CH 51

16K 1.7K 34
                                    

Zawgyi

အန်ရီဇဲ ဆုကျန်းကိုချီပြီးထွက်သွားတော့ ကျီမင်ဖိန်လဲ ဂျီရမ်ကိုလှည့်ကြည့်လိုက်တယ်။

ဂျီရမ်ကချမ်းလို့ သူ့ကိုယ်သူဖက်ထားတာကိုမြင်တော့ သူလဲ သူ့အပေါ်ကုတ်အင်္ကျီချွတ်ပြီး ခြုံပေးလိုက်တယ်။

"မဂျီရမ် ကျွန်တော်ဘာများကူညီပေးရဦးမလဲ"

ဂျီရမ် မတ်တပ်ထရပ်ပြီး

"ရပါတယ် မလိုပါဘူး၊ ဒါနဲ့ရှင့်အင်္ကျီကို ကျွန်မနောက်မှပြန်ပေးပါမယ်။ ခွင့်ပြုပါဦး"

ဂျီရမ်ထွက်သွားတော့ ကျီမင်ဖိန်လဲပခုံးတွန့်လိုက်ပြီး အန်ရီဇဲဆီသွားလိုက်တော့တယ်။

ဆရာဝန်အခန်းထဲကထွက်သွားတာမြင်တော့ သူ အခန်းထဲဝင်လိုက်တယ်။ အခန်းထဲမှာ အန်ရီဇဲက ဆုကျန်းကိုစောင်ခြုံပေးပြီး လက်လေးကိုင်ရင်းဘေးနားထိုင်နေတယ်။

"ယောက်မလေးဘယ်လိုလဲ သက်သာလား"

"အင်း ဘာမှမဖြစ်ပါဘူး၊ ခုနက သူ ကြွက်တက်ပြီးရေပေါ်ပြန်မတက်နိုင်ဖြစ်သွားတာပါ၊ နားလိုက်ရင်ကောင်းသွားမှာပါ"

"တော်သေးတာပေါ့"

အန်ရီဇဲမျက်နှာ စိတ်အေးတဲ့ပုံမပေါ်တော့ သူလဲ

"ရီဇဲ ဘာဖြစ်လို့လဲ"

"ကျန်းကျန်းနဲ့အာရမ် ရေထဲကျတာက မတော်တဆဖြစ်တာမဟုတ်ဘူး"

ကျီမင်ဖိန် သက်ပြင်းချလိုက်ပြီး ပြုံးလိုက်တယ်။

"မင်း ရိပ်မိပြီးဆိုတော့ သိပ်ပြောပြနေစရာမလိုတော့ဘူးပေါ့"

အန်ရီဇဲထလာပြီး ကျီမင်ဖိန်ကော်လံကိုဆွဲလိုက်တယ်..

"မင်း အာရမ်ကိုတွန်းလိုက်တယ်မလား"

ကျီမင်ဖိန်ပြုံးပြုံးပဲ

"ဟုတ်တယ်... တကယ်တော့ ငါ အရမ်းသိချင်လို့ စမ်းကြည့်လိုက်တာ။ အစကတော့ ဆုကျန်းကိုထိန်းပေးမလို့ပဲ ဒါပေမယ့်... အချစ်ဦးနဲ့ မိန်းမ ရေထဲကျရင်ဘယ်သူ့ကိုအရင်ကယ်မလဲသိချင်တာနဲ့ ငါစမ်းလိုက်တာ"

အန်ရီဇဲဘာမှပြန်မပြော..ဒေါသထွက်နေတယ်။

"ပြီးတော့ ဒီလိုလုပ်လိုက်တော့လဲ တစ်ခုကောင်းသွားတာပေါ့၊ ဆုကျန်းစိတ်ထဲမှာ မင်းကheroဖြစ်သွားတာပေါ့ မကောင်းဘူးလား"

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now