Part 19

3.2K 170 1
                                    

ပိုင်ရှင်
အပိုင်း (၁၉)
#ပိုင်ရှင်

“ဟင်..”
အောင်သွေး နေ့လည် ထမင်းစားပြီးချိန် သရက်ပင်အောက်မှာ ထိုင်နေတုန်း ကားတစ်စီး ၀င်လာသည်..။
ပုံ့ နဲ့ အတူ လူကြီး တစ်ယောက်က အိတ်ကိုင်ပြီး အိမ်ထဲ ၀င်သွားတော့ ဘာရယ် မဟုတ်ပဲ ခေါင်းထောင်ကြည့်မိသည်.။
ဆွေမျိုး တစ်ယောက်ယောက် အိမ်လာလည်တာ နေမှာပါလို့ တွေးရင်း ခုံမှာ ပြန်ထိုင်ပြီး စာအုပ်ပြန်ဖတ်နေလိုက်သည်..။
“ဟော...”
ပုံ့ ကား တစ်စီး ၀င်လိုက် ထွက်လိုက် လေးကြိမ် မြောက်လာတော့ မနေနိုင်တာနဲ့ ခြံကူးလာခဲ့လိုက်ရသည်..။
“ပုံ့...”
“ဟင်..ကိုကြီး...”
“အိမ်မှာ ဘာဖြစ်လို့လည်း...”
“ဟို...ဟို....မမ နေမကောင်းလို့ပါ ကိုကြီး..”
“ဟမ်...”
အောင်သွေးရဲ့ နားမလည်နိုင်တဲ့ မျက်နှာထားကို တွေ့တော့ ပုံ့က ခေါင်းငုံ့သွားသည်..။
အရင်ကဆို ဘာပဲ ဖြစ်ဖြစ် အိမ်ကိုပြေးလာပြီး မေမေ့ ကို ခေါ်နေတာပဲလေ...။
“အိမ်ကို ဘာလို့ လာမပြောတာလည်း ညီမလေးရယ်...မေမေ မရှိလည်း ကိုကြီး ရှိနေတာပဲ...တော်တော် ဖြစ်လို့လား..”
“ဟုတ်...ဆရာ၀န် ပြန်သွားပြီ ကိုကြီး...ရိုးရိုး ဖျားတာပါ...ဆေးပေးသွားတယ်...”
“သြော်...ကိုကြီး သိရင် လာတာပေါ့..... ညီမလေးကလည်း အိမ်ဘက်တောင် လာမကြည့်ဘူး..”
“ပုံ့ တွေ့ပါတယ်...ဟို...မမ က မပြောခိုင်းလို့ပါ..”
အောင်သွေး စိတ်ထဲက ခံစားမှုအတိုင်း မျက်မှောင်ကြုတ်မိသွားပြီးခါမှ မျက်နှာထားကို ပြန်ပြင်လိုက်ရသည်..။
၀ိုင်းမှာ စိတ်ဆိုးခွင့် စိတ်ကောင်ခွင့် ရှိပေမဲ့ စိတ်နာခွင့်တော့ မပြုနိုင်...။
“ကိုကြီး ၀င်ကြည့်လို့ရမလား..”
“ဟုတ်..”
အိမ်တံခါးကို ဆွဲဖွင့်ပြီး ခြေလှမ်းကြဲကြဲ ဖြင့် အိမ်ထဲ ကို ၀င်သွားလိုက်သည်..။
၀ိုင်း အခန်းရှေ့ရောက်တော့မှ ပုံ့ကို တစ်ခါ ရပ်စောင့်နေရသည်..။
“မမ..၀င်လာမယ်နော်..”
“....”
“သြော်...အိပ်ပျော်နေပြီ ကိုကြီး..”
“....”
မျက်တောင်ဖျားတွေ ဖိကပ်ပြီး မျက်နှာဖြူဖြူ မှာ သနပ်ခါး ရေးရေးလေး ဖြင့် အိပ်ပျော်နေတာ အလှနတ်သမီး တစ်ပါးလို့ တင်စားရလောက်သည်..။
အဖျားရှိန်ကြောင့် ပါးနှစ်ဖက်က ပန်းရောင်သမ်းပြီး နှုတ်ခမ်းလေးက ခြောက်သွေ့ နီမြန်းနေသည်..။
“ဆရာ၀န် ဆေးထိုးပေးသွားလား..”
“ဟင့်အင်း...ဆေးပေးသွားတယ်...ကိုကြီး...တစ်ကြိမ်တော့ သောက်ပြီးသွားပြီ..”
“သြော်..ဒါဆို အဖျားကျသွားမှာပါ...ကိုကြီး ပြန်မယ်...တစ်ခုခုဆို လာခေါ်နော်...ဒီနေ့ ဂျူတီ မရှိဘူး..”
“ဟုတ်..”
နဖူးလေးကို မျှ စမ်းသပ်ခွင့် မရပဲ အိမ်ထဲက ပြန်ထွက်လာတော့ ခြေလှမ်းတွေက လေးတိလေးကန် ဖြစ်နေရသည်...။
ဘယ်လိုမျိုးအကြောင်းပြချက်တွေနဲ့ ပြန်ရှင်းပြရမလည်း ဝိုင်းရယ်...။
ခွင့်မလွှတ်တော့ဘူးလား....။
.
“မေမေကြည်..မုန့်လာပို့တာ...”
“သြော်..ပုံ့လေး...လာလေ..”
ပုံ့ လက်ထဲက ကြက်ဥပူတင်း ပန်းကန်ကို လှမ်းယူပြီး ခေါ်တော့ အိမ်ထဲ မ၀င်ဘူး ဆုံးဖြတ်ထားပေမဲ့ ၀င်ခဲ့ရသည်..။
မမ တစ်ယောက်တည်း ကျန်ခဲ့တာ ဆိုတော့ ကြာကြာနေလို့တော့ မဖြစ်...။
“ကိုကို ပြန်လာပြီလား ဟင်..”
“မလာသေးဘူး သမီးရဲ့...”
“နောက်ကျတယ်နော်...”
“ဟုတ်တယ်..သမီးရေ..နင့်ကိုကို အခုတလော မူမမှန်ဘူး..”
“ဟင်..”
ပုံ့ မျက်လုံး ပြူးလေးဖြင့် မော့ကြည့်တော့ မေမေကြည် က ပန်းကန်ကို လှမ်းပေးရင်း ခေါင်းညိတ်ပြသည်..။
ကိုကို ဘာတွေ ဖြစ်လို့လည်းဟင် လို့ မေမေကြည့် ကို ကိုင်လှုပ်ပြီး မေးချင်တဲ့ စိတ်ကို မြိုသိပ်ထားရသည်..။
“အလုပ်တွေ ပိုလုပ်ရမယ်တဲ့လေ...သမီး ကိုကို တော့ မိန်းမ ယူတော့မယ် ထင်တယ်..”
“ဟင်...ဟုတ်လား..”
ပုံ့ အိနြေ္ဒ သိက္ခာ ဘာတစ်ခုမှ မတွေးမိပဲ မျက်ရည်တွေက အလိုလို ပြည့်အိုင်လာသည်..။
ကိုကို သာ မိန်းမ ယူသွားရင် ဆိုတဲ့ စိုးရိမ်စိတ် တစ်ခုသာ ကြီးစိုး၍ သင့်တော် မတော် ဘာကို မှ မစဉ်းစားနိုင်ပဲ
ရင်ဘတ်ထဲမှာ တစ်ဆို့ဆို့ ကြီးသာ ခံစားရသည်..။
“အို..သမီးလေးရယ်..မေမေကြည်က စတာပါ...ကြည့်ပါဦး  အစ်ကိုကြီး ကို ဒီလောက်ချစ်ရတာလား...”
“ပုံ့ ဘာဖြစ်သွားမှန်း မသိဘူး..”
“အဟွင်း...”
မေမေကြည်က ပြုံးပြီး ခေါင်းကို ပွတ်ပေးနေတော့ ပုံ့ ကိုယ့်အဖြစ်ကို ကိုယ်ပြန်ရှက်လာရသည်..။
ကိုကို မိန်းမယူတာ ငိုစရာလား...ဒါပေမဲ့ ငိုချင်နေပါသည်..။
“ပုံ့ ပြန်ဦးမယ်..မမ တစ်ယောက်တည်း မို့လို့ပါ..”
“သြော်..အင်း...ကိုကျော်စိုး ပြန်မရောက်သေးဘူးနော်...သမီးတို့ မနေရဲရင် ဒီဘက်လာနေလေ...ဝိုင်းကော သက်သာရဲ့လား... .”
“ဟုတ်...တာ့တာ မေမေကြည်..”
ပုံ့ အိမ်ဘက်ကိုပြန်လာတော့ ဒန်းကို ကြည့်ပြီး ကိုကို နဲ့ မမ ကို မြင်ယောင်ခါ ငိုချင်လာပြန်ပြီ...။
ရူးများသွားပြီလား....
ကိုကို က မမ နဲ့ ပဲ ယူယူ ကောင်မလေး တစ်ယောက်ယောက်နဲ့ ပဲ ယူယူ ပုံ့ ကတော့ အမြဲတူတူ မနေနိုင်ဘူး မဟုတ်လား..။
တခြားသူ တစ်ယောက်နဲ့ ယူရင် ပုံ့နဲ့ မတွေ့ရတော့ဘူး..
မမ နဲ့ သာ လက်ထပ်လိုက်ရင် ပုံ့နဲ့လည်း အမြဲတွေ့နေရမှာပါ..။
ကိုကိုရယ်...ဘယ်သူ့ကိုမှ လက်မထပ်ပါနဲ့လားလို့ တားခွင့်ရရင် တားချင်လိုက်တာ...။
ဒါဆို ပုံ့ကော ဖြိုးနဲ့ လက်ထပ်ချင်တာပဲမလားလို့ မေးလာရင်ကော...
ဟင့်အင်း ...ကိုကို မကြိုက်ရင် လက်မထပ်ပါဘူး..။
.
“မမ...”
“......”
“ပုံ့...၀င်လာမယ်နော်...”
“......”
မမ အခန်းတံခါးကိုခေါက်ပြီး ၀င်လာတော့ မမ က  အိပ်ပျော်နေသည်..။
“မမ...”
ပခုံးကို ခပ်ဖွဖွ လှုပ်နှိုးလိုက်တော့ မမ ရဲ့ မျက်လုံးလေးတွေ ဖြည်းဖြည်းချင်း ပွင့်လာသည်..။
မမ နေမကောင်းတာ ပုံ့လည်း စိတ်မကောင်းဖြစ်ရသည်..။
မမ က ပုံ့ရဲ့ အမေ အစ်မ သူငယ်ချင်း .....
မမ ရဲ့ ဝေဒနာတွေကိုသာ မျှဝေယူလို့ရရင် ကောင်းမှာပဲလို့ တွေးမိသည်..။
“မမ မုန့်စားပြီး ဆေးသောက်ရအောင်နော်...မမ..”
“အင်း...”
ပုံ့ တွဲထူတော့ ဝိုင်းလည်း ထလာခဲ့ရသည်..။
ခေါင်းတွေကတော့ ကိုက်နေတုန်းပါပဲ...။
မနက်က ကိုကြီး လာခဲ့တာ သတိရတော့ ဝိုင်း စိတ်ထဲက ကျေနပ်မိသည်..။
“အင့် ရေနွေးလေး အရင်သောက် မမ “
“ညီမလေးလည်း ကျောင်းမတက်ရဘူး..”
“ခစ်..ခစ်...မမကလည်း...ည ၁၀ နာရီ ကျောင်းတက်စရာလားလို့..”
“ဟင်...အဲလောက်တောင် ရှိသွားပြီလား...မမ အိပ်ချည်းနေမိတာပဲ...”
“သက်သာရဲ့လား မမ...”
“အင်း...သက်သာပါတယ်....နှာတော့စေးနေသေးတယ်..ညီမလေးကို ကူးလိမ့်မယ်...အခန်းထဲ သိပ်မနေနဲ့နော်...”
“မမသာ သက်သာမယ်ဆို ပုံ့က မျှယူချင်တာ..”
“အမလေး..ကျေးဇူးလည်း တင်ပါတယ်...နေပါ အစ်မတော်ရယ်..”
“အယ်...ပေးပါဦး..တစ်ရှုးတစ်ရွက်လောက်..”
၀ိုင်း စကားပြောနေရင်း နှာခေါင်းပိတ်လာလို့ တစ်ရှုး တစ်ရွက် လှမ်းတောင်းလိုက်ရသည်..။
ပုံ့ ပေးတဲ့ တစ်ရှုး ကို ယူပြီး သုံးခါ အနားက အမှိုက်ခြင်းထဲ ပစ်ထည့်လိုက်သည်..။
“မမ အတွက် နွားနို့ နဲ့ ကိတ်မုန့်...ဟင်..”
အမှိုက်ခြင်းကိုကြည့်ပြီး မျက်လုံးပြူးနေတော့ ဝိုင်းလည်း လိုက်ကြည့်မိသည်..။
“သွေး...”
“....ဟမ်...ဘယ်မှာလည်း..”
‘တစ်ရှုးမှာလေ..”
“မဟုတ်ပါဘူးဟယ.်...ပေါက်ကရတွေ...”
“ဟီး...မမ လိမ်နေတာ...”
“မဟုတ်ဘူး..ညီမလေး...ဟာ...ဘယ်လည်း..ပုံ့...နေဦး...”
အခန်းထဲက ပြေးထွက်သွားတော့ ဝိုင်း ရုတ်တရက် ထလိုက်တာ ခေါင်းတွေ မူးနှောက် သွားရသည်..။
ဒီကောင်မလေး ဘယ်ထွက်ပြေးတာလည်း...။
ပုံ့ ကြည့်တဲ့ အမှိုက်ခြင်းထဲ လှမ်းကြည့်ပြီး သက်ပြင်းချမိသည်..။
“တူ..တူ...တူ.....”
ပုံ့ ခြံစည်းရိုးနားမှာ ရပ်ပြီး ဖုန်းခေါ်နေတာ တော်တော်ဖြင့် မကိုင်တော့ လက်ပိုက်ရင်း အိမ်ဘက်ကို လှမ်းကြည့်မိသည်..။
ကိုကို့ အခန်းက မီးလင်းနေပေမဲ့ အောက်ထပ် တံခါးတွေက ပိတ်ထားလိုက်ပြီ...။
“ဟလို...”
“ပုံ့.လား..”
“ဟုတ်....ကိုကြီး လုပ်ပါဦး...မမ နှာခေါင်းသွေးတွေ ထွက်လို့..”
“ဟင်...”
“ကိုကြီး...ဟလို...ဟလို...”
အောက်ထပ် မီးတွေ ပွင့် ပြီး ခဏကြာတော့ မီးဖိုခန်း တံခါး ပွင့်လာပြီး ခြံစည်းရိုး တံခါး ဆီ ကိုကြီးပြေးလာသည်..။
“ပုံ့...ဘာဖြစ်တယ်..”
“မသိဘူး..မသိဘူး..မမ နှာခေါင်း ထဲက သွေးတွေ ထွက်တယ်..”
“များလား...”
“အင်း...တစ်ရှုးတစ်ခုလုံး နီရဲနေတယ်...”
“ဟာ..”
“လုပ်ပါဦး...ကိုကြီးရယ်..”
ပုံ့ ခြေမကိုင်မိ လက်မကိုင်မိဖြင့် စိတ်လှုပ်ရှားမှု အတိုင်း မျက်ရည်သာ ကျမိသည်..။
ကိုကြီးက ခေါင်းညိတ်ပြီး အိမ်ဘက်ကို မြန်မြန် လျှာက်သွားတော့မှ သတိ၀င်ပြီး ပြေးလိုက်သွားရသည်..။
“မမ..”
“ဟင်..”
“ဝိုင်း...”
ကိုကြီး က ပျာပျာသလဲ ၀င်လာတော့ ဝုိင်း သောက်လက်စ နို့ခွက်ကို ပြန်ချလိုက်ပြီး မျက်လုံးပြူးနေရသည်..။
ည ဆယ်နာရီ သွားခေါ်လာတာလား..။
ပြီးတော့ အိမ်မှာ ဖေဖေလည်း ရှိတာ မဟုတ်တော့ စိတ်ရှုပ်ရသည်..။
“ဝိုင်း..ဘာဖြစ်လို့လည်း..”
ကိုကြီးက စိုးရိမ်တဲ့ မျက်၀န်း တစ်စုံနဲ့ အတူ အနားကို ရောက်လာတော့  ဝိုင်း ခေါင်းရမ်း ပြီး
“ဘာမှ မဖြစ်ပါဘူး..”
“မမ လိမ်နေတာ ကိုကြီး..”
“ဟောတော့ ဘာလိမ်လို့လည်း...နင် ..ဒေါက်တာ ကို သွားခေါ်တာလား..အားနာ စရာကြီး..”
“မမ...”
“ဝိုင်း...နှာခေါင်းသွေးထွက် လို့ဆို..”
“မဟုတ်ပါဘူး..”
“မမ လိမ်နေတာ..”
ပုံ့ က အမှိုက်ခြင်းဆီ လက်ရောက်ြ့ပီး မွှေနှောက်ရှာနေရင်း ဝိုင်း ဆီကို အကြည့်စူးစူး ကျလာသည်..။
၀ိုင်း ပခုံး တွန့်ပြီး မေးပင့်ပြလိုက်တော့ အနားကို ရောက်လာပြီး ကုတင်မှာ ထိုင်ချလိ်ုက်သည်..။
“မမ ...ကိုကြီး ကို ပြောလိုက်နော်..”
“ဘာကိုလည်း..”
အောင်သွေး စိတ်ပူနေရပေမဲ့ ဝိုင်း ဆီက ခပ်လွဲလွဲ အဖြေတွေကို စိတ်တိုနေရသည်..။
ဒီပုံစံဆို ဘာပဲဖြစ်ဖြစ် ပြောမယ် မထင်..။
“ဆေးမှားလို့လား မသိဘူး..ပုံ့ ဘာဆေးတိုက်လည်း..”
“မသိဘူး ဆရာ၀န်ပေးတာလေ...မမ ကိုတော့ ပြောတယ်မလား..အလ် ဘာဆိုလည်း...ဟင် မမ..”
“ဒါဆို...ဆေးကျန်သေးလား.”
“အင်း တစ်ခွက်စာ ကျန်သေးတယ်..မမ ဘယ်မှာထားလည်း..”
“မလိုပါဘူး..ပုံ့ သွား...ဒေါက်တာ ကို ပြန်ပို့လိုက်..”
“မမ..”
“ပုံ့ အပြင်ခဏထွက်နေနော်..”
“ရှင်...ဟုတ်..”
ပုံ့ အခန်းထဲက ထွက်သွားတော့မှ အောင်သွေး ကုတင် အနားတိုးသွားလိုက်ပြီး ဝိုင်းကို ဆိုက်ကြည့်နေမိသည်..။
စိတ်ထဲရှိတဲ့ တောင်းပန်စကားအရင်ပြောရမလား..ရောဂါ ကိစ္စ အရင် စကားပြောရမလား ဝေခွဲမရ ဖြစ်နေရသည်.။
“ဝိုင်း..”
“ဒေါက်တာ ပြန်ပါ..အခု အိမ်မှာ ကျွန်မတို့ နှစ်ယောက်ပဲ ရှိတာ...မသင့်တော်ပါဘူး.”
“......”
“ဒေါက်တာ့ အတွက်ပြောနေတာပါ..”
“ကိုကြီး ကို စိတ်ဆိုးနေတုန်းလား ဝိုင်း..”
“စိတ်မဆိုးပါဘူးလို့ ပြောပြီးသားပါ...”
“ဟုတ်ပြီ..ကိစ္စ မရှိဘူး အခုလည်း.. ဆရာ၀န် တစ်ယောက် အနေနဲ့ ကိုကြီး လာတာပါ..”
“ကျွန်မ ကလည်း ဒေါက်တာ့ လူနာ မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်...ဒါကြောင့် ပြန်ပါတော့..”
“ဝိုင်း..”
အောင်သွေး ဒေါသကြောင့် ခပ်အုပ်အုပ် အော်တော့ ဝိုင်းကလည်း အကြည့်စိမ်းတွေနဲ့ မော့ကြည့်လာသည်..။
မျက်လုံး စူးစူးတွေနဲ့ ကြည့်ပြီး အကြည့်လွဲသွားတော့ အောင်သွေး သက်ပြင်းချလိုက်သည်..။
“ကိုယ် ဘယ်လို တောင်းပန်မှ မင်း ကျေနပ်မှာလည်း ...ပြောစမ်းပါ..”
“တောင်းပန်စရာလည်း မလိုပါဘူး...ပြန်ပါတော့..”
“မပြန်နိုင်ဘူး...နှာခေါင်းသွေးယို တာ သာမန် ဖြစ်နိုင်သလို အသက် အန္တရယ် လည်း ဖြစ်နေနိုင်တယ်..”
“ရပါတယ် ကိစ္စ မရှိဘူး..”
“ကိုယ့် အတွက်တော့ ကိစ္စ ရှိတယ်....ဆရာ၀န် တစ်ယောက်ရဲ့ တာ၀န်တွေ ရှိတယ်...အဲတော့...”
အောင်သွေး ဒူးထောက်ချထိုင်လိုက်တော့ ကုတင်ပေါ်က ပြေးဆင်းလာတော့သည်..။
အနွေးထည် အနီလေး နဲ့ သူက လွှားခနဲ့ ဘေးနားရောက်လာပေမဲ့ အောင်သွေး အကြည့် မရွေ့ပဲ ဆက်ထိုင်နေလိုက်သည်..။
“ထပါ...”
“ကိုယ့်ကို ခွင့်လွှတ်ပါ.”
“ဘာကို ခွင့်လွှတ်ရမှာလည်း....”
“ဝိုင်း အပေါ်ကို ကိုယ် အမြင်တွေမှားပြီး အပြောတွေပါ မှားခဲ့တယ်..”
“ကျွန်မ ဘယ်လိုမှ မခံစားရပါဘူး....”
“ဝိုင်း...”
“ထပါဆို..”
“မထဘူးကွာ..ဝိုင်း ဒီလို လုပ်နေတာ ကိုယ် ဘယ်လို ခံစားရလည်း သိလား..”
လက်မောင်းပေါ်ရောက်လာတဲ့ လက်တွေကို လွဲရှောင်ပြီး ငြင်းလိုက်တော့ ထပ်ဆွဲပြန်သည်..။
အောင်သွေး ဒူးထောက်ထားနေရင်းက နှာခေါင်းသွေးလျှံခြင်းရဲ့ ဖြစ်နိုင်တဲ့ ရောဂါ လက္ခဏာတွေကို တွေးကြည့်နေရသည်..။
“ကျွန်မ ခွင့်လွှတ်ပါတယ်...”
“ဘယ်လို ခွင့်လွှတ်တာမျိုးလည်း ဝိုင်း..”
“ခွင့်လွှတ်ဆိုလို့ ခွင့်လွှတ်တာပါ..”
“အရင် က ကိုကြီး ပြန်မဖြစ်နိုင်တော့ဘူးလား..”
၀ိုင်း ဘေးက ကိုကြီးကို ကြည့်ပြီး မျက်ရည်တွေ ဝဲတက်လာရသည်..။
ကိုကြီးကကော အရင် က ဝိုင်းလို ပြန်ဖြစ်စေချင်နေတာလား...။
ဟိုး အရင်ချိန်ကစပြီး အခုချိန်အထိ ကိုကြီး မျက်လုံးထဲမှာ ဝိုင်းဆို တာ တွေ့ခဲ့လို့လား ကိုကြီးရယ်..။
“ထပါ ကိုကြီးရယ်..ဝိုင်း ငရဲကြီးတော့မယ်..”
အောင်သွေး ပြုံးရင်း ထလိုက်တော့ လက်မောင်းကို တွဲထားရာက လွှတ်ပြီး ကုတင်မှာ ပြန်ထိုင်လိုက်သည်..။
လက်ထဲ ပါလာတဲ့ နားကြပ်ကို ဖြုတ်လိုက်တော့ ဝိုင်းက ခေါင်းရမ်းပြသည်..။
“ဆေးကုပေးတာ မခံချင်လို့လား.”
“မဟုတ်ပါဘူး..ဝိုင်း ဘာမှ မဖြစ်ပါဘူး...နှုတ်ခမ်းနီတွေပေနေတာ ကို ညီမလေးက အထင်မှားတာပါ...”
ကုတင်အောက်ဘက် ကျနေတဲ့ တစ်ရှုး သုံးပြီးသားကို ဖြန့်ပြတော့မှ အောင်သွေး အသက်ရှု မှန်တော့သည်..။
“ဒီမှာက ဆရာ၀န်ပေးတဲ့ဆေးလေ...”
၀ိုင်းဘေးနားက အထုတ်ကို ယူပြီး လှမ်းပေးတော့ ကိုကြီး က ခပ်သွက်သွက် ယူကြည့်သည်..။
“သေချာလား ဝိုင်း...”
၀ိုင်း ခေါင်းညိတ်အဖြေပေးလိုက်တော့ ကိုကြီးက သက်ပြင်းချပြီး ရှေ့တိုးလာသည်..။
“တော်သေးတာပေါ့...ကိုယ် ရင်တွေ တအားပူနေရတာ...”
“ပြန်ပါတော့ကိုကြီး..”
“အင်း..”
အောင်သွေး အခန်းထဲက ထွက်ရပေမဲ့ စိတ်တွေက မထွက်နိုင်သေး...
အဖျားတိုင်းဖို့ နဲ့ နားကြပ်တပ် စမ်းသပ်တာ သွေးပေါင်ချိန်တာမျိုးတောင် လုပ်ခွင့်မပေးနိုင်ဘူးလား ဝိုင်းရယ်....။
ကိုယ်တိုင်တောင် နားမလည်ပဲ ထိန်းချူပ်နိုင်စွမ်း မဲ့ခဲ့ရသူ ရင်မှာ
စိုးရိမ်စိတ် တစ်ခုတည်း ကြောင့် ဆိုတာ ဘယ်လို ရှင်းပြရမလည်း...။
“ပုံ့ ရေ ကိုကြီး ပြန်မယ်...”
“မမ ဘယ်လို.”
“ဟား..ဟား..ကိုကြီး ညီမလေးတော့ မျက်မှန်တပ်ရတော့မယ် ထင်တယ်..နှုတ်ခမ်းနီ ပေနေတဲ့ တစ်ရှုးကြီးပါကွာ...ကဲ တံခါးသေချာပိတ်ဦး...ဦးလေး လည်း နောက်ကျနေတယ်နော်...”
“ဟုတ်...”
“အပူပြန်တက်လာရင် လှမ်းခေါ်လိုက်လေ...”
“ဟုတ်..”
ခြံတံခါးကို သေချာ ပြန်ပိတ်ပေးလိုက်ပြီး မီးဖိုခန်းဘက်က တက်လာတော့ မေမေက ရေသောက်နေရင်းက မျက်လုံးပြူးကြည့်နေသည်..။
အောင်သွေး မလုံမလဲဖြင့် ရယ်ပြလိုက်တော့ မေမေ က အနားကို ချက်ချင်းရောက်လာတော့သည်..။
“ဘာဖြစ်လို့လည်းသား...ဘယ်သွားတာလည်း..”
“ပုံ့ ဖုန်းဆက်လို့ပါ...ဝိုင်း အပူ ပြန်တက်လို့တဲ့...ဦးလေးကျော် ကလည်း ပြန်မရောက်သေးဘူး..”
ပုံ့ရဲ့ တစ်လွဲ အမြင်နဲ့ စိုးရိမ်ရတဲ့ အခြေအနေကိုတော့ ပြောမပြတော့ပဲ စကား နည်းနည်းနဲ့ သဘောပေါက်အောင်ပြောလိုက်ရသည်..။
အထင်လွဲမယ့် အခြေအနေလည်း လွတ်အောင် ကာကွယ်ပြောရသေးသည်..။
“အခုကော..”
“ပုံ့က စိတ်ပူနေတာပါ..အဖျားတော့ ကျန်သေးတယ်....”
“အိုး..သနားပါတယ်...မေမေ ညနေ က သွားကြည့်သေးတယ်...ဝိုင်းလေးက တော်ရုံ နေမကောင်း မဖြစ်ပါဘူး..”
“ဦးကျော်ကလည်း နောက်ကျလိုက်တာ...”
“ဒီလိုမှန်းသိရင် ဒီမှာ အိပ်ခိုင်းလိုက်ပါတယ်..”
“မေမေ့ သမီး မာနခဲက အိမ်ကိုလာရင်တောင် တစ်နာရီပြည့်အောင်ထိုင်လို့လား..”
“သူလည်း အလုပ်များလို့ပါ သားရယ်...ဖေဖေ က သားနဲ့ သဘောတူနေတာမှ အရမ်းနော်....”
“တော်ပါတော့...”
“ဝိုင်းက တည်တည်ငြိမ်ငြိမ်လေးဖြစ်နေပြီလေ...အနားမှာ ဝဲနေတဲ့ သူတွေမှ အများကြီး သား စိတ်ကူးမလွဲနဲ့နော်..”
သူ့အနားမှာ နာမည်နဲ့ လိုက်ဖက်အောင် ဝိုင်းဝိုင်းလည်နေတာတွေ သိသားပဲ...။
ဒါပေမဲ့....
တစ်ခါ တစ်ခါ စိတ် ကောက်ရင် နှစ်ချီသလို
တစ်ခါ စိတ်ဆိုးရင် တစ်ခါ ကြောက်စရာကောင်းတဲ့ ဝိုင်းနဲ့သာ လက်ထပ်လိုက်ရင်..
အောင်သွေး ကြားတာနဲ့  ကျောစိမ့်အောင် ဖြစ်နေရပြီ..။
လက်လွှတ်မခံနိုင်ပေမဲ့ လက်ထပ်ဖို့ အထိလည်း မစဉ်းစားရဲသေးပါ..။
ခုလောလောဆယ် မှာတောင် အခြေအနေက အဆင်ပြေနေတာမဟုတ်....။
အချိန်တန်လို့ နားလည်မှုနဲ့ သဘောထားတွေ ပြည့်၀ လာမှ တစ်ဆင့်တက်ဖို့ ကြိုးစားရမည်..။
အခုတော့ နေပါစေဦး....။
“မေမေ အိပ်တော့လေ...”
“အင်း...သားလည်း စဉ်းစားအိပ်..”
“စဉ်းစားပြီး ဘယ်လို အိပ်မလည်း မေမေရဲ့...”
“သြော်...အဟွင်း...ဟုတ်သားပဲ..”
မေမေ နဲ့ အောင်သွေး ရယ်ပြီး မီးဖိုခန်းထဲက ထွက်လာခဲ့လိုက်သည်..။
၀ိုင်းကို ဆို အရင်ကတည်းက မေမေ့ အသက်မို့ သမီး ယောက္ခမ မတည့်မှာတော့ စိုးရိမ်စရာမရှိ...။
အဓိက နှစ်ဦးသာ ပြသာနာ...။
ဆရာ၀န် ဂုဏ် သိက္ခာ မာန ဘာ တစ်ခုမှ ဂရုမစိုက် အထင်မကြီးတဲ့ ဇနီးသည်နဲ့ ဘယ်လို ဘ၀တစ်လျှောက်လက်တွဲရမှာလည်း...။
သူ့ရဲ့ ဒီဇိုင်နာ ရာထူးကိုလည်း ကိုယ်က သိပ်မရင်းနှီး...။
အိပ်ရာထဲမှာ နဖူးလက်တင် စဉ်းစားမိတော့ အိပ်ပျော်ဖို့တောင် မလွယ်တော့ပါ...။
သက်ပြင်းများကို အဖော်ပြုပြီး ခက်ထန်မာကျောနေသည့် ဝိုင်းမျက်နှာကို မြင်ယောင်လာသည်..။
အရင်တစ်ချိန်မှ လေးစား နာခံတက်တဲ့  ဝိုင်းက ပိုချစ်ဖို့ကောင်းပါသည်..။
.
“မမ ကော်ဖီ မသောက်နဲ့ဦးနော်..”
“အင်းပါ....”
၀ိုင်း မျက်စောင်းခဲလိုက်ပြီး မျက်နှာက ရေတွေကို သုတ်ခါ အိမ်ရှေ့ခန်းကို ထွက်လာခဲ့လိုက်သည်..။
ဒီကောင်မလေးဟာလေ...အပိုတွေ သိပ်လုပ်...။
ညကလည်း ဘာမသိ ညာမသိ ပြေးခေါ်...ဟိုကလည်း လိုက်လာပြီး ဘာတွေ ပြော ဘာတွေ လုပ်မှန်းမသိဘူး..။
ကလေးဆန်လိုက်တာ...ပြောတုန်းက ပြောပြီး ဒူးထောက်ဖို့လည်း လွယ်လိုက်တာ...။
တစ်ခါတလေကျရင် ဝိုင်းက သူ့ အတွက် အပေါစားဆန်နေပြီလား လို့ တွေးမိသည်..။
မချစ်တော့ဘူး...မုန်းချင်လာပြီ..။
ဒူးထောက်ထားတဲ့ မြင်ကွင်းကို ပြန်မြင်ယောင်တော့ နှုတ်ခမ်းမှာ ပြုံးရိပ်သမ်းပြီး ....
“အ...”
“ပူသွားပြီလား...မမကလည်း...ပူပါတယ်..ပြောထားတာကို ဘာတွေ တွေး ပြုံးပြီး သောက်လိုက်တာလည်း..”
“လိမ်မာနေလို့ပါ..”
“ပုံ့က အစကတည်းက လိမ်မာပါတယ်နော်...”
“ဖေဖေ ဘယ်သူ ပိုလိမ်မာလည်း..”
ကော်ဖီခွက်နဲ့ ထိုင်နေတဲ့ ဖေဖေ့ ကို ကြည့်ပြီး မေးလိုက်တော့ ဖေဖေ က ခေါင်းရှောင်သလို ပခုံးတွန့်ပြသည်..။
သိပြီးသားပါလေ....သမီးငယ်လေး ပိုချစ်မှာပေါ့လို့...။
“သမီး ကြီးက ငယ်ငယ်က လိမ်မာတယ်..”
“အခု မလိမ်မာဘူးပေါ့နော်...ခစ်..ခစ်..”
“ပုံ့နော်...နာ နေကောင်းဘူး..”
အသံညူနွဲ့နွဲ့ နဲ့ နှုတ်ခမ်းစူပြီး ကလေးဆန်စွာပြောလိုက်တော့ ဖေဖေ နှင့် ပုံ့က အေ်ာ ရယ်ကြတော့သည်.။
“ဦးလေးကျော်..”
“သြော်...အောင်သွေး...သား လာလေ..”
“ဟုတ်ကဲ့...”
အဖြူ ခံပေါ် အနက် အစင်း ပါတဲ့ ရှပ် အကျီ င်္ လက်ရှည်ကို တံတောင် မရောက် တရောက် ခေါက်တင်ထားခါ ပုဆိုးနဲ့ တစ်လွှားလွှား၀င်လာတော့ ဝိုင်း မျက်လုံးပင့်ကြည့်ပြီး ကော်ဖီခွက်ဆီက်ို အကြည့် ပြန်ရွေ့လိုက်သည်..။
လစာ အများကြီးရတဲ့ ဆရာ၀န်တဲ့...။
ဘယ်မှာလည်း ဆရာ၀န်စတ်ိုင်လ်...။
ကျောင်းသားဘ၀တုန်းကတော့ ဆံပင်ပုံစံလေးက အစ ကြည့်လို့ကောင်းလို့ ခိုးကြည့်ခဲ့ရတာမလား..။
အခုတော့ ဆေးကုတဲ့ ဆရာဝန် ပုံစံက...
စျေးဆိုင် ဝန်ထမ်းတွေတောင် သူ့ထက်သာသေး...။
ဟူး....မက်လောက်စရာ တစ်ကွက်မှကို မရှိတာ...။
“သမီး..မေးနေတယ်လေ..”
“ရှင်...”
“ဘယ်လို နေသေးလည်းလို့..”
ရှေ့က ဆရာ၀န်ကြီး ထပ်မေးတော့ သူ့မျက်နှာဆီ အမှတ်တမဲ့ ကြည့်လိုက်မိသည်..။
ကြင်နာတက်တဲ့ မျက်၀န်းတွေကို ရုတ်တရက် တွေ့လိုက်ရတော့ အကြည့်ကို ပြန်လွဲပြီး ခေါင်းညိတ်ရင်း..
“ကောင်းသွားပါပြီ..”
“ညကေကာ..”
“ကောင်းပါတယ်..”
“သမီး...”
“ရှင်..”
“ကောင်းကောင်းဖြေလေကွာ...”
ဖေဖေ့ အသံက အကဲဆတ်နေသလို ရှိတော့ ဝိုင်း ပြန်ဖြေလိုက်တဲ့ စကားတွေကို စိတ်နဲ့ တစ်ခါ စစ်ဆေးကြည့်ရတော့သည်..။
ကောင်းလို့ ကောင်းတယ် ပြောတာကိုပဲ...အခုမှ လာပြီး ဘာဖြစ်နေတာလည်း မသိဘူး....။
သူ ပြောခဲ့တဲ့ စကားလုံးတွေကို ဖေဖေ သိရင် သူ့ဘက်က ပါမှာပဲလား..။
ယောင်္ကျားတကာနဲ့ တည်းခိုခန်း သွားနေတဲ့ မိန်းကလေးလို စွပ်စွဲပြောဆိုထားတာလေ...။
ပြန်ကြားယောင်မိရင်တောင် ရင်ထဲက တစ်ဆစ်ဆစ် နာကျင်ရပါသည်..။
ခွင့်လွှတ်ပါဆိုလို့ ခွင့်လွှတ်လိုက်ရပေမဲ့...မမေ့တက်တဲ့ ဦးနှောက်ကို ဘာနဲ့ အမိန့်ပေးပြီး မေ့ခိုင်းရမလည်း..။
“ကောင်းလို့ ကောင်းတယ်ပြောတာပဲလေ...”
၀ိုင်း လေသံက ခပ်ဆတ်ဆတ် မာကြော နေတော့ မျက်နှာပျက်သွားပြီး ပုံ့ လာချပေးတဲ့ ကော်ဖီ ခွက်ကို ယူခါတစ်ငုံ့ သောက်သည်..။
ဖေဖေ့ ရဲ့ အကြည့်တွေ ဒိုင်းကနဲ့ ဝိုင်းဆီကို ကျလာတော့ ခေါင်းငုံ့လိုက်ရသည်..။
ခွင့်လွှတ်ပါ ဖေဖေ...ဒဏ်ရာနက်လို့ တုန့်ပြန်မှု ပြင်းသွားတာပါ...။
“ဝိုင်းရေ ...ပုံ့..”
နှစ်ယောက် စလုံးရဲ့ နာမည်ကို ခေါ်ပြီး အိမ် တံခါးကို ဖြတ်၀င်လာတဲ့ ကိုကို့ ဆီ အားလုံးရဲ့ အကြည့်တွေ ရောက်သွားသည်..။
“ဟာ..ကိုကို...”
ပုံ့ ထိုင်နေရင်းက ထခါ ကိုကို့ ကို ပြုံးပြီး နှုတ်ဆက်လိုက်ပေမဲ့ ကိုကို့ အကြည့်တွေက မမဆီမှာသာ..။
ခုံတွေကို ပတ်သွားပြီး မမ ရဲ့ နဖူးကို လက်ဝါးတင်စမ်းသပ်သည်..။
“အပူ ရှိသေးတာပဲ...”
“သက်သာသွားပါပြီ...”
“ကြည့်စမ်း..ချွေးတွေ ပြန်နေတယ်..”
မာန်သွေး ကြည့်လိုက်တော့ နားသယ်စပ်က  ချွေးစက်တွေ စီးကျနေလို့ ပြောလိုက်မိတာ ဝိုင်းက ဟက်ကနဲ့ ရယ်သည်..။
စိတ်ပူလို့ ပြေးလာတာ ကို လှောင်နေတာ ထုမိတော့မည်..။
“ဘာလည်း..”
“ရေတွေပါဟာ...မျက်နှာသစ်ထားလို့ပါ...”
“သြော်..”
မာန်သွေး ခုံမှာ၀င်ထိုင်လိုက်တော့မှ ဦးလေးကျော်နဲ့ ကိုကြီး တွေ့ပြီး ရယ်ပြလိုက်ရသည်.။
မနက်မုန့်စားနေချိန် ညက ကိုကြီး ကို တောင် လာခေါ်ရတဲ့ အကြောင်း  မေမေ ပြောလို့ ပြေးလာရတာ...။
အခုကျတော့လည်း ဘာမှ မဖြစ်သလိုပါပဲလား..။
“မာန်သွေး..ကော အလုပ်သွားမလို့လား..”
“ဟုတ်ကဲ့ ဦးလေးကျော်..ဝိုင်း နေမကောင်းဘူးလို့ မေမေ ပြောလို့ ၀င်ကြည့်တာ..”
“အေးကွာ...တနေ့ကတည်းက ဖျားတာပဲ ငါလည်း အပြန်နောက်ကျသွားတယ်...ဒါနဲ့ မင်း ပစ္စည်းစျေးတွေ ချိန်အုံးနော်...ဘတ်ငွေ စျေးတက်တော့ ဘယ်လိုလည်း..”
“ဟုတ်...အများကြီး မကွာပါဘူး..”
“ဆိုင်မှာတော့ ကြွေပြား တွေကုန်နေတယ်..အများကြီးလည်း မလိုတော့ နေ့ခင်း  မင်းဆီကိုပဲ လွှတ်လိုက်မယ်..”
“ဟုတ်ကဲ့ ရပါတယ်..”
“စျေးတက်လိုဆိုပြီး အမြတ်တော့ နှစ်ဆ မယူနဲ့နော်..ဟေ့ကောင်...”
“ဟာ...မလုပ်ပါဘူး...ဦးလေးကလည်း..”
“ဟား...ဟား....”
“ပုံ့...ကျောင်းသွားဖို့လုပ်လေ...”
မမ စကားကြောင့်ပုံ့ နှုတ်ခမ်းစူသွားရသည်..။
ဒီနေ့ ကျောင်းမတက်ပါဘူးလို့ သေချာ ပြောထားတာကို အခုတော့ ဖေဖေ နဲ့ ကိုကို့ ရှေ့မှာပါ လာပြောနေပြန်ပြီ...။
မမကလည်း တကယ့် စိတ်ပုတ်ကလေး...။
“မမ နေမကောင်းလို့လေ...”
“အမလေး အပိုတွေပါနော်...ကောင်းနေပြီ မမလည်း ဆိုင်သွားရမယ်...သွား...လုပ်ဆို...”
“ပုံ့က ဘာနဲ့ သွားမှာလည်း..”
ကိုကိုက အခုမှ စိတ်၀င်တစား လှမ်းမေးတော့ စိတ်ကောက်ချင်လို့ ပခုံးတွန့်ပြီး...
“ကြုံရာနဲ့ပေါ့...”
“ဒါဆို ကိုကြီး နဲ့ သွားလိုက်ပါလား..ကိုကြီး လည်း ခုသွားတော့မှာလေ...ဝိုင်းက ကြာဦးမှာဆိုတော့ ကိုကို စောင့်ခေါ်လိုက်မယ်...”
“အင်း “
“ဒါဆိုလည်း သွားပြင်လေ သမီးရယ်..အောင်သွေးစောင့်နေရမယ်..”
“ဟုတ်...”
ကိုကြီး က ဆေးရုံ သွားရမှာမို့လို့ ပုံ့ အ၀တ်အစား အမြန်လဲပြီး ကျောင်းသွားဖို့ ပြင်ဆင်ရတော့သည်..။
အရင်ကဆို ကိုကို အမြဲလိုက်ပို့ပေးပြီး အခုတော့ ကိုကြီးနဲ့ သွားရမယ်တဲ့လား..။
မမ နေမကောင်းတော့ ကိုကို က စိတ်ပူတက်လိုက်တာ...။
မမ ကံကောင်းပါတယ်လေ...။
ပုံ့ ကျောင်းသွားဖို့ အိမ်ပြင်ထွက်လာတဲ့ အထိ ကိုကို က မမ ကို စနောက် ပြီး ရယ်နေတုန်း..။
ပုံ့ကို သွားတော့မလားလို့တောင် နှုတ်ဆက်ဖော် မရဘူး..။
လွန်လာပြီ...။
ပုံ့ နှုတ်ခမ်းစူ မျက်စောင်းထိုးပြီး ခြေဆောင့်ခါ ကားအနားသွားရပ်စောင့်နေလိုက်သည်..။
ကိုယ့်စိတ်ရဲ့ အလိုမကျမှုကို ကိုယ်တိုင်မှ တစ်ပါး တစ်ခြားသူ မသိ...။

━━━━━━━☆☆━━━━━━━
ဟိ..စပိုက်ကာ့ ကို  မုန်းနေကြပြီလား
ကြိုးစားရေးသော်လည်း ဝဲလည်လည်...😁

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love u all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now