CH 19

15.5K 1.7K 58
                                    

Zawgyi

မကြာပါဘူး.... ဆုကျန်းတွေ့ချင်တဲ့နတ်သမီးလေးနဲ့တွေ့ရပါပြီ။

အန်သခင်မကြီးလှမ်းမခေါ်ခင် ရောက်ချလာတာပဲ။ နတ်သမီးလေးရှီးအာ ဆုကျန်းကိုမြင်ရော မျက်နှာပျက်သွားတယ်၊ ပြီးမှချက်ချင်းပြန်တည်ပြီး ပြုံးပြလိုက်တယ်။

"ရှီးအာလေးက လှပြီးရင်လှနေတာပဲ"

ရှီးအာကိုလဲမြင်ရော အန်သခင်မမျက်နှာ လမင်းကြီးလို ဝင်းထိန်သွားတယ်။ သူ ရှီးအာအပေါ်ဆက်ဆံပြောဆိုတဲ့ပုံနဲ့ ဆုကျန်းကိုစကားပြောတဲ့ပုံမျက်နှာထားက တခြားစီပဲ။
ဆုကျန်းကတော့ မနာလိုတယ်ဆိုတာ.... အလုံးလားအပြားလား... ဘာမှန်းတောင်မသိဘူး၊ ရှီးအာကိုကြည့်ပြီး စိတ်ထဲမှာတော့ 'အားရိုးရိုး.... လက်ကလေးကသေးသေး~~ ပေါင်တံလေးကလဲသွယ်လိုက်တာ... အသားလေးကလဲ ဖြူဖွေးနေတာပဲ၊ ကိုင်ကြည့်ချင်လိုက်တာ~~~'
နာမည်နဲ့လိုက်အောင်ကိုလှတဲ့ နတ်သမီးလေး ရှီးအာ။ မျက်နှာလေးကလဲ ပါးနီမို့မို့လေးနဲ့ ချစ်စရာလေး၊ ရှည်လျားတဲ့ဆံပင်တွေလေး ဖြာချထားပြီး အဖြူရောင်dressလေးနဲ့ ကောင်းကင်ကနေဆင်းသက်လာတဲ့ နတ်သမီးလေးတစ်ပါးသဖွယ်။

မျက်လုံးတဝင်းဝင်းနဲ့ ဆုကျန်းငေးမောကြည့်ရင်း လက်ကမ်းပေးလိုက်တယ်။

"ဟဲ..ဟဲလို"

ရှီးအာ လက်ဆွဲနှုတ်ဆက်လိုက်ပြီး

"မင်္ဂလာပါ ဆုကျန်း ကျွန်မနာမည်က ပိုင်လင်ရှီးပါ"

ရှီးအာ အပြုံးမှာ ဆုကျန်းကြွေဆင်းသွားတယ်၊ လှလိုက်တာ.... ကြာပန်းဖြူလေးလိုပဲ 'လင်ရှီး~~ လှလိုက်တဲ့နတ်သမီးလေး~~ လုံးဝနာမည်နဲ့လူနဲ့လိုက်ဖက်တယ်'

ရှီးအာလက်ကို သူ့လက်နှစ်ဖက်လုံးနဲ့ဆုပ်ကိုင်လိုက်ပြီး သွားဖြီးဖြီးကြီးနဲ့ သရေတမြိုင်မြိုင်ကျနေတယ်။ ရှီးအာကတော့ ဆုကျန်းရုပ်ကိုကြည့်ပြီး ပြုံးရခက်နေတယ်။ ဆုကျန်းကတော့ အရမ်းပျော်နေတယ် 'အား... ငါ... ငါ နတ်သမီးလက်လေးကို ကိုင်ရပြီ၊ အားရိုး~~ လက်လေးကသေးသေးလေးနဲ့ နူးညံ့နေတာပဲ~~'

အန်သခင်မ ရှီးအာကိုပြန်ဆွဲခေါ်လိုက်ပြီး ဆိုဖာမှာထိုင်ခိုင်းလိုက်တယ်။ ဆုကျန်းကို မသိသလိုမျိုး လျစ်လျူရူပြီး ရှီးအာကိုပဲ အသာပေးနေလိုက်တယ်။

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now