CH 30

16.3K 1.8K 14
                                    

Zawgyi

ဆုကျန်းအိမ်သာကနေပြန်ထွက်လာပြီ၊ ထိုင်နေရလွန်းလို့ ဖင်နဲ့ခြေထောက်တောင်ညောင်းတယ်။ အိမ်သာသွားလိုက်မှပဲ လူကတော်တော်ပေါ့ပါးလန်းဆန်းသွားတော့တယ်။ သူ အပြင်ထွက်လာတော့ အန်ရီဇဲကိုမတွေ့။ ဟိုကြည့်ဒီကြည့်ရှာကြည့်သေးတယ်၊ မတွေ့။

'ကြည့်ရတာ ဒီကောင်လဲအိမ်သာသွားတယ်ထင်တယ်' ဆုကျန်းအိမ်သာရှေ့နား ခဏစောင့်လိုက်သေးတယ်။ တော်တော်နဲ့မထွက်လာတော့ သူစိတ်မရှည်ဖြစ်သွားတယ်။ ခဏကြာ မိန်းမအိမ်သာကနေ အန်ရီဇဲကိုကြည့်ပြီး ပြောနေတဲ့ခုနကကောင်မလေးတစ်သိုက် ထွက်လာတယ်။ ဆုကျန်းလဲ သူတို့နားသွားပြီး မေးလိုက်တယ်။

"တစ်ဆိတ်လောက်ပါ၊ ခုနကဒီနားမှာစောင့်နေတဲ့ ဟိုအရပ်ရှည်ရှည်နဲ့ယောက်ျားလေးတွေ့မိသေးလား"

ကောင်မလေးတစ်သိုက် ဆုကျန်းကိုမြင်တော့ မှတ်မိသွားတယ်၊ အတွဲကကောင်လေးက ချောတော့ လွယ်လွယ်နဲ့မမေ့နိုင်ဘူးလေ၊ သူတို့သတိထားမိတယ်။

"အော်.... နင်ကအဲ့ကောင်လေးရဲ့ရည်းစားမလား"

"ငါကသူ့မိန်းမပါ၊ သူဘယ်သွားလဲတွေ့မိလား"

"မိန်းမ?"

ကောင်မလေးတစ်သိုက် မျက်လုံးပြူးသွားတယ်။ အသက်ချင်းကွာသလို အရပ်ကလဲတစ်ပေလောက်ကွာနေတဲ့ဒီနှစ်ယောက်ကို လင်မယားလို့မထင်မိဘူးလေ... ကောင်မလေးတစ်ယောက်က ထပြောလိုက်တယ်။

"ခုနကမိန်းခလေးတစ်ယောက်ကို နင့်ယောက်ျားတွဲခေါ်သွားတယ်"

ဆုကျန်းကြောင်တောင်တောင်ဖြစ်သွားတယ်..... ဘယ်ကမိန်းခလေးကို တွဲခေါ်သွားတယ်?

ဆုကျန်းအံသြတဲ့မျက်နှာကိုမြင်တော့ ကောင်မလေးတစ်သိုက် သက်ပြင်းချလိုက်ကျတယ်၊ ဆုကျန်းကိုသနားသွားတယ်လေ... ယောက်ျားချောချောရတဲ့မိန်းမတွေက ကံမကောင်းဘူး... ကိုယ့်ယောက်ျားတစ်နေ့ဘယ်သူနောက်ပါသွားမလဲ ရင်တထိတ်ထိတ်နဲ့နေနေရတာ။ ကောင်မလေးတစ်ယောက်က ဆုကျန်းအတွက်မခံနိုင်လို့ ပြောပလိုက်တယ်။

"အဲ့ကောင်မက အငယ်ဖြစ်နိုင်တယ်နော်၊ နင့်ယောက်ျားကိုလဲမြင်ရော ပြေးပြီးဖက်တာ ပြီးတော့ အတင်းကြီးတွဲကပ်ထားတာကလဲ မြင်မကောင်းဘူး။ နင့်ယောက်ျားကအချောလေး... နင်သူ့ကိုစောင့်ကြည့်သင့်တယ်နော်၊ လွှတ်မထားနဲ့"

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now