CH 65

15.7K 1.7K 97
                                    

Zawgyi

ဆုကျန်း ဆန်ဝိုင်တွေပြောင်နေအောင်သောက်လိုက်ပါတယ်။

ထမင်းစားပြီးတော့ သူတို့တွေဧည့်ခန်းမှာ TV ကြည့်နေကြတယ်။ အန်ရီဇဲ.. သူ့ဘေးမှာကပ်ထိုင်နေတဲ့ဆုကျန်းကိုကြည့်လိုက်တယ်၊ ဆုကျန်းကတော့ TVထဲအာရုံရောက်နေပြီး ပါးစပ်ကလဲစပ်ဖြီးဖြီးနဲ့။ အန်ရီဇဲ ဆုကျန်းအပြုံးကိုမခွာနိုင်ပဲ သေချာစိုက်ကြည့်နေတာကို အမေဆုကမြင်တော့... နဲနဲတောင်ရှက်မိသွားတယ်၊ အော်.. သူ့သမီးကိုသိပ်ဂရုစိုက်တာပဲဆိုပြီး။

"သမီးပင်ပန်းပြီလား? သမီးတို့ခရီးပန်းလာတယ်ဆိုတော့ စောစောနားလိုက်ကြပါလား"

ဆုကျန်းမလှုပ်မယှက် TVငေးကောင်းနေတယ်၊ မကြားဘူး။ အန်ရီဇဲ သူ့ကိုလှုပ်လိုက်တယ်။

"ကျန်းကျန်း?"

ဆုကျန်းအဲ့ခါကျမှ သတိဝင်လာတယ်။ အန်ရီဇဲကိုကြည့်လိုက်ပြီးမှ အမေဆုကိုလှည့်ကြည့်လိုက်တယ်။

"သမီး ရှောင်အန်ကိုခေါ်ပြီးနားတော့လေ.. အိပ်ရာပြင်ထားပြီးသား အဆင်သင့်ပဲ"

ဆုကျန်း "...."

"ရှောင်အန်ရေ အိပ်ရာကနဲနဲတော့သေးတယ်နော်၊ ဖြစ်သလိုကြည့်ကြပ်အိပ်ကြကွဲ့"

"ဟုတ်ကဲ့ အမေ"

အန်ရီဇဲကတော့ ဆုကျန်းအတွက်ပူနေပါတယ်၊ ဆန်ဝိုင်တွေသောက်ပြီး တခုခုဖြစ်မှာကိုပဲ စိုးရိမ်နေတယ်။ ဆုကျန်းတခါမူးဖူးပြီးကတည်းက သူ တော်တော်မှတ်သွားတာလေ။ ဆုကျန်းကိုတွဲပြီး အခန်းထဲခေါ်သွားလိုက်တော့တယ်။

မိန်းခလေးဆုကျန်းရဲ့အခန်းက သိပ်မကျယ်ဘူး၊ ဒါပေမယ့် သပ်သပ်ရပ်ရပ်တော့ရှိတယ်။ အခန်းထဲက ငါးပေလောက်သာရှိတဲ့ကုတင်ကျဉ်းကျဉ်းလေးကိုမြင်တော့ အန်ရီဇဲနဲနဲတော့စိတ်ညစ်သွားတယ်။

ဆုကျန်းကိုကြည့်လိုက်တော့.. အတူတူအိပ်ဖို့ကိုဘာမှမပြောဘူးဆိုတော့ လက်ခံတယ်ဆိုတဲ့သဘောပဲလေ။

ဘာမှတော့မပြောသေးတာ ဆုကျန်းအမှုအရာက နဲနဲတော့မူးနောက်နောက်ဖြစ်နေပြီ။ သူတို့ခြေလက်ဆေးပြီး အိပ်ရာပေါ်မှာထိုင်ချလိုက်ကြတယ်။

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now