Part 33

5.7K 660 82
                                    

Unicode

မနက်စောစော ဝေလီဝေလင်း အချိန်တွင် အလွန်ချမ်းအေးနေသော်ငြား ခပ်သွက်သွက်လျှောက်နေရသော ခြေလှမ်းတစ်ချို့။ hoodie အဖြူတစ်ထည်တည်းသာ ဝတ်ထားသည်မို့ ရာသီဥတု၏ ချမ်းအေးမှုကို အံမတုနိုင်။ တောင့်ခဲနေသော လက်နှစ်ဖက်စလုံးအား အိပ်ကပ်အတွင်းထည့်ကာ ဘက်စ်ကားမှတ်တိုင်သို့ ခပ်မြန်မြန်လျှောက်နေရသည်။

ဘက်စ်ကားမှတ်တိုင်သို့ ခပ်သွက်သွက်လျှောက်နေသည့် baekhyun ခြေလှမ်းတို့သည် အနီးနားရောက်လာလေ ပိုနှေးလာမိသည်။ baekhyun အမြင်မှားသည်မဟုတ်.. အနားရောက်လာလေ မျက်လုံးထဲ ရှင်းလင်းစွာဝင်လာသည်က long coat အရှည်ကြီးဖြင့် ဓာတ်တိုင်သဖွယ် မတ်တပ်ရပ်နေသော chanyeol..!

Chanyeol က ဘက်စ်ကားမှတ်တိုင်ကို ဘာလာလုပ်ရသည်လဲ။

baekhyun ရှေ့ဆက်သွားနေသည့် ခြေလှမ်းတို့သည် တဖြည်းဖြည်း နှေးလာသည့်အချိန်တွင်ပင် chanyeol သူ့ဘက် လှည့်ကြည့်လာခဲ့သည်။ baekhyun အား မြင်သည်နှင့် အပြုံးကြီးကြီးဖြင့် ပြုံးပြရင်း ကလေးတစ်ယောက်နှယ် တာ့တာပြသကဲ့သို့ လက်မြှောက်ကာ ယမ်းပြ၏။

baekhyun ထိုနေရာသို့ ခပ်သွက်သွက် လျှောက်သွားကာ အနားရောက်သည်နှင့် ခပ်ဆဆ မေးလိုက်တော့၏။

"chanyeol?.. မင်းဒီမှာ ဘာလုပ်နေတာလဲ"

Chanyeol က အပြုံးမပျက်ပင် ပြန်ဖြေ၏။

"ကျွန်တော် hyung နဲ့ တူတူသွားမို့.. လာစောင့်နေတာ.."

စကားပြောလိုက်လျှင်လည်း အေးစိမ့်နေသောကြောင့် ပါးစပ်မှ လေခိုးလေငွေ့များက စီးကရက်ငွေ့များအလား သိသိသာသာပင် ထွက်လာသည်။

chanyeol ​အဖြေကြောင့် မနေ့ကမှ chanyeol ပြန်လိုက်ပို့ပြီးချင်း တောင်းဆိုသော စကားအား အမှတ်ရမိသည်။ သို့သော်ငြား ထိုတောင်းဆိုချက်သည် အပြန်မှ မဟုတ်ပေလား။ အဘယ်ကြောင့် chanyeol က ချမ်းအေးလွန်းနေသည့် ရာသီဥတုထဲ မနက်အစောကြီး လာရပ်စောင့်နေရသည်လဲ။

"တူတူသွားချင်တယ်ဆိုလည်း မင်းငါ့ကို မနေ့တည်းက ကြိုပြောလေ.. မင်းဒီမှာ စောင့်နေတာ ဘယ်လောက်ကြာပြီလဲ"

H Y U N GWhere stories live. Discover now