CH 42

15.4K 1.7K 20
                                    

Zawgyi

နောက်နေ့မနက် ဆုကျန်းနိုးလာတော့ ဘာကြောင့်မှန်းမသိ အန်ရီဇဲက သူ့ကိုလျစ်လျုထားသလိုလိုပဲ။

မနေ့က ဆုကျန်း နှစ်ခွက်ပဲသောက်လိုက်တာပါ၊ သီချင်းတွေထဆိုတာတော့ မှတ်မိလိုက်သေးတယ်။ အဲ့နောက်ပိုင်းသိပ်မမှတ်မိတော့ဘူး။

သူနိုးလာတော့ အိပ်ရာထဲဘယ်လိုရောက်နေမှန်းမသိလိုက်ဘူး၊ အဝတ်အစားတွေက လဲထားပေးပြီးသား။

ဆုကျန်း အန်ရီယိုဆီသွားပြီး မနေ့ကအဖြစ်အပျက်တွေသွားမေးလိုက်တယ်။ အန်ရီယိုလဲ

"မနေ့က အကိုလာခေါ်သွားတယ်လေ၊ အဲ့နောက်ပိုင်းဘာဖြစ်ခဲ့လဲတော့... ညီမဘယ်သိမလဲ၊ အကိုမပြောပြဘူးလား"

ဆုကျန်းခေါင်းတကုတ်ကုတ်နဲ့

"မင်းအကိုက ငါ့ကိုမနက်ကတည်းက အရေးတောင်မလုပ်ဘူး"

အန်ရီယိုလဲဘာပြောရမလဲမသိ ငြိမ်နေလိုက်တော့တယ်၊ ဆုကျန်းလဲ မနေ့ကဘာဖြစ်လဲ သူ မနဲစဉ်းစားနေရတယ်။ အန်ရီဇဲနဲ့သူ ဘာဖြစ်ခဲ့လဲ? သူဘာအမှားလုပ်မိလို့ ဒီကောင်စိတ်ဆိုးသွားရတာလဲ?

အန်ရီယို တခုခုစဉ်းစားမိဟန်နဲ့

"အော်! ဒီနေ့မနက် အကိုငယ်ကိုတွေ့တော့....မျက်ကွင်းတွေက ပန်ဒါမျက်ကွင်းတွေနဲ့၊ ကြည့်ရတာ မနေ့ကအိပ်ရေးမဝဘူးထင်တယ်"

ဆုကျန်းသက်ပြင်းချလိုက်တယ်။

"ဟင်း... ကြည့်ရတာ မနေ့ကငါတော်တော်မူးသွားလို့ သူမနဲထိန်းလိုက်ရတယ်ထင်တယ်၊ သူ့ကိုငါတောင်းပန်လိုက်မှနဲ့တူတယ်"

အန်ရီယိုခေါင်းတငြိမ့်ငြိမ့်နဲ့ထောက်ခံလိုက်တယ်။

"ဒါဆိုဒီလိုလုပ်! အကိုပြန်လာရင် ပြေးဖက်ပြီးချော့လိုက်ပါလား၊ အကိုကယောက်မလေးဆိုအရမ်းချစ်တာ အဲ့လိုလုပ်လိုက်ရင် အကိုလဲစိတ်ဆိုးတာ ချက်ချင်းပြေမှာ"

ဆုကျန်းစိတ်ထဲပုံဖော်ကြည့်လိုက်တယ်၊ အန်ရီဇဲလည်ပင်းကိုသိုင်းဖက်ပြီး "ယောက်ျား~~ ကျွန်မကိုစိတ်မဆိုးပါနဲ့တော့နော်... နော်လို့~~"။ အောင်မလေး.. ကြက်သီးတွေထလိုက်တာ...

ကျွန်တော်သည် သူ့ရဲ့မိန်းမ ကျွန်တော်သည် သူရဲ့မိန်းမWhere stories live. Discover now