CH 6

19.7K 2K 24
                                    

Zawgyi

ဆုကျန်းနိုးလာတော့ သူအိမ်ထဲရောက်နေပြီ။ သူကို ဆိုဖာပေါ်မှာ စောင်ပါးပါးလေးခြုံပေးထားတယ်။ သူထထိုင်လိုက်ပြီး အခန်းပတ်ပတ်လည်ကို ငေးကြည့်လိုက်တယ်။ အခန်းက အကျယ်ကြီးပဲ။ ဧည့်ခန်းကပြတင်းပေါက်တွေက အပြင်ဖက်ကိုဖောက်မြင်ရအောင် မှန်အပြည့်တပ်ထားတယ်။ အပြင်ဖက်မှာ ဝါရံတာအကျယ်ကြီးနဲ့ တမြို့လုံးရဲ့အလှကိုမြင်ရတယ်။ master bedroom နှစ်ခန်း ၊ ဧည့်ခန်းရယ် single room ကနှစ်ခန်းနဲ့မီးဖိုချောင်ရယ်။ ကွန်ဒိုကအမိုက်စားပဲ။ ဒါပေမယ့်သူ့လို CMI က ဒီလိုကွန်ဒိုမှာနေမယ့်အစား ခြံနဲ့ဝင်းနဲ့ဘာလို့မနေတာလဲ။ အကယ်လို့သူတို့နှစ်ယောက်ကွာရှင်းခဲ့ရင် ဒီအခန်းကိုဘယ်လိုပိုင်းယူရမှာလဲ။ အိမ်နဲ့ခြံကမှ ရောင်းရလွယ်ပြီး ခွဲယူရင်ပိုက်ဆံအများကြီးရမှာ။

အန်ရီဇဲမီးဖိုခန်းကထွက်လာတာတွေ့တော့

"အာ...ဟိုလေ သားကြီးရေ၊ ငါ အခန်းထဲပတ်ကြည့်လို့ရလား"

အန်ရီဇဲပြန်ပြောတာကိုမစောင့်၊ သူ wheelchair ပေါ်တက်ထိုင်ပြီး ကိုယ်ဘာသာကို အခန်းကိုပတ်ကြည့်နေလိုက်တယ်။ အန်ရီဇဲဆိုဖာပေါ်ပစ်ထိုင်လိုက်ပြီး နက်ကတိုင်ကိုဖြေလျော့ပြီး ဆုကျန်းဟိုအခန်းဝင်လိုက် ထွက်လိုက်လုပ်နေတာကို ငေးကြည့်နေလိုက်တယ်။ ဆုကျန်း အခန်းတံခါးဖွင့်လိုက်တော့ အန်ရီဇဲအခန်းမှန်းတန်းသိတယ်။ စာအုပ်စင်အကြီးကြီးနဲ့ အခန်းကခပ်မှောင်မှောင်နဲ့ အလုပ်စားပွဲရယ်၊ အ၀တ်၁၀၀လောက်ထည့်လို့ရတဲ့ ဗီဒိုအခန်းရယ်၊ ကုတင်က လူ၅ယောက်လောက်အိပ်လို့ရတယ်။ ဆုကျန်းစိတ်ထဲ တောက်ခေါက်ပြီး အခန်းကိုမနာလိုဖြစ်မိတယ်။ သူ့အိမ်ကအခန်းတောင် အဲလောက်မကျယ်ဘူး၊ မရှိဘူး။ သူ ရုတ်တရက် သတိဝင်လာတာက.....သူ...အခုအန်ရီဇဲရဲ့မိန်းမလေ... 'သူနဲ့ငါနဲ့ ဒီကုတင်ပေါ်တူတူအိပ်ရမှာလား?....မိုးနတ်မင်းရယ် ဒီအခန်းကိုမိုးကြိုးသာပစ်ချလိုက်ပါတော့....'

သူ့မဟာရန်သူနဲ့အတူတူအိပ်ခိုင်းတာက သူ့ကိုသေခိုင်းတာနဲ့တူတူပဲ။

သူတို့နှစ်ယောက်က တရားဝင်လင်မယားဆိုတော့....တူတူအိပ်မှရမှာလား။ 'အာ....မေ့နေတာ...ငါ့ခြေထောက်ကိုအကြောင်းပြလို့ရတာပဲ၊ ဟုတ်တယ်...ဒါဆိုအိုကေပြီ'

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now