CH 80

17.8K 1.9K 58
                                    

Zawgyi

ရက်အတော်ကြာလာတော့မှ ဆုကျန်း ရွာနဲ့နေသာကျလာပါတယ်။

ဒီကကလေးတွေက သူ့အရင်ကျောင်းသားတွေလောက် တက်တက်ကြွကြွမရှိပေမယ့်... ရိုးအေးတော့ စာသင်ရတာ အဆင်တော့ပြေပါတယ်။

ရွာကသေးသေးလေးဆိုတော့.. ဘာမှရယ်လို့ဆန်းတာတွေမရှိဘူး။ သူ့အဆောင်မှာ TVတောင်မရှိဘူး၊ တော်သေးတယ် laptopလေးယူလာခဲ့ပေလို့။ ဒါပေမယ့် အင်တာနက်လိုင်းမရှိလို့ ဖုန်းအင်တာနက်နဲ့သုံးနေရတော့ ဘေကုန်တယ်လေ။

အန်ရီဇဲဖုန်းခေါ်လာတော့.. ဆုကျန်းကအဲ့အကြောင်းညည်းလိုက်တယ်။ ဒါကြောင့် အန်ရီဇဲကချက်ချင်းပဲ

"စိတ်မပူနဲ့ ကိုယ် ဖုန်းဘေထည့်ပေးမယ်။ စိတ်ကြိုက်သုံး"

ဆုကျန်းပျော်သွားတယ်..

"ဒါမှတို့ယောက်ျားကွ~~"

အန်ရီဇဲနဲ့သူ.. ရယ်ရယ်မောမောနဲ့နေတိုင်းလိုလိုစကားပြောဖြစ်ကြတယ်။ ဖုန်းခေါ်တိုင်းအမြဲ နာရီနဲ့ချီပြီကြာအောင် စကားပြောကြတာ.. သူနဲ့အန်ရီဇဲ ဘယ်တုန်းကစပြီး ဒီလိုစကားတွေအကြာကြီးပြောနေမိလဲ ဆုကျန်းမမှတ်မိတော့ဘူး။ အရင်တုန်းကဆိုပြောစရာစကားတောင် မနည်းရှာနေရတာလေ။

ဆုကျန်း သူ့ဖုန်းဘေစစ်ကြည့်လိုက်တာ... ဘာမှပူစရာမလိုဘူး၊ အန်ရီဇဲက ဘေ ၁သောင်းဖိုး (USD 1458) လောက်ထည့်ပေးထားတာ.. ရှယ်ပဲ~~ 'Richman ဆိုတဲ့အတိုင်း rich ပြမှ' ဆုကျန်းဖုန်းကိုကြည့်ရင်း ကြိတ်ပြုံးလိုက်တယ်။

ညဖက်ကျရင်တောင်ပေါ်က နဲနဲအေးတယ်၊ ဆုကျန်း တော်တော်နဲ့မအိပ်နိုင်ဘူး။ ဒါကြောင့် စောင်ပတ်ပြီးပြတင်းပေါက်ကနေ ကောင်းကင်ကိုငေးကြည့်နေလိုက်တယ်...

ဒီလိုအချိန်မျိုးမှာ.. အန်ရီဇဲရဲ့နွေးထွေးတဲ့ကိုယ်ကိုသတိရမိတယ်.. ညအိပ်တိုင်းတူတူဖက်အိပ်နေကျ ရေနွေးအိတ်ကြီးလိုပဲ... နွေးနေလိုက်တာ...

သူ.. တွေးနေတုန်း ရုတ်တရက်ဖုန်းမြည်လာပါတယ်၊ တိုက်တိုက်ဆိုင်ဆိုင်.. အန်ရီဇဲ။

"ကျန်းကျန်း မင်းဒီနေ့ဘာဟင်းနဲ့စားလဲ"

"ဟန်?! မေးပြန်ပြီလား? တခြားဟာမေးလို့မရဘူးလား"

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now