    

Unicode

ထွက်လာသည့်အသံကြောင့် ခုန်လက်စရင်ဘတ်ထဲက အသံပင်ပျောက်သွားသယောင်။ ကြောင်အနေမိပြီး နားကြားမှားသည်ဟုပင်ထင်နေဆဲ။ သို့သော်ငြား ထပ်မံကြားလိုက်ရသော ဟယ်လို ဟူသည့်အသံကအထင်မမှားဘဲ သေချာသည်ကို ခံရခက်စွာလက်ခံစေသည်။ ခေါင်းထဲတရှိန်ထိုးစောင့်ဝင်လာသည်က ဘယ်သူလဲ ဟူသောမေးခွန်း။ မေးမိလျှင် baekhyun စိတ်နှင့်ဆိုလျှင် အပြီးသတ်နိုင်လိမ့်မည်မထင်။ မိန်းကလေးတစ်ယောက်နှင့် အငြင်းပွားနေ၍ မသင့်တော်ဟု ခံစားရသည်ကြောင့် အရှိန်ပြန်လျှော့ကာ လိုရင်းကိုဖြေးဖြေးချင်း မေးလိုက်သည်။

"chanyeol ရှိလား..."

တစ်ဖက်မှအသံထွက်လာ၏။

"အိပ်နေတယ်.."

စကားလုံးသည်ပြတ်သလိုထင်ရသော်ငြား အသံကတော့နူးညံ့နေသည်။ ကောင်းသည်လား ဆိုးသည်လား baekhyun မခွဲခြားတတ်။ အိပ်နေသည်ဟူသော စကားအရ ထိုမိန်းကလေးသည် chanyeol အိမ်တွင်လား။ chanyeol က တစ်ယောက်တည်းနေသည့်သူလေ။ မိန်းကလေးတစ်ယောက်ကဘာလို့။ ခေါင်းခါထုတ်လိုက်သည်။ chanyeol အပေါ် သံသယမဝင်သင့်။ ခေါင်းထဲတွင် အတင်းကာရော သဘောထားကြီးစွာ နားလည်ပေးနေသော်ငြား ရင်ဘတ်ထဲကတော့ ခံစားရခက်နေသည်။ စကားပြောဖို့ လည်ချောင်းတွေ ခြောက်ကပ်နေသည်ထင်ရ၍ တံတွေးတစ်ချက်မြိုချကာ ထပ်ဆိုလိုက်သည်။

"အဲ့ဒါဆို... နိုးလာရင် ပြန်ခေါ်ပေးလို့ရမလား.. ပြောစရာရှိတာမို့လို့.."

ကိုယ်ပြောချင်သည့်သူနှင့် ဖုန်းလေးပြောဖို့အရေး လူတစ်ယောက်ကိုဖြတ်ကျော်နေရသည်လောက် ဘဝင်မကျသည်မရှိ။ တစ်ဖက်မှလက်ခံသည့်အသံ ကြားရပြီးချက်ချင်း ဖုန်းကျသွား၏။ စိတ်ထဲအနည်းငယ် စနိုးစနောက်ဖြစ်သွားသော်ငြား chanyeol ကို ယုံသည်မို့ ထိုမိန်းကလေးကို စိတ်ထဲကခဏထုတ်ထားလိုက်သည်။ အိပ်ပျော်နေသည်တဲ့...။ ပင်ပန်းသွားသည့်ပုံပင်။ ဘယ်လောက်တောင် ငိုထားလိုက်မလဲ တွေးကြည့်ရုံနှင့်ပင် baekhyun မနေနိုင်မထိုင်နိုင် ဖုန်းထပ်ဆက်ချင်မိပြန်သည်။ တစ်ယောက်တည်း အတွေးတွေလွန်ပြီး ဖြစ်ချင်တိုင်းဖြစ်နေမည်ကိုသိ၍ ချော့ပေးချင်သော်ငြား အခုတော့အခြေအနေမဟန်သည့်ပုံပင်။ ဖြစ်နိုင်လျှင် ထိုမိန်းကလေးနှင့်အတူ မထားချင်။ ယခုချက်ချင်း chanyeol ရှိသည့်နေရာကို ပြေးသွားလိုက်ချင်သော်ငြား ဆေးရုံပြန်သွားဖို့သာ ရွေးချယ်ရသည်။ လိုအပ်နေသည့်အချိန်တွင် အနားတွင်မရှိပေးနိုင်၍ အားနာရသည်။ ဝမ်းလည်းနည်းသည်။ chanyeol ဘယ်လောက်တောင် သူ့ကိုလိုအပ်နေလိမ့်မလဲ။ အခုတော့မိန်းကလေးတစ်ယောက်နှင့်။

H Y U N GWhere stories live. Discover now