CH 21

16.5K 1.8K 93
                                    

Zawgyi

ခဏကြာတော့ ဆရာဝန်ရောက်လာပြီး ဆုကျန်းအခြေအနေကိုကြည့်ပေးလိုက်ပါတယ်။

ဟင်းရည်ဖိတ်ကျလို့လောင်တဲ့ ဒဏ်ရာက တော်သေးတယ်... လောင်တဲ့အမာရွတ်မကျန်ခဲ့ပါ၊ ဆေးလိမ်းရင်သက်သာသွားမယ်ဖြစ်ကြောင်း ဆရာဝန်ကမှာလိုက်တယ်။

ဆုကျန်း အခုမှသက်ပြင်းချနိုင်တော့တယ်၊ သူ့ခြေထောက်ကကောင်းခါစမို့ ထပ်ပြီးပြန်ကျိုးမှာစိုးရိမ်နေတာ။ ဆရာဝန်က အိုကေတယ်ပြောတော့ သူလဲစိတ်သက်သာရတော့တယ်။ ဆရာဝန်နဲ့စကားပြောနေတဲ့ အန်ရီဇဲကိုကြည့်လိုက်တော့လဲ... သူလဲစိတ်သက်သာသွားဟန်တူပါတယ်။

ရှီးအာက အနားလာထိုင်တော့.... ဆုကျန်းအရမ်းပျော်သွားတယ်။ ဒါပေမယ့် နတ်သမီးလေးရဲ့အကြည့်က သူ့ဆီမှာမဟုတ်ဘဲ အန်ရီဇဲဆီရောက်နေတယ်။ အန်ရီဇဲက ဂရုမစိုက်တော့ ရှီးအာမျက်နှာ ညိုးသွားတယ်။ ဆုကျန်းလဲ နတ်သမီးစိတ်အားမငယ်အောင် လက်ကလေးကိုကိုင်ပြီး ဖွဖွလေးပွတ်နေတယ် 'အား... နတ်သမီးရဲ့လက်ကလေး~~~'

အန်ရီဇဲ ဆရာဝန်ကိုပြန်ပို့ပေးလိုက်ပြီး အခန်းထဲပြန်လာလိုက်တယ်။

"ကျန်းကျန်း အနားယူဖို့လိုတယ်၊ အပြင်ကို လာခဲ့"

နတ်သမီးကို ဆုကျန်းအနားကနေ ဆွဲခေါ်သွားတယ် 'အား... ကိုယ့်ရဲ့နတ်သမီလေး......' အန်ရီဇဲအခန်းထဲပြန်ဝင်လာတော့ စိတ်ဆိုးပြီးဆူပုတ်နေတဲ့ ဆုကျန်းမျက်နှာကိုမြင်လိုက်ရတယ် 'အန်အကောင် မင်း မနာလိုမဖြစ်နဲ့၊ ငါနတ်သမီးမျက်နှာကိုပဲမြင်ချင်တာ.... ငါ့နတ်သမီးကိုပြန်ခေါ်ပေး'

အန်ရီဇဲ အခန်းတံခါးပိတ်ပြီး ကုတင်ပေါ်ထိုင်လိုက်တယ်။

"မင်း ဒီမှာဆက်နေပြီး အနားယူမလား၊ ဒါမှမဟုတ် အိမ်ပြန်နားမလား"

"ငါတို့ပြန်လို့ရပြီလား"

"အင်း ဒါပေမယ့် ဒီမှာပဲနားနေမလား"

'ဟာ!!! အိမ်ပြန်မှာပေါ့၊ ဒီမှာက အိမ်ကလဲကြီး နတ်သမီးလေးလဲရှိ၊ အစားသောက်ကလဲရှယ်ဆိုပေမယ့်... အန်သခင်မ ရှိရင်မနေတတ်ဘူး။ သူ့မျက်နှာကြီးက ငါ့ကိုအကောင်လိုက်ကိုက်စားမယ့်ရုပ်ကြီးနဲ့ ကြည့်နေတာ....' ဆုကျန်းခေါင်းခါလိုက်ပြီး

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now