Part 38.1

5K 629 38
                                    

Unicode

နူးညံ့သည်။

နွေးထွေးသည်။

တစ်ဆက်တည်းဆိုသလို ကြိုက်နှစ်သက်သည်။

ရုတ်တရက်မို့ လန့်သည့်အရှိန်နှင့် ကြောင်အနေမိပြီး မျက်တောင်ပင်မခတ်မိ။ ဖြစ်ပျက်သွားသော အခြေအနေအလုံးစုံအား သဘောပေါက်သည်နှင့် ကျယ်ကျယ်လောင်လောင် အချက်ပေးလာသော ရင်ဘတ်ထဲမှအခြေအနေကြောင့် ခပ်မြန်မြန်ပင် chanyeol ရင်ဘတ်ကို တွန်းထုတ်လိုက်သည်။
တွန်းမရ! baekhyun ကျောပြင်ကို လက်နှစ်ဖက်ဖြင့် အတင်းအကျပ်ဖက်ထားပြီး တစ်ချက်ရုန်းလိုက်သည်နှင့် ချက်ချင်းအားအပြင်းနှင့် ဖိချကာ ပို၍ပင် နက်နက်နဲနဲ စုပ်ယူနမ်းရှိုက်လာ၏။

တစ်ချက်တည်းမဟုတ်။
ထပ်ခါတလဲလဲ စုပ်ယူနမ်းရှိုက်နေခြင်းဖြစ်သည်။ ဤသည်ကား baekhyun ၏ ပထမဆုံးအတွေ့အကြုံ။ ပထမဆုံးအနမ်း။ ခပ်ကြမ်းကြမ်းအနမ်းမဆိုလေနှင့် နှုတ်ခမ်းချင်းပင် မထိဖူးသော baekhyun အဖို့ ဤအနမ်းတို့သည် ဦးနှောက်အာရုံတစ်ခုလုံး ထွေပြားလာစေသည်။ သူ၏အနမ်းအောက် ဦးညွတ်နေမိသည်ထင်၍ နောက်တစ်ချက် အားသုံးကာ ရုန်းလိုက်မိတော့ ပို၍ပင်နီးကပ်အောင် ဆွဲယူချကာ ပို၍ပင် နက်နက်နဲနဲနမ်းရှိုက်လာပြန်သည်။ ရင်ဘတ်ကိုထောက်ထားသော လက်နှစ်ဖက်သည်လည်း ထပ်တွန်းနိုင်စွမ်းမရှိတော့ဘဲ ပျော့ခွေချင်လာသည်။

ပါးစပ်ထဲဝင်လာသည့် ခါးသက်သက် အရသာ​နှင့်အတူ မူးဝေကာ အမြင်အာရုံတို့ဝေဝါးလာ၏။ မျက်လုံးကို အတင်းအကျပ်ပိတ်ချလိုက်တော့ မျက်ရည်စတို့ ဆို့လာသည်ကို ခံစားမိ၏။ ပုခုံးသားတို့အား အတင်းအကျပ်ဖိကိုင်ထားသည့် chanyeol လက်တို့သည် နေရာရွေ့ကာ လက်မောင်းတစ်လျှောက်အပြင် ခန္တာကိုယ်တစ်ခုလုံးကို ပွတ်သပ်လာသည်။ ကြားခံနယ်အဝတ်ပါးပါးပေါ်မှ တိုက်ရိုက်ထိတွေ့နေသော လက်အစုံသည် baekhyun တစ်ကိုယ်လုံးကို ပူလောင်လာစေသည်။ ညဝတ်အင်္ကျီခပ်ပါးပါးပေါ်မှ ဖြတ်တိုက်သွားသော လက်အစုံက ခန္တာကိုယ်တစ်ခုလုံးကို ပွတ်သပ်ကိုင်တွယ်နေသော်ငြား baekhyun အတွက်မူ chanyeol ၏ မည်သည့်နေရာကိုမျှ မထိမကိုင်ရဲ။ chanyeol ၏ ပုံမှန်အချိန်များနှင့်မတူ ကြမ်းတမ်းနေသည့်ပုံစံသည် baekhyun အား ထိတ်လန့်စေသော်ငြား baekhyun တွင် ရုန်းထွက်နိုင်စွမ်းမရှိ။

H Y U N GWhere stories live. Discover now