CH 14

16.1K 1.8K 11
                                    

Zawgyi

အန်ရီဇဲမပြောမဆိုနဲ့ အိမ်ပြန်လာတော့ ဆုကျန်းစိတ်ပျက်သွားတယ် 'ဒီကောင်... ငါ့အပျော်ကိုလာဖျက်ပြီကွာ...'

အန်ရီဇဲ ဆုကျန်းကိုကြည့်လိုက်ပြီး

"ဘာဖြစ်လို့လဲ... မျက်နှာလဲမကောင်းဘူး၊ ဗိုက်အောင့်လို့လား"

ဆုကျန်းစိတ်ထဲကနေ ကြိမ်ဆဲလိုက်တယ် 'မင်းအဖေ ဗိုက်မနာဘူးဟဲ့.. ငါနဲ့နတ်သမီးလေးနှစ်ယောက်တည်းရှိမယ့် အခွင့်အရေးကို ဒင်းကလာဖျက်တယ် ဟွန်း'

အန်ရီဇဲ ရန်ဇီဝေကိုတွေ့တော့

"ဧည့်သည်ရောက်နေတာလား"

"အင်း ဒါငါ့သူငယ်ချင်း ရန်ဇီဝေတဲ့၊ ငါကားအက်ဆီးဒင့်ဖြစ်တယ်ဆိုလို့ လာကြည့်ပေးတာ"

ရန်ဇီဝေ နှုတ်ခမ်းကိုမဲ့ပြုံးပြုံးပြီး အန်ရီဇဲကိုလက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးလိုက်တယ်။

"အော်... သူဌေးလေးအန်ဆိုပြီး ကြားကြားဖူးနေတာ... ခုမှအနီးကပ်မြင်ဖူးတော့တယ်၊ တွေ့ရတာဝမ်းသာပါတယ် ကျွန်မသူငယ်ချင်းကိုစောင့်ရှောက်ပေးတဲ့အတွက် အထူးအထူးကျေးဇူးတင်တယ် ဟင်းဟင်း"

ရန်ဇီဝေလေသံမာမာနဲ့မိတ်ဆက်လိုက်ပါတယ်။ အန်ရီဇဲလဲ လက်ဆွဲနှုတ်ဆက်လိုက်ပြီး

"ကျန်းကျန်းက ကျွန်တော့ဇနီးပဲ၊ သူ့ကိုစောင့်ရှောက်ရမှာ ကျွန်တော့တာဝန်ပါ"

ဆုကျန်း ရန်ဇီဝေကိုလက်ကိုအတင်းဆွဲလိုက်ပြီး အန်ရီဇဲကိုကျောပေးလိုက်တယ်။

"လာ လာ ဇီဝေ... တူတူစားရအောင်နော်"

အန်ရီဇဲ ဆုကျန်းလက်ကိုလှမ်းဆွဲလိုက်ပြီး မီးဖိုခန်းထဲဆွဲခေါ်သွားတယ်၊ ရန်ဇီဝေနောက်မှ ကြောင်တောင်တောင်လေးနဲ့ ကျန်ခဲ့တယ်။

ဆုကျန်းကြောင်ကန်းကန်းနဲ့

"အဲ? မင်းလဲမစားရသေးဘူးလား"

အန်ရီဇဲခေါင်းငြိမ့်ပြလိုက်တယ်။ ထမင်းစားပွဲမှာ ဆုကျန်းဘေးမှာဝင်ထိုင်လိုက်ပြီး အသင့်ချထားတဲ့ဟင်းတွေကို ပန်းကန်ထဲခူးခပ် ထည့်လိုက်တယ်။ ရန်ဇီဝေနောက်မှဝင်ထိုင်လိုက်ပြီး သူ့ရှေ့ကလူနှစ်ယောက်ကို ထူးထူးဆန်းဆန်းလို... ငေးကြည့်နေလိုက်တယ်။ အန်ရီဇဲတခါမှ ဆုကျန်းဘေးမှာကပ်ထိုင်ပြီး တူတူမစားဖူးဘူး၊ ခုမှဘာလို့အနားလာကပ်ရတာလဲ ဆုကျန်းလဲမသိ။

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now