Part 22

3.6K 163 0
                                    

ပိုင်ရှင်
အပိုင်း (၂၂)
#ပိုင်ရှင်

“ဝိုင်း..နင် ကိုကြီး နဲ့ပဲ သွားလိုက်နော်....”
‘အေးပါ...နင်သွားတော့မလို့လား..”
“ဟင်..အင်း..”
မာန်သွေး က ခေါင်းညိတ်ပြီး ဝိုင်းဘေးနားက ဒန်းမှာ ၀င်ထိုင်လိုက်သည်..။
၀ိုင်းလည်း မကောင်းတက်လို့  မတ်တက်ရပ်ရင်း အပင်တွေကို ကြည့်နေရ၏..။
“ကိုက်မစားပါဘူးဟာ..”
“ဘာလည်း..”
“ဒီမှာထိုင်လေ...”
“သြော်...အင်း..”
၀ိုင်း မလုံမလဲဖြင့် သူ့ဘေးနေရာမှာ ၀င်ထိုင်လိုက်တော့ မာန်သွေးက ဒန်းကို ခြေကန်ပြီးလွဲလိုက်သည်..။
ငယ်ငယ်တုန်းကဆို သူတို့ အိမ်က ဒန်းကို စီးတိုင်း ရန်တွေ့တက်တဲ့ မာန်သွေးက အခုတော့ သဘောတွေ ကောင်းနေပြန်ပြီ...။
၀ိုင်းဘက်က အမြဲတမ်း ရပ်တည်ပေးတဲ့ ကိုကြီးကကျတော့ အခုချိန်မှာ ရန်သူလို ပြန်ဖြစ်နေတာ နားမလည်နိုင်...။
“နင် မီးဖိုခန်းဘက် ကို ကြည့်လိုက်စမ်း..”
“ဟင်..”
“နင်တို့အိမ် မဟုတ်ဘူး..ငါတို့အိမ်..”
၀ိုင်း လှမ်းကြည့်လိုက်တော့ ပြတင်းပေါက်မှာ လူတစ်ယောက်ရဲ့ အရိပ်ကို တွေ့နေရသည်..။
ကိုကြီးမှန်း သိလိုက်ပေမဲ့ မာန်သွေး ဘာလို့ ကြည့်ခိုင်းမှန်းတော့မသိ...။
“ကိုကြီးလေ...ဘာဖြစ်လို့လည်း..”
“အဲဒါ ငါ့အကိုရဲ့ နောက်ပိုး ဘ၀ပဲလေ...အမြဲတမ်း..ဒီလိုပဲ...”
“ဟား..ဟား...နင်ကလေ ရယ်စရာ သိပ်ပြောတာပဲ..”
“မယုံရင် သတိထားပြီးကြည့်ပေါ့..”
၀ိုင်း ရယ်ရင်း ပြတင်းပေါက်ဆီကို အကြည့်ရောက်သွားတော့ရင်တွေခုန်နေရသည်..။
တကယ်ကြည့်နေတာဆို ဘယ်လောက်ကောင်းမလည်း..။
စိတ်ကူးယဉ်ခဲ့ရတဲ့ နေ့တွေ များလွန်းလို့ မယုံချင်တော့ပါဘူးလေ...။
“နင့် ခြံကော ပြီးပြီလား..”
“အင်း...အဲဒါကြောင့် ပိုက်ဆံတော်တေ်ာ ကုန်သွားတယ်...”
“မစဉ်းစားပဲ လျှောက်လုပ်တာကိုး..”
“မခံချင်စိတ်နဲ့ လျှောက်လုပ်တာလို့ ပြောရင် ပိုမှန်မယ်..”
“ဒါဆို အဲဒီမှာပဲ နေဖြစ်မှာပေါ့...”
“မတွေးရသေးပါဘူး..”
“ဟင်...မမ နဲ့ ကိုကိုက လက်ထပ်ပြိးရင် ထွက်သွားမှာလား..”
ပုံ့ အသံကြောင့် မမ နဲ့ ကိုကို လှည့်ကြည့်သည်။
“သြော်...ပုံ့.. ညီမလေး..”
“တကယ် ထွက်သွားမှာလား ဟင်..ကိုကို..”
မမ ကို မကြည့်ပဲ ကိုကို့ကိုသာ ဦးတည်မေးလိုက်တော့ ကိုကို က မမ ကို ပြန်ကြည့်နေပြန်ပြီ..။
ပုံ့ ရင်တွေ ပူလောင်လာသလို မျက်၀န်းထဲ မျက်ရည်တွေ ပြည့်လာရသည်..။
“ကဲ..နင့် ညီမ နင်ပဲ ပြောလိုက်..”
“မပြောချင်ပါဘူး...”
“မမ...”
ပုံ့ ခြေဆောင့်ပြီး  အော်လိုက်တော့ မမက ရယ်ပြီး ကိုကို ကလည်း လိုက်ရယ်နေသည်..။
ဘယ်လို ဖြစ်ပြီး ဒီ နှစ်ယောက်စလုံး ပုံ့ကို ရန်စချင်နေတာလည်း....။
ပုံ့ ရဲ့ ဝမ်းနည်းစရာကောင်းတဲ့ ခံစားချက်တွေက သူတို့ အတွက် လှောင်စရာဖြစ်နေပြီ...။
“မဟုတ်ပါဘူး...မမ ၀ယ်လိုက်တဲ့ တိုက်အကြောင်း ပြောနေတာပါ..”
“မညာနဲ့လေ...တစ်နေ့ သိမှာပဲဟာ..”
ကိုကိုက မမ ကို ပခုံးချင်းတိုက်ပြီး သတိပေးလိုက်တော့ ပိုသေချာသွားပြီ...။
“ဒါဆို ကိုကို နဲ့ မမ ပုံ့ အနားမှာ မနေတော့ဘူးပေါ့နော်...အဟင့်...”
“ဟာ..ငိုပြီ...တွေ့လား..မာန်သွေး..နင်ကလေ... အလကား လျှောက်ပြောနေတာ...”
“ကိုကိုတို့ လက်ထပ်ပြီး ထွက်သွားမှာ စိုးနေတာ..ပုံ့ကော လက်ထပ်ပြီး ထွက်မသွားဘူးလား “
“မထွက်ဘူး...”
ပုံ့ အသံတုန်ရင်း ပြောလိုက်တော့ အဆုံးသတ်မှာ နစ်၀င်သွားရသည်..။
လည်ချောင်းတွေ ခြောက်ကပ်လာသလို ၀မ်းနည်းစိတ်က လှိုက်တက်လာလို့ အိမ်ထဲကိုပဲ ပြန်၀င်ပြေးခဲ့လိုက်သည်..။
“ပုံ့..”
“တွေ့လား..ကောက်သွားပြီ..နင်ကလေ...”
“ကျစ်....ငါ က သူစဉ်းစားလို့ရအောင်ပြောတာပါ..”
“နင်တို့ညီအစ်ကို နှစ်ယောက်ကလေ တကယ့် အမျိုးမျိုး..”
“နင်တို့ ညီအစ်မကျတော့ကော...”
“ဘာဖြစ်လို့လည်း..”
“မပြောတက်ဘူး..တစ်ခုခုပဲ..”
“ဟား..ဟား...ပြောချင်ရင် သေချာ ဝါကျဖွဲ့လာခဲ့...”
“အေးပါ ပြောပေါ့လေ...”
မာန်သွေး လက်ထဲက နာရီကို ပင့်ကြည့်မိပြီး ကားကို ပစ္စည်းတင်ရမှာ သတိရခါ မျက်လုံးပြူးသွားရသည်..။
“ငါနောက်ကျနေပြီ...သွားတော့မယ်..”
“အေး..အေး...တို့အနာဂတ် အတွက် ကြိုးစားနော်...ဟား..ဟား...”
“ဝိုင်း...နင်လေ..”
လက်သီးထောင် ကျိန်းပြပြီး ခြံဘက်ကို ပြန်ကူးလာတော့ ကိုကြီး က အိမ်ရှေ့ခန်းမှာ အရုပ်ကြိုးပျက် သလို ငူငူ ကြီး ထိုင်နေသည်..။
သနားပေမဲ့ မတက်နိုင်တော့ဘူး ကိုကြီးရေ...ကိုယ်တိုင် ကြိုးစားမှ ရမဲ့ ကိစ္စမို့လို့  မကူညီပါရစေ...။
ကိုကြီးကလည်း  ဖွင့် ပြောဖို့ကို ဘာတွေ စဉ်းစားတွေဝေနေမှန်း မသိ..။
အခုချိန် တစ်ယောက်ယောက်ကိုသာ ဝိုင်း စိတ်ပြောင်းသွားရင် ကိုကြီးတော့ ကျန်ခဲ့မှာ မြင်ယောင်ပါသေးတယ်...။
မာန်သွေးကတော့ ပိုင်ရှင် ရှိပြီးသား မို့လို့ ဖွင့်မပြောတာ ကိုကြီးကတော့ ဘာတွေထောက်ထားပြီး မြိုသိပ်ထားတာလည်း တွေးရင်း အားမလို အားမရ ဖြစ်ရသည်..။
.
“မေမေကြည်...”
အိမ် အ၀မှာ ရပ်ပြီး ခေါ်လိုက်တော့ မေမေကြည်က ပန်းအိုးထိုးနေရင်း လှည့်ကြည့်ပြီး
“သြော်...သမီး သွားတော့မလို့လား...”
“ဟုတ်...”
“ကဲ တက်သွားခေါ်လိုက်...စာအုပ်ဖတ်နေပြီထင်တယ်..”
“ဟုတ်..”
၀ိုင်း နည်းနည်း နောက်ကျသွားတော့ အားနာတဲ့ စိတ်နဲ့ အတူ  ခေါင်းညိတ်ပြီး အိမ်ထဲ ၀င်လာခဲ့ရသည်..။
နောက်ရက်တွေဆို မာန်သွေး လိုက်မပို့နိုင်ရင် ကားငှားသွားဖို့သာ ဆုံးဖြတ်လိုက်သည်..။
ကိုကြီး ကို အားနာရသလို ဝိုင်းလည်း နေရခက်သည်..။
“ဒေါက်..ဒေါက်..”
“ကိ်ုကြီး..”
“ဟယ်..အိပ်ပျော်နေပြီ..”
၀ိုင်း ခြေသံ ဖွဖွ နင်းပြီး စားပွဲခုံအနားကို ရောက်အောင်သွားလိုက်သည်..။
ကိုကြီး အိပ်ပျော်နေတဲ့ ပုံစံ ကို တွေ့တော့ တစ်ချိန်တုန်းက ခိုးကြည့်ခဲ့တဲ့ ကိုကြီး ပုံရိပ်တွေကို သတိရမိသည်..။
အခုလို ဆံပင်တိုတို မဟုတ်ပဲ ဂုတ်ထောက် ဆံပင်တွေနဲ့ တော်တော် ကြည့်ကောင်းခဲ့ပါသည်..။
ဆံပင်ကော်ဖီရောင်ဆိုးလိုက်ရင် ဘေးအဆောင်က ကောင်မလေးတွေ အကြည့်တော်တော် ခံခဲ့ရသည်.။
အဆောင်က ကောင်မလေးတွေကို ကိုကြီး ရယ်ပြလိုက်တိုင်း ဝိုင်းစိတ်ထဲမှာ မလိုအမုန်းစိတ်တွေ ပြည့်သိပ်ရသည်..။
အခုကျတော့လည်း ရင့်ကျက်ပြီး လူကြီး တစ်ယောက် ဖြစ်နေတဲ့ ကိုကြီးကို ငေးရင်း နှုတ်ခမ်းအစုံက ပြုံးမိသည်..။
“ကိုကြီး...ကိုကြီး...”
“ဟင်...”
“ဆေးရုံသွားရမယ်လေ...”
“ဟင်..”
ကိုကြီးက မျက်လုံးဖျက်ခနဲ့ ပွင့်ပြီး ခေါင်းထောင်လိုက်တော့ ဝိုင်းရယ်ရင်း ကိုကြီး ဖိအိပ်ထားသည့် စာအုပ်ဆီ အကြည့်ရောက်သွားရသည်..။
ဘောပင်နဲ့ စာပန်းချီလို ဖိဆွဲထားသည့် စာလုံးတွေကြောင့် မျက်လုံးအစုံ ပြူးကျယ်သွားပြီး ကိုကြီးကို ပြန်ကြည့်မိသည်..။
ထိုင်ခုံကို တွန်းပြီးထခါ သူ့ အိတ်ကို ဆွဲယူ၍ လိုအပ်တာတွေ ထည့်နေတာ ဘာမှ မထူးဆန်းသလို...။
ဒီ စာအုပ်ကြီး ဘာလို့ ဒီကိုရောက်နေတာလည်း...။
၀ိုင်း ဆယ်တန်း ဒုတိယ အကြိမ်ဖြေတုန်းက ကိုကြီး နဲ့ ညဆို စာကျက်ရသည်..။
ကိုကြီးက စာကျက်နေရင်း အိပ်ပျော်သွားတက်သလို တစ်ခါတလေ ဟိုဘက်ခြံက ကောင်မလေးတွေကို ထရပ်ကြည့်တက်သည်..။
၀ိုင်း စိတ်ထဲက ခံစားချက်တွေကို စာအုပ်မှာ ချရေးတက်တာ လက်အကျင့်ပါနေတော့ အခုလို ရေးမိတာ...။
ကိုကြီးကော သိလား...။
သိတာပေါ့...ကိုကြီးလို့ ခေါ်တာ ဝိုင်း နဲ့ ပုံ့ နှစ်ယောက်တည်း...။
ကိုကြီး ကို ချစ်တယ် လို့ ရေးခဲ့မိတာ ကြာလှပြီ ဆိုပေမဲ့ အခုအချိန်မှ ကိုကြီး ဆီမှာ ပြန်တွေ့တော့ ရှက်မိသည်..။
“သွားမယ်လေ...”
“ဟုတ်..”
၀ိုင်း စားပွဲပေါ်က စာအုပ်ကို အမြန်ပိတ်ချလိုက်ပြီး လက်ပါထောက်ခါ ဖိထားမိသည်..။
တကယ်ဆို မသိချင်ယောင် ဆောင်နေရမှာကို မစဉ်းစားပဲ လျှောက်လုပ်မိတာ ရိပ်မိတော့မှာပဲ.။
“ဒါ ဘာစာအုပ်လည်းဟင်...ငှားမလား..”
အိုး..ရှည်မိပြန်ပြီ...ဘာစာအုပ်ဖြစ်ဖြစ် နင် နဲ့ ဘာဆိုင်လို့တုန်း..တုံးလိုက်တဲ့ ဝိုင်းရယ်...။
စိတ်တွေ ဆင်းရဲလိုက်တာနော်....။
၀ိုင်း ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း မချိပြုံးလေးဖြင့် ကိုကြီး ကို မော့ကြည့်မိတော့ ပြုံးနေသည်..။
နားလည်ခွင့်လွှတ်ပါတယ်ဆိုတဲ့ အပြုံးမျိုးကိုတွေ့လိုက်တော့ ပို ရှက်ရပြီး မျက်နှာတွေ ပူသလို ရှိသည်..။
“အဲဒါ Pathology စာအုပ်လေ..ဝိုင်းက ဖတ်ချင်လို့လား..”
“အဲ....ဟို....ကျောင်းစာအုပ်ကြီးလား...မဖတ်တော့ပါဘူး...ဝိုင်း ဒီနေ့ နောက်ကျနေတော့ ကိုကြီးပါ နောက်ကျနေပြီထင်တယ်...ဆောရီးနော်...ဝိုင်းလည်း လာခါနီးမှ ဟင်းအပြီးချက်နေလို့လေ...အပြင်ရောက်တော့မှ ပန်းပင်တွေ ခြောက်နေလို့ ရေထပ်လောင်းပြီး...ဟိုဟာ...”
“ကဲ တော်ပါတော့...လာသွားမယ်..”
“ဟုတ်...”
ကိုကြီးက ကားသော့ဖြုတ်ပြ်ိး ထွက်သွားတော့မှ ဝိုင်း နောက်က ခပ်သုတ်သုတ်လိုက်သွားရသည်..။
ဒီပုံစံနဲ့ ကားတူတူ စီးရမဲ့ အဖြစ်ကို တွေးရင်း စိတ်ရှုပ်ရသည်..။
ပြောသမျှ စကားတွေလည်း အလွဲလွဲ အချော်ချော် ဖြစ်မှာ မြင်ယောင်ပါသေးတယ်လေ...။
“ကိုကြီး ရှပ်၀ယ်လိုက်တာ ဆိုဒ်ကြီးနေတယ်...ပြန်ပြင်ပေးလို့ ရမလား ဝိုင်း..”
“ဟင်..အင်း ရတာပေါ့..ဘယ်မှာလည်း... ပါလား..တစ်ခါတည်း ပြင်ပေးမယ်လေ....ဆိုဒ်က အများကြီး ကွာလို့လား...မသိမသာ တစ်လိုင်းလောက် ချူပ်လိုက်ရင် ရမှာပါ...ကိုကြီး ဘယ်တော့၀တ်ဖို့လည်း...သြော်..ပွဲတက် အတွက်လား..ကုတ်ကော ပါသေးလား..”
စကားတွေ မရပ်မနားပြောနေသည့် ဝိုင်းကြောင့် လှည့်မကြည့်ပဲ ပြုံးမိသည်..။
အခုမှ မလုံမလဲ ဖြစ်နေတာ တကယ့် ဆယ်ကျော်သက် ကောင်မလေး အတိုင်းပါပဲ...။
ခြံထဲမှာ ပန်းပင်တွေ ရေလောင်းနေတဲ့ ဝိုင်းကို ပြတင်းပေါက်ကနေ ငေးကြည့်နေမိတာ အချိန်ရတိုင်းပါပဲ..။
အခု မနက်လည်း ပြင်ဆင်ပြီးခါမှ ပြတင်းပေါက်ကို ရောက်လာတော့  ဇွန်ပန်းတွေ ပန်ထားတဲ့ ဝိုင်းကြောင့် ပျော်သွားရသည်..။
အိမ်မှာ ပန်းတွေပွင့်တိုင်း မနက်စောစော အောင်သွေး နိုးတာနဲ့ သီကုံးပြီး သွားထားပေးဖြစ်သည်..။
ယုဇန ပန်းခွေလေး ညီ တစ်ခါ ပေးထားတော့ ဒန်းခုံမှာ တွေ့တိုင်း ညီပေးတယ်လို့ ထင်ပြီး တယုတယ ပန်ထားသည်..။
ဒီမနက်တော့ နောက်ခြံထဲ ဇွန်ပန်းပွင့်လို့ သေချာသီပြီး သွားထားခဲ့တာလေ...
၀ိုင်း ၀တ်ထားတဲ့ လိမ္မော် ပါသည့် မြန်မာ၀တ်စုံလေး နဲ့ ဆံပင်ရှည်တွေကို နောက်မှ ဖြန့်ချထားပြီး ပန်းပန်ထားတာ  မြင်ရသူကို စိတ်အေးချမ်းစေသည်..။
လက်လွှတ်ရတော့မယ် ဆိုတဲ့ အသိကြောင့်ကြာကြာ ရပ်မကြည့်နိုင်ပဲ တစ်ချိန်က စာအုပ်အဟောင်းကို ပြန်ရှာပြီး အတိတ်ကို ပြန်သွားနေမိသည်..။
မနက်စောစောထခဲ့လို့ မျက်လုံးတွေ စင်းလာပြီး အိပ်ပျော်သွားတာ ဝိုင်းရောက်နေတာ မသိလိုက်.. စာအုပ်ကိုလည်း သတိမရ သူ ပြူးတူးပြာတာလေး ဖြစ်နေမှပဲ သတိထားမိတော့သည်..။
မာနကြီးပြီး ဘ၀င်သွေး နားထင်ရောက်နေတယ်လို့ မင်းထင်တဲ့ ဒီလူက အချိန်တိုင်း အဝေးက စောင့်ကြည့်နေတဲ့သူဆိုတာ သိပါ့မလား..။
“ကိုကြီး..အချိန်ရလား..”
“ဘာဖြစ်လို့လည်း..”
“ဟို..ဝိုင်း...တို့ဟူးနွေး ခဏ၀ယ်ချင်လို့..”
“ရှေ့ဆိုင်လား..”
“ဟုတ်..”
အောင်သွေး ကားကို မီးပြပြီး လမ်းဘက်ကပ်ရပ်လိုက်တော့ ကားပေါ်က ဆင်းပြေးသည်..။
ဒီမှာ ကားရပ်လို့မှမရတာ...စောင့်နေရတဲ့ သူတွေကြောင့် ကြာဦးမှာ သိတော့ ကားကို ပတ်မောင်းရတော့သည်..။
“ဟယ်...ဘယ်ရောက်သွားပြီလည်း.”
“ထားသွားတာလား...”
“ကျစ်..”
၀ိုင်း စိတ်တိုလို့ မျက်မှောင်ကြုတ်ပစ်လိုက်ပြီး လက်ထဲက နာရီကို ကြည့်တော့ ရှစ်နာရီတောင် မခွဲသေးဘူး...။
လိုက်မပို့ နိုင်ရင်လည်း အစကတည်းက ပြောပါတော့လား..။
အခုတော့ လမ်းမကြီးမှာ ကြောင်တောင်တောင်....ဟူး..ဒေါသထွက်လာတာ...။
“ဝိုး....လှလိုက်တာကွာ...”
“ယဉ်ယဉ်လေး လှတာကွ...”
“အစ်မ...အစ်မ...အစ်မ နာမည် လှလှ လားဟင်..”
၀ိုင်း မျက်ခုံးတွန့်ပြီး မကြည်မလင်ဖြင့် ကြည့်လိုက်တော့ မျက်နှာတွေက မချိုမချဉ် ရုပ်တွေဖြင့် ရယ်ပြနေသည်..။
“ကျွန်တော် တို့က ခင်ချင်လို့ပါ..”
“ကျစ်..”
“ဝိုင်း..”
“ဟင်..ကိုကြီး..”
ကိုကြီး ကို တွေ့တော့ မှ ဝိုင်း စိတ်ထဲက အပူလုံးကြီးကျသွားပြီး ပြုံးလိုက်မိသည်..။
တော်ပါသေးရဲ့...ထားသွားပြီမှတ်တာ...။
“ကားက ဟိုဘက်မှာ ရပ်ခဲ့ရတယ်..”
“ဟုတ်..”
အနားက ကောင်လေး တွေ မျက်နှာ မအီမသာဖြင့်... တစ်ချို့က နှုတ်ခမ်းမဲ့တော့ ဝိုင်း ခြေလှမ်းတွေက ကိုကြီး ဘေးနားကို ကပ်လိုက်ရသည်..။
ကိုကြီးကလည်း သဘောပေါက်ခါ ဝိုင်းလက်ကို ဆွဲကိုင်ပြီး ဆက်လျှောက်သည်..။
၀ိုင်းမှာတော့ ကြောက်စိတ်ပျောက်ပြီး ရင်တွေ တဒိတ်ဒိတ်ခုန်ခါ စိတ်ထဲ ကြည်နူးသလို ရှိသည်..။
“ဟာ...အောင်သွေး..”
“ဟေ...သြော်...ကျော်အောင်....မင်း ပြန်ရောက်နေတာလား..”
“အေး..ဟေး..ဟေး...ငါ့မရီးကို မိတ်ဆက်ပေးဦးလေ..”
“ဟေ..”
ကျော်အောင် မျက်ခုံးပင့်ပြတော့မှ သဘောပေါက်ပြီး ကိုင်ထားတဲ့ လက်ကို လွှတ်ပေးလိုက်ရသည်..။
ကိုယ့်ဇော နဲ့ ကိုယ်မို့ ကားနားကိုရောက်တဲ့ အထိ လက်ကို ဆုပ်ကိုင်ထားမိတာ သတိမထားမိခဲ့ပါ...။
၀ိုင်းကို ကြည့်လိုက်တော့ စိတ်ဆိုးတဲ့ အမူအယာတော့ မတွေ့ပါဘူး..။
သူ့ စိတ်က တစ်မျိုး အခုကောင်းပေမဲ့ တော်ကြာ စကားပြော မှားသွားတာနဲ့ မှတ်ထားပြီး ငြိုးတော့မှာလေ..။
အောင်သွေး ဘေးမှာ ရပ်နေတဲ့ ဝိုင်းကို  တစ်ချက်ကြည့် လိုက်ပြီး ကျော်အောင့် ကို ခေါင်းရမ်းပြလိုက်ရသည်..။
“ဘာလည်းကွ.....လျှိုတာလား..”
“မဟုတ်ပါဘူး..ဒါ ... ဒါ...ငါ့ ညီမ ပါ..”
“သြော်...ကောင်းတာပေါ့ မိတ်ဆက်ပေးလေ..”
“သူက မူမူစိုး...ဝိုင်း...ဒါက ကိုကြီး သူငယ်ချင်း ကျော်အောင်တဲ့ ဆေးဘွဲ့အပျော်ယူပြီး အခုတော့  စီးပွားရေးပဲ လုပ်နေတဲ့ကောင်...”
“ညီမကို တွေ့ရတာ အေးချမ်းလိုက်တာနော်...အောင်ကြီးက တစ်ခါမှ မပြောဘူးကွာ..”
“ဘာကို ပြောရမှာလည်း...မင်းလိုလူရှုပ်ကို မိတ်ဆက်မပေးပဲ တမင်ထားတာလေ..”
“တွေ့လား...ဒီကောင်အယုတ်တမာ မဟုတ်တာစွပ်စွဲနေတာ ....မယုံနဲ့ ညီမ...”
“ငါ သွားတော့မယ်...နောက်ကျနေပြီ...”
“အိမ်လာလည်မယ်နော်..”
“ရှင်..”
“မဟုတ်ဘူး...အန်တီ့ကြည့်ဆီကိုပါ ညီမရဲ့..”
“ဟုတ်ကဲ့..”
၀ိုင်း စကားကို သေချာ နားမထောင်ပဲ ရှင်ပြီး မှ အားနာလို့ ပြုံးသာ ပြလိုက် နိုင်သည်..။
ဘာတွေ ဖြစ်နေမှန်းကို မသိဘူး..စိတ်တွေက ကနာမငြိမ်နဲ့ ကလေးလည်း မဟုတ်ပါပဲ...။
ကိုကြီး ဘေးမှာ ၀င်ထိုင်လိုက်တော့ ပိုပြီး စိတ်ညစ်ရသည်..။
“ဒီကောင်က လူရွှင်ပဲ...ဆောရီး ဝိုင်း..”
“ရပါတယ်..ကိုကြီး သူငယ်ချင်းက ပျော်တက်တယ် ထင်တယ်..”
“ဟုတ်တယ်..ဒါပေမဲ့ သိပ်မရောနဲ့နော်...”
“အဟွင်း...ဝိုင်း နဲ့ သိတောင် မသိဘူးလေ...”
“သြော်..အိမ်လာရင်ပြောပါတယ်..”
“ကိုကြီးကလည်း မဟုတ်တာကို စိတ်ပူနေပြန်ပြီ..”
“စိတ်ပူတာပေါ့...ဝိုင်းက အရမ်းလှတာကိုး..ကိုကြီး ညီမလေး မဟုတ်မဟက် လူတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်မလည်း..”
ကိုကြီး နှုတ်ဖျားကနေ ဝိုင်းကို လှတယ် ပြောပြီး ညီမလေးဆိုတဲ့ အသုံးလေး ပြန်ကြားရတော့ စိတ်ထဲ ကြည်နူးမှုတွေ ပြည့်သွားရသည်..။
၀ိုင်း ချစ်ရတဲ့ အရင်တုန်းက ကိုကြီးကလည်း ညီမလေးလို့ ကြင်ကြင်နာနာ ခေါ်တက်တယ်လေ...။
“ညနေ ကိုကြီး မအားရင် ၀င်မခေါ်ပါနဲ့..”
“မအားဘူးလို့ ပြောစေချင်တာလား..”
“အဲလို မဟုတ်ပါဘူး..”
စကားကောင်းပြောနေရင်း လေသံမာမာ နဲ့ ထဖောက်လာပြန်တော့ ဝိုင်း စိတ်ကူးတွေ ရပ်တန့်ပြီး စကားတွေ ပြောင်းရတော့သည်..။
ကားရပ်တာနဲ့ တံခါးဖွင့်ပြီး ဆင်းလာတာ သုံးလှမ်းလောက်ကွာတော့မှ...
“ဟေ့...ဒီမှာ မုန့်..”
“သြော်...အင်း..”
“သွားပြီသိလား....”
“ဟုတ်..”
ကိုကြီးကိုလည်း တကယ် နားမလည်နိုင်ပါဘူး...အခုတစ်မျိုး တော်ကြာတစ်မျိုး နဲ့ ဒီလို စိတ်ပိုင်ရှင်နဲ့သာ လက်ထပ်လိုက်ရင် ဖေဖေ ပြောသလို ကောင်းစားမယ်ဆိုတာ ဝေးလို့...
မျက်ရည်နဲ့ မျက်ခွက်ချည်း ဖြစ်နေရမှာလေ...။
အဲဒါတွေ မုန်းတာ...တကယ်...
ကြည့်မရလိုက်တာနော်...ဦးဘ၀င်ရူး...။
.
“သမီး ဒီနေ့ ကျောင်းမသွားဘူး..”
“ဟုတ်တယ်..မေမေကြည်...ပုံ့ ခေါင်းကိုက်လို့ပါ..”
“ဟင်..ဘယ်လိုဖြစ်တာလည်း..”
မေမေကြည့် စကားကြောင့် ပုံ့ ဆံပင်တွေထဲ လက်ထည့်ပြီး ကုတ်ရင်း အကြောင်းရှာနေမိသည်..။
ပုံ့ ရဲ့ အစီအစဉ်တွေကို သိနေသလို ပြုံးပြီး ကြည့်နေတော့ ပိုဆိုးလာသည်..။
“ဟို..ဟို..”
“ဒီတိုင်း ကျောင်းပြေးတယ်ပေါ့လေ..”
“ဟုတ်...”
“မေမေကြည်...ဝန်ထမ်း ကောင်မလေး တစ်ယောက် မီးဖွားတာ သွားကြည့်ရမယ်...”
“သြော်...ဒါဆို ပုံ့လည်း ပြန်တော့မယ်..”
“ဟယ်..မဟုတ်တာ..သမီး ကိုကို အိမ်မှာ ထမင်း ပြန်စားမယ်လေ...စောင့်နေပေးပါလို့ ပြောမလို့...”
“ဟုတ်..ရပါတယ် ...”
တကယ်တော့ ကိုကို နဲ့ တွေ့ချင်လို့ကို တမင် ကျောင်းပြေးထားရတာမို့ ပုံ့တို့ နှစ်ခါမပြောရပဲ ခေါင်းညိတ်မိသည်..။
“မေမေတော့ ငါးဟင်းပဲ ချက်ထားတယ်...သမီးကိုကို မစားနိုင်ရင် ကြက်ဥလေး ဖြစ်ဖြစ် ကြော်ပေးလိုက်နော်..”
“ဟုတ်...”
“မေမေ သွားပြီ...တံခါး သော့ချိတ်ထားဦး သမီး..”
ပုံ့ ခြံတံခါးကို သော့ချိတ်ပြီး တီဗွီ ရှေ့မှာ ထိုင်ခါ နေကြာစေ့ ကိုက်နေလိုက်သည်..။
တီဗွီ မှာ ကြက်သားမှုန့် ကြော်ငြာပြတော့မှ ကြက်ဥကြော်ဖို့ သတိရတော့သည်..။
ကြက်ဥ ကို ခရမ်းချည်သီး မုန်လာဥ နီလေးတွေ သေချာထည့်ပြီး လှလှလေး ဖြစ်အောင် ကြိုးစားကြော်ပါသည်..။
မပြန့်တဲ့ အပြင် ကြေမွခါ ရစရာမရှိတော့ ပန်းကန် တစ်ခုထဲ ထည့်ပြီး နောက်တစ်ခါ ထပ်ကြော်ဖို့ ပြင်ရသည်..။
အပြန့် လိုက်လေး ဖြစ်နေပေမဲ့ တစ်ဖက်ကို ခပ်မြန်မြန် မလှန်ရဲသေး..။
ပုံ့ နှုတ်ခမ်းကိုက်ရင်း သေချာဂရုစိုက် တစ်ဖက်လှန် နေပေမဲ့ တစ်၀က်လောက် ရမှ ပုံပျက်သွားပြန်ပြီ..။
ဟူး....
ပုံ့ရှေ့ က ကြက်ဥ အမွှေကြော် ပန်းကန် နှစ်ခုကိုကြည့်ပြီး သက်ပြင်းချမိသည်..။
သေချာပြန်တွေးကြည့်ရင် ကိုကို့ ကို ကြက်ဥလေးတောင် မကြော်ကျွေးခဲ့ဖူးပါလား...။
အ၀တ်အစားထုတ်ပေးလည်း မလိုက်ဖက်တာတွေ ထုတ်ပေး...
အခန်းထဲရောက်ရင်လည်း စာတွေ ယူဖတ်ပြီးထားချင်သလို ထားခဲ့တာများသည်..။
မမသာဆိုရင်...။
ဟင်းချက်နည်း အသစ်တက်တိုင်း ကိုကိုတို့ အတွက်ပါ ချက်ပို့ပေးသည်..။
အ၀တ်အစား ဒီဇိုင်းက အစ မမ ၀တ်ခိုင်းတာနဲ့ ကိုကို က ပိုလိုက်ဖက်သည်..။
ကိုကိုတို့ အခန်းထဲ ရောက်ရင် မမ ကရေဖြည့်ပေး စာအုပ်စင်ရှင်းပေးတက်သည်..
တစ်ခါတလေ အမြင်မတော်ရင် ပြတင်းပေါက် လိုက်ကာတွေပါ ဖြုတ်ယူလာခဲ့ပြီး လျှော်ပေးပြန်သည်.။
အရောင်ဆန်းလေးတွေ..၊အခန်းနဲ့ လိုက်ဖက်တဲ့ အဆင်လေးတွေ တွေ့ရင် ကိုယ်တိုင် လိုက်ကာ ချုပ်ပြီး တက်ပေးသည်..။
မမ နဲ့ လက်ထပ်လိုက်တာ ကိုကို့ အတွက် ပိုကောင်းပါတယ်...
ပုံ့ ဒိုင်ယာရီလေး ကို ပုံ့ ထာ၀ရ ပိုင်ချင်တာ လောဘကြီးနေလား ကိုကိုရယ်....။
ကိုကို အရင်လို မဟုတ်တော့တာ စိတ်မကောင်းဘူး..။
ညပိုင်း ကိုကို ပြန်လာတဲ့ အချိန် အပေါ်ကို လိုက်သွားရင် ကိုကို က ပုံ့ ကို ထားခဲ့ပြီး အောက်ထပ်ကို ပြန်ဆင်းလာခဲ့သည်..။
မနက်ပိုင်းဆို ပုံ့ သွားရင် ကိုကိုက အောက်ထပ်မှာ ငုတ်တုတ်ထိုင်နေသည်..။
စကားလည်း မေးထူးခေါ်ပြော အဆင့်ထက် မပိုတာ  ပုံ့ဘာအပြစ်လုပ်မိလို့လည်း ...
နေ့တိုင်း မေးနေကျ “ဒီနေ့ ဘာတွေ လုပ်ထားလည်း...ညီမလေး..”ဆိုတဲ့ မေးခွန်းလေး မရှိတော့ ပုံ့ရဲ့ နေ့ရက်တိုင်းက တစ်ခုခု လိုနေသည်..။
ဖေဖေ့ တားထားတဲ့ ကြားကနေ ကိုကို နဲ့တွေ့ဖို့ အမြဲကြိုးစားနေမိသည်..။
ပုံ့ က ကိုကို နဲ့ မမ ကို ခွဲချင်တာ မဟုတ်ပါဘူး..ပုံ့ကို အရင်အတိုင်း ကိုကို့ အနားမှာ အရေးပေး အလိုလိုက် ထားတာလေး လိုချင်တာပါ...။
မမကိုလည်း မမုန်းပါဘူး...ကိုကို့ ကိုလည်း မမုန်းပါဘူး...။
ဒါပေမဲ့....အဝေးကို ထွက်သွားတော့မဲ့ သူလို စိတ်ထဲကထင်ပြီး မျက်လုံး ရှေ့က ပျောက်ကွယ်သွားမှာစိုးရိမ်လို့ပါ ကိုကိုရယ်..။
မနေ့က ညနေပိုင်း ကိုကို အိမ်ဘက်ကို ရောက်လာတော့ ပုံ့ အိပ်နေရာ က ပြေးထွက်လာခဲ့သည်..။
ခြံထဲမှာ ပန်းပင်တွေ ကြည့်နေတဲ့ မမ နဲ့ ရယ်ပြီး စကားပြောနေချိန် ကိုကို နှုတ်က ပုံ့ ဆိုတဲ့ စကားလုံး တစ်ခွန်းမှ မဟခဲ့ပဲ ပြန်သွားသည်...။
အရင်က ဆို အိမ်ကိုလာတိုင်း ပုံ့ရေ လို့ အော်ခေါ်နေကျ မဟုတ်ဘူးလား...။
အခုတော့ ပုံ့ ဆိုတဲ့ ကိုကို့ ညီမလေး မရှိတော့ဘူးပေါ့လေ...။
ပုံ့ ထမင်းစားပွဲမှာ ထိုင်နေရင်း စီးကျလာတဲ့ မျက်ရည်ပူတွေကို လက်ခုံဖြင့် သုတ်ပစ်လိုက်သည်..။
ကိုကို့ အကြောင်းတွေးတိုင်း ငိုချင်နေတာ...ညတိုင်းလည်း အိပ်ရေးပျက်ရသည်..
ကျောင်းမှာ ငိုရင်လည်း အထင်လွဲကြပြန်သည်..။
“ပုံ့ ရယ် နင်ကလည်း ဒီလို ကောင် အတွက် ငိုမနေပါနဲ့ဟာ..”
“ဟဲ့...ဖြိုးလေးလည်း..ဟိုတစ်ယောက်နဲ့ သိပ်အဆင်မပြေဘူးတဲ့လေ...သူလည်း နင့်ကို မပျက်ရှာဘူးနဲ့ တူတယ်..၀ဏ္ဏတို့ ပြောတာ...”
“တော်ပါဟာ...”
ပုံ့ သူငယ်ချင်းတွေရဲ့ တစ်လွဲ အထင်တွေကို ဖြေရှင်းပြဖို့ စကားလုံး မရှိလို့ ရင်ထဲမှာ ပို မွှန်းကြပ်ရတော့သည်..။
“မနက်က မမ ကို တွေ့လိုက်တယ်..နင့်ကိုကို နဲ့ တွဲသွားတာ လိုက်တော့ လိုက်သား..နင့် ယောင်းမက နင့်မမ ဆိုတော့ ပိုကောင်းတာပေါ့ဟာ...ငါတို့သာဆို မတူဘူး မတန်ဘူး ပြောလာဦးမယ် မလား...ဟွင့်..”
“ဟုတ်တယ်..ကိုကို နဲ့ မမ က လိုက်ဖက်တယ်...သူတို့ လက်ထပ်တော့မှာလေ...ငါ စိတ်မကောင်းဘူး..”
“ဒါဆို နင် စိတ်မကောင်း ဖြစ်ပြီး ငိုနေတာ ဖြိုးလေး နဲ့ မဆိုင်ဘူးပေါ့...”
ပုံ့ လေးကန်စွာ ခေါင်းညိတ်ပြခါ ကျောက်ခဲ တစ်လုံးကောက်ပြီး သစ်ပင်ခြေရင်းကို လွဲပစ်လိုက်သည်။
“ကိုကို က အရင်လို မဟုတ်ဘူး..အရမ်းစိမ်းတာပဲ....ငါ အိမ်ကို ရောက်တာနဲ့ ကိုကို့ ကို တွေ့ပြီး မခေါ်မပြောရရင် ငိုချင်တယ်...ကျောင်းကိုလည်း လိုက်မပို့တော့ဘူး...စကားတောင် သေချာ မပြောဖြစ်ဘူး..ကိုကို နဲ့ မမ ကို တွေ့ရင် ၀မ်းသာရမှာပါ...ဒါပေမဲ့ အရင်က ကိုကို့ ကို ဆုံးရှုံးလိုက်ရလို့...ငါ ၀မ်းနည်းတယ်..ငိုချင်နေတာပဲဟာ...”
အေးစံ က အရင်းနှီင်္းဆုံး သူငယ်ချင်းမို့လို့ ဖွင့်ပြောပြမိသည်..။
မထင်ထားတဲ့ အဖြေတစ်ခုကြောင့် ပုံ့ မျက်လုံးတောင် ပြူးကျယ်သွားခဲ့ရသည်မလား..။
“နင်တော့...ကိုကို့ ကို ချစ်နေပြီ မိပုံ့”တဲ့...။
အဲလိုကြီးတော့ မဟုတ်ပါဘူး...အဖြူရောင် သံယောဇဉ် လို့ ပုံ့ ငြင်းခဲ့ပေမဲ့...အေးစံကတော့ ထောင့်ငါးရာ ကျော်နေတဲ့ အချစ်လို့ စွပ်စွဲပြန်သည်..။
ဒီလိုသာဆို...ခဲအိုကို....မဟုတ်ဘူး...မဟုတ်ပါဘူး...ပုံ့ နဲ့ ကိုကို ချစ်လာတာ ဟိုး ငယ်ငယ် ကတည်းကလေ....။
ခေါင်းတွေကို ရမ်းရင်း မျက်ရည်တွေ ပြိုကျလာတော့ လက်နှစ်ဖက်နဲ့ နိုင်နိုင် သုတ်ပစ်နေရသည်..။
ပုံ့ ၀မ်းနည်းမိတာ မထင်ထားပဲ ပြောင်းလဲသွားတဲ့ ကိုကို့ ကြောင့်ပါ...။
အနားမှာ အချိန်တိုင်း အတူတူ ရှိနေတဲ့ သူ တစ်ယောက်ကို ကိုယ်ပိုင်တဲ့ လူလို့ပဲ လွယ်လွယ်တွေးထားခဲ့မိတယ်..
ရုတ်တရက် ဝေးကွာ ရတော့မယ် ဆိုတဲ့ အချိန်မှာ နှလုံးသားရဲ့ စစ်မှန်တဲ့ ခံစားချက်တွေ ပေါ်ထွက်လာခဲ့ပေမဲ့ အရာအားလုံး နောက်ကျသွားခဲ့ပြီလား.။
ပုံ့ က မိန်းကလေး..တကယ်လို့ ချစ်မိရင်တောင် အပြစ်ဖြစ်တော့မှာပေါ့...။
ဘာမဆို ရင်ဖွင့်ရဲခဲ့တဲ့ ကိုကို့ ကိုတောင် ဘယ်လို ပြောရမလည်း..
ကိုကို့ ကို မရိုးမသားစိတ်နဲ့ ချစ်နေမိပါပြီ လို့ ၀န်ခံလိုက်ရင် ကိုကို့ရဲ့ တုန့်ပြန်လာမဲ့ မျက်၀န်းတွေ ကို အဓိပ္ပာယ်ဖော်ရင်း မောရသည်..။
ရိုးရိုးချစ်တာလား ဆန်းဆန်း ချစ်တာလား ကိုယ်တိုင် မသိပေမဲ့..
သူစိမ်းမဆန်တဲ့ ကိုကို့ အနားမှာ အမြဲ မခွဲပဲ တူတူ နေချင်တာတော့ သိသည်..။
“ဂျောက်...”
အိမ်တံခါး ဖွင့်သံကြားတော့ ပုံ့ မျက်ရည်တွေ ကို စင်အောင်သုတ်ပစ်လိုက်ပြီး ပန်းကန်တွေကို သိမ်းလိုက်ရသည်..။
ကြက်ဥတောင် အဖြစ်ရှိအောင် မကြော်တက်တာ ကိုကို သိလို့ မဖြစ်...။
“ကိုကို ပြန်လာပြီလား..”
“ဟင်..ပုံ့...”
ကိုကို က ဘယ်လိုရောက်နေတာလည်း ဆိုတာ ကို ပါးစပ်ကမမေးပေမဲ့ မျက်လုံး နဲ့ မေးနေသလိုပါပဲ...။
ပုံ့ ပြုံးပြလိုက်ပြီး ကိုကို့ အနားကို ရောက်အောင် သွားလိုက်ရသည်..။
“ကိုကို့ ကို ထမင်း ကျွေးဖို့ စောင့်နေတာလေ..မေမေကြည်က လူနာသတင်းမေး သွားတယ်..”
“သြော်..”
“ကိုကို ထမင်းစားတော့မလား..”
“ဟမ်..သြော်...ဖိုင်လာပို့တာ..ကိုကို စားခဲ့ပြီ...အိမ်မှာ ပုံ့ ရှိတာပဲ....သော့ မပိတ်တော့ဘူးနော်...”
မနက်စာကို အိမ်မှာ အမြဲ ပြန်စားတက်တဲ့ ကိုကို က ပုံ့ ကို တွေ့တာနဲ့ စားပြီးပြီတဲ့လေ...။
မျက်နှာချင်းဆိုင်တွေ့ရင်တောင် ရှောင်လွဲပစ်ရလောက်အောင် ပုံ့ရဲ့ အပြစ်က ဘာများလည်း သိချင်ပါရဲ့...။
ကိုကို တမင်ရှောင်နေတာ သေချာသွားတော့ ပုံ့ မာနလေးတွေ ထကြွလာရသည်..။
ကျောခိုင်းပြီး အိမ်ရှေ့ခန်းကို ထွက်သွားတဲ့ ကိုကို နောက်ကိုပြေးလိုက်ပြီး ရှေ့မှာ လက်ဆန့်တားလိုက်သည်..။
“ဟိုး...စတော့ပ်...ဘယ်လို ဖြစ်တာလည်း ခယ်အိုရဲ့...တမင်ရှောင်နေသလိုပဲနော်..ခယ်မလေးက ခဲအို ကို စကားပြောချင်လို့ ထွက်မျှော်နေရတယ်  ဆိုတာ သိပ်တော့ အမြင်မကောင်းဘူးမလား..အဟက်...”
ကိုကို့ ရဲ့ မျက်၀န်းမှာ မယုံနိုင်တဲ့ အံသြရိပ်တွေ ဖြတ်သန်းသွားတော့ ပုံ့ နှုတ်ခမ်းတွန့်ခါ ပြုံးလိုက်သည်..။
ဘယ်လိုလည်း ကိုကိုရဲ့ ပုံ့ ဆိုတာ အရိုင်းအစိုင်းပါလား လို့ တွေးနေပြီမလား...။
“ဒါ ဘာစကားလည်းကွာ...ဘယ်လို ပြောလိုက်တာလည်းဟင်...ပုံ့..”
ကိုကို ရဲ့ မာကြောတဲ့ လေသံကြောင့် ပုံ့ ရဲ့ စိတ်တွေ တစ်ခဏအတွင်း ၀မ်းနည်းသည့်ဘက်ကို ကူးပြောင်းခါ မျက်ရည်တွေ စို့လာတော့သည်..။
“မသိဘူး...ပုံ့နေမကောင်းဘူး ကိုကို...ရင်ဘတ်ထဲမှာ နေလို့ မကောင်းဘူး...ဘာတွေ ဖြစ်နေတာလည်း ပုံ့ မသိဘူး..ရူးသွားရင် ..မဟုတ်ဘူး..သေသွားခဲ့ရင် ကောင်းမှာပဲ “
ကိုကို က ပုံ့ ပခုံးကို ကိုင်ပြီး ဆိုဖာမှာ ထိုင်ခိုင်းဖို့ ကြိုးစားနေပေမဲ့ ပုံ့ မထိုင်ရဲတော့ပါ...။
ဒီနေရာကနေ အဝေးဆုံးကိုသာ ထွက်ပြေးချင်မိသည်..။
“ဘာဖြစ်လို့လည်း ညီမလေး...အာကာဖြိုး နဲ့ ရန်ဖြစ်လို့လား...”
ပုံ့ ရှေ့ မှာ ငုံ့ပြီး ရပ် ကြည့် နေတဲ့ ကိုကို့ ကို နားမလည်နိုင်စွာ မော့ကြည့်မိသည်..။
ကိုကို့ ရဲ့ ကရုဏာ မျက်၀န်းတွေကို ခပ်စူးစူးလေး ကြည့်လိုက်ပြီး မျက်ရည်တစ်ဖက် စီးကျလာခါ ရှိုက်လိုက်မိသည်..။
“ပုံ့ရယ်....တစ်ဖက်နဲ့ တစ်ဖက် ညှိမှပေါ့...အခုလို ဖြစ်နေတာထက် သေချာရှင်းလိုက်ရင် ပြေလည် သွားမှာပါ....”
“အင့်...ဟုတ်တယ်...အခု ဖုန်းဆက်ပြီး ချော့ကြည့်မယ်....ကိုကို့ ကိုရင်ဖွင့်လိုက်ရတော့ ပေါ့သွားပြီ...ပြန်တော့မယ်နော်..”
“ပံုံ့...”
ခြံတံခါးကို လက်နဲ့ တွန်းဖွင့်ပြီး အိမ်ဘက်ကို ပြေးလာပေမဲ့ မျက်ရည်တွေက အတားအဆီးမဲ့ပြီး လွတ်လပ်စွာ ကျဆင်းလာသည်..။
မွန်းကြပ်လွန်းတဲ့ ခံစားချက်တွေ ပျောက်ဆုံးကုန်တဲ့ အထိ မျက်ရည်တွေ ခမ်းခြောက်ကုန်တဲ့ အထိ ငိုကြွေးနေပါရစေတော့...ကိုကိုရယ်...။

━━━━━━━☆☆━━━━━━━

မတင်ရမနေနိုင်လို့ 😁
စောစောထတင်သွားတယ်နော်
အမြန်ရေးပြီး မစစ်ရလို့ ဖတ်မကောင်းရင် ခွင့်လွှတ်ပါ 🙏

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love u all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now