CH 61

15K 1.8K 37
                                    

Zawgyi

ဆုကျန်း သူ့ကိုယ်သူနားကြားမှားတယ်ထင်နေတာ... အန်ရီဇဲကိုပြုံးပြပြီး ပြန်မေးလိုက်တယ်။

"လေတွေတအားတိုက်တော့ သေချာမကြားလိုက်ဘူး၊ ဟို... မင်းဘာပြောလိုက်တယ်?!!"

အန်ရီဇဲမျက်နှာက နောက်နေတဲ့ပုံမပေါက်တော့... 'Holy Sh#t ဒီကောင်!! တကယ်ကြီးလား!!'

ဆုကျန်း နောက်ဆုတ်ပြီးခပ်ခွာခွာနေလိုက်တယ်၊ လမ်းကချော်တော့ ရုတ်တရပ် သူ ယိုင်ကလဲဖြစ်သွားချိန် အန်ရီဇဲကလှမ်းဆွဲဖက်လိုက်တယ်။

"သတိထား"

အန်ရီဇဲကတင်းကြပ်ကြပ်ဖက်ထားပြီး မလွှတ်ပေးသေး။ ဆုကျန်း ရင်တွေတထိတ်ထိတ်နဲ့ ကြောက်သလိုလိုခံစားနေရတယ်..

"ရီဇဲ မင်း... ခုနကပြောတာ တကယ်ကြီးလား.."

အန်ရီဇဲ ခေါင်းငြိမ့်ပြလိုက်တယ်။

ဆုကျန်း ပါးစပ်ကနေအော်ချင်မိတယ် 'ငါကယောက်ျားကြီးဟဲ့'ဆိုပြီး။

"မင်းနဲ့ငါနဲ့ကတိလုပ်ထားတယ်လေ၊ တစ်ယောက်နဲ့တစ်ယောက်မကြိုက်ကြေးဆိုပြီး"

"အဲ့တုန်းက ငါဒီလိုဖြစ်လာမယ်လို့မတွေးမိခဲ့ဘူး"

သူ့ရဲ့ပြိုင်ဖက်ကြီးက သူ့ကိုခုလိုဖွင့်ပြောတော့... စိတ်ထဲမှာတမျိုးကြီးဖြစ်တာပေါ့။ ဆုကျန်း ဘာလုပ်လို့ဘာကိုင်ရမလဲမသိ၊ ဘာပြန်ပြောရမလဲမသိ.. ကြောင်နေတယ်။ မျက်နှာလဲနီရဲလို့...

"မင်း ဂျီရမ်ကိုကြိုက်နေတာမဟုတ်ဘူးလား"

"အဲ့ဒါတွေကပြီးခဲ့ပြီ"

"...မင်းသမီးဂျီကလှလဲလှတယ်၊ bodyကလဲမိုက်တယ်လေ။ မင်းနဲ့ဆိုအရမ်းလိုက်တယ်... သူကိုဆက်ကြိုက်လိုက်ပါလား.."

အန်ရီဇဲ ဆုကျန်းကိုမျက်နှာချင်းဆိုင်ပြီး သေချာစိုက်ကြည့်လိုက်တယ်..

"ကျန်းကျန်း ငါခုနကပြောသလိုပဲ၊ ငါချစ်တာ မင်းတစ်ယောက်ထဲပဲ"

ဆုကျန်းက အန်ရီဇဲစိတ်ပြောင်းသွားအောင် ဆင်ခြေပေးပြီးပြောကြည့်ပေမဲ့လဲမရ၊ သူ မျက်နှာငယ်လေးနဲ့ အန်ရီဇဲကိုကြည့်ပြီး

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now