CH 20

16.4K 1.8K 31
                                    

Zawgyi

ဆုကျန်း အသံလာရာဖက် ခေါင်းမော့ကြည့်လိုက်တယ်။

ပျောက်ချင်းမလှပျောက်နေတဲ့ အန်ရီဇဲ.....။ သူ့အပေါ်coatအင်္ကျီကိုချွတ်ပြီး အိမ်တော်ထိန်းကိုပေးလိုက်တယ်။

ဆုကျန်းကြောင်တောင်တောင်လေးနဲ့ ငေးနေတုန်း သူ့နတ်သမီးလေးက

"အကိုအန်~~ ပြန်လာပြီ"

အန်သခင်မလဲအံသြသွားတယ်... သူ့သားကမပြောမဆိုနဲ့အိမ်ကိုရောက်ချလာတာကိုး။ ဆုကျန်းနဲ့ရန်ဖြစ်စကားများနေတော့ သူ့သားအငယ်ဆုံးကိုဆက်သွယ်ဖို့မေ့သွားတယ်လေ။ အန်ရီဇဲရဲ့မျက်နှာထားက တည်နေတော့ သူပါခပ်လန့်လန့်ဖြစ်နေတယ်။

အန်ရီဇဲ သူ့အမေကိုခေါင်းငြိမ့်ပြလိုက်တယ်။

"အမေ"

လဲကျနေတဲ့ဆုကျန်းနား ဒူးထောက်ထိုင်ချလိုက်ပြီး ခြေထောက်ဒဏ်ရာကိုကြည့်ပေးလိုက်တယ်၊ ဆုကျန်းလက်မောင်းမှာလဲ ဟင်းရည်အပူကြောင့်နီရဲနေတာမြင်တော့

"ဆရာဝန် ခုချက်ချင်းခေါ်လိုက်"

အန်ရီဇဲ လေသံတင်းတင်းကြောင့် အကုန်လုံးလန့်ပြီး ပြာသွားတယ်။ အိမ်အကူတွေလဲ ဟိုပြေးဒီပြေးနဲ့ဘာလုပ်ရမလဲမသိ ခက်နေကြတယ်။ အိမ်တော်ထိန်းကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ချက်ချင်းဖုန်းဆက်လိုက်တယ်။ အန်ရီဇဲလေသံကြောင့် ရှီးအာလဲအနားနားမကပ်ရဲ...

"အကိုအန်....."

အန်ရီဇဲ လှည့်တောင်မကြည့် အသံခပ်တင်းတင်းနဲ့ပဲ

"လင်ရှီး ငါ့အမေနဲ့အဖော်ပြုနေလိုက်"

ရှီးအာအသံတောင်မထွက်ရဲ၊ ခေါင်းငြိမ့်ပြပြီး အန်သခင်မနောက်နားကပ်နေလိုက်တယ်။ အန်ရီဇဲ ဆုကျန်းခါးကိုသိုင်းဖက်လိုက်ပြီး အပေါ်ထပ်ကိုပွေ့ချီပြီးတက်သွားတာမြင်တော့ သူအရမ်းဒေါသထွက်သွားတယ်.... အကိုအန်မိန်းခလေးတစ်ယောက်ကို ဒီလိုအသားယူတာတခါမှမတွေ့ဖူးဘူး... ရှီးအာမျက်နှာဒေါသနဲ့နီရဲလာပြီး သူ့အောက်နှုတ်ခမ်းကို ကိုက်နေလိုက်တယ်။

အန်သခင်မလဲ သူ့သားအပြုအမှုကိုကြည့်ပြီး အံသြလို့မဆုံးဘူး။ အမေရင်းကိုသေချာနှုတ်မဆက်ဘဲ အဲ့မိန်းမဆီတန်းသွားတယ်လေ။

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now