Part 10

3.7K 192 1
                                    

ပိုင်ရှင်
အပိုင်း (၁၀)
#ပိုင်ရှင်

“ကလင်...ကလင်.....”
ရင်ခုန် စိတ်လှုပ်ရှား ခြင်း များစွာနဲ့ ဖုန်းဘေးမှာထိုင်စောင့်နေတာ အသက်တောင် ခပ်ပြင်ပြင်း မရှုဝံ့...။
ဖုန်းမြည်သံ က ကျယ်လောင် လွန်းနေ သလို ရင်ထဲမှာ တုန်တက် သွားရသည်..။
“ဟလို....”
“အဟင့်....ကိုကို...”
“ညီမလေး...ဘယ်လိုလည်း..”
“ဟီး..”
ပုံ့ပုံ့ ငိုသံကြောင့် မာန်သွေး ရင်ထဲ လှုပ်ခတ်သွားရခါ စိတ်မကောင်းလည်း ဖြစ်မိသည်..။
“အားမလျော့ပါနဲ့ကွာ...နောင် တစ်နှစ် ဖြေလို့ရပါတယ်...ကြိုးစားခွင့် ရှိပါတယ်  ညီမလေးရယ်..”
“ပုံ့လည်း ပြန်ဖြေချင်တာ....”
“ဖြေရမယ်လေ...”
“ဂုဏ်ထူး နှစ်ခုထဲ ပါတယ်လေ....ဟီး..”
“ဟမ်...ဘာ....ဘယ်လို....”
“အဟင့်...ဟုတ်တယ်...ဘာသာစုံ မပါဘူး..”
“အိုး...ကွာ....ပုံ့...”
မာန်သွေး စိတ်ထဲ အလိုမကျမှုဖြင့် မျက်နှာလည်း ရှုံ့မဲ့ တက်သွားရသည်..။
ဘယ်လို ကောင်မလေးလည်း..ဒီမှာက သူ စာမေးပွဲ မအောင်လို့ ငိုနေတယ် ထင်ပြီး စိတ်မကောင်း ဖြစ်နေရတာ...သူက ဘာသာစုံ ဂုဏ်ထူးတဲ့.....ဟူး...။
“အခု လည်း ဂုဏ်ထူး ပါသားပဲ....အမှတ်ကောင်းရင် ရွေးစရာ အများကြီးပဲ ရှိတယ်လေ...”
“ဆေး မမှီဘူး..”
“ဆေး...အိုး...ညီမလေး တက်ချင်ရင်တောင် ခွင့်မပြုဘူး..ဒီလောက် ပင်ပန်းတဲ့ ကျောင်းကို တက်ချင်တယ် ဟုတ်လား...မရဘူး..မတက်ရဘူး..”
“အိုး..ကိုကိုကလည်း..ခုလည်း မတက်ရတော့ဘူးလေ...”
“ကဲ ထားတော့..နောက်မှ ဆက် ဆွေးနွေးမယ.်...အောင်စရင်းထွက်မယ် ဆိုကတည်းက ရန်ခုန်နေတာ သေတော့မယ်....”
“ဟိ...အဲလိုလား..ဆောရီး ကိုကို...ကိုကြီးကိုလည်း ပြောလိုက်ဦးနော်...”
“အင်း...ဒါပဲ...”
ဖုန်းချပြီးတာနဲ့ အောက်ကို ပြေးဆင်းလာပြီး ကိုကြီး ကို အရင် ရှာရသည်..။
ကိုကြီး က သူ့ နားရက်ဆို အပင်တွေဆီ သွားမယ်..တစ်ခါတစ်လေ ခြံထဲမှာ အေးဆေး ထိုင်ပြီး ဂစ်တာ တီးနေတက်သည်...။
အရင် လို တစ် ဝိုင်းဝိုင်း မလုပ်တာ သုံးနှစ်တောင် ကြာခဲ့ပြီ....။

“ကိုကြီး..”
“ဟမ်..”
“ပုံ့ အောင်တယ်...ဂုဏ်ထူး နှစ်ဘာသာပဲ ပါလို့ ငိုနေချည်ရဲ့..”
“အိုး..အောင်တာတော်ရောပေါ့ကွာ..မင်း ညီမလေးက လောဘ ကိုကြီးတယ်...”
“ဟုတ်တယ်...”
ကိုကြီး ရှေ့က ခုံမှာ ၀င်ထိုင်လိုက်ပြီး ရေနွေး ငှဲ့ ထည့်ခါ နည်းနည်းမှုတ်သောက်ရသည်..။
ဂစ်တာ ကြိုးညှိနေရင်း စိတ်မရှည်သလို ကျစ်သပ်နေသည့် ကိုကြီး ကိုငေးခါ ဝိုင်းကို အပြစ်တင်မိသည်..။
ပိတ်ရက် ရလို့ အိမ်ပြန်ရင် ဝိုင်း နဲ့ ပုံ့ ဘယ်သော အခါမှ မရှိ....
ကိုကြီးကလည်း ဘာစိတ်ကူးပေါက်ပြီး ဒီမှာ အလုပ်ဝင်လိုက်လည်း မသိပေမဲ့ မာန်သွေးပါ တောင်ပေါ်မှာ သောင်တင်နေရသည်..။
တစ်နှစ်ကြာ ရင် ရန်ကုန်ကို ပြန်ပြောင်းလို့ ရပြီဆိုတော့  လေးနှစ်တောင် ကြိတ်မှိတ် သည်းခံခဲ့တာကို ထောက်ပြီး ပြန်ဖို့ မပြောဖြစ်တော့ပါ...။
၀ိုင်းက ဘာလို့ ရှောင်နေတာလည်း...။
၀ိုင်းက ကိုကြီး ကို ရှောင်နေတော့ ပုံ့ နဲ့ မာန်သွေးလည်း တစ်ခါမှ မတွေ့ရတာ ငါးနှစ်ပြည့်တော့မည်..။
တစ်ပတ် တစ်ခါ ဖုန်းပြောပြီး ရင်ဖွင့်သည့် အလေ့အထလေး ရှိနေလို့သာ အဆက်အသွယ်မပျက်ခဲ့ရတာ...။
အရင်လို အစ်မ ကို မပြောရဲလို့ မာန်သွေးကို ပြောရသည့် ကိစ္စတွေ သိပ်မရှိတော့  ဝိုင်းကို မနာလို ပြန်ဖြစ်နေရသည်..။
၀ိုင်း နဲ့ ပုံ့ က တကယ့် သူငယ်ချင်းတွေလို ဖြစ်သွားတာ ၀မ်းလည်းသာသည်...။
တစ်ခါတလေ ကောင်လေးတွေ စကားလိုက်ပြောတယ် ဆိုတဲ့ အကြောင်းကို ရယ်ပြီး ပြောပြရင် မာန်သွေး စိတ်တိုရသည်..။
ဆယ်တန်း တက်နေချိန် တစ်လျှောက်လုံး မာန်သွေး နဲ့ ပုံ့ သိပ်အကြောမတည့်လှ...။
မာန်သွေးက စာကို ဖိလုပ်စေချင်ပေမဲ့ သူက ကောင်လေးတွေ စာလိုက်ပေးတဲ့ အကြောင်း ဆံပင်ဖြောင့်တာ လေးနာရီ ကြာတဲ့ အကြောင်း  အင်တာနက် က သူငယ်ချင်း နှစ်ယောက် အကြောင်း စသည့် အချိန်ဖြုန်းတဲ့ အကြောင်းအရာများကို တင်ပြရင် ဆူမိတော့သည်..။
တစ်ခါတစ်လေ လူငယ်ပီပီ ဖုန်းကို ဂွက်ကနဲ့ ချသွားတော့ စိုးရိမ်ရပြန်သည်..။
နောက်တစ်ပတ်များ ဖုန်း မဆက်တော့ရင် ဆိုတဲ့ အတွေးနဲ့ ဆူလိုက်မိတာ နောင်တရချင်သည်..။
ဒါပေမဲ့ ပုံ့က ဘယ်သောမှ တစ်ပတ်ကြာအောင် စိတ်မဆိုးပဲ တစ်ပတ်ပြည့်တာနဲ့ ဖုန်းဆက်သည်..။
အဲ့အချိန်ကျပြန်တော့ ကိုယ်ကပဲ နည်းနည်း လျော့ပေါ့ပြောပြီး လေပြည်တိုး ရတော့သည်..။
စာကို ဂရုစိုက်ပါ...အလှအပ ကိစ္စ အ၀၀ကို ထုတ်ပိုးပြီး တက္ကသိုလ်ရောက်မှ ဖြည်ချပါလို့ မနည်းတောင်းပန်ပြောထားရသည်..။
ဒီလိုကျပြန်တော့ ပုံ့ပုံ့ က ချစ်စရာကောင်းလောက်အောင် စကားနားထောင်သည်..။
မမြင်ကွယ်ရာမှာ ရှိနေပေမဲ့ ယုံကြည် စိတ်ချရသည်..။
“ကိုကို့ စကားနားထောင်ပြီး ရုပ်ရှင်တောင် မကြည့်ရဘူးနော်..”
“အမ်းပါ...ကျေးဇူးတင်ပါတယ်..အစ်မရယ်...”
“ကိုကိုလည်း လိမ်လိမ်မာမာနေနော်...မိန်းမရနေပြီလား..”
“ဟ...ဖြဖြ...”
“ခစ်..ခစ်....”
“ဒါပဲ..ကိုကို...ဟောင်းဟတ်ဆူ...”
တစ်ခါတစ်လေ မဖြူစင်တော့သည့် ရင်ခုန်သံတွေကို ကြောက်လန့် တကြား ဟန့်တားနေမိသည်..။
တစ်ခါတစ်လေတော့လည်း အလွမ်းကို ရင်မှာ ပိုက်ပြီး သတိရနေမိတာလေးကို ကြိုက်နှစ်သက်သည်...။
ကိုယ် ပျိုးသော ပန်း တစ်ပွင့်ကို ကိုယ်တိုင် ခူးယူချင်နေတဲ့ စိတ်တွေကို တစ်ခါတစ်လေ ဒေါသထွက်ရပြန်သည်..။
ဒီလိုနဲ့ ကိုကြီး ရဲ့ စိတ်တွေကို နားလည်လာပြီး ကိုယ်ချင်းစာမိသလို ရှိသည်..။
ကလေး တစ်ယောက်ရဲ့ တွယ်တာခင်မင်တက်တဲ့ စိတ်ကို ဘယ်လို အရောင်ပြောင်းရဲ ပါ့မလည်း..။
တစ်ယောက်တည်း ခံစားချက် ပေါင်းစုံ ဖြစ်နေရသည့်  ကိုယ့် အဖြစ်ကိုလည်း မကျေနပ်...။
ဒါပေမဲ့ သေချာနေပါပြီ...ပြေးလေ နီးလေ ဖြစ်နေတဲ့ ဘ၀မှာ
သူ ဖုန်းမဆက်တော့မှာ တောင် သေလောက်အောင်ကြောက်နေမိပြီ.။
မုန်းသွားရင်တော့.....။
သက်ပြင်း တစ်ချက် ကြိတ်ချရင်း ပုံ့ ကို လက်ဆောင်ဝယ်ပေးဖို့ သတိဝင်လာသည်။
“ညစျေး တစ်ခါသွားရဦးမယ်..”
“ဘာဖြစ်လို့လည်း...”
“ပုံ့ ကို လက်ဆောင်ပေးရမယ်လေ....”
ကိုကြီးက နှုတ်ခမ်းမဲ့ရင်း ခေါင်းရမ်းနေတာ မာန်သွေးကပဲ အပိုတွေ လုပ်နေသလိုလို...
ပုံ့ကို စာမေးပွဲ အောင်တိုင်း တစ်ခုခု လက်ဆောင်ထည့်ပေးနေကျပဲလေ...
အခုလို ဆယ်တန်းကြီး အောင်မြင်တာ ပိုတောင် ဂရုစိုက်သင့်တာ....
ကိုကြီး  ဘာတွေလွဲနေပါလိမ့်...
“ရန်ကုန်မှာ နေတဲ့သူကို တောင်ပေါ်က လူက လက်ဆောင်ပြန်ထည့်ပေးနေတာ မဟုတ်သေးပါဘူး....”
“ပုံ့ အကြောင်း ကိုကြီး သိသားပဲ... အခုလည်း ဆွယ်တာမှာထားတယ်... ဆွယ်တာတောင် ကျောင်းမှာ ဝတ်ဖို့
အဖြူရောင် မြန်မာဝတ်စုံ ဆန်ဆန် တဲ့....တော့်တော့် ကို ရှာယူရဦးမယ်...”
“ဟား...ဟား...ကောင်းတယ်...ရှာတော့ ညီ..”
ကိုကြီးက ပုံ့ အနိုင်ယူပုံ ကို သဘောကျစွာ အားပေးနေတော့ မာန်သွေးလည်း ပြုံးမိသည်။
“ကိုကြီး အခုနေ ဝိုင်း ကို ပြန်တွေ့ရင် မှတ်မိပါ့မလား...”
“မှတ်မိတာပေါ့...ခွေးချီသွားတောင် မှတ်မိတယ်...သူ့ ဆံပင် ကြည့်တာနဲ့ သိတယ်...မင်းကော ပုံ့ပုံ့ကို မှတ်မိလား...”
“မှတ်မိမယ် ထင်တာပါပဲ...”
မာန်သွေး ရယ်ရင်း မရေမရာ အဖြေပေးလိုက်တော့ ကိုကြီး က အော်ရယ်သည်..။
မလုံမလဲဖြင့် ကော်ဖီ ခွက်ဆွဲသောက်လိုက်တာ ပူလွန်းလို့ လျှာတောင် ပြူတစ်တစ် ထွက်သွားရသည်..။
“ဟား..ဟား..ငါ ခုပဲ ထည့်ထားတာ..”
“သိဘူးလေ..”
“မင်း ထိုင်ကြည့်နေတာ မဟုတ်ဘူးလား..”
“....”
”ဘာလည်း...၀င့်ဝါ ဆီ ရောက်နေလို့လား..”
“မဟုတ်ပါဘူး...”
၀င့်ဝါ ဆိုတဲ့ ဆေးရုံမှ သူနာပြုမလေးက သူနာပြုသာ မဖြစ်ရင် မင်းသမီး ဖြစ်လောက်သည်လို့ ဝေဖန်ရလောက်အောင် ချောပါသည်..။
တစ်ခါတလေ ဇွတ်မှိတ်ချစ်ကြည့်ချင်သည်...တစ်ခါတလေ ပုံ့ ကို တွေးလိုက်မိတာနဲ့ ကြောက်ရသည်..။
“ကိုကြီး ဝိုင်း ကို သတိရလား..”
“တစ်ခါတလေပေါ့..”
“ဝိုင်း ကို ညီမလေး တစ်ယောက်လိုပဲလား..”
“အေးပေါ့...”
“မဟုတ်ဘူးလေ...ဝိုင်းက ကိုကြီး နဲ့ သုံးနှစ်..မဟုတ်ဘူး..နှစ်နှစ်ကျော်ပဲ ကွာတာ...အဲဒါ...”
“ချစ်ဖို့လား...ဝိုင်းကို ချစ်လို့မရဘူး...ဝိုင်း မှာ ဦးနှောက်နဲ့ စဉ်းစားပြီး ချစ်စရာကောင်းလောက်တာ ဘာမှ မရှိဘူး....ညီ...”
ကိုကြီး စကား ကြောင့် မာန်သွေး စိတ်ထဲ စပ်ဖျဉ်းဖျဉ်း ဖြစ်သွားရသည်.။
ချစ်တာ ဦးနှောက် လိုသလား လို့ မေးခွန်း ထုတ်ပြချင်သည်..။
လည်ချောင်း၀ က စကားလုံးတွေ ကို ကော်ဖီ ခပ်နွေးနွေးနဲ့ မျှောချ လိုက်ရသည်..။
.
“ရှင့် သားကြီးက လွန်တယ်...”
“ဘာဖြစ်ပြန်ပလည်း..”
“အရင်တုန်းက ဝိုင်းမှ ဝိုင်း ဆိုလို့ အခု တီးခေါက်ကြည့်တာ ခါးခါးသီးသီးပဲ...”
“သူ့ အကြောင်း ရှိလို့ နေမှာပေါ့...”
“အခု  ဝိုင်းလေးက တည်တည်ငြိမ်ငြိမ်လေး ဖြစ်နေပြီ မဟုတ်လား...သူတို့ ပြန်ပြောင်းလာခါနီး ပြီဆိုတော့ ပြောကြည့်တာပေါ့...အခုမှ သူက စိတ်မ၀င်စားတော့ပြန်ဘူး..”
“ဘာပြောလို့လည်း..”
“သူက အခု ဆရာ၀န် လုံးလုံး ဖြစ်သွားပြီတဲ့...ဝိုင်း က သူနဲ့ လိုက်ဖက်တဲ့ အိမ်ထောင်ဘက်လို့ မေမေ ထင်နေတာလားတဲ့...”
“တောက်...လူပါး၀လို့..”
“ကျွန်မ လည်း စိတ်ဆိုးလို့ ဖုန်းမခေါ်ဘူး..သုံးရက်လောက် ပစ်ထားလိုက်အုံးမယ်..”
“ကောင်းတယ်..”
၀ိုင်း နှုတ်ခမ်းတွန့် ပြုံးမိရင်း ခြေလှမ်းတွေကို နောက်ပြန်ဆုတ်ခါ ခြံတံခါး ကို အသံမြည်အောင် တွန်းလိုက်သည်..။
“မေမေကြည်ရေ...”
“သြော်...အေး...သမီး လာ...”
“ ပေါင်မုန့် ကြက်ဥကြော်တာ နောက်ကျသွားတယ်...”
“မေမေ တို့ စားနေတုန်းပါပဲ...လာလေ..တစ်ခါတည်းစား..”
“ဝိုင်း ဆိုင်သွားဖို့ ရှိလို့ပါ မေမေ..”
“အေး..ဟုတ်သားပဲ...တို့ သမီး ကတော့ တစ်နေ့ထက် တစ်နေ့ ပိုလှလာတယ်..”
“ပုံ့ ကြားရင် အော်ငိုနေအုံးမယ် ဟိ...”
“ဖေဖေကြီး သွေးပေါင် ချိန် အုံးနော်..”
“အေး သမီး..”
ကိုယ့် မိဘအရင်းလို ချစ်ရတဲ့ ဖေဖေကြီး နဲ့ မေမေကြည် တို့ကြောင့် ဒီအိမ်ကိုတော့ ဝိုင်း လာနေရမှာပဲ..။
ကိုကြီး ကို မမုန်းပါဘူး...ဒါပေမဲ့ နာတယ်...။
.
“မမ သွားတော့မလား...ပုံ့ လိုက်ပို့မယ်..”
“အမယ်...ကားမောင်းချင်လို့ မလား..သိသားပဲ...”
“ဟိ...ဟုတ်တယ်....”
“အင့်..”
မမ က ကားသော့ ပစ်ပေးတော့ ပုံ့ လှမ်းဖမ်းလိုက်ပြီး ကျောပိုးအိတ် အသေးယူခါ ပြေးထွက်လာခဲ့လိုက်သည်..။
“ဟော...မမ...မောင်လေး  ရောက်နေပြီ..”
“တော်ပါ ပုံ့ရယ်..တည်တည်နေ...ဒီကောင်လေး လွယ်တာ မဟုတ်ဘူး..”
“ရုပ်ကလေး က ချောပြီး မမ လိုချင်နေတာတော့ မမိုက်ပါဘူး...မမ ညီမလေး ဆိုပြီး မိတ်ဆက်ပေးပါလားဟင်..”
မမ က ပိုက်ဆံ အိတ်နဲ့ လှမ်းရိုက်ပြီး ဆံပင်ရှည်တွေကို နောက်ကျောဘက်ကို ပို့လိုက်သည်..။
မမရဲ့ အလှက ခေါင်းစ ခြေဆုံး ဖြစ်နေလို့ ယောင်္ကျား တော်တော် များများက လည်ပြန်ကြည့်ကြသည်..။
အရင်က နိုင်လွန် တက်ထရွန် အထည်စ လောက်သာ ရောင်းတဲ့ဆိုင်က အခုတော့ မမ ကြိုးစား ရုန်းကန်ရင်း ပိုးထည်တိုက်ဖြစ်နေပြီလေ...။
ဆိုင် လည်း ဖွင့်ထားသည်မို့ မြန်မာ ၀တ်စုံတွေကို သာ သူ့ ကိုယ်ပိုင် ဒီဇိုင်းနဲ့ ကိုယ်တိုင် ချူပ်ပြီး ၀တ်တက်သည်..။
ဆံပင်ရှည် ပေါင်လည် လောက် ဖြောင့်စင်းစင်း ခပ်ထူထူ ကို မိန်းကလေးတွေလည်း လည်ပြန်ကြည့်တက်ကြသည်..။
“ကားကို ဂရုစိုက်မောင်းနော်..”
“ဟုတ်..”
“လှိုင်  နဲ့ အတန်း တူတော့ တော်သေးတယ်...အေးစံ ကို လည်း အိမ်က လာမခေါ်ရင် ၀င်ပို့ ပေးလိုက်..”
“သူတို့က မမ ညီမလား..”
“ဟုတ်တယ်...”
ပုံ့ နှုတ်ခမ်းစူလိုက်တော့ မမ က ပါးကို ခပ်ဖွဖွ လိမ်  လိုက်ပြီး ရယ်သည်..။
“ကိုကြီး တို့ ပြန်လာမယ်ဆိုတော့  ပျော်လိုက်တာ..အရင်ကဆို တစ်ခါမှ မတွေ့ဖြစ်ဘူးနော်...ကိုကြီးကတော့ မမ ကို မှတ်တောင် မှတ်မိမှာမဟုတ်ဘူး..သူ သွားခါစက မမ က ရုပ်ဆိုးဆိုးကြီးလေ...အခုတော့ နတ်သမီးလေး ဖြစ်နေပြီ..”
“နဂို ရှိလို့ နဂိုင်း ထွက်တာပါနော်...ပုံ့ပုံ့ ကိုကြည့် ဒီတိုင်းပဲ ဆိုတဲ့ စကားကို ခံနိုင်ရည် ရှိအောင် ကြိုးစားထား အမိ...”
“ဟွင့်...ပြောအား ရှိတယ်ပေါ့..ဒုတိယနှစ်ကျောင်းသူ ....ကလေး မဟုတ်ဘူး သိရဲ့လား..”
“ခစ်..ခစ်....ဟုတ်လား..မထင်ရဘူးနော်...”
“ချစ်ဖို့ ကောင်းတယ်မလား..”
“အိုစာလွန်းတယ်...”
“ဟာ...မမ...”
ပုံ့ပုံ့ ကို ကောင်းကောင်း စပြီးတော့မှ ပိုက်ဆံအိတ်ကို လွယ်ပြီး ဆိုင်ရှေ့ကို အိနြေ္ဒရရ လျှောက်သွားသည်..။
မမ ကို ချည်းကပ်လာတဲ့ သူတွေထဲမှာ ဒီတစ်ယောက်ကတော့ တော်တော် ဇွဲကောင်းသည်..။
ပုံ့ပုံ့ ပခုံးတွန့်လိုက်ပြီး ကားကို ချိုးကွေ့ခါ ကျောင်းသွားဖို့ ဦးတည်လိုက်ရသည်.။
“မမမူ...”
ဆိုင်ထဲ ၀င်ခါနီး ခြေလှမ်းတွေကို ရပ်တန့် ပစ်လိုက်ပြီး စိတ်ထဲမပါပဲ ပြုံးပြလိုက်ရသည်..။
“ အဖြေပေးပါလား...”
“ပေးပြီးသားလေ...”
“ထပ်ကြားချင်လို့ပါ...”
၀ိုင်း စိတ်မကောင်းဖြစ်မိခါ မျက်နှာက အပြုံးတောင် လျော့ကျသွားရသည်..။
မချစ်နိုင်ဘူး လို့ ပြောပြီးရင် သူခေါင်းညိတ်မယ်...ပြီးရင် မ ကို ဇော် ချစ်တယ်လို့ ပြောမယ်..မနက်ဖြန် မနက် အဖြေ  လာတောင်းဖို့ စောင့်နေမယ်..
ဒါနေ့တိုင်း သူ မပျက်မကွက် လုပ်နေကျ အလုပ် တစ်ခုပင်...။
ဒီလို နေ့တိုင်း လုပ်နေလို့ တစ်ခါ တစ်လေ သူ မလာဖြစ်ရင် ဘာစိတ်မှ မရှိပေမဲ့  စိတ်ပူ မိသည်..။
ခင်မင်နေတဲ့ သူ တစ်ယောက် ကို မတွေ့ရသလို ခံစားရသည်..။
ခါးခါးသီးသီး ငြင်းလွှတ်ဖို့ ကိုလည်း အလုပ်သဘောအရ ပတ်သက်နေသူမို့ ပြောရခက်လှသည်..။
“မမ မချစ်နိုင်ဘူး ဇော်...”
“…..”
“ပြန်တော့လေ...ကျောင်း တက်ရမယ် မလား...”
“ဟုတ်..”
ခေါင်းညိတ်ခါ စကားနားထောင်ပြီး လှေကားထစ်တွေကို ဆင်းသွားတော့ ဝိုင်း ပြုံး လိုက်ရင်း ဆိုင်ထဲ အမြန်၀င်ခဲ့လိုက်သည်..။
သူ မေ့သွားတဲ့ စကားတစ်ခွန်းကို အပြေးအလွှား လာပြောမှာ ကြိုသိနေသည်..။
“ဟာ...”
ကောင်တာ နောက် ဘက် အခန်းထဲ ရောက်တော့ စားပွဲကို မသွားသေးပဲ တံခါးကို ဟခါ လှမ်းကြည့်လိုက်မိသည်..။
ထင်တဲ့ အတိုင်း ခေါင်းကို တွင်တွင် ကုတ်ခါ သူ့ရဲ့ မေ့တက်တဲ့ ဦးနှောက်ကို အပြစ်တင်နေပြီ..။
“မမူ..”
“ဟင်..”
“မန္တလေး ပိုးဇာအလိတ်တွေက အရောင်တူ ခြောက်လိတ်တောင် ပါလာတယ်..”
“အိုး..ဟိန်းစိုး တို့ လုပ်ချလိုက်ပြီ....နေအုံး...မမ ဖုန်းဆက်ကြည့်လိုက်မယ်...”
“ဟုတ်...”
၀ိုင်း စိတ်မရှည်စွာဖြင့် ဖုန်းခွက်ကိုကောက်ပြီး အလွှတ်ရနေတဲ့ ဖုန်းနံပါတ်ကို ကောက်နှိပ်လိုက်သည်..။
“ဟလို..”
“ဟိန်းစိုး..မမမူပါ..”
“ဟုတ်ကဲ့..”
“ပိုးဇာ အရောင်တူ ခြောက်လိတ်တောင် ပါလာတယ်ကွာ....မင်း မမ ကို မွဲဆေးဖော်နေတာလား ဟင်..”
“ဟား..ဟား..မဟုတ်ပါဘူး..မမရယ်...မမ က ကျွန်တော့် ကို မှ ဖုန်းမဆက်တာ..”
“သြော်...ဒါကြောင့် အခုလို လုပ်တယ်ပေါ့..”
“မမ အသံမကြားရတာ ဘယ်လောက်တောင် ကြာပြီလည်း..”
“ကဲ အခုကြားပြီ ဘယ်လို လုပ်မလည်း..”
“အရာင်တူ ခြောက်လိတ်က စက်ရုံ အတွက်ပို့လိုက်တာပါ မနက်ဖြန် လာတင်လိမ့်မယ်..ထည့်ပေးလိုက်နော်..”
“သြော်...ကျွန်မဆိုင်က ရှင်တို့ ကုန်လှောင်ရုံပေါ့လေ..”
“ဟား..ဟား....မမ ရန်တွေ့တာ ခုမှ ကြားဖူးတော့တယ်...အသည်းယားဖို့ ကောင်းတယ်..”
“တော်ပြီ...ဒါပဲနော်...သမီးလေးကော ကျောင်းသွားပြီလား..”
“ဟုတ်..ခါချတာပေါ့လေ...”
“အဟွင်း..”
၀ိုင်း ဖုန်းချပြီးတာနဲ့ ပြုံးမိသည်..။
တစ်ခါတစ်လေ အလုပ်သဘောအရ ပြောဆိုနေကြပေမဲ့ သူတို့ ပြောသမျှကို လိုက်စဉ်းစားနေလို့ကတော့ ကမ္ဘာ လဆန်းအထိ အိမ်မက်ထဲ ဝဲလည်နေရမှာပါလေ...။
ကိုကြီး ရဲ့ ဂရုစိုက်မှုတွေကို တလွဲထင်ပြီး ဆယ်တန်းမှာ စိတ်ကူးယဉ် မိလို့ စာမေးပွဲကျပြီးပြီလေ...
အိမ်မက်တွေ ဆက်မမက်ချင်တော့ပါဘူး...။
.
“မမ သွားမကြိုဘူးပေါ့နော်..”
“အင်း..ဒေါ်စိန်မြ ဆီက မသွားရင် မကောင်းဘူးလေ ...ညီမလေးပဲ ကြိုလိုက်နော်...”
“ကိုကြီးတော့ စိတ်ဆိုးမှာပဲ သိလား..”
“အင်း ..မနက်ဖြန် မှ တောင်းပန်လိုက်မယ်...”
“ဒါဆို ဒါပဲနော်...”
“အင်း..”
ပုံ့ ဖုန်းချပြီးတာနဲ့ သက်ပြင်းတစ်ချက်ပါ ရောချလိုက်မိသည်..။
ကိုကို နဲ့ ကိုကြီး တို့ ပြန်လာတာ ပျော်ချင်လို့ မမ နဲ့ သွားကြိုဖို့ သေချာစီစဉ်ထားခဲ့တာလေ...။
အခုတော့ ပုံ့ တစ်ယောက် တည်းသွားရတော့မည်..။
မမ က အလုပ်များတာ နားလည်ပေမဲ့ ကိုကြီး တို့ ဆိုတာ ပုံ့တို့ရဲ့ အရေးကြီး ပုဂ္ဂိုလ်တွေ ...။
ဟူး...။
မမ က စီးပွားရေးကို ဇောက်ချလုပ်ခဲ့လို့ အခုဆို ဖေဖေ လည်း အလုပ်တွေ အများကြီး လုပ်စရာမလိုပဲ သက်သက်သာသာ နေနိုင်သည်..။
အိမ်မှာလည်း အဆင်ပြေလာသလို ကားလေး တစ်စီးတောင် ပို ၀ယ်နိုင်ပြီလေ....။
အိမ်ကို တိုက်ပြန်ဆောက်တာလည်း မမ ရဲ့ ငွေတွေနဲ့ပါပဲ...။
မမ သနားပါတယ်...တအားပင်ပန်းတာ သိသော်လည်း..ပုံ့ပုံ့ ကျောင်းမပြီးသရွေ့ ကူနိုင်မယ် မထင်...။
.
“သိပါတယ်..”
“လောင်းမလား..”
“တော်စမ်းပါ...”
ကိုကြီး နဲ့ မာန်သွေး ငြင်းချက်တွေ ထုတ်ရင်း လော့ဂတ် တစ်ယောက် တစ်လုံးဆွဲခါ  ထွက်လာခဲ့သည်..။
ကိုကြီးက သူ့ မှတ်ဉာဏ်ကို ယုံပြီး  ပုံ့ပုံ့နဲ့ ဝိုင်းကို မှတ်မိတယ် ပြောပေမဲ့ မာန်သွေးကတော့ မယုံချင်...။
မိန်းကလေးတစ်ယောက်က ငါးနှစ် အတွင်း မမှတ်မိနိုင်အောင် ပြောင်းလွဲ နိုင်သည် မလား..။
“ဟော...ဟိုမှာ ပုံ့ပုံ့..”
မျက်လုံး ဝိုင်းဝိုင်းလေးတွေနဲ့ ဘိုမရုပ်လေးပါတဲ့ တီရှပ် ၀တ်ထားခါ သူ ကိုယ်တိုင်ကလည်း ဘိုမရုပ်လေး အတိုင်းပဲ ပြင်ထားသည်..။
ဦးထုတ် ပန်းရောင်လေးကို ခပ်စောင်းစောင်း ၀တ်ထားပြီး လက်ထဲက နာရီကို ပင့်ကြည့်နေသည်.။
“ဟား..ဟား.....ညီ မင်းတော့ မျက်မှန် လိုနေပြီ...အဲဒါ ပုံ့ ဖြစ်နိုင်မလားကွ...”
“မသိဘူးလေ...ကျွန်တေ်ာ့ စိတ်ထဲက ထင်နေတာ..”
“ဟား..ဟား..သွားမပြောနဲ့ ပါးရိုက်ခံရလိမ့်မယ်...”
“ကျွန်တော်တို့လည်း စောင့် သူတို့လည်းစောင့် ဖြစ်နေပါ့မယ်..”
မာန်သွေး လော့ဂတ်ကို ဆွဲပြီး ပန်းရောင် ကောင်မလေး အနားကို လျှောက်သွားမိသည်..။
သူကတော့ ထွက်လာတဲ့ သူတစ်ယောက်ချင်း စီကို လည်ပင်းလေး ရှည်ပြီး လိုက်ကြည့်နေသည်..။
“ပုံ့..”
“ဟင်...”
“ဟာ...ကိုကို...”
လှည့်ကြည့်ပြီး မာန်သွေးကိုတွေ့တာနဲ့ ရင်ခွင်ထဲတိုးခါ ခါးကို ကျစ်နေအောင် ဖက်လိုက်တော့ ရင်ထဲ ပြောင်းဆန် ကုန်ရသည်..။
“ကိုကို မလား ဟင်..”
“အင်း...”
“ကိုကြီးကော..”
ရင်ခွင်ထဲက ထွက်ပြီး မျက်လုံးဝိုင်းတွေနဲ့ မေးခွန်းထုတ်တော့ မာန်သွေး ကိုကြီး နေရာကို မေးငေါ့ပြလိုက်ရသည်..။
“ကိုကြီး..”
ကိုကြီးကိုလည်း မာန်သွေးကို ဖက်သလို ဖက်ပြီး နှုတ်ဆက်လိုက်တော့ ရင်ထဲ ဟာသွားရသည်..။
သူက ရိုးသားပါရဲ့...ကိုယ် က ဆန်းပြားနေရတာ...အခုတော့ လူချင်းတွေ့ပြီး ပိုလို့ဆိုးကုန်တော့မည်...။
“ဟား..ညီ..မင်းမှန်တယ်ကွ..”
“အင်း..”
‘ဘာတွေလည်း ဟင်..”
ငယ်ငယ်တုန်းက အတိုင်း နှစ်ယောက်စလုံးရဲ့ လက်ကို ချိတ်ခါ အလည်ကနေ ဟိုဘက် ဒီဘက်ကြည့်နေသည်..။
“မဟုတ်ဘူး...ကိုကြီးက ပုံ့ပုံ့ကို မမှတ်မိဘူး မတွေ့တာ ငါးနှစ်ကြာပြီကိုး...ကိုကြီးက အရင် မှတ်မိမယ်ထင်ခဲ့တာ.....ခုတော့ သူ အရင် မှတ်မိသွားတယ်...”
“ဟိ..ဟုတ်လား..ကိုကို....ပုံ့တော့ ကိုကြီးနဲ့ ကိုကို ထွက်လာတုန်းက ဒီ အမြွှာ ကောင်လေး နှစ်ယောက်က ချောလိုက်တာ လို့ တွေးပြီး ကြည့်မိသေးတယ်..”
“ဟား..ဟား...ကိုကြီး က ဒီလောက်နုတယ်ပေ့ါလေ...”
“အွင်း..”
“ကြားလား ညီ..မင်းတော့ သွားပြီ..”
“ကိုကို့ ကို အိုတယ်ပြောတာ မဟုတ်ပါဘူး..နှစ်ယောက်စလုံး ချောတယ်လို့ ပြောတာပါ..”
“ဟား..ဟား..ကွေ့ရှောင်သွားတာနော်..”
ကိုကြီး နဲ့ ပုံ့ က ရင်းရင်းနှီးနှီး စကားပြောနေပေမဲ့ မာန်သွေးကတော့ စကားလုံးတွေ ပျောက်ဆုံးနေရသည်..။
ပုံ့ဆိုတဲ့ ကောင်မလေးက ဒီ အရွယ်ရောက်နေတာ  မယုံနိုင်အောင် ဖြစ်ရသည်.။
အိမ်ချင်းနီးပြီး တစ်နှစ် တစ်ခါ အိမ်ပြန်နေပါ၇ဲ့ သူ ဒီအရွယ်ဖြစ်သွားတာ မသိရတော့ စိတ်မကောင်းလည်း ဖြစ်မိသည်..။
“ဟင်...ပုံ့ တစ်ယောက်တည်းလား..”
“ဟုတ်...”
ပုံ့ရဲ့ အဖြေကြောင့် အောင်သွေး မျက်နှာမှာ အလိုမကျမှုတွေ ဖြတ်သန်းသွားရသည်..။
“ဝိုင်းက ပြေးတုန်းလား...”
“ရှင်..”
“ကိုကြီးတို့ကို မတွေ့ချင်လို့ ရှောင်နေတာမလား.”
“ဟာ..မဟုတ်ပါဘူး..ကိုကြီးရယ်...မမ က အလုပ်ကိစ္စရှိလို့ပါ..ပုံ့ က နောက်ကျနေမှာစိုးလို့ အမြန်ထွက်လာလိုက်တာ...”
ကိုကြီး ရဲ့ မျက်နှာကြောင့် ပုံ့လည်း စိတ်မကောင်းဖြစ်သလို မျက်နှာလည်း ပူရသည်..။
“ကိုကြီးကလည်း အိမ်ကျရင် အမြဲတွေ့ရမယ့်လူတွေကိုပဲ..”
“အခုတောင် အထုတ်ပြင်ပြီး ထွက်သွားပြီ ထင်တယ်..”
“ရှင်..အဲဒါ...”
“ညီ ...ကိုကြီး...အိမ်မပြန်ပဲ တည်းခိုခန်းမှာ တည်းရင် ကောင်းမလား..”
“ဟာ..ကိုကြီး ရယ်...ပုံ့တောင်းပန်ပါတယ်...မမ က အဲလို မဟုတ်ပါဘူး....”
ပုံ့ ပျာပျာသလဲ တောင်းပန်တော့ကိုကြီး က မျက်နှာပြင်လိုက်ပြီး ပြုံးပြရင်း..
“ကိုကြီးကြောင့် ပုံ့တို့ အနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ...”
“မဟုတ်ပါဘူး...”
“ကိုကြီးကလည်း ကလေး ကျနေတာပဲ..”
ညီ့ စကားကြောင့် အောင်သွေး ဒေါသထွက်ပေမဲ့ မြိုသိပ်ထားလိုက်ပြီး ကားလမ်းဘက်ကို သာ ကြည့်နေလိုက်သည်..။
၀ိုင်း နဲ့ ပတ်သက်တိုင်း အိနြေ္ဒသိက္ခာ မဲ့တဲ့ အပြုအမူတွေ လုပ်မိတာ များလှပြီ...။
အကြိမ်ကြိမ် ထိန်းချူပ်ထားတိုင်း ဘာကို အလိုမကျရမှန်းမသိ...။
စိတ်ရှိတ်ိုင်းသာ လုပ်ခွင့် ရှိရင် ဝိုင်းရဲ့ ဆိုင်ကို လိုက်ပို့ ခိုင်းပြီး လက်မောင်းနှစ်ဘက်ကို ထွက်မပြေးအောင် တင်းတင်း ဆုပ်ကိုင်ပြီးမှ မျက်နှာချင်း ဆိုင်မေး မိမှာပါ..။
မုန်းလို့ ရှောင်နေတာလား..မေ့ လို့ ရှောင်နေတာလား..
အခုတော့ လေးစားမှု မရှိပဲ မတူ မတန်သလို လုပ်နေတယ်လို့ ခံစားမိပြီး..ဒေါသဖြစ်ရသည်..။
သူက ဘာမို့လို့လည်း ဆိုတဲ့ မာနအတွေးနဲ့ ခဏခဏ ဥပက္ခာပြုခဲ့သည်..။
ထို ခဏ ဆိုတာလည်း ခဏကြာပြီး ခေါင်းထဲ ပြန်ရောက်လာရသည်..။
“ဝိုင်းက ချစ်သူရနေပြီထင်တယ်..”
“အဟွန်း မဟုတ်ဘူး ကိုကြီးရဲ့..မမ က အားလုံးကို ခါချနေတယ်လေ...”
ခါတောင်ချနေရတယ်ဆိုတော့ တော်တော်လေး ကို အထင်ကြီး စရာ ပြောင်းလဲလာတာပဲလို့ တွေးမိရင်း ဟက်ကနဲ့ ပြုံးမိသွားသည်.။
ဒါတွေကြောင့် ဘ၀င်လေဟက်ပြီး ဘဝမေ့သွားတာ.. ဖြစ်နိုင်သည်..။
“ဝိုင်းတော့ ထားပါဦး...ပုံ့ကော..”
“ဟိ..ထားမလို့ စဉ်းစားတုန်း..”
“ထားကြည့်ပါလား...”
ကိုကို့ ရဲ့ စကားကြောင့် ပုံ့ ဇက်ကလေး ပုပြီး လျှာထုတ်မိသည်..။
ကိုကို က အရင်အတိုင်းပါပဲ ပိန်ပိန်ပါးပါးဖြူဖြူ ရှည်ရှည် ...ဘာလို့ ဘာမှ မပြောင်းလဲတာလည်း...။
ပုံ့ထင်တာ လူကြီး တစ်ယောက်ပုံ သဏ္ဍန်ပြောင်းမယ် ထင်ထားခဲ့တာ..အခုတော့ ကိုကြီးတောင် ကိုကို့ ထက်လန်းနေသေးသည်..။
ဖုန်းထဲမှာ စကားများသလောက် အခုကျတော့လည်း တိတ်နေလိုက်တာ အဖိုးကြီး ကျနေတာပဲ..
ခရီးပန်းလို့ နေမှာပါလေ...။
ပုံ့ အတွေးတွေနဲ့ ကားကို မေမေကြည်တို့ အိမ်ဘက်ကို ချိုးကွေ့ ၀င်ခဲ့လိုက်သည်..။
“ဟော...ပုံ့ သွားကြိုတာလား..”
“ဟုတ်တယ် မေမေကြည်..”
ကားထဲ က လော့ဂတ်တွေကို ကိုကို က ဆွဲထုတ်ပြီး အိမ်ပေါ်တက်သွားတော့ ပုံ့ နှုတ်ဆက်ပြီး ပြန်ခဲ့လိုက်သည်..။
.
“ညီ ဟိုဘက် အခန်းမှာနေနော်..”
“ဟော...ကိုကြီးပဲ နေမယ်ဆို..”
“အခု မနေချင်တော့ဘူး..”
မာန်သွေး လော့ဂတ်ဆွဲပြီး ဘေး အခန်းကို ဝင်ခဲ့လိုက်ချိန် ပြတင်းပေါက်ဆီ အကြည့်ရောက်သွားသည်..။
ပုံ့ပုံ့ တို့ အိမ်ရှေ့မှာ မြက်ခင်းစိမ်းလေးတွေ ရှိနေပြီး ပန်းအိုးတွေလည်း အစီအရီဖြင့် ခြံထဲမှာ သပ်သပ်ရပ်ရပ်လေး လှနေသည်..။
ကားကို ရှေ့တိုးနောက်ဆုတ်နေရာချပြီး ကားထဲက ထွက်လာတဲ့ ပုံ့က လက်ပြ နှုတ်ဆက်သည်..။
မာန်သွေး လက်ပြန်ပြရင်း ခေါင်းညိတ်လိုက်မှ အိမ်ထဲကို ခုန်ဆွ လုပ်ပြီး ၀င်သွားသည်..။
အရင်အတိုင်းပါပဲ ပုံ့ရယ်...ဒါပေမဲ့ ကိုကို့ စိတ်တွေ ဘာလို့ အရင်လို မပေါ့ပါးတာလည်း မသိဘူးကွာ...။
မာန်သွေး ရဲ့ မျက်နှာချင်းဆိုင်
မနက်ဖြန်တွေ အတွက် ကြိုတင် ရင်မောနေမိသည်..။

━━━━━━━☆☆━━━━━━━
အချိန်တွေအများကြီး
ကျော်ပစ်ရစ်ပစ်လိုက်တာ⏳
ဖတ်ရတာ ခေါင်းတွေ မူးကုန်ကြတော့မှာပဲ😇 ဆောရီးပါ 🙏

စပိုက်ကာ ဒီနေ့ စာ စောကြီးတင်ပေးလိုက်တာ😜
စာဖတ်သူလေးတွေ  စိတ်မဆိုးကြနဲ့နော် 😁

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love U all ❤
#စပိုက်ကာ

ပိုင်ရှင်Waar verhalen tot leven komen. Ontdek het nu