Part 41

5.3K 655 72
                                    

Unicode

နောက်နေ့မနက်ရောက်တော့ ပုံမှန်အတိုင်းပင် Chanyeol အစောကြီးလာကြိုသည်။ မားသည်လည်း ဆေးရုံမှပြန်လာပြီးနောက် တော်တော်ပင်ပန်းသွားပုံရသည်။ မနက်စောစော ဝေလီဝေလင်းအချိန်မှ ပြန်ရောက်ပြီး နှုတ်တောင်မဆက်နိုင်ဘဲ အိပ်ခန်းထဲတန်းဝင်သွား၏။ baekhyun အား ထမင်းလေးနည်းနည်း ချက်ထားပေးခဲ့ရန် မှာကာ တန်းအိပ်ပျော်သွားတော့သည်မို့ ဘာမှမပြောတော့ဘဲ အလုပ်မသွားခင် ထမင်းအိုးတည်ထားပေးခဲ့လိုက်သည်။

ဆောင်းကုန်ခါနီးပြီထင်၏။ အနည်းငယ်အချမ်းလျော့သည်မို့ baekhyun မာဖလာမယူခဲ့လိုက်တော့ဘဲ hoodie တစ်ထည်နှင့်သာ ထွက်ခဲ့လိုက်သည်။ ယခင်ကကဲ့သို့ လမ်းထိပ်တွင်မဟုတ်တော့။ လမ်းထဲထိလူကိုယ်တိုင်ဝင်ကာ baekhyun ကို အိမ်ရှေ့တွင် စောင့်နေ၏။ လွန်ခဲ့သည့်တစ်ပတ်ကတည်းက ထိုသို့လမ်းထဲထိ ဝင်စောင့်နေခြင်းဖြစ်သည်။

အဘယ်ကြောင့် အိမ်ရှေ့ထိလာစောင့်နေသလဲ မေးမိတော့ hyung ကိုစိတ်မချလို့ ဟူဆသာ ယုတ္တိမရှိသည့် အကြောင်းပြချက်ကိုပေးသည်။ တအား အပိုတွေလုပ်လွန်းသော park chanyeol ပင်။ ရောက်နေလျှင်လည်း ဖုန်းဆက်ပြီး အထဲဝင်ထိုင်နေလို့ရကြောင်း ပြောသော်ငြား အပြင်တွင်သာစောင့်သည်။ ရာသီဥတုအေးစိမ့်နေသောကြောင့် baekhyun စိတ်အပူလွန်စွာပင် ထိုနေ့မှစကာ ခပ်မြန်မြန်ပြင်ဆင်ရတော့သည်။ ထို့ကြောင့် အိပ်ရာထလည်းနောက်မကျတော့။ အတတ်နိုင်ဆုံး chanyeol မရောက်ခင် ပြီးစီးနေအောင်လုပ်သည်။

သို့သော်ငြား မပြောင်းလဲသွားသည်က baekhyun အိမ်ထဲမှထွက်လာပြီး အပြင်သို့ခြေချပြီးချင်း chanyeol မျက်နှာချောချောသည် အိမ်ရှေ့၌ရောက်နှင့်နေပြီ ဖြစ်သည်။ ယခုတစ်ခေါက်လည်း baekhyun သက်ပြင်းချလိုက်ရသည်။ baekhyun အားမြင်သည်နှင့် သခင်တွေ့သည့်ခွေးပေါက်စလေးနှယ် ပြုံးပြုံးပျော်ပျော်ဖြစ်သွားကာ နှုတ်ဆက်၏။

ခွေးနှင့်တူသည်ဟု နှိုင်းသည်မှာ လွန်မလားတော့မသိသော်ငြား baekhyun အတွက်တော့ chanyeol သည် မြင်ဖူးနေကျ စျေးကြီးကြီးပေးဝယ်ရသည့် ရွှေအိုရောင်ခွေးအကြီးကြီးတွေနှင့်တူ၏။ ချစ်စရာကြီးပင်။ ပြုံးရယ်ချင်နေသည့်စိတ်ကို သေချာထိန်းကာ အနားသွားရင်း မေးလိုက်သည်။

H Y U N GWhere stories live. Discover now