CH 35

15.7K 1.9K 52
                                    

Zawgyi

အန်ရီယို ဒီshopping mallပြီးတော့ နောက်တစ်ခုကိုထပ်ကူးတယ်၊ ဒီတစ်ခါကျတော့ အောက်ခံဝတ်တဲ့အဝတ်တွေ။ ဆုကျန်းခပ်ရှက်ရှက်ဖြစ်နေတယ်၊ သူတခါမှမဝယ်ဖူးသေးဘူးလေ။

သူတို့ကားမောင်းထွက်လာပြီး ဆိုင်တစ်ဆိုင်ရှေ့မှရပ်လိုက်တယ်၊ shopping mall လဲမဟုတ်တော့ ဆုကျန်းကြောင်သွားတယ်။

"ဒါဘာဆိုင်လဲ"

"လေယာဉ်မော်ဒယ်ရောင်းတဲ့ဆိုင်"

ဆုကျန်း "......."

အန်ရီဇဲဆိုင်ထဲဝင်သွားပြီး ဆိုင်ရှင်ကိုမေးလိုက်တယ်။

"စစ်လေယာဉ် ရှိလား"

"ဟုတ်ကဲ့ ရှိပါတယ်"

ဆိုင်ရှင်က မော်ဒယ်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံထုတ်ပြတယ်။ ဆိုင်ထဲက စစ်သင်္ဘော၊လေယာဉ်နဲ့ စစ်ကားမျိုးစုံမြင်တော့ ဆုကျန်းအရမ်းစိတ်ဝင်စားသွားပြီး.... အငြိမ်မနေဘဲ ဆိုင်ထဲလျှောက်ပတ်ကြည့်နေတယ်..... သူ့ကိုယ်သူမိန်းခလေးဆိုတာလဲ ထပ်မေ့သွားပြန်ပြီလေ။ အန်ရီဇဲ ဆုကျန်းလက်ကိုဆွဲလိုက်ပြီး ဆိုင်ရှင်ပြတဲ့ဒီဇိုင်းထဲကတစ်ခု ပြလိုက်တယ်။

"ဒီတစ်ခုကြိုက်လား"

အန်ရီဇဲရွေးပေးတဲ့ လေယာဉ်ကအရမ်းမိုက်တော့ သူသဘောကျသွားတယ်။

"အင်း ကြိုက်တယ်"

အန်ရီဇဲချက်ချင်းငွေချေလိုက်တော့တယ်၊ ပြီးတော့ကားဆီပြန်လာလိုက်တယ်။ ဆုကျန်း ပါဆယ်ကိုပိုက်ပြီး ကားနောက်ခန်းထဲဝင်ထိုင်လိုက်တယ်... ဆုကျန်းပျော်နေတာကိုမြင်တော့ အန်ရီယိုလဲသဘောကျမိတယ်။

"ယောက်မလေး ဒါမျိုးတွေကြိုက်တတ်မှန်း မထင်ထားဘူး"

ဆုကျန်းမေ့နေတာ.... တော်ရုံဆိုမိန်းခလေးတွေကဒါမျိုးမကြိုက်တတ်ဘူးလေ၊ သူလဲ စဉ်းစားမိရာဆင်ခြေ လျှောက်ပေးလိုက်ပါတယ်။ အဟမ်း... နောက်ခံသံစဉ်ကလဲ တရုတ်နိုင်ငံတော်သီချင်းသံစဉ်နဲ့.....

"ငါကတရုတ်ပြည်ကိုမြတ်နိုးတယ်။ နှစ်၃ဝကြာပြီးနောက် ငါတို့တရုတ်နိုင်ငံကစစ်ရေးမှာ ပြန်လည်အားကောင်းလာတယ်၊ ကိုယ်ပိုင်စစ်ပစ္စည်းတွေကို အရည်အသွေးကောင်းကောင်းနဲ့ထုတ်လာနိုင်ပြီ။ တရုတ်လူမျိုးတစ်ယောက်အနေနဲ့ ကိုယ်နိုင်ငံကိုမြတ်နိုးလို့ အမှတ်တရအနေနဲ့ ဟောဒီလေယာဉ်ကိုသိမ်းထားချင်လို့၊ ဒါမှနောင်လာနောက်သားတွေကို ဂုဏ်ယူစွာရှင်းပြနိုင်မှာ"

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now