Part 11

4.2K 632 21
                                    

*Zawgyi*

ထိုနေ့က chanyeol အဆူခံပြီးနောက်ပိုင်း နှစ်ယောက်စလုံး ပုံမှန်အတိုင်းပင် ကျောင်းသွားကျောင်းပြန်လုပ်ကြ၍ ကျောင်းပြေးသည့် ကိစ္စကိုယောင်လို့ပင် ပါးစပ်မဟဖြစ်ကြ။

တစ်ခုသာ။ baekhyun သည်ကျောင်းကပြန်လာလျှင် အိမ်ကိုတန်းမပြန်တော့ဘဲ chanyeol တို့အိမ်ကိုလိုက်၍ chanyeol ကိုစာပြပေးရသည်။ ဂိုက်သဘောအနေနှင့် စာအတူလုပ်ပေးခြင်းသာ။

chanyeol အမေပြောသည်တော့ chanyeolကတစ်ယောက်တည်းဆိုလျှင် စာလုပ်ဖို့ အင်မတန်မှပျင်းလှသည်တဲ့လေ။ chanyeol အတွက်လပတ်စာမေးပွဲများ နီးပြီဆိုလျှင် baekhyun အာပေါက်မတက် အော်မှ ထိုကလေးကစာလုပ်သည်။ စာကျက်လျှင်လည်း အပုဒ်ရှည်ကြီးများကိုပင် ၅မိနစ်၊၁၀မိနစ် အတွင်းအလွယ်တကူ ကျက်နိုင်သည်ကို အပျင်းထူနေတာလေးတစ်ခုသာ...။

Chanyeol အမေကဂိုက်ပြပေးသည့်အနေနှင့် မုန့်ဖိုးတွေဘာတွေ ပေးပါသော်လည်း baekhyunမားက လက်မခံဘဲ တောက်လျှောက်ငြင်းသည်။ သို့ပါသော်ငြား သွယ်ဝိုက်၍ဖြစ်ဖြစ် baekhyun အိမ်လာလျှင် စားဖို့သောက်ဖို့ မုန့်ဖြစ်ဖြစ် တစ်ခုခုချထားပေးတတ်သေးသည်။
တစ်ခါတစ်လေ baekhyun, chanyeolတို့အိမ်တွင်ပဲ ထမင်းစားပြီးပြန်လာသည့်ညများလည်းရှိသည်။

အခုတလော စာမေးပွဲနီးသည့်အချိန်ဆိုလျှင် baekhyun, chanyeolအတွက် စာပြပေးရင်း chanyeol တို့အိမ်တွင်သာ စာလုပ်၍ ထိုအိမ်တွင်သာညအိပ်ဖြစ်သည်။ တူတူအိပ်သည်နှင့် ပတ်သက်၍ chanyeol ဘာမျှမဖြစ်သော်ငြား ရေတူတူချိုးလျှင်တော့ အရှက်ကြီး ရှက်နေတတ်သေးသည်။ ခုနောက်ပိုင်း baekhyun, chanyeolတို့အိမ်တွင် အနေများလာမှသာ ရေတူတူချိုးရ၍ မရှက်တော့ခြင်းသာ။

မရှက်တော့သည်က ပြဿနာမရှိသော်ငြား ခုတလော နှစ်ယောက်ရေတူတူချိုးလျှင် ရေချိုးခန်းထဲက တော်ရုံနှင့်ထွက်မလာတော့။ ရေချိုးခန်းထဲတွင် တစ်ယောက်တစ်လှည့်စီ ကျောချေးတွန်းပေးသည်ကနည်းနည်း ရေချိုးဇလုံထဲတွင် ဆော့နေကြသည်ကများများ။ ထို့ကြောင့်မားကပင် 'ဒီနှစ်ယောက်ကိုရေတူတူပေးမချိုးနဲ့'ဟု ပြောလာသည်အထိပင်။

Baekhyun အတွက်အပျော်ကြီးပျော်ရသည့်ကိစ္စတစ်ခုက chanyeolတို့အိမ်တွင် ဂိမ်းစက်ရှိခြင်းပင်ဖြစ်သည်။
ထိုအကြောင်အရင်းကြောင့်လည်း baekhyun, chanyeolတို့အိမ်တွင် အနေများခြင်းဖြစ်သည်။
Chanyeolအမေကလည်း အမြဲဘာမှမပြောဘဲ 'ပျော်ပါစေ' ဟုသာလွှတ်ထားပေးသော်လည်းဂိမ်းကိုတော့ စာကျက်ပြီးမှသာဆော့ရသည်။

H Y U N GWhere stories live. Discover now