Unicode
ပို့ထားသောစာသည်ရိုးရှင်း၏။
စကားလုံးတစ်လုံးတည်းဖြစ်ပါသော်ငြား baekhyun၏ စိတ်အစဉ်ကို မင်သက်ကာတွေဝေစေသည်။ ရင်ဘတ်မှ နှလုံးခုန်သံသည်တဒုန်းဒုန်းဖြင့်ဦးနှောက်သွေးကြောများထဲရှိသွေးများစောင့်တက်စေသည်အထိ။ဖုန်းကိုကိုင်ထားသောလက်သည်ပင်အကြောသေနေသည့်အလား..။
သူမည်ကဲ့သို့ စာပြန်သင့်သနည်း..။
ထိုအချိန်တွင်ပင်လက်ထဲမှဖုန်း၏ တဒီးဒီးမြည်သံကြောင့် baekhyun လန့်ဖျတ်ကာ ဖုန်းကိုလွှတ်ချလိုက်မိသည်။
စာနောက်တစ်စောင်...။
ရင်တုန်လိုက်ဖို့ပင်အချိန်မရ.. မျက်စိရှေ့တွင်တိန်ဟူသောအသံနှင့်အတူ ရိုးရှင်းသော စာလေးတစ်ကြောင်းပေါ်လာသည်။
hyung... အိပ်ပြီလား...?
အိပ်ပြီလား.. ဟူသော အမေးအရ.. chanyeol ခုထိမအိပ်သေးသည်မှာသေချာလှသည်။
ဖုန်း၏ noti bar ကိုကြည့်လိုက်တော့ ၁၁ နာရီပင်ခွဲလုနီးပါးဖြစ်နေပြီ..။
ဒီကောင်လေးက ခုထိမအိပ်သေးဘူးတဲ့လား။
မနက်ဖြန်ဆိုလျှင်ကျောင်းဖွင့်ရက်...။
အိပ်ရေးမဝလျှင်စာမကျက်နိုင်ကြောင်း ဂိုက်လုပ်ပေးစဉ်ကတောက်လျောက်သတိပေးထားသည့်ကြားမှ ခုထိမအိပ်သေးတာတဲ့လား...။ည ၁၁နာရီခွဲ။
ဒေါသထွက်ကာ chanyeolအား ဆူပူရန်ဖုန်းအားချက်ချင်းကောက်ကိုင်ကာ စာတစ်ကြောင်းပြန်ရိုက်လိုက်သည်။
မင်းခုထိမအိပ်သေးဘဲ ဘာလုပ်နေတာလဲ...
ရေးပြီးကာမှ သူ chanyeol နှင့် အဆက်အသွယ်ပျက်နေသည်ကိုသတိရကာ အကုန်delete နှိပ်လိုက်ပြန်သည်။
ထို့နောက်နာရီကိုထပ်ကြည့်မိသည်။သူစာပြန်ချင်စိတ်ပင်မရှိတော့..
မည်ကဲ့သို့လုပ်ရမှန်းလဲမသိတော့၍ ဖုန်းအားပစ်ချကာ စောင်ကိုခေါင်းထိဆွဲခြုံလျက် အိပ်ပျော်စေရန်ကြိုးစားမိသည်။
YOU ARE READING
H Y U N G
Fanfictionငယ်ငယ်ကတည်းက hyung လို့ခေါ်ကာ အမြဲနောက်ကတကောက်ကောက် လိုက်နေခဲ့တဲ့ ကောင်လေးက ကြီးတဲ့ထိ မပြောင်းလဲခဲ့~ ငယ်ငယ်ကတည်းက hyung လို့ခေါ်ကာ အမြဲနောက်ကတကောက်ကောက် လိုက်နေခဲ့တဲ့ ကောင်လေးက ကြီးတဲ့ထိ မပြောင်းလဲခဲ့~ Written by aHMUE. [Zawgyi + Unicode] This cove...