Thank You~!!

3.7K 323 112
                                    

2019 sep ကတည်းက မွေးထုတ်နေတဲ့ baby လေးတစ်ယောက်တော့ အောင်မြင်စွာဘဲ ထွက်လာခဲ့ပါပြီ UwU !! ဒီအထိအတူတူ အချိန်ပေးဖတ်ပေး စီးမြောပေးခဲ့ကြတဲ့လူ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်~! baby လေးကို နောက်ပိုင်းဆက်လက်ပျိုးထောင်ဖို့ကတော့ ယူတို့တာဝန်ပေါ့ ဟဲဟဲ~ လိုအပ်ချက်တွေအများကြီးရှိတာ ကိုယ့်ဘာသာသတိထားမိပါတယ်။ စာလုံးပေါင်းသတ်ပုံတွေ၊ အပေါက်တွေနဲ့ပတ်သက်ပြီး အမှားတွေ လိုအပ်ချက်တွေအများကြီးပါဘဲ။ ပြီးတော့ HYUNG က No more S2 ပါ။ Extra တွေကတော့ စိတ်ကူးပေါက်ရင်ပေါက်သလောက် လာနေမှာပါရှင့်။ ဒါပေမယ့် fic အသစ်တွေကို ဂရုစိုက်တော့မှာမို့ သိပ်ပြီးတော့ အာရုံမစိုက်နိုင်လောက်တော့ဘူးရယ်။

ခုလက်ရှိခေါင်းထဲမှာ နေရာသေချာချပြီးတဲ့ ChanBaek fic ချည်း 3 ပုဒ်ရှိပါတယ်။ ရေးဖို့ပြင်ထားတဲ့တစ်ပုဒ်က အရမ်းဇာတ်အိမ်ကြီးနေပြီး ဖင်မနိုင်ဘဲ ပဲကြီးဟင်းမစားချင်တာမို့ စာရေးတာတစ်နှစ်လောက် နားပါမယ်ရှင့်။ အမှူး နောက်နှစ်တက်ရမယ့် အတန်းကအရေးကြီးနေပြီမို့လို့လည်း ပါတာမို့ နားလည်ပေးစေချင်တယ်ရယ်.., အိမ်ကလည်း ကျောင်းဖွင့်ရင် ဖုန်းသိမ်းမယ်တကဲကဲလုပ်နေတာဆိုတော့ ရေးနေရင်း အချိန်မရွေး Hiatus ဖြစ်သွားနိုင်လို့ ဒီအားယားနေတဲ့အချိန်အတွင်း plot hole တွေကို သေချာအပေါက်ဖာထားပါ့မယ်။ အခုမှအခြေချကာစ ပေါက်စသာသာလောက်ရယ်မို့ မျှော်နေပေးပါ ဘာညာကလည်း ပြောမရလောက်ဘူးရှင့်။ ဆိုတော့ HYUNG ကိုဖတ်ပြီး ဘယ်လိုနေလဲ အကြံပြုစာလေးထည့်ပေးသွားပါလားဟင် :"'
ရေးလာတဲ့တစ်လျှောက်လုံး vote မတောင်း fb မတောင်းဘဲ အားတင်းရေးလာတာ ဒီအခြေအနေမှာ ဒီလိုတောင်းချင်လို့ပါ :3
အရမ်းကြိုးစားခဲ့တာမို့ ခေါင်းပုတ်ခံချင်ရုံလေးပါဘဲ
အတင်းအကျပ်မတောင်းဆိုရဲတာမို့ ဆန္ဒရှိမှရေးပါရှင့် !
အချိန်ပေးဖတ်ပေးတာတင် ကျေးဇူးအများကြီးတင်ပါပြီ။
တစ်ယောက်ချင်းဆီတိုင်းကို ချစ်ပါတယ်ရှင့် 💛✨



H Y U N GWhere stories live. Discover now