CH 78

17.3K 1.9K 17
                                    

Zawgyi

ရန်ဇီဝေနဲ့ချိန်းထားတဲ့ရက်ရောက်လာတဲ့အခါ.. သူနဲ့ရန်ဇီဝေတို့ ရေပူစမ်းရှိရာ မြို့တမြို့ကိုသွားလည်ကြတယ်။

ကန်ထဲမှာစိမ်ရင်း.. ရန်ဇီ​ဝေ ခြေထောက်နှစ်ချောင်းကိုကန်ဘောင်ပေါ်ချိတ်ပြီး တင်လိုက်တယ်။

"ဟာ~~ ကောင်းလိုက်တာ~~"

"အင်း"

ဆုကျန်းတစ်ယောက် ရန်ဇီဝေအနားမှာထိုင်ရင်း မျက်လုံးတွေက ရန်ဇီဝေ့ရင်သားပေါ်ရောက်နေပါတယ်။

ရန်ဇီဝေလဲ ဆုကျန်းဘာကြည့်နေလဲလိုက်ကြည့်ရင်း သူ့ရင်ဘတ်သူငုံ့ကြည့်လိုက်တယ်။ ပြီးတော့ တခစ်ခစ်နဲ့ရယ်ရင်း

"ဘာတုန်း? နင့်ဟာကိုတော့ ငါမယဉ်နိုင်ပါဘူးတော်။ ဒါပေမယ့် ငါ့ဟာ အရင်ကထက်ပိုကြီးတယ်လို့ မထင်ရဘူးလား"

ဆုကျန်းလဲရှက်ရှက်နဲ့

"အဲ.. အင်း.."

ရန်ဇီဝေက မင်းသမီးတစ်ယောက်ဖြစ်တာမို့ အလှအပထိန်းသိမ်းတယ်လေ။ ဒါကြောင့် သူရဲ့bodyကောက်ကြောင်းလေးက အရမ်းsexyကျပြီး မျက်နှာလေးက ဆုကျန်းထက် ပိုချောတယ်။ ဆုကျန်း.. သူ့အကြည့်တွေကို ခွာမရ။ အရင်တုန်းကသာဆိုရင် သူ ဒီလိုမိန်းခလေးကိုယ်ကို အနီးကပ်ကြည့်မိရင် နှာခေါင်းသွေးလျှံမယ်ဆိုတာ ကျိန်းသေးတယ်။ ဒါပေမယ့်... ခုကျတော့.. လှတာတော့လှပါရဲ့၊ စိတ်တွေက မလှုပ်ရှားဘူးဖြစ်နေတယ်။

'သွားပြီ သွားပြီ! ငါ့အကြိုက်တွေတောင်ပြောင်းကုန်ပြီ။ မိန်းခလေးတွေကိုမကြိုက်တော့ဘဲ ယောက်ျားလေးတွေကို တကယ်ကြီး ကြိုက်မိနေပြီလား?!' ဆုကျန်း စိတ်ပျက်သွားတယ်။

ဆုကျန်းရင်ဘတ်မှာအနီကွက်လေးတွေ့တော့ ရန်ဇီဝေပြုံးဖီးဖီးနဲ့အနားကပ်လိုက်ပြီး ဆုကျန်းရင်သားကိုလက်လေးနဲ့တို့လိုက်တယ်။

"ဟိုး! ဒါလေးက ဘာလေးတုန်း~~"

ဆုကျန်းလဲ ငုံ့ကြည့်လိုက်တော့... မျက်နှာရဲတက်လာတယ် 'Oh! Sh#t! ခုချိန်ထိမပျောက်သေးဘူးလားဟ?!!'

ရန်ဇီဝေ ပိုနောက်ချင်လာတာနဲ့ ဆုကျန်းတကိုယ်လုံးကိုစိုက်ကြည့်လိုက်ပြီး

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now