CH 23

16K 1.8K 30
                                    

Zawgyi

နောက်နှစ်ရက်ထိ ဆုကျန်းအိမ်တော်မှာ အန်သခင်မနဲ့ drama ကြည့်ရင်းအချိန်ဖြုန်းနေခဲ့တယ်။ အန်သခင်မလဲ သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံလာပါပြီ။

ဒီနေ့တော့တခါမှမမြင်ဖူးတဲ့ အန်သခင်ကြီးလဲပြန်ရောက်လာပါပြီ။ အန်ရီဇဲအဖေ အန်ကျောက်ဟွမ်၊ တကယ့်နာမည်ကြီး သူဌေးတစ်ယောက်၊ စီးပွားရေးလောကမှာလဲထင်ရှားကျော်ကြားတယ်။ ဆုကျန်း အန်ရီဇဲကိုကြည့်မရဖြစ်ပြီး အန်မိသားစုကို အမြင်ကတ်ခဲ့ပေမယ့်... အန်သခင်ကြီးကိုတော့ လေးစားပါတယ်။ အန်သခင်မကအစကတော့ သူ့ကိုမကြိုက်လို့ ကောင်းကောင်းမဆက်ဆံခဲ့ဘူး.... ဒီတခါယောက္ခထီးအလှည့်ဆိုတော့ ဘယ်လိုလာမလဲသူမသိဘူးလေ။

ဒါပေမယ့် ဆုကျန်းကမကြောက်ပါဘူး.... သို့သော် အန်သခင်မနဲ့မတူတာက သူကပိုအရှိန်အဝါကြီးတယ်လေ၊ သူသဘောမတူဘူးပြောလိုက်ရင် ချက်ချင်းဆုကျန်းအိမ်ပေါ်ကနေ ခေါင်းနဲ့ဆင်းရမှာသေချာတယ်။ ဆုကျန်းစိတ်ကိုသေချာပြင်ဆင်ပြီး last bossနဲ့တွေ့ဖို့သွားလိုက်တယ်။

အန်သခင်ကြီးက အသက်၆၀ကျော်နေပြီ၊ ရုပ်နုချက်က အသက်၅၀လောက်ပဲထင်ရတယ်။ သေချာကြည့်ရင် အန်ရီဇဲနဲ့ခပ်ဆင်ဆင်ပဲ။ အိမ်တော်ကလူတွေပြောတာတော့ အန်သခင်မကို သဲသဲလှုပ်ချစ်ပြီး အလိုလိုက်တာတဲ့.... ဒါကြောင့်အန်သခင်မစရိုက်က ကလေးဆန်နေတာကိုး။

ဆုကျန်း အံသြသွားတယ်.... သူထင်ထားသလိုဖြစ်မှာစိုးရိမ်နေတာ၊ တကယ်ကျတော့ အန်သခင်ကြီးကအရမ်းသဘောကောင်းတယ်၊ သူ့ကိုဖော်ဖော်ရွေရွေ ဆက်ဆံနေတော့.... ဆုကျန်းတောင်အနေရခက်တဲ့အထိပဲ။

ညရောက်တော့ ဆုကျန်း အန်ရီဇဲကိုပြောပြတယ်...

"ကြည့်ရတာ မင်းအဖေ ငါ့ကိုသဘောကျတယ်ထင်တယ်"

"မင်းက အဖေသဘောကျတဲ့မိန်းခလေးမျိုးမို့လို့ပါ"

"ဟုတ်လား... မင်းအဖေကဘယ်လိုမျိုးကိုသဘောကျတာလဲ"

"သူကသမီးတွေဆို ပိုချစ်တာ.... ကလေးဆန်ပြီးချစ်စရာကောင်းတဲ့ သမီးမျိုး"

"အင်း.... အန်အိမ်တော်မှာက သား၃ယောက် သမီး၁ယောက်ပဲရှိတာဆိုတော့..... မင်းညီမကိုဆို သဲသဲလှုပ်ချစ်မှာပေါ့ ဟုတ်လား"

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now