Part 50

5.7K 688 148
                                    

Unicode

အခန်းထဲပင်မဝင်ရသေး တင်းကျပ် ခုန်လှုပ်နေသော ရင်ဘတ်အစုံနှင့်အတူ လူကမောဟိုက်နေသလိုပင်။ ရုတ်တရက်ဖြစ်ညှစ်ခံလိုက်ရသော လက်ကြောင့်မော့ကြည့်မိတော့ တရားခံက အပြုံးနှင့်နှစ်သိမ့်ကာ တုန်လှုပ်နေသော စိတ်အစုံကိုအေးစေသည်။ ဆေးရုံသို့စောစောပြန်ရန်ဖြစ်သော်ငြား အလုပ်လက်မဲ့လေး chanyeol က အနောက်ကတကောက်ကောက် လိုက်လာ၍ ခွာထုတ်၍မရခဲ့။ ရောက်တော့မှမားရှေ့မည်သည့်ပုံစံနှင့် သွားရမှန်းမသိ။ လက်ကိုတော့မလွှတ်ဘဲ အတင်းအကျပ်ကိုင်ထားသည့် chanyeol က ယုံကြည်ချက်အပြည့်အဝရှိသည့်ဟန်။ သို့သော် baekhyun ကြောက်နေသည်မှာ အေးစက်နေသော ခြေဖျားလက်ဖျားတွေက အသိသာဆုံးပင်။ chanyeol ကတော့သူ့အိတ်ကပ်ထဲထည့်ကာ အတတ်နိုင်ဆုံး နွေးထွေးစေသည်။

အထဲဝင်ခါနီးတံခါးကို တွန်းဖွင့်မည့်အချိန်တွင်ပင် တံခါးပွင့်ကာအထဲမှထွက်လာသော မားကြောင့် မျက်စိရှေ့ပက်ပင်းကို တိုး၏။ မြင်မြင်ချင်း baekhyun ကိုကျော်လွန်ကာ chanyeol ကိုတွေ့ပြီး မျက်လုံးပြူးသွား၏။ chanyeol ဘာလုပ်လို့လုပ်ရမှန်းမသိ သွားဖြဲပြသည်။ ထိုအခန်းရှေ့တွင်သာ သုံးယောက်သားတိုက်နေပြီး အထဲဝင်ခွင့်လည်းမပေး၊ ဖယ်လည်းမပေး။ အကြည့်က baekhyun လက်တစ်ဖက်နီးပါးလုံး မြုပ်နေသည့်အိတ်ကပ်တွင်းသို့ ရောက်လာ၏။ chanyeol ဆို၏။

"မင်္ဂလာပါ မား! "

ထပ်ပြောရန်ဟလိုက်သော်ငြား ပြောသင့်မပြောသင့် ချိန်ဆနေပြီး ထပ်ထွက်မလာတော့။ baekhyun လန့်သွားသော်ငြား chanyeol က အေးဆေးပင်။ မားသည်ကား သက်ပြင်းချကာခေါင်းညိတ်ပြသည်။

"chanyeol နဲ့စကားပြောရအောင်.. အပြင်လိုက်ခဲ့ဦး.."

chanyeol က မားနောက်ကလိုက်ဖို့လုပ်သည့်အချိန်တွင် baekhyun လည်းလိုက်ရန် ခြေလှမ်းပြင်လိုက်သည်။ သို့သော်ငြား ရုတ်တရက်မားက နောက်လှည့်ကြည့်ကာ ခပ်တိုးတိုးအံကြိတ်ကာ ဆို၏။

"နင်ကနေခဲ့! အခန်းထဲကပါးကိုဒီတိုင်းထားခဲ့မလို့လား! အသိလေးလည်းကပ်ပါဦး!!"

မျက်လုံးပြူးပြဖြဲပြနှင့် ပြောနေသောမားကို လန့်ဖျတ်ကာပင် ခေါင်းတဆတ်ဆတ်ညိတ်ပြရင်း ကျန်ခဲ့မိသည်။ မားထက်ခေါင်းနှစ်လုံးစာလောက် အရပ်ပိုရှည်နေသော chanyeol က ခေါင်းငုံ့ခါးကိုင်းကာ ရိုရိုကျိုးကျိုးဖြင့်။ မားဘာတွေများ ပြောဦးမလဲမသိ။ သေချာတာတော့ သူဌေးမကြီးမဟုတ်သည်မို့ ပိုက်ဆံထုပ်ပစ်ပေးပြီး ရေနှင့်ပက်မည်တော့မဟုတ်။ သက်ပြင်းတစ်ချက်သာချရင်း အခန်းထဲဝင်လာလိုက်သည်။ ပါးအိပ်ပျော်နေဆဲပင်။ အပြင်မှဝင်လာ၍ အနည်းငယ်အေးချင်နေသောကြောင့် ရေနွေးငွေ့ထွက်နေသည့် စက်လေးထံ ကျုံ့ကျုံ့လေးသွားရပ်နေလိုက်သည်။ လက်နှစ်ဖက်ကိုပွတ်ကာဖြင့် ခေါင်းထဲ၌လည်း chanyeol ကို မားနှိပ်စက်နေမည့် အရိပ်အယောင်တို့ကို ပုံဖော်ကြည့်နေမိသည်။ တိုင်ကပ်နာရီလေးကို သတိတရလှမ်းကြည့်မိတော့ မနက်၇နာရီလောက်သာ ရှိသေးသည်။ ဤအချိန်လောက်ဆို ပါးနိုးနေကျကို ဘာလို့အိပ်နေသေးသည်လဲ။ တစ်ချက်သေချာ​စေ့စေ့စပ်စပ်ကြည့်မိတော့ အိပ်နေသည်က မလှုပ်မယှက် ပုံမပျက်ဘဲ သေသေသပ်သပ်ပင်။ ပါးသည်ရေခဲတုံးကဲ့သို့ အလွန်တည်ငြိမ်ပြီး အေးလွန်းသည့်လူမျိုးဖြစ်သည်။ မားကသာသွေးနွေးလူသားဆိုလျှင် ပါးကတော့ သွေးအေးလူသားပင်။ baekhyun တွင်ကျတော့ နွေးလိုက်အေးလိုက်နှင့် အတက်အကျများနေ၏။ စောင်ကိုသေချာပြင်ကာ ခြုံပေးပြီးသည်နှင့် ဆိုဖာပေါ်တွင်ကျုံ့ကျုံ့လေးထိုင်နေလိုက်သည်။ အခုချိန်ပြန်လာသင့်ပြီမဟုတ်ဘူးလား။

H Y U N GWhere stories live. Discover now