CH 38

15.6K 1.8K 22
                                    

Zawgyi

အန်ရီဇဲ KTV အခန်းတံခါးကိုဖွင့်ဖွင့်ချင်း အခန်းထဲကနေသီချင်းသံ ဝုန်းဒိုင်းကြဲထွက်လာတယ်။

"ဒီကမ္ဘာမှာ~~ မေမေသာအမြင့်မြတ်ဆုံး~~ သားသမီးဆိုတာ မေမေ့အတွက် ရတနာလေးပါ~~ မေမေရင်ခွင်က အနွေးထုံးဆုံး~~ မေမေရဲ့အပြုံးဟာ~~ ဘာနဲ့မှနှိုင်းလို့မရ~~~"

ဒီသီချင်းကအမေသီချင်း၊ အမြင့်သံနဲ့ဆိုရတဲ့ ခက်တဲ့သီချင်း။

အန်ရီဇဲဘဝမှာ ဒီလိုအသံညောင်နဲ့ဟစ်ပြီးအော်ဆိုနေတာ တခါမှမတွေ့ဖူးဘူး၊ ခုတော့ တွေ့ဖူးပြီလေ။

စားပွဲပေါ်တက်ပြီး အပြီးအပြင်မိုက်ကိုင်ပြီး ဖီးနေတဲ့သူ.... ဆုကျန်း၊ ငိုရင်းနဲ့သီချင်းဆိုနေပါတယ်။

"မေမေကိုအချစ်ဆုံး~~ မေမေမရှိတဲ့ဘဝက အရောင်မဲ့နေတဲ့ဘဝမျိုးပဲ~~ မေမေရင်ခွင်ကအနွေးထွေးဆုံး~~"

အခန်းထဲကလူတွေကလဲ မူးယူးပြီးအောက်ကနေ အားပေးနေကြတယ်။ အန်ရီယို သူ့အကိုကိုမြင်တော့ ပြေးဆွဲပြီး

"အကို!!"

အန်ရီဇဲ မျက်နှာမှောင်ကုတ်ပြီး မေးလိုက်တယ်။

"ဒါကဘယ်လိုဖြစ်တာလဲ"

"ဟို... ဘီယာလာချချချင်း ယောက်မလေးကသောက်ချလိုက်တယ်လေ... တစ်ခွက်ပဲသောက်ရသေးတာ.... မူးသွားတယ်"

ဆုကျန်း သူ့ညီဖုန်းပေါ်ကပုံမြင်ပြီးကတည်းက အရမ်းခံစားသွားတာ၊ သူမျိုသိပ်ထားတဲ့ ခံစားချက်တွေမခံစားနိုင်တော့လို့ ပေါက်ကွဲထွက်သွားချင်နေပြီ။ သူမသေဘူး တခြားလူဖြစ်သွားတယ်ဆိုတာကိုလဲ မပြောနိုင်၊ မပြောနိုင်တာကလဲ ဒီအကြောင်းကသူတစ်ယောက်ထဲနဲ့ပတ်ပြီး ပြီးသွားတာမဟုတ်၊ တခြားလူးတွေနဲ့ပတ်သက်နေတော့.... ဖြေရှင်းဖို့ခက်.... ပြောတော့ဘယ်သူကယုံမှာလဲ သူ့ကို။ ရှင်းပြလိုက်လို့ကော သူ့အရင်ကိုယ်ကိုပြန်ရမှာလား....

ဒါတွေကို ဆုကျန်းတစ်ယောက်တည်းကြိတ်ခံစားနေရတာ... သူဖြေလျော့ချင်တာနဲ့ ဘီယာလေးတစ်ခွက်ပဲသောက်လိုက်တာပါ။ ချက်ချင်းမူးသွားတယ်.... အရင်ကိုယ်တုန်းကဆို ဘယ်လောက်သောက်သောက် တော်ရုံမမူးတဲ့ကိုယ်၊ ခုတော့ တစ်ခွက်တည်းနဲ့ လူမသိသူမသိမူးနေပါပြီ။

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now