Part 1

28.8K 450 2
                                    

ပိုင်ရှင်
အပိုင်း (၁)
#ပိုင်ရှင်

“မာန်သွေး.. ရှေ့ကို ထွက်ခဲ့စမ်း..”
“နာမည်ကသာ မာန်သွေး ..ဗန္ဓုလ အနွယ်တော်ရဲ့ မြန်မြန် ရှေ့ကို ကြွ...”
ဒုတိယ တန်း (က) ခန်း မှ ကျောင်းသား အားလုံး စကားသံ မကြားရအောင် တိတ်ဆိတ်နေကြသည်..။
စားပွဲ ခုံမှာ စာအုပ် တစ်ထပ် ရှိနေပြီး ဆရာမ က မျက်မှန်ပင့်ခါ  လက်ထဲမှ တုတ်ကို ဝေ့ယမ်းနေသည်..။
မာန်သွေး လက်ထဲက ခဲတံကို ပိုဆုပ်ကိုင်ပြီး နဖူးက ချွေးများ စို့လာခါ ကြောက်လွန်းလို့ ငိုချင်လာသည်..။
စာရေးဖို့ မေ့ခဲ့လို့ အရိုက်ခံရမှာ အသားနာမှာကို မကြောက်ပါ...။
ဆရာမက ဘောင်းဘီ ဆွဲချွတ်ခံရတဲ့ အခိုက်အတန့် ကိုတော့  အိမ်ပြန်ပြေးချင်လောက်အောင် ကြောက်ပါသည်..။
“ရှေ့ကို မြန်မြန်ထွက်...”
တွန့်ဆုတ်တဲ့ ခြေလှမ်းတွေနဲ့ အတူ တစ်လှမ်းချင်း ရှေ့တိုးနေပေမဲ့ ပိုပို ဝေးသွားစေချင်သည်..။
“ဟိုဘက်လှည့် ဘောင်းဘီ ချွတ်...”
မာန်သွေး တစ်ကိုယ်လုံး ဖြန်းကနဲ့ ဖြစ်သွားခါ ပိုက်ထားတဲ့ လက်ကို ဖြုတ်ပြီး ဆရာမ ရှေ့ကို မဝံ့မရဲ တိုးပေးလိုက်သည်..။
“မရဘူး...ဒါမှ နင်တို့ ရှက်ပြီး စာလုပ်ဖို့ မမေ့မှာလေ... ကြာတယ်...မြန်မြန် ချွတ်..”
“သား...သား..နောက်ကိုပြီး အောင်ရေးလာပါ့မယ်...ညတုန်းက ရုပ်ရှင်ရုံ လိုက်သွားမိလို့ပါ...”
“မလိုချင်ဘူး..စာမရေးလာရင် ဘာလုပ်မယ် ဆိုတာ တစ်ခန်းလုံး သိတယ်...”
“ဟဲ့ မြန်မြန်...”
ဆရာမ က တွန့်ဆုတ် ၀န်လေးနေတဲ့ မာန်သွေးကို စိတ်မရှည်စွာ လက်က ဆွဲ ပြီး ဘောင်းဘီ ကို ဆွဲချွတ်သည်..။
“ဟား..ဟား...ဟား....”
“ဟီး..ဟီး...”
“ဖြန်း..ဖြန်း....ဖြန်း.....”
“သွား...”
တင်ပါးအောက်ဘက် ရောက်နေတဲ့ ဘောင်းဘီ သားရေကြိုးကို လက်နဲ့ ပြန်ဆွဲ မတင်ပြီး ထိုင်ခုံကို ပြန်လျှောက်သွားတာ ဒယိုင်းဒယိုင် ဖြစ်နေသည်..။
ကစားကွင်းမှာ စီးဖူးသည့် ချားရဟတ်စီး သလို ခေါင်းမှာ လည်နေသည်..။
လူတွေက နီးလာလိုက် ဝေးသွားလိုက် အသံတွေက တိုးလာလိုက် ကျယ်သွားလိုက်...။
“ဟာ...”
မာန်သွေး ကမ္ဘာ အမှောင် ဖုံးလွမ်း သွားခဲ့သည်..။
.
“...သားလေး  နိုးပြိလား..”
“အင်..”
ဆရာမနားနေခန်းထဲက ကုလားထိုင်တွေပေါ်မှာ မာန်သွေး ပြန်နိုး လာခဲ့သည်..။
ကြောက်စရာကောင်းတဲ့ ဆရာမရဲ့ မျက်နှာမှာ နူးညံ့နွေးထွေးတဲ့ အပြုံး တစ်ခု ကို မြင်လိုက်ရတော့ မာန်သွေး ပျော်သွားရသည်..။
“ဖြည်းဖြည်းထ...ခေါင်းမူးသေးလား..သား..”
ဆရာမက ပွေ့ချီပြီး ထူပေးလိုက်တော့ မာန်သွေး ခေါင်းရမ်း ပြီး အဖြေပေးလိုက်သည်..။
“ဆရာမ ရိုက်တာ အရမ်းနာသွားလား သားရယ်..”
မာန်သွေး ခေါင်းရမ်း ပြီး ဖြေရင်း ကုလားထိုင်မှာ တင်ထားတဲ့  ခြေထောက် ကို အောက်ချလိုက်သည်..။
“သား ရှက်လို့ပါ...”
“အို..”
ဆရာမရဲ့ ကရုဏာ မျက်၀န်းမှ တစ်ဆင့်  မျက်ရည်တွေ ပြည့်လာ တော့ မာန်သွေး ငိုချင်လာသည်..။
ခေါင်းကို ငုံ့ချလိုက်ပြီး အကြည့်တွေကို ကြမ်းပြင်ပို့ထားလိုက်ရသည်။
တိတ်ဆိတ်နေတဲ့ အခိုက်အတန့် တစ်ခု အချိန်ကြာလာတော့
မာန်သွေး မေးခွန်းမေးလိုက်သည်။
“သား အခန်းထဲ ပြန်ရမလား ဆရာမ..”
ဆရာမ က ခေါင်းညိတ်ပြတော့ မာန်သွေး ခုံပေါ်က ဆင်းပြီး အခန်းဘက်ကို ပြန် ထွက်လာခဲ့သည်..။
“ဆရာမ လာပြီလား....”
“အင်း...”
“မင်္ဂလာပါ ဆရာမ...”
“ထိုင်ကြ...”
“ကျေးဇူး တင်ပါတယ် ဆရာမ..”
တစ်နေ့ ကုန် ပုံမှန် ပြန်ဖြစ်သွားသည့် အခြေအနေကြောင့် မာန်သွေး ကြောက်နေရတဲ့ ဘ၀ တစ်ခု ဖြစ်မလာတော့ဘူးလို့ ထင်မိခဲ့သည်..။
သို့သော် သုံးလအကြာ...
“ဆရာမက  ကျောင်းပြောင်းလျှောက်ထားတာ ကျပြီ ဆိုတော့ နောက်နေ့ကျရင် ဆရာမ နေရာမှာ ဆရာမ အသစ် တစ်ယောက် သင်လိမ့်မယ်နော်..”
“ဟာ....ဆရာမကလည်း..”
“သားတို့က ဆရာမ ကို ချစ်တာ..”
“ဆရာမ မပြောင်းပါနဲ့...”
“ဆရာမ အချိန်ရရင် သားတို့ သမီးတို့ ဆီ လာလည်ပါ့မယ်..”
မာန်သွေးရဲ့ ဆရာမ ကျောင်းမလာတော့ဘူး ဆိုတဲ့ အသိကြောင့် စိတ်မကောင်း ဖြစ်ရသည်..။
နောက်နေ့ ကျောင်းတက်ချိန် မှာ ဆရာမကို ပိုလို့ သတိရဖြစ်သည်..။
“ကဲ..လေ့ကျင့်ခန်းအုပ်တွေ ထုတ်မယ်..”
မာန်သွေး မြန်မာဖတ်စာအုပ်ကြားထဲ ညှပ်ထားသည့် လေ့ကျင့်ခန်း စာအုပ်ကို ဆွဲထုတ်ခါ မျက်လုံးပြူးသွားမိသည်...။
ဒါ ကိုကြီး ရဲ့ လေ့ကျင့်ခန်း စာအုပ်မှန်း အဖုံးက စက်ရုပ်တွေကို ကြည့်တာနဲ့ သိလိုက်သည်..။
“ကဲ စုံပြီလား..”
“ဟုတ်ကဲ့ပါ..”
“လေ့ကျင်ခန်း မတင်ရသေးတဲ့သူ ရှိလား..”
“မရှိပါဘူး...”
“ဟုတ်ပြီ...ရှိ ဘယ်နှစ်ယောက်လည်း..”
“၅၆ ပါဆရာမ..”
အတန်းရှေ့ဆုံးက ော်ဇော်အောင်က အော်လိုက်တော့ မာန်သွေး မတ်တက်ရပ်ဖို့ခြေလှမ်းတွေ နှေးကျသွားသည်..။
ဆရာမရဲ့ လက်ချောင်းတွေက လေ့ကျင့်ခန်း စာအုပ်တွေပေါ်မှာ လှုပ်ရှားနေသည်..။
“တစ်အုပ်လိုနေတယ်...ဘယ်သူလည်း..”
ဆရာမရဲ့ အသံ က ဟိန်းထွက်သွားတော့ မာန်သွေး ကြောက်လန့်စိတ်က ပိုဆိုးလာသည်..။
“ဘယ်သူလည်း လို့ မေးနေတယ်လေ..”
“သား..သားပါ..”
“လာခဲ့ မြန်မြန်..”
မာန်သွေး လေးကန်စွာ ထလိုက်ပြီး ဆရာမ ရှေ့ကို လက်ပိုက်ကလေး နဲ့ တွန့်ဆုတ်စွာ သွားမိသည်..။
“ဘောင်းဘီချွတ်..”
“...”
လက်ထုတ်ပေးပေမဲ့ ဆရာမက လက်ကို တုတ်နဲ့ တွန်းလို့ မေးငေါ့ ပြတော့ မာန်သွေး တစ်ကိုယ်လုံး တုန်ယင်လာသည်..။
“ဖြန်း ...ဖြန်း....ဖြန်း....”
“ဟား..ဟား...ဟား...”
“ဟီး..ဟီး...ဟီး...”
“ဆရာမ ...သူ့-င်မှာ အစက်တွေ...”
“ဟေ...”
“ဟာ...ဟုတ်တယ်...အမဲရောင် သုံးစက်..”
“တစ်...နှစ်...သုံး...”
မာန်သွေး ကို ချိန်းခြောက်နေတဲ့ အကြောက်တရား လွမ်းမိုးသွားတော့ ဘောင်းဘိကို မတင်ပြီး ထိုင်ခုံ  ဆီ
ပြန်လျှောက်လာခဲ့လိုက်သည်..။
“ဟီး..ဟီး...”
“မာန်သွေး...မင်း..ရဲ့ မဲ့ ကလည်း ရယ်ရတယ်..”
“ဒီကောင်ကို သုံးစက်လို့ ခေါ်ရမယ်..”
“ဟား..ဟား...ဟုတ်တယ်...”
“ဟေ့ကောင်...သုံးစက်..”
“ဟေ့ တိတ်စမ်း စာသင်မယ်..”
မာန်သွေး အတွက် အိမ်မက်ဆိုး တစ်ခုရဲ့ နိဒါန်းက လေ့ကျင့်ခန်း စာအုပ် ကျန်ခဲ့ရာက စတင်ခဲ့သည်..။
.
“ဖြန်း...ဖြန်း...ဖောင်း..”
လက်ထဲက တုတ်ကို ပစ်ချပြီး လက်နဲ့ နားထင်ကို ရိုက်လိုက်တာ မာန်သွေး နားအူသွားသလိုပင်...။
“မင်းကို လူလို ကျောင်းထားတာကို မင်းက ကျောင်းပြေးတယ်ပေါ့ ဟုတ်လား..”
“မင်း ဘယ်မှာ သွားနေတာလည်း...”
“ဘုရားကြီး....ဘေး...မှာ..”
“ကောင်းတယ်....”
“ဖြန်း...”
ကျောင်းပြေးတဲ့ အကြောင်းအရင်းကို မမေးပဲ ထပ်ရိုက်နေတဲ့ အဖေ့ကို မော့မကြည့်ရဲပေမဲ့ နာကြည်းမိသည်..။
ကျောင်းမှာ အခုဆိုရင် မာန်သွေးကို ဘယ်သူမှ မာန်သွေးလို့ မခေါ်တော့ပဲ သုံးစက်လို့သာ ခေါ်သည်...။
ညနေ ကျောင်းဆင်းတိုင်း လေးတန်းကျောင်းသားတစ်ချို့နှင့် တွေ့ရသည်..။
“ဟေ့ ကောင် ..သုံးစက် ခဏ..”
“ဟင်..”
ကျောပိုးအိတ်ကို နောက်က ဆွဲထားလို့ ရှေ့ဆက်မရတော့ပဲ  မာန်သွေး ကြောက်လန့်တကြား လှည့်ကြည့်မိသည်..။
“မင်းက -င်မှာ သုံးစက် ဖြစ်နေတယ်ဆို...”
“ဟုတ်တယ်...အနက်ရောင်လေး...”
“ဟုတ်လား..ဘယ်လောက်ကြီးလည်း..”
“မှဲ့ လိုပဲတဲ့...”
“တို့လည်း ကြည့်ချင်တယ်...ချွတ်ပြစမ်းကွာ...”
“မလုပ်နဲ့..”
ခပ်၀၀ တစ်ယောက်က မာန်သွေး ဘောင်းဘီ ကို ဆွဲချွတ်တော့ အသံတုန်ရင်း ပြန်ဆွဲထားမိသည်..။
“ခဏပါကွာ..ယောင်္ကျားချင်း ဘာရှက်စရာ ရှိလည်း..”
“မင်းက အခြောက်ကြီးလား..”
"ဟား...ဟား..”
မာန်သွေး ရှေ့က တစ်ယောက်က ကြံကို  ကျွတ်ကနဲ့ ဝါးပြီး တွေးထုတ်လိုက်သည်..။
နောက်က တစ်ယောက်က ဘောင်းဘီ ဆွဲချွတ်ပြန်သည်..။
“မင်းတို့ကို ဆရာမ နဲ့ တိုင်မယ်..”
မာန်သွေး အသံတွေတုန်အောင် အော်ပစ်လိုက်သည်။
အင်အားမမျှတဲ့အပြင် လေးယောက်စလုံး ရဲ့ ရှေ့မှာ အားလုံးကို မကြည့်ရဲလို့ ခေါင်းငုံ့ထားရသူ...။
“တိုင်မယ်တဲ့...”
နှစ်ယောက် က အနားရောက်လာပြီး ဘောင်းဘီ ဆွဲချွတ်တော့ မာန်သွေး ဘယ်လိုမှ ဆွဲလို့မရပဲ ကျွတ်သွားသည်..။
“ဟုတ်တယ်..”
“ဘယ်မှာလည်း...”
ကျောင်းသား ငါးယောက်လောက် ကြည့်နေတာ သိတော့ မာန်သွေး မူးလာပြန်သည်..။
ဘောင်းဘီကို လက်နဲ့ဆွဲမတင်ပြန်၀တ်ပြီး တရှိန်ထိုး ပြေးထွက်လာခဲ့မိသည်..။
နောက်မှာ ရယ်သံတွေ ကျယ်လောင်စွာထွက်ပေါ်လာတာ နားထဲသို့ စူးဝါးစွာ၀င်ရောက်သွားသည်...။
ကျောင်းမတက်ချင်တော့ပါ...မနက် ကျောင်းကို ရောက်ပေမဲ့ မုန့်စျေးတန်း ဘေးဘက် က ထွက်ပြီး ဘုရားကြီး ၀င်းထဲ မှာ လျှောက်သွားနေမိသည်..။
ညနေ ကျောင်းဆင်းလို့ အိမ်ပြန်လာခဲ့ပေမဲ့ ဆရာမက  ခွင့်တင်ဖို့ နေ့ခင်းက ပြောတယ်ဆိုတာ မသိခဲ့..။
“မင်း..ဘယ်က ပြန်လာတာလည်း..”
“ဟင်..”
၀ိုင်းစက်သွားတဲ့ မျက်လုံးတွေ ပုံသဏ္ဍန် မပြောင်းခင် ခေါင်းပေါ်ကို ရိုက်ချက် တစ်ခု ရောက်လာခဲ့သည်..။
.
“မောင်ပြည့်စုံ..”
“ဟုတ်ကဲ့ ဆရာမ..”
“ဆရာမကို စာအုပ်တွေ ရုံးခန်းလိုက်ပို့ပါလား..”
“ဟုတ်ကဲ့...”
မာန်သွေးရဲ့ အကြောင်းပြချက်မဲ့ ကျောင်းပြေးမှုတွေကြောင့် ဖေဖေ လက်လျော့လိုက်ရသည်။
နှစ်တန်းကို ကျောင်းပြေးလွန်းတော့ ဖေဖေကလည်း ရွဲ့ပြီး ကျောင်းထုတ်ခါ လမ်းထိပ်က ကားဝပ်ရှော့ကို ပို့ထားသေးသည်။
နောက်တစ်နှစ် ကျောင်းဖွင့်ချိန်မှာတော့ ကျောင်းပြောင်းပေးရင် ကျောင်းမှန်မှန်တက်ပြီး စာကြိုးစားပါမယ်လို့ ကတိပေးခဲ့ရသည်။ မာန်သွေးရဲ့ ဥဒ္ဒိစ္စ တောင်းဆိုမှုကြောင့် ကျောင်းသုံးကျောင်းပြောင်းပြီး ချိန်မှာ ပြည်က အဒေါ်ဆီကို ပို့လိုက်သည်..။
ငါးတန်းက စလို့ ဆယ်တန်း အထိ ပြည့်စုံ ဆိုတဲ့ နာမည်သစ် လူသစ် စိတ်သစ် ပုံသဏ္ဍန် အသစ်ဖြင့် ကျောင်းတက်ခဲ့သည်..။
ကျောင်းစာမှာ ထူးချွန်ပေမဲ့ သူငယ်ချင်း အပေါင်းအသင်း များများ မထားရဲတဲ့ ပြည့်စုံဘဝမှာ ဆရာ၊ဆရာမတွေကို အနားကပ်ပြီး အကာအကွယ်ယူမိသည်..။
“ဟေ့ ကောင်..သုံးစက်ကွ..”
မာန်သွေး ရင်ထဲ ထိတ်သွားခါ နောက်ခုံက ကျော်မိုး ကို လှည့်ကြည့်မိသည်..။
ကျော်မိုး က ဘာမှ ထူးထူးခြားခြား မဖြစ်ပဲ သချာင်္ လေ့ကျင်ခန်းတွေ လုပ်နေသည်..။
မာန်သွေး အသံကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး..
“ဘာ...ဘာ..သုံးစက်လည်း”
“အောင်ကျော်လေ..Therefore သုံးစက်လေ...ဒီကောင်က နှစ်ခုပဲ အမြဲရေးတယ်..”
“သြော်..”
“ပြည့်စုံ စာအုပ်တွေ မပို့နဲ့အုံးနော် ငါ့ ခဏစောင့်...”
“အေးပါ...”
မာန်သွေး မလိုအပ်ပဲ တပ်ထားရသည့် မျက်မှန် ကိုင်းမဲကြီးကို ပင့်တင်လိုက်ပြီး ရေသည်ပြဇာတ် ပြန်ရေးနေလိုက်သည်..။
ထို အိမ်မက်ဆိုး တစ်ခု က လွယ်လွယ်ဖြင့် ပျောက်ခဲလှပါသည်..။
.
“ဟယ်...ကိုကို အောင်ပြီပေါ့..”
“ဟုတ်တယ်..”
“ဒါဆို...ရန်ကုန် ပြန်လာတော့မှာပေါ့..”
“အေးပေါ့ဟ...ကိုကြီးနဲ့ ကျောင်းတူတူ တက်လို့ရတယ်လေ...ဆေးမှတ်မှီတယ်ဆိုတော့ နင့်ကိုကိုလည်း ဆရာ၀န်ပဲ ဖြစ်မှာလေ...”
“တော်လိုက်တာ...ပုံ့ပုံ့လည်း စာကြိုးစားပြီး ဆရာ၀န်လုပ်မယ်..”
“အောင်မယ်...အခု လပတ်တောင် ဘဲဥမကွဲဘူးဆို...”
“ဒါက လျှိုထားတာလေ..”
စာမေးပွဲ အောင်စရင်း ထွက်တာတောင် ကိုကို က ပြန်မလာသေးတော့ ပုံ့ပုံ့ လာလာကြည့်ရတာ အမောပင်..။
“ပုံ့ပုံ့ရယ်...နင်က ဒီရောက်နေတာကိုး..”
“ဟုတ်တယ် ဝိုင်းရေ...သူ့ ကိုကို အကြောင်း လာမေးတာလေ..”
“ဟုတ်သားပဲ...မာန်သွေး အောင်လားဟင်..”
“အောင်တယ်....ဂုဏ်ထူးတွေတောင်ပါသေး..”
ကိုကြီး မဖြေခင် ပုံ့က ဝင်ဖြေတော့ ဝိုင်း ခေါင်းညိတ်လိုက်ရင်း..
“အိုး...တော်လိုက်တာ....ဝိုင်းတော့ အားကျရုံပဲသိလား...ဆယ်တန်း နှစ်ခါ ဖြေရတာတောင် အမှတ်မကောင်းဘူး...”
“အောင်မြင်မှုဆိုတာ နည်းတယ် များတယ် မရှိပါဘူး..အခုအောင်ခဲ့ပြီပဲ...ဝိုင်းပြောတုန်းက အောင်မှာ မဟုတ်ဘူးဆို...ကျူရှင်ဆရာ စိတ်ညစ်အောင် သိပ်ပြောတာပဲကွာ...ကိုယ်မထင်ထားတဲ့ အောင်မြင်မှုကို ရခဲ့ရင် သေးသေး ကြီးကြီး ဂုဏ်ယူသင့်တယ်”
“ဒေါက်တာကြီးကတော့ ပြောအားရှိမှာပေါ့လေ...”
၀ိုင်း က မျက်စောင်းထိုးရင်း  ပြောတော့  အောင်သွေး တစ်ယောက်  ပြုံးလိုက်မိသည်..။
“ဝိုင်း ဘယ်မေဂျာယူမလည်း..”
“ရွေးစရာမှ မရှိတာကိုပဲ..”
“ဝိုင်းက ဘာလိုချင်လို့လည်း..”
“ကွန်ပျူတာ”
“အိုး..ဒါများ....ဦးလေးကို ပူဆာလိုက်ပေါ့...”
“အား...ကိုကြီး ကလည်း...ဝိုင်း ကို စနေပြန်ပြီ..”
“စတာ မဟုတ်ပါဘူးဗျာ...ဝိုင်း နားလည်အောင်ပြောပြတာပါ...ကွန်ပျူတာ တကယ်စိတ်၀င်စားပြီး အမှတ်မမှီလည်း လေ့လာလို့ရပါတယ် ဝိုင်းရဲ့..”
“ဒေါက်တာကြီးကတော့..”
“ဒေါက်...”
“အား...”
“ဒီလောက် ဒေါက်ခိုင်းနေပြီး...ခေါက်ပေးလိုက်တော့ ဘယ်သို့ရှိစ...”
“နာတယ်...တော်ပြီ...ပြန်မယ်...”
“အင်း...အပြန်လမ်းမှာ ဂရုစိုက်အုံး...”
“ဒီလောက် အဝေးကြီးကို လိုက်ပို့ပါလား...”
“ဟုတ်ပြီ...”
၀ိုင်းက နောက်ပြီး ပြောလိုက်ပေမဲ့ ကိုကြီးမှာ ထိုင်နေရာက ထပြီး တကယ်လိုက်လာသည်..။
ကိုကြီးတို့ အိမ်ရှေ့က စံပယ်ခြုံနားကို ရောက်တော့ မေမေ့ ကို သတိရမိသည်..။
“ကဲ...ရောက်ပြီ...အိမ်တံခါး သေချာပိတ်နော်..”
“ဟုတ်ကဲ့..”
ခြံစည်းရိုး အနိမ့်လေးက ခုန်ကျောက်တက်လို့ ရသလို တစ်ဖက်ခြံကို တံခါးဖောက်ထားသည်..။
ဒါကြောင့် ဝိုင်းတို့ အိမ်ကို ပတ်မနေပဲ အလွယ်တကူ ခြံစည်းရိုး တံခါးဖွင့် ၀င်နိုင်သည်..။
ဖေဖေ နဲ့ ဦးသွေး က သူငယ်ချင်း အရင်း ဖြစ်နေတော့ ခြံကျယ်ကြီး တစ်ခု၀ယ်ပြီး အခုလို အိမ်ဆောက်နေဖြစ်ကြသည်...။
၀ိုင်းဝိုင်း နဲ့ ပုံ့ပုံ့ ညီအစ်မ နှစ်ယောက်နဲ့ မာန်သွေး နဲ့ ကိုကြီးအောင်သွေး ညီအစ်ကို နှစ်ယောက်ကလည်း တကယ့် အရင်းအချာ လိုပင်..။
ကိုကြီး အောင်သွေးက ဝိုင်းထက် သုံးနှစ်ကြိ်းပြီး မာန်သွေးနဲ့ ဝိုင်းက ရှစ်လကျော် ကွာသည်..။
ပုံ့ပုံ့ နဲ့ ဝိုင်းကတော့ ငါးနှစ် ကွာတော့ နှစ်အိမ်စလုံး ရဲ့ အချစ်တော် ပုံ့ပုံ့က ဟိုဘက်အိမ်မှာ ပျောက်ပြီဆို ဒီဘက်အိမ်ရောက်နေတာ သေချာသည်..။
“နောက်တစ်ခါ မပြောပဲ သွားရင် ရိုက်မယ်..”
“အိုး..မမကလည်း ပုံ့က မေမေကြည့်ဆီမှာ မုန့်သွားစားတာ အောင်စရင်းထွက်မှန်းတောင် မသိဘူး..”
“နင်ပျောက်လို့ ငါ့မှာ ဘယ်လောက်စိတ်ပူရလည်း သိလား..”
“ပုံ့က ကလေး မဟုတ်ပါဘူး..ခြောက်တန်းတောင်ရောက်နေပြီ...”“အေးပါ လူကြီးမရယ်..”
ပုံ့ပုံ့ ခြံထဲ ရောက်တာနဲ့ မနေ့က ပျိုးထားတဲ့ စံပယ် ပင်လေးတွေဆီ ပြေးသွားကြည့်မိသည်..။
“ဟင်...ခြောက်တော့မယ်...ရေလောင်းမယ်..”
အရွက်ကလေးတွေ ညိုးကျနေတဲ့ စံပင်ကိုင်းကျိုး တစ်ခုကို ရေဘုံး နှစ်ဘုံး လောင်းပြီး အိမ်ပေါ်တက်လာခဲ့လိုက်သည်..။
အခန်းထဲရောက်တော့ စာကြည့်စားပွဲ ပေါ် ခေါင်းမှောက်ပြီး ငိုနေတဲ့ မမကြောင့် စိတ်ညစ်သွားရသည်..။
“မမ ကလည်း မငိုပါနဲ့...အောင်ပြီပဲကို..”
၀ိုင်း ပခုံးပေါ် လက်ရောက်လာတော့ မျက်ရည်ကို ကပျာကယာ သုတ်ပြီး  ခေါင်းထောင်လိုက်ရသည်..။
“မမ သူငယ်ချင်းတွေကို သတိရလို့ပါ..”
“မလိမ်ပါနဲ့ ပုံ့ပုံ့ သိပါတယ်နော်..”
“မမတော့ ကျောင်းဆက်မတက်ချင်တော့ဘူး သင်တန်းတွေပဲ တက်ရင်ကောင်းမလားလို့...”
“အိုး မမကလည်း အောင်ပြီးမှတော့ ဆက်တက်ပါ မမရယ်...တက္ကသိုလ် ကျောင်းသူကြီး ဖြစ်ရမှာ ပျော်စရာကြီး ပုံ့ပုံ့ဆို တွေးကြည့်တာနဲ့ ကို ပျော်နေတယ်..”
“ပျော်နေ..ဖေဖေ ပြန်လာရင် ဘယ်လို ပြောရမလည်း စဉ်းစားထား...နင် လပတ်စာမေးပွဲ ကျထားတယ်လေ..”
“ဟာ..ဟုတ်သားပဲ စိတ်ညစ်လိုက်တာ...”
မမ သတိပေးလိုက်တော့မှ ပုံ့ပုံ့ စိတ်ညစ်လာရသည်..။
အခန်းထဲက ထွက်ပြီး အိမ်နောက်ဘက်ကို ဆင်းလာခဲ့လိုက်သည်..။
“ဟူး...ကိုကို ကလည်း ပြန်မလာသေးဘူး..ပြန်လာရင် သချာင်္တွေ ပြခိုင်းမလို့ဟာ..”
ပုံ့ပုံ့ ဆံပင်ထဲ လက်ငါးချောင်းထည့် ဖွလိုက်ပြီး ခြေထောက်နဲ့ သဲဖြူဖြူတွေကို ထိုးဆွနေမိသည်..။။
မေမေ မရှိကတည်းက ပုံ့ပုံ့က ကိုကို့ ကို ပိုချစ်သည်..။
စိတ်ထဲ ရှိတာတွေကို ကိုကို့ ကို ပြောလို့ဖြစ်သည်..။
ကိုကို့ က သေချာ နားထောင်ပြီး နှုတ်လည်းလုံသည်..။
အရင်က ကျောင်းပြေးပြီး ရုပ်ရှင် သွားကြည့်တဲ့ အကြောင်း မမ ကို ပြောမိပြီး သိပ်မကြာခင် ဖေဖေ လည်း သိသွားတော့ မမ ကိုတောင် ရင်မဖွင့်ချင်တော့ပါ...။
ကိုကို့ ကိုတော့ ဘာ အကြောင်းပဲ ပြောပြော သေချာနားထောင်ပေးသည်..။
မကြိုက်တာဆိုလည်း အကျိုးအကြောင်းသင့် ရှင်းပြတက်သည်..။
မမ လို နင် ကလေး ဆိုတဲ့ အသုံးထက် ပုံ့ပုံ့ကို အရာသွင်းပြီး သေချာစကားပြောတက်တဲ့ ကိုကို့ ကို ပိုခင်သည်..။
အောင်စာရင်း ထွက်တာတောင် ကိုကို ကလည်း ပြန်မလာဘူး နေနိုင်လိုက်တာ...
ပုံ့ပုံ့ ကတော့ ကိုကို့ ကို ပြောစရာတွေ အများကြီး စုထားရတာ..ကိုကိုလည်း မမ လိုမျိုး ပုံ့ပုံ့ ကို စိတ်မရှည်ချင်တော့ဘူးလား မသိပါဘူး..။
.
“ဘယ်လို..မင်း ပြန်မလာဘူး ဟုတ်လား..”
“ဟုတ်တယ်...ကိုကြီး..”
“ဟာ..ကျောင်းတက်ဖို့ ကိစ္စ စီစဉ်ရမယ်လေ...”
“ကျွန်တော် ပြည်မှာပဲ တက်မယ်..”
“မဖြစ်ဘူးထင်တယ်နော်...ညီ..”
“ဖြစ်မှာပါ “
“ဖေဖေ့ ကို ကိုကြီး  မပြောရဲဘူး..”
“ရပါတယ်..ကြည့်ပြောလိုက်ပါ..’
“အေးလေ...မင်း ကျောင်းကိစ္စ ဘယ်လို စီစဉ်ထားလည်း ပြောအုံး..”
“ညီ ပြောရင် ကိုကြီး စိတ်ဆိုးလိမ့်မယ်..”
“စိတ်ဆိုးအောင် မင်းက ဘာပြောမှာလည်း..”
“ဟိ..သတ္တ ကောင်းမလားလို့ပါ...”
“သြော်...ဟော..ဟော...ကောင်းတာပေါ့ကွ...ဖေဖေ နဲ့ ဆက်ညှိနှိုင်းလေကွာ...”
ကိုကြီး ဖုန်းချသွားကတည်းက စိတ်ဆိုးသွားပြီမှန်း သိလိုက်ပါသည်..။
ညနေ ဖုန်းတစ်ခေါက်လာတော့ ထင်တဲ့ အတိုင်း ဖေဖေ ကိုယ်တိုင် ဖုန်းဆက်ပြီး ရန်ကုန်ကို ချက်ချင်း ပြန်လာဖို့ ရာဇသံ ပို့လိုက်သည်..။
“ဘွားလေး ပြောပေးနော်..”
“အေးပါ ပြောပါ့မယ်...”
“ဘယ်လို ပြောမလည်း..”
“ငါ့မြေးက ငါ့ဆီမှာ ပျော်နေတာ ဘာလို့ ပြန်ခေါ်နေတာလည်း လို့ ရန်တွေ့လိုက်မယ်..”
“. စိတ်ချမယ်နော်...ဘွားလေး....”
မာန်သွေး အ၀တ်အစားတွေ ထည့်နေရင်းက နည်းနည်းတော့ စိတ်သက်သာရာ ရသွားသည်..။
.
“သားက ဒီနှစ် နွေကတည်းက ပြန်မလာလို့ သားဖေဖေ က စိတ်ဆိုးချင်နေတာ..”
မာန်သွေး အ၀တ်အိတ်ကို ကုတင်ဘေးမှာ ချလိုက်ပြီး ကုတင်ပေါ် ပစ်လှဲချလိုက်သည်..။
“သား ဟိုမှာပဲ ကျောင်းတက်မှာနော်..မေမေ..”
“ဒါကတော့ နင့် အဖေ သဘောပဲပေါ့...”
မေမေရဲ့ နူးညံ့တဲ့ စကားသံက ချက်ချင်း သံလိုမာသွားတော့ မာန်သွေး မျက်လုံးမှိတ်ပစ်လိုက်သည်..။
မေမေ က အရင်အတိုင်း ပါပဲ...
မာန်သွေးဘက်မှာဆို တကယ် ဘယ်သူမှ မရှိခဲ့တာလေ...။
ဟူး...။
ဒီအိမ်ဟောင်းကို ပြန်ရောက်တာနဲ့ အတိတ်ဟောင်းတွေက ထူးဆွစရာမလိုပဲ အာရုံပေါ် သို့ကြွတက်လာသည်..။
မေမေ အခန်းထဲက ထွက်သွားတော့ မာန်သွေး ပြတင်းပေါက် တံခါးဆီ ကို လျှောက်သွားလိုက်မိသည်..။
ပုံ့ပုံ့ တစ်ယောက် ဘာတွေ အလုပ်ရှုပ်နေပါလိမ့်...
အိမ်နောက်ဘက် ရေကန်ကနေ ရေတွေကို သယ်ပြီး မြေပေါ်လောင်းချနေတာ ..
ဒီကောင်မလေး လုပ်လိုက်သမျှ တကယ့် အထူးဆန်း....
ဂါ၀န်ကို ခေါက်ပြီး လုံးခါ ဘောင်းဘီထဲ ပြန်ထိုးထည့်ထားတော့ ဗိုက်နေရာက ဖောင်းကားနေသည်..။
မာန်သွေး စိတ်ညစ်နေတာတွေ ပျောက်ပြီး ဟက်ကနဲ့ ရယ်မိသွားသည်..။
ဒီကောင်မလေးနဲ့ စကားပြောနေရရင် စိတ်တွေ သက်သာရအုံးမည်..။
မာန်သွေး နဲ့ ရွယ်တူ ဝိုင်းကိုတော့ သိပ်စကား မပြောချင်...သူက အိနြေ္ဒဟန် တစ်ခွဲသားနဲ့ စကားပြောတိုင်းလည်း အဆီအငေါ်မတည့် ရန်ချည်းဖြစ်သည်..။
မာန်သွေး လှေကားကို ဆင်းလာပြီး နီးစပ်ရာ နောက်ပေါက်ကပဲ ထွက်ခဲ့လိုက်သည်..။
“ဟေ့ ကောင်မလေး..”
“ဟင်..”
ပုံ့ပုံ့ လှည့်ကြည့်လိုက်တော့  ကိုိကို့က ပြုံးရင်း ခြံထဲ လျှောက်လာသည်..။
“ဟာ..ကိုကို ပြန်လာပြီ..”
ပုံ့ပုံ့ လက်ထဲက တုတ်ကို ပစ်ချပြီး ကိုကို့ ဆီ ပြေးသွား လိုက်မိသည်..။
“ကိုကို ..ချီ..”
“ဟ...ဒီကိုယ် ကြီး  ဘယ်နိုင်ပါ့မလည်း...”
“ကိုကို့ ချီပါဆို...”
ခြေဆောင့်အော်နေတဲ့ ကောင်မလေးကို ခါးလည်က ကိုင်ပြီး လေထဲ ဝေ့ယမ်းပစ်လိုက်တော့ မျက်လုံးစုံမှိတ်အော်တော့သည်..။
“ကိုကို အပြီး ပြန်လာတာလား..”
“မဟုတ်ဘူး...ပြန်သွားရမယ်လေ..ကိုကို ကျောင်းတက်ရအုံးမယ်....နေပါအုံး ညီမလေး က ဘာတွေ လုပ်နေတာလည်း..”
ကိုကို ပြန်သွားအုံးမှာဆိုတဲ့ အတွေးကြောင့် ၀မ်းနည်းနေချိန် ကိုကို မေးလိုက်တော့ ပန်းပင် ကို သတိရသွားသည်..။
“အော...စံပယ်ပင် စိုက်နေတာ ကိုကို...မေမေကြည် ရဲ့ စံပယ်ပင်ချိုးပြီး ပြန်စိုက်နေတာ..”
ပုံ့ပုံ့ လက်ညိုးထိုးပြလိုက်တော့ ကိုကို က အပင်အနားကို လျှောက်လာပြီး ထိုင်ချလိုက်သည်..။
“အိုး...ရေတွေ ရွဲအိုင်နေပြီ ပုံ့ရဲ့..”
“ဟုတ်တယ်လေ...ပုံ့ပုံ့ နေ့တိုင်းရေလောင်းလည်း...အရွက်တွေ ကြွေကုန်တယ်..”
“ဒီလို မစိုက်ရဘူး...ကိုင်းက အညွန့်လေး ထိုးထားတော့ ဘယ်ရှင်မလည်း...ကိုကို အသစ် ပြန်စိုက်ပေးမယ် ဖြစ်လား..”
“ဟုတ်..”
“ဒါဆို ဒီ အပင် နှုတ်လိုက်မယ်နော်..”
“ဟုတ်...”
ပုံ့ပုံ့ စိုက်ထားတဲ့ အပင်ခြောက်ကလေးကို ကိုကို က လက်နဲ့ အသာအယာ ဆွဲထုတ်ပြီး ဘေးမှာ ချထားလိုက်သည်..။
“လာ ကိုကိုတို့ ကိုင်းသွားဖြတ်ရအောင်လေ...”
“အင်း..”
ပုံ့ပုံ့ ခေါင်းညိတ်ပြီး ကိုကို့ လက်ကို ကိုင်ခါ လွဲလို့ လိုက်လာခဲ့လိုက်သည်..။
“အရင်းအနားကို ကပ်ဖြတ်ရတယ်...ဒါမှ ပျိုးလို့ရတာလေ...”
“ဟိ...ပုံ့ပုံ့ က အပေါ်ပိုင်းဆို မြန်မြန်ပွင့်မယ် ထင်လို့..”
“ခြောက်တန်းရောက်ပြီ ဒါတောင် မသိဘူးလား...”
ကိုကိုက အေးအေးဆေးဆေး ပြောလိုက်တဲ့ စကားပေမဲ့ ပုံ့ စိတ်အလိုမကျစွာ နှုတ်ခမ်းစူ လိုက်မိသည်..။
“နေပူထဲ စိုက်ရင် သေမှာပဲ...အင်း...သရက်ပင် အရိပ်မှာ စိုက်ရမယ်...ရေလည်း အများကြီး မလောင်းနဲ့နော်...ရေခရားနဲ့ စိုရုံပဲလောင်း ...”
“ဟုတ်...”
“ဟိုမှာ ဖေဖေ ကြီး ပြန်လာပြီ..”
ခြံထဲ ၀င်လာတဲ့ ကားကိုတွေ့တော့ မာန်သွေး သက်ပြင်းတစ်ချက် ခိုးရှိုက်လိုက်မိသည်..။
ကျောင်းတက်ဖို့ကိစ္စ ညှိနှိုင်းဆွေးနွေး ငြင်းခုံ ရတော့မည်။
“ကဲ..ညီမလေး...အိမ်ပေါ်တက်တော့..ရေချိုးပြီးပြီလား..”
“အင်း..”
“အိုး..ရေချိုးပြီးတာ သဲတွေ ရွံတွေနဲ့ ပေပွနေတာပဲ ကလေးလည်း မဟုတ်ဘူးကွာ...သွား..သွား ခြေ လက်တွေ ပြန်ဆး အကျီ င်္လည်း လဲလိုက်အုံး စိုနေတယ်...”
“ဟုတ်...”
ကိုကို က ခြံတံခါး အသေးလေး အနားကို ရောက်နေတော့ ပုံ့ပုံ့ ပြေးသွားလိုက်မိသည်..။
“ကိုကို..”
“ဟင်..”
“မနက်ဖြန် မပြန်သေးဘူးမလား ဟင်..”
“အင်း...”
“တော်သေးတာပေါ့...ပုံ့ပုံ့ က  ကိုကို့ ပြန်လာပြီလား အမြဲလာကြည့်နေတာ..မနက်ဖြန် ပြန်ရဘူးနော်..”
“အင်းပါဆို..သွား..သွား..အိမ်ပေါ်တက်...ဝိုင်းကော ဘယ်ရောက်နေလည်း..”
“မမ စက်ချူပ်နေတယ်..”
“အောင်မယ် တယ်ဟုတ်ပါလား...”
“ဟိ...လက်နီးစုတ်တွေ ပြန်ချူပ်နေတာ...”
“ဟား..ဟား...”
“ဟီး..ဟီး...”
ကိုကို ဟိုဘက်ခြံထဲ ရောက်သွားတော့ ပုံ့ပုံ့ အပင်လေးကို ပြေးကြည့်ပြီး အိမ်ထဲ ၀င်လာခဲ့လိုက်သည်..။
မမကတော့ အစုတ်ဟူသမျှကို ချူပ်နေတာ  မပြီးနိုင်သေး...။
.
“မင်း ပြန် မသွားရတော့ဘူး..”
“ဘာဖြစ်လို့လည်း ဖေဖေ..”
“ဒေါ်လေးက ငါ့အမေရဲ့ ညီမ တစ်၀မ်းကွဲ မင်းရဲ့ အဘွားတစ်၀မ်းကွဲ....ပြီးတော့ သူ့သားက မွေးစားသား ငါနဲ့ ဘာမှမတော်ဘူး..အေး....သူ့သမီးကလည်း မင်းနဲ့ ဘာမှကို မတော်တာ...အဲလို သမီးပျို ရှိတဲ့ အိမ်မှာ မင်းကို ငါက ပို့ထားရမှာ ကောင်းသလား..”
“၀င့်ဝါ က အခုမှ ၇တန်းပါ ဖေဖေ..ပြီးတော့ ပုံ့ပုံ့လိုပဲ ညီမလေး တစ်ယောက်လို..”
“တော်စမ်း...ပုံ့ပုံ့နဲ့ မင်း မောင်နှမ လို့ လူတိုင်းက သတ်မှတ်ထားတာ...၀င့်ဝါ နဲ့ မင်းကို မောင်နှမ မဟုတ်ဘူးဆိုတာလည်း လူတိုင်းသိတယ်...တော်ကွာ....သူ့ဟာသူ ရှာကြံစားနေရတဲ့ မိသားစုထဲ မင်းဘာလို့ သွားဒုက္ခပေးချင်နေတာလည်း မာန်သွေး..”
“ကျွန်တော် ဒုက္ခမပေးပါဘူး ဖေဖေ... ကျောင်းစားရိတ် စားစရိတ်ကို ဖေဖေ တို့ပို့ပေးတိုင်း ဘွားလေး ဆီအပ်ပြီး ပြန်တောင်းသုံးတာပါ..”
“အေး..မတူဘူး..မင်းအခု အလယ်တန်း ကျောင်းသားအရွယ်မဟုတ်တော့ဘူး... မသင့်တော်ဘူးလို့ ပြောရင် သဘောပေါက်လိုက်...ငါ စကားတွေ အများကြီး ထပ်မပြောချင်ဘူး မာန်သွေး...မင်း ဆေးမှတ်မှိတယ်...အောင်သွေးနဲ့ တိုင်ပင်ပြီး ကျောင်းတက်ဖို့ ပြင်တော့..”
“ကျွန်တော် ဆေး ကျောင်း မတက်ချင်ဘူး ဖေဖေ...”
“တက်ချင်တာတက်ကွာ... ရန်ကုန်မှာပဲတက်..”
ဖေဖေ ရဲ့ တစ်ချက်လွှတ် အမိန့်အောက် မှာ အိမ်မက်ဆိုးတွေက ပြန်နိုးထနိုင်ပါ့အုံးမလားဆိုတာ တွေးရင်း ချောက်ချားမိသည်..။

━━━━━━━☆☆━━━━━━━

နေသိပ်မကောင်းသေးတော့ ရေးရတာ အဆင်မပြေဘူး
ရေးလိုက်နားလိုက်မို့ အဆက်လည်းမမိဘူးနော်
တောင်းပန်ပါတယ် အားလည်းနာတယ်..🙏
စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love U all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now