CH 28

15.3K 1.8K 88
                                    

Zawgyi

"အကိုလေး အကိုလေးရဲ့ကောင်မလေးအတွက် ပန်းဝယ်ပါဦးလား"

ရုပ်ရှင်ရုံက Valentine's Day အတွက် serviceပေးတဲ့အနေနဲ့ ၁၀နှစ်အရွယ်ကလေးမလေးတစ်ယောက် နှင်းဆီးပန်းအပြည့်ပါတဲ့ခြင်းတောင်းလေးကိုင်ပြီး ပန်းလိုက်ရောင်းနေတယ်။ အန်ရီဇဲကိုလာရောင်းနေတော့ ဆုကျန်းအန်ရီဇဲကိုကြည့်လိုက်တယ်... ဟိုကမျက်နှာကခပ်တည်တည်ကြီးနဲ့ကြည့်နေတာမို့ သူမျက်လုံးနဲ့စကားပြောလိုက်တယ် 'သားကြီးမဝယ်နဲ့... ငါကနှင်းဆီပန်းမကြိုက်ဘူး'

"မဝယ်ဘူး"

အန်ရီဇဲ ကလေးမလေးကိုပြောလိုက်တယ်။ ဆုကျန်း သက်ပြင်းချလိုက်ပြီး 'ဟူး ဒီကောင် ငါပြောတာကို နားလည်သားပဲ'

"သူကငါ့ကောင်မလေးမဟုတ်ဘူး၊ ငါ့မိန်းမ"

ဆုကျန်းတံတွေးနင်ပြီး ချောင်းတွေဆိုးကုန်တယ်။ ကလေးမလေး မျက်လုံးကလည်ကလည်နဲ့

"အော် ဟုတ် ဒါဆိုအကိုလေးမိန်းမအတွက် ပန်းဝယ်ပါဦးလား"

အန်ရီဇဲ ပိုက်ဆံပေးပြီးပန်းကိုလှမ်းယူလိုက်တော့ ကလေးမလေးကရယ်ရယ်မောမောနဲ့

"အကိုလေးနဲ့မမလေးတို့လင်မယား အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေ၊ ချစ်စရာကောင်းတဲ့ကလေးတွေလဲ အများကြီးမွေးပါစေ"

ကလေးမွေးပါစေဆိုတဲ့စကားကြားတော့ ဆုကျန်းနင်ပြီးချောင်းထပ်ဆိုးသွားတယ်။ အန်ရီဇဲ ဆုကျန်းကျောကိုအသာလေးပွတ်သတ်လိုက်ပြီး

"ဘာဖြစ်တာလဲ? နေမကောင်းလို့လား"

ဆုကျန်းခေါင်းခါပြလိုက်ပြီး

"ဟုတ်ဘူး... ဘာမှမဖြစ်ဘူး"

စုံတွဲတွေကို ပန်းလိုက်ရောင်းနေတဲ့ကလေးမလေးကိုကြည့်ပြီး ဆုကျန်းသက်ပြင်းချလိုက်တယ်။

"အင်း.... ခုခေတ်ကလေးတွေကစကားတတ်နိုင်လိုက်တာ"

"အင်း"

အန်ရီဇဲ ဆုကျန်းကိုပန်းကမ်းပေးလိုက်တော့ ဆုကျန်းမယူသေး၊ ပန်းကိုကြည့်လိုက်ပြီး

"မင်းဘာလို့ပန်းဝယ်လိုက်တာလဲ"

အန်ရီဇဲ ဆုကျန်းလက်ကိုကိုင်ပြီး နှင်းဆီးပန်းထည့်ပေးလိုက်တယ်။

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now