Part 24

3.9K 503 15
                                    

Unicode

ရုတ်တရက်မို့ ခေါင်းထဲ ခဏတာကြောင်အသွားသော်ငြား ချက်ချင်းပင် Baekhyun သဘောပေါက်သွားသည့်အလား ဖုန်းကို ချပစ်လိုက်မိသည်။

အချိန်အားဖြင့် ည၉နာရီ။
သေချာစဥ်းစားကြည့်လျှင်ပါမူ chanyeolသည်လည်း အရွယ်ရောက်နေသော ယောကျ်ားလေးတစ်ယောက်။ သာမန်ယောကျ်ားလေးတစ်ယောက် မောဟိုက်နေသော အချိန်သည် အခြေအနေနှစ်ရပ်တွင်သာ ဖြစ်တည်သည်။ အားကစား ကြိုးစားပမ်းစားလုပ်နေချိန်နှင့် တစ်ကိုယ်ရည်ဆန္ဒတို့အား ကြိုးစားပမ်းစား ဖြည့်ဆည်းနေချိန်တို့၌သာ။ baekhyun ရှေ့နောက် မကြည့်ဘဲ သတိမထားမိစွာပင် လက်လွတ်စပယ် ဖုန်းခေါ်လိုက်မိသည်ထင်ပါ၏။ baekhyun မောပန်းသည့်အကြောင်းအရင်း ပထမအချက်ဖြစ်သည့် အားကစားလုပ်နေခြင်းကို စဥ်းစားမိသော်ငြား ည ၉နာရီ ဟူသော အချိန်အနေအထားသည် သူ့အား ဒုတိယတစ်ချက်ကို တထစ်ချယုံကြည်စေသည်။

ဖုန်းကို လက်ထဲ၌တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိပြီး ရင်ဘတ်ထဲမှ တဒုန်းဒုန်း ခုန်ပေါက်နေသည်ကလည်း ဘီလူးဆိုင်း သရဲဆိုင်း ဝင်တီးနေသည့်အလား ခေါင်းထဲဦးနှောက်ထဲတွေထိပါ ကြားနေရသည်။ ယခုဤမျှလောက် ဦးနှောက်ထဲ ဆူညံပွက်လောရိုက်နေသည့် အချိန်တွင်ပင် chanyeol၏ မောဟိုက်သံပါသော နာမ်စားရေရွတ်သံကို ထပ်မံရှင်းရှင်းလင်းလင်း ကြားမိပြန်သည်။

အားးးးးးးးးး !

ကိုယ့်အသိစိတ်ကိုယ်ပြန်ဆွဲခေါ်၍ ရလိုရငြား ဆံပင်များဆုပ်ကိုင်ကာ ထပ်ခါထပ်ခါ ခေါင်းယမ်းမိစဥ်တွင်ပင် လက်ထဲမှ ဖုန်း၏ တဒူဒူမြည်သံသည် ထပ်ထွက်လာသည်။

baekhyun ကိုင်သင့် မကိုင်သင့် စဥ်းစားနေသည့်အချိန်တွင်ပင် တစ်ကော ကျသွားသည်။ နောင်တရနေခြင်းပင် မဆုံးလိုက် ဖုန်းထပ်ဝင်လာပြန်သည်။

အဟမ်း အဟမ်း အဟမ်း အဟမ်း !!

ဒီတစ်ခါတော့ baekhyun တုံ့ဆိုင်းမနေတော့ဘဲ အသံအနေအထား သေချာပြင်ကာ ကောက်ကိုင်လိုက်သည်။

"hyung... ဘာလို့ရုတ်တရက်ကြီး ပြန်ချသွားရတာလဲ"

ဖုန်းကိုင်ပြီးချက်ချင်းပင် chanyeol ဘက်မှဦးစွာ စကားစသည်။ ခုနကကဲ့သို့ မောဟိုက်နေသည်မျိုးတော့မဟုတ်သော်ငြား အသက်ရှူသံပြင်းပြင်းကိုတော့ ခံစားမိသေးသည်။

H Y U N GWhere stories live. Discover now