Part 10

4.4K 574 17
                                    

*Zawgyi*

Baekhyunတို့ အိမ်ပြန်ရောက်တော့ အိမ်ထဲတွင်ဘယ်သူမှမရှိ။ ပါးကညတာဝန်ချိန်မို့ မားညစာချိုင့်ဆွဲသွားပို့သည်ဖြစ်လောက်မည်။

ပိုပျော်တာပေါ့..။

"Chanyeol.. မားတို့ပြန်မရောက်သေးဘူး။ မင်းမနက်ဖြန်ပြန်ရတော့မှာမလား.. အိတ်ပြင်ထားလိုက်တော့လေ။"

"အင်း"

Chanyeol ဖြေပြီးချင်း အပေါ်ထပ်တက်သွားလေသည်။ baekhyun အစက အောက်ထပ်တွင်နေခဲ့ပြီး ထမင်းချက်ရန် ပြင်နေတုန်းရှိသေး အပေါ်ထပ်မှရေသံများကြားလိုက်ရသည်။

Chanyeol ရေချိုးနေတာလား??

ဟုတ်သည်လေ။ တစ်နေကုန်လည်ပတ်လာခဲ့တော့ ချွေးနံ့တွေဖြင့် တစ်ကိုယ်လုံးချဉ်စော်နံနေသည်။ baekhyun လည်းထိုတော့မှ ရေချိုးဖို့သတိရပြီး အပေါ်ထပ်တက်လာခဲ့လိုက်သည်။

Baekhyun အပေါ်ထပ်ရောက်သောအခါ ချက်ချင်း အဝတ်အစားအကုန်ချွတ်ချ၍ ရေချိုးခန်းဘက်သို့ ဦးတည်လိုက်သည်။

ရေချိုးခန်းတံခါးဖွင့်ပြီးဝင်လာလိုက်တော့ ရေချိုးဇလုံထဲမှာ ကျကျနန နေရာယူကာ ဇိမ်ဖြင့်မှေးနေသော chanyeol ကိုတွေ့လိုက်ရသည်။ ခန္တာကိုယ်တစ်ခုလုံးက ရေတွင်မြုပ်နေ၍ ခေါင်းလေးသာဖော်ထားသည်။

Baekhyunလည်း ရုပ်တည်ဖြင့် ရေချိုးဇလုံထဲဝင်ကာထိုင်ချလိုက်သည်။ ရေချိုးဇလုံသည် သိပ်မကြီးသော်ငြား.. ငယ်ရွယ်နုနယ်သေးသော ယောက်ျားလေးနှစ်ယောက်ဖို့ အတွက်တော့ အထိုက်အသင့် ကျယ်ဝန်းပါသည်။

Baekhyun ရေချိုးဇလုံထဲဝင်လာသောအခါ ရေလှိုင်းတို့၏ ဘောင်ဘင်ခတ်မှုကြောင့် chanyeol မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထို့နောက် chanyeol ပြူးပြူးပြဲပြဲဖြင့် အနောက်ကိုဆုတ်၍ ပြောသည်။

"Hyung.. ဘယ်တုန်းကဝင်လာတာလဲ။"

"ခုနကလေးတင်။ ရေချိုးမယ်ဆိုလည်းခေါ်တာမဟုတ်ဖူး မင်းကလည်း။ တူတူချိုးလို့ရတာဘဲကို။"

Chanyeol ခုထိမျက်လုံးပြူးလျက် ကြောင်တောင်တောင် ဖြစ်နေဆဲပင်။ ထိုစဉ် baekhyun သည် ရေစတစ်ချို့ဖြင့် chanyeol သို့လှမ်းပတ်လေသည်။ ထိုတော့မှ chanyeol အသိဝင်၍ မေးလေသည်။

H Y U N GWhere stories live. Discover now