CH 43

16.7K 1.8K 55
                                    

Zawgyi

ဆုကျန်းကို ကောင်တာက၀န်ထမ်းမလေးကခေါ်သွားလိုက်တယ်။

အန်ရီဇဲရုံးခန်းထဲမရောက်ခင် အတွင်းရေးမှူးမ လင်းဒါကိုတွေ့တော့ သူလဲဆက်ပြီးဖုံးကွယ်ဖို့ကအဆင်မပြေတော့ဘူးလေ။

"အဟမ်... အဲ.. ငါက သူဌေးအန်ရဲ့ အမျိုးသမီး.... သူ့အတွက်နေ့လည်စာလာပို့ပေးတာ"

ဆုကျန်းမပြောပြချင်ပါဘူး၊ ဒါပေမယ့်မထူးဘူးလေ... အတွင်းရေးမှူးမကသွားပြောရင် အကုန်သိမှာချင်းအတူတူ။ အန်ရီဇဲရဲ့အတွင်းရေးမှူးကလဲ အချောလေး၊ အလန်းလေ။ body ကလုံးဝအမိုက်စားနဲ့... သူ အန်ရီဇဲ ဒီလိုလူတွေနဲ့နေ့တိုင်းအလုပ်လုပ်နေရတာ မနာလိုလိုက်တာ။ သူသာဒီမှာအလုပ်ရခဲ့ရင် ဒါမျိုးအချောလေးတွေနဲ့တွေ့ရမှာ။

ဆုကျန်းရဲ့စကားကြောင့် ရုံးခန်းထဲက ၀န်ထမ်းတွေအကုန်မျက်လုံးပြူးသွားတယ်။ လင်းဒါလဲအရမ်းအံသြသွားတယ်၊ ဒါပေမယ့်ချက်ချင်း ပြန်ထိန်းလိုက်ပြီး

"ဟုတ်ကဲ့ အန်ကတော်လေး... ခုလောလောဆယ် သူဌေးက directorကျီ နဲ့အစည်းအဝေးလုပ်နေလိုပ့ါ၊ ခဏလေးစောင့်ပေးပါ ဒါမှမဟုတ်ရင်လဲ..."

ကျီ? ကျီမင်ဖိန်!! ဆုကျန်းပြုံးပြလိုက်ပြီး

"ရတယ် ရတယ် စောင့်နေလိုက်မယ်"

လင်းဒါ ပြုံးပြလိုက်ပြီး ဆုကျန်းကိုအခန်းထဲခေါ်သွားလိုက်တယ်။

"ဟုတ်ကဲ့ အန်ကတော်လေး... ဒီကိုကြွပေးပါ"

ဆုကျန်းကိုထိုင်စရာနေရာချထားပေးပြီး ဆုကျန်းအတွက် လက်ဖက်ရည်နဲ့မုန့်ဧည့်ခံပေးလိုက်တယ်။ ဆုကျန်း လက်ဖက်ရည်ခွက်သောက်ရင်း 'အား!! လက်ဖက်ရည်ကြီးလား... သောက်ချင်ဘူး၊ ကိုလာတွေလာချပေးရင် အကောင်းသား'

ဆုကျန်း စောင့်ရတာပျင်းတာနဲ့ လင်းဒါနဲ့စကားတွေထိုင်ပြောနေလိုက်တယ်။ CMI အကြောင်းတွေ... အတွင်းရေးမှူးလင်းဒါအကြောင်းတွေမေး၊ အလုပ်တွေလျှောက်မေးနဲ့။ သူ လင်းဒါကိုကျေးဇူးတင်စကားတွေပြော၊ ဒီမှာCMIအတွက်အလုပ်လုပ်ပေးတာ ကျေးဇူးတင်ကြောင်း၊ CMIတိုးတက်ဖို့ ကောင်းမွန်ပြီးထက်မြက်တဲ့ လင်းဒါလိုဝန်းထမ်းတွေလိုကြောင်းတွေပြောနဲ့။ ဒီလိုမှ လင်းဒါလိုနတ်သမီးကသူ့အပေါ်ပိုပြီး ခင်မင်မှာလေ... ဟီးဟီး.... နောက်နတ်သမီးတစ်ယောက်ထပ်ရပြီလေ...

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now