CH 63

15.6K 1.9K 47
                                    

Zawgyi

Commentတွေဖတ်ပြီး ဆုကျန်းစိတ်ပျက်သွားတယ် 'ခုခေတ်မှာ ယောက်ျားလေးနဲ့မိန်းခလေးနဲ့ကြိုက်ရင် ကဲ့ရဲ့တဲ့သူနဲ့သဘောမတူကြတဲ့သူနဲ့၊ ယောက်ျားချင်းကြိုက်တာကျတော့ အကုန်လုံးကသဘောတူကြတယ်! ဘယ်လိုတွေတောင်လဲဟာ...'

ဆုကျန်း သက်ပြင်းချလိုက်ချိန် သူ့QQအကောင့်ကနေ msgတက်လာတယ်။ ရန်ဇီဝေဆီက..

Call me Queen: ရှောင်ကျန်း နင်ရှိလား?

World Sad Champion: အင်း ရှိတယ်

Call me Queen: မိုးချုပ်နေပြီ၊ မအိပ်သေးဘူးလား?

World Sad Champion: အိပ်မပျော်လို့

Call me Queen: ဟမ်? ဘာဖြစ်လို့လဲ? ငါ့ကိုပြောစမ်း!

World Sad Champion: ဟားဟား.. ဘာမှမဖြစ်ပါဘူး။ ဒီအတိုင်း အိပ်မရလို့ပါ..

Call me Queen: အပိုတွေပြောမနေနဲ့။ နင် QQကနေမပြောပြချင်ရင် ငါ့ကိုအပြင်မှာလာပြောပြလို့ရတယ်။ ငါ့ရဲ့အစေခံကျန်းအတွက် ဟောဒီကဘုရင်မကြီးက ကူညီဖို့အသင့်ပဲ..

World Sad Champion: မှန်လှပါ ဘုရင်မကြီး...

Call me Queen: ဟင်း... မင်းကြည့်ရတာတော်တော်နေသားကျတဲ့ပုံပဲ၊ ကြည့်ရတာ မင်္ဂလာဆောင်လိုက်တာ ကောင်းသလိုပဲ..

ဆုကျန်းနဲ့ရန်ဇီဝေတို့အပြန်အလှန်ပြောကြရင်း တွေ့မယ့်ရက်ကိုချိန်းလိုက်ကြတယ်။ ဆုကျန်းကျောင်းဆင်းတော့ စားသောက်ဆိုင်တခုမှချိန်းပြီး တူတူစားကြတယ်။ စားသောက်ပြီး ရန်ဇီဝေကဆုကျန်းကို သူ့အိမ်ခေါ်သွားလိုက်တယ်။

"ငါတို့မတွေ့ဖြစ်တာ တော်တော်ကြာပြီ။ နင်ငါ့ကိုသတိမရဘူးလား? နင့်ယောက်ျားကိုပြန်ပြီးreportတင်မနေနဲ့တော့ ငါနဲ့ဒီညအိမ်လိုက်အိပ်"

"အဲ.. အမ်.. ငါတို့ကုတင်တခုထဲတူတူအိပ်မှာလား"

"အင်းလေ၊ ဘာလဲမအိပ်ချင်လို့လား"

"မဟုတ်ပါဘူး"

ဆုကျန်းမျက်နှာက မသိသလိုပုံနဲ့စိတ်ထဲမှာတော့ နှာဗူးထနေပါတယ် 'ရေးဟေးဟေး... ဘဝမှာပထမဆုံး မိန်းခလေးတစ်ယောက်နဲ့တူတူအိပ်ရတော့မယ်။ အန်ရီဇဲလိုကောင်ကိုမေ့ထားပြီး ငါ့အရင်ဘဝကိုပဲပြန်သွားတော့မယ်'

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now