CH 5

21.1K 2.2K 61
                                    

Zawgyi

လမ်းတစ်လျှောက်လုံး ကားပေါ်မှာသူတို့နှစ်ယောက် စကားမပြောကြ၊ ငြိမ်နေကြတယ်။ ကားနောက်ခန်းမှာ နှစ်ယောက်သား ဘေးကားပြတင်းပေါက်ကနေ အပြင်ကိုငေးနေကြတယ်။

ညားခါစလင်မယားတွေဆိုတော့ သူတို့နှစ်ယောက်နေတဲ့ အိမ်ကဘယ်လိုမျိုးလဲ ဆုကျန်းတွေးရင်း ရင်တထိတ်ထိတ်ဖြစ်နေတယ်။ 'ဆေးရုံမှာ မသက်မသာမချင်း နေခဲ့ရမှာ' သူအိမ်ကိုပြန်မလာချင်ဘူး။ ဒီရန်သူနဲ့ အတူတူနေဖို့နေနေသာသာ တစ်မိုးအောက်တောင်မရှိချင်ဘူး။ ' တသက်လုံးတူတူနေရတော့မှာလား'

သူပိုစိုးရိမ်တာက ညအချိန်ပဲ၊ သူအခုကမိန်းခလေးကိုယ်လဲဖြစ်နေတော့...ညရောက်လို့သူတို့နှစ်ယောက်သား၊ 'အမလေး အမလေး ကြက်သီးတွေထတယ်၊ ဒီကောင် အန်ရီဇဲကအရပ်လဲရှည် လူကောင်လဲနဲနဲကြီး....ဟိုဒင်းဟိုဟာ...အမလေး' ။ ဆုကျန်းလဲ ယောကျာ်းတစ်ယောက်ပါ။ အထက်မှာပဲနေချင်တယ်။ သူမိန်းခလေးဖြစ်လဲ အထက်ပဲလုပ်မှာ။ ညဖက်အိပ်ရင် လင်မယားတွေဝတ်တဲ့ one-piece dress ကိုဝတ်ရမှာလား...'ဘရာဇီယာတောင် ငါဘယ်လိုဝတ်ရမလဲမသိတာ...အဲလိုအင်္ကျီတွေဝတ်ရမယ်ဆိုရင်တော့....' သူ ကြည့်ဖူးတဲ့ AV တွေပြန်စဉ်းစားမိပြီး ကြက်သီးတဖြန်းဖြန်းထနေတယ်၊ ချွေးတွေလဲပြန်လာပြီ။

အန်ရီဇဲ သူ့ကိုကြည့်ပြီး

"မင်းဆံပင်"

"ဟန်"

ဆုကျန်းသူဆံပင်ကိုင်ကြည့်လိုက်တော့ ဖွလန်နေတယ်။ ဆေးရုံမှာကတည်းက သူဒီတိုင်းဆံပင်ကိုပစ်ထားတာ၊ သူ ဆံပင်အရှည်ဘယ်လိုထိန်းသိမ်းရမလဲ နားမလည်တော့ ခေါင်းတောင်မဖြီးဘူး။ အန်ရီဇဲ...သက်ပြင်းတစ်ချက်ချလိုက်ပြီး အိတ်ထဲကနေ အိတ်ဆောင်ဘီးလေးထုတ်ပြီး ဆုကျန်းဆံပင်ကိုဖြီးပေးလိုက်တယ်။ ရုတ်တရက်လာလာလုပ်တတ်တဲ့ အန်ရီဇဲအကျင့်ကို ဆုကျန်းအသားမကျသေး၊ ခဏခဏလန့်လန့်နေရတယ်။ သူကိုကြည့်တဲ့အကြည့်တွေကလဲ ဝါးစားတော့မယ်ရုပ်နဲ့၊ ဘာမှန်းမသိ...ဆုကျန်းရှက်သလိုလို ဖြစ်မိတယ်။ မိန်းခလေးဆုကျန်းရဲ့ဆံပင်က ဆေးမဆိုးသဘာဝအတိုင်းနဲ့ဆိုတော့ အရမ်းနူးညံ့တယ်။ ဆုကျန်း ဆံပင်အရှည်နဲ့မိန်းခလေးတွေကိုကြိုက်ပါတယ် ဒါပေမယ့်သူကိုယ်တိုင်တော့မထားဘူး။ ခု ဒီဆံပင်တောင် သူညှပ်ချင်နေတာ....ဒါပေမယ့် ဒီမိန်းခလေးဆုကျန်းက သူ့Typeလေးမို့လို့ နှမြောတယ်၊ သူ ပြင်ပြင်ဆင်ဆင်လေးတော့ထားချင်တယ်။ ခုခေတ်ကြီးမှာ မပြင်မဆင်ဘဲနဲ့လှတာရှားတယ်လေ။

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now