*Zawgi Version*
တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေတာ ဘယ်လောက်ကြာနေပြီလဲမသိ။ တစ်ဖက်ကကောင်လေးက မျက်လုံးလေးပုတ်ခတ်ပုတ်ခတ် လုပ်တော့မှ baekhyunလည်း အရှက်ပြေချောင်းတစ်ချက်ဟန့်၍ အကြည့်လွှဲလိုက်သည်။
ထိုကောင်လေး လက်ထဲမှဆန်မုန့်ဘူးကို ယူဖို့ပြင်ရန်လက်လှမ်းတုန်းရှိသေး..အနောက်ကလူရိပ်တွေ့၍ လှည့်ကြည့်လိုက်တော့ မား။
ဘယ်ကနေများပြန်လာလဲမသိ။ မထွက်ခင် အကြောင်းလေး ဘာလေးတော့ ပြောသွားသင့်ပါသည်။
တွေးလို့မှမဆုံးသေး မား၏နောက်တွင်တူတူလိုက်လာသော မားနှင့်ရွယ်တူ မိန်းမကြီးတစ်ယောက်။မားမှာသူငယ်ချင်းရယ်လို့သိပ်မရှိပါဘူး...
ဘယ်သူကြီးပါလိမ့်။နှစ်ယောက်သားရီရီမောမောနှင့် ခြံထဲဝင်လာကြသည့်တိုင် အိမ်ရှေ့တွင်ရပ်နေသောbaekhyunကို မမြင်သေး။ မားကသာ မမြင်ရှာတာ အနောက်ကတူတူလိုက်လာသည့် အဒေါ်ကြီးကမြင်တော့ မျက်လုံးပြူးအံ့ဩသွားပုံ နှင့်ဆိုလာလေသည်။
"သား...ယောလ်လီ...ဘယ်လိုဖြစ်လို့ဒီကိုရောက်နေတာလဲ"
ထိုအဒေါ်ကြီးကအံ့ဩသည့်အမူအရာနှင့်ဆိုသည်။
"အာ...မေမေဘဲဆန်မုန့်ဘူးလိုက်ပေးဆိုလို့လေ... အဲ့ဒါကြောင့်လာပို့ပေးနေတာ"
သူ၏သားဖြစ်သူက ပြန်ဖြေလိုက်ခြင်းဖြစ်သည်။
အော်...ကြည့်ရသည်မှာထိုကောင်လေး၏အမေဖြစ်ပုံပေါ်သည်။"အင်းလေ..ဒါပေမယ့်..."
ထိုအဒေါ်ကြီးစကားတောင်မဆုံးသေး ကျွန်တော့်အမေကဝင်ဖြတ်သည်။
"ဒါနင့်သားလား..ဟယ်...ကြည့်စမ်းပါဦး... တော်တော်ကြီးတောင်အရွယ်ရောက်လာပြီပဲ။"
မားကပြောလိုက်တော့ ဘေးနားကအဒေါ်ကြီးကလည်း မူပိုင်အပြုံးတစ်ပွင့်ဖြင့်ပြန်ဆိုသည်။
"အင်း..ဟုတ်တယ်...သူ့အဖေနဲ့တူတော့တအား အထွားမြန်တာ။"
"အေး..ဟုတ်မယ်ထင်တယ်...လာလာ အထဲဝင်... မတွေ့ရတာ တော်တော်တောင်ကြာနေပြီဆိုတော့ ပြောစရာတွေကအများကြီးဟယ်။"
STAI LEGGENDO
H Y U N G
Fanfictionငယ်ငယ်ကတည်းက hyung လို့ခေါ်ကာ အမြဲနောက်ကတကောက်ကောက် လိုက်နေခဲ့တဲ့ ကောင်လေးက ကြီးတဲ့ထိ မပြောင်းလဲခဲ့~ ငယ်ငယ်ကတည်းက hyung လို့ခေါ်ကာ အမြဲနောက်ကတကောက်ကောက် လိုက်နေခဲ့တဲ့ ကောင်လေးက ကြီးတဲ့ထိ မပြောင်းလဲခဲ့~ Written by aHMUE. [Zawgyi + Unicode] This cove...