CH 4

21.5K 2.2K 30
                                    

Zawgyi

ကြိုက်အောင်ကြိုးစားဆိုတဲ့ စကားကြောင့် ဆုကျန်း ကြောင်သွားတယ်။ အန်ရီဇဲရဲ့စိတ်ကို သူ မခန့်မှန်းတတ်၊ နားမလည်သေးပါ။ သူလဲအဲ့လောက်ထိ အန်ရီဇဲအကြောင်းစိတ်မ၀င်စားတော့ သိပ်ပြီးစိတ်ထဲမှာ ဘာမှတွေးမနေတော့ဘူး။ လျစ်လျူရှူလိုက်တော့တယ်။ 'ဆက်ပြောရင် အလကား လေကုန်တယ်'

ခဏကြာတော့ အသုဘချနေတဲ့အခန်းနားရောက်လာတော့တယ်။

အသုဘလာတဲ့ ဧည့်သည်တော်တော်များများက သူ့အသိတွေကြီးပဲ၊ ကျောင်းနေဖက်တို့ လုပ်ဖော်ကိုင်ဖက်တို့ ဆွေမျိုးတွေဆိုတော့ ဆုကျန်း ခပ်လန့်လန့်ဖြစ်လာပြီ။ သူ wheelchairမှာထိုင်ရင်း ဟိုကြည့်ဒီကြည့်နဲ့ သူ့မိဘတွေကိုလိုက်ရှာနေမိတယ်။ တွေ့ပါပြီ။ ဧည့်သည်တွေကို ခေါင်းတငြိမ့်ငြိမ့်နဲ့ နှုတ်ဆက်နေတဲ့ သူ့မိဘ....ပြီးတော့ သူ့ညီ။ ငိုထားတာမို့ မျက်လုံးတွေနီရဲနေကြတယ်။ သူမိဘတွေတွေ့ရတော့ စိတ်ထဲမကောင်းဘူး။ သူခပ်လှမ်းလှမ်းကနေပဲ ကြည့်နေလိုက်တယ်။ တစ်ယောက်ပြီးတစ်ယောက်နှုတ်ဆက်ရင်း နောက်ဆုံးလူပါးသွားမှ ဆုကျန်း အနီးနားလေး ကပ်သွားလိုက်တယ်။ သူ အခေါင်းကိုလှမ်းမြင်တယ်။ သူ့ဓာတ်ပုံလေးကို ထောင်ထားပြီး ပန်းတွေနဲ့ပတ်ပတ်လည် ပြည့်နေတယ်။

သူမှသူပဲ။ ဆုကျန်း သူ့ဓာတ်ပုံသူ ငေးရင်း 'အမေ အဖေ သား ဒီမှာရှိတယ်....သားမသေသေးပါဘူး' ၊ နှလုံးသားကိုဓားနဲ့မွန်းထားသလို ရင်ထဲမှာ အရမ်းနာကျင်ခံစားနေရတယ်။ သူ ဒီအနီးအနားမှာရှိနေရက်သားနဲ့ ဝိဉာည်ပြန်ထွက်ပြီး မူရင်းကိုယ်ထဲလဲ ပြန်မ၀င်ပါဘူး။ 'မိုးနတ်မင်းရယ် ကျေးဇူးပြုပြီး ကျွန်တော်ရဲ့ အရင်ကိုယ်ထဲပြန်ဝင်ခွင့်ပေးပါနော်' စိတ်ထဲဆုတောင်းနေမိပေမယ့်လဲ ပြည့်မလာဘူး။ သူ လက်နဲ့အခေါင်းကိုထိဖို့လှမ်းလိုက်ချိန် သူ့လက်ကို အန်ရီဇဲကချက်ချင်းဖမ်းဆုပ်လိုက်တယ်။

ရုတ်တရက်ဆိုတော့ ဆုကျန်းလဲ အံသြသွားတယ်၊ ဒါပေမယ့် သူ့အခေါင်းကိုသာထိလိုက်ရင် ဝိဉာည်ပြန်ထွက်ပြီး ပြန်ဝင်မလာဆိုတာ စမ်းကြည့်ချင်တယ်။ ဆုကျန်း လက်ကိုရုန်းပြီး wheelchairကနေထပြီး အခေါင်းထဲမှာလဲနေတဲ့သူ့ကိုယ်ကို ထိဖို့ကြိုးစားလိုက်တော့ လူတွေရုပ်ရုပ်သဲသဲဖြစ်ကုန်တယ်။ အခေါင်းကိုအတင်းလိုက်လိုက်ထိနေတော့ လူတွေ ဆုကျန်းကိုတားကြတယ်။ ဆုကျန်း အတင်းရုန်းရင်း သူ့အလောင်းရဲ့လက်ကိုထိမိသွားတယ်။ အေးစက်နေတဲ့လက်ကို သူကိုင်လိုက်ပြီး စိတ်ထဲအခါခါဆုတောင်းနေလိုက်တယ်။ သူ ဘယ်လိုပဲလုပ်လုပ် သူ့ဝိဉာည်ကပြန်မ၀င်တော့ပါ။ ဆုကျန်း မျှော်လင့်ချက်မဲ့သွားပြီ။ သူပြန်လာနိုင်မလားထင်ခဲ့ပေမယ့် မရနိုင်တော့ပါ။

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now