CH 13

16.4K 1.8K 12
                                    

Zawgyi

နောက်နေ့တွေတော့ ဆုကျန်းတော်တော်လေးသက်သာလာပါပြီ၊ ကျင့်သားလဲနဲနဲရလာပြီလေ... အရင်လိုပုံမှန်ပြန်ဖြစ်လာပါပြီ။ ဒီနေ့မနက်တော့ အန်ရီဇဲက ရုံးကိုစောစောသွားလိုက်တယ်၊ အရင်လိုမနက်စာတော့ ၀ယ်ပေးထားခဲ့ပါတယ်။ ဆုကျန်း မနက်စာစားရင်း TV ကြည့်နေလိုက်တယ်။ ခဏကြာတော့... ဆုကျန်းဖုန်းမြည်လာတယ်.... Screenကိုကြည့်လိုက်တော့ ဇီဝေတဲ့။ 'ဇီဝေဆိုတဲ့နာမည်မျိုးဆိုတာ မိန်းမချောလေးတွေကိုပေးတာများတယ်၊ ဒီတော့ မိန်းခလေးချောလေးတစ်ယောက်ပဲနေမှာ ဟီးဟီး' ဆုကျန်းဘာမှတွေးမနေတော့ပါ၊ ဖုန်းချက်ချင်းကိုင်လိုက်တယ်။

"ဆု...ရှောင်ကျန်း?"

အသံလေးကချိုနေတာပဲ၊ ဆုကျန်းနှာဗူးကလဲထလာပြန်ပြီ။

"ဟဲဟဲ.. ဟုတ်တယ် ငါပဲ ငါပဲ"

"ကောင်မ နင်... ငါ ဖုန်းတောက်လျှောက်ဆက်နေတာ.. ဘာလို့မကိုင်ရတာလဲ..ဟန်!!!!!"

ဟိုဖက်က နားကွဲမတတ်အော်သံကြောင့် ဆုကျန်းလန့်သွားတယ်၊ ဖုန်းကိုနားနဲ့ခဏခွာပြီးမှ

"ဆောရီး ဆောရီး ငါမှားပါတယ်"

ဟိုဖက်မိန်းခလေးစိတ်လျော့သွားဟန်တူပါတယ်။

"နင်နဲ့ငါ မတွေ့တာကြာပြီ၊ နင့်သတင်းလဲဘာမှမကြားဘူး နင်ဘယ်လိုဖြစ်နေတာလဲ? နင့်ကိုစိတ်ပူလို့ ဖုန်းဆက်တော့လဲ စက်ပိတ်ထားတယ်တဲ့၊ ဘာတွေဖြစ်နေတာလဲ"

"ဟုတ်ဘူး... ငါ ဖုန်းကိုအားသွင်းဖို့ မေ့မေ့နေတာပါ"

တကယ်တမ်းလဲ ဆုကျန်းကဖုန်းသိပ်မသုံးဖြစ်ဘူးလေ... ဖုန်းဆက်ရုံကလွဲရင် ဘာမှသုံးစရာမှမရှိတာ။ ပုံမှန်ဆိုရင် ကွန်ပျူတာနဲ့ပဲဂိမ်းဆော့တာဆိုတော့ ဖုန်းကိုပစ်ပစ်ထားတယ်လေ။

ဟိုဖက်ကမိန်းခလေး မကျေနပ်တဲ့လေသံလေးနဲ့

"နင့်ကိုခေါ်နေတာ အခေါက်ပေါင်းတစ်ရာမကတော့ဘူး... အားလေးဘာလေးသွင်းထားပါဦး ဘာတွေလုပ်နေတာတုန်း တနေကုန်တနေခမ်း"

'ဒီမိန်းခလေးရဲ့ အပြောအဆိုလေသံက ကြည့်ရတာ မိန်းခလေးဆုကျန်းရဲ့ BF ဖြစ်နိုင်တယ်... သူကြည့်ရတာ မိန်းခလေးဆုကျန်းဘာဖြစ်ခဲ့လဲ သိပုံမရဘူး၊ ပြောပြလိုက်ရရင်ကောင်းမလား' ဆုကျန်းပြောပြလိုက်ပါတယ်..

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now