Part 26

4.7K 180 1
                                    

ပိုင်ရှင်
အပိုင်း (၂၆)
#ပိုင်ရှင်

“ကိုကို..”
မေမေကြည်လည်း ရှိနေမှာသိလို့  ပုံ့ တို့ ခြံ ဘက်ကပဲ လှမ်းခေါ်လိုက်တာ ကိုကို က ပြတင်းပေါက်က ထွက်ကြည့်သည်..။
“ဟင်...”
“ဟို....ပုံ့ ကို ကျောင်းလိုက်ပို့ပါလား..”
“သြော်...အင်း...ခုလား..”
“ဟုတ်..”
“အဟွင်း....မေးကြည့်လိုက်စမ်း..ဘာလို့ အိမ်ကို မလာတာလည်း လို့.”
“မေမေ ကလည်း..”
မေမေ့ က ပြုံးပြီး မေးငေါ့ ပြောတော့ မာန်သွေး အီလည်လည် ဖြင့် ကော်ဖီ ခွက်ကို မော့သောက်လိုက်ရသည်..။
“သွားတော့မယ်..မေမေ..”
“ဟွင်း....မေမေ မှာထားတာ....တစ်ခါတည်း မေးလာနော်...”
“ဟာ မမေးရဲဘူး..”
“ဒါဆို တစ်ခါတည်း ခေါ်လိုက် မေမေ မေးမယ်...”
“ပုံ့ ရှက်နေတာ ဒီဘက်တောင် မလာရဲတော့ဘူး..”
“အိုး..ရမလား...ယောင်္ကျားလေးကို ဖက်ပြီးရင် တာ၀န် ယူရမှာပေါ့...”
“အဟွင်း..တော်ပြီ...မေမေ....ဒီဘက်ကို နားစွင့်နေမှာ သေချာတယ်...”
ပုံ့ နဲ့ မျက်နှာချင်း မဆိုင်ရဲလို့ ရှောင်နေမိသလို သူကလည်း ရှက်နေတယ် ထင်ပါရဲ့...။
ဘာတွေ ဖြစ်သွားမှန်း မသိတဲ့ ညနေ ကတည်းက ပုံ့ ပျောက်သွားတာ...။
အကျီ င်္ ၀တ်ပြီး ထွက်လာတော့ ပုံ့ ကို မတွေ့တော့ဘူး..ကိုယ်တိုင်ကလည်း ပြန်စဉ်းစားမိရင် ရင်ခုန်နှုန်း မြန်နေပြီး အလကားနေရင်း ပြုံးပဲ နေချင်နေတော့တာ...။
ညစာ စားတော့ မေမေ က ချက်ချင်းကောက်မေးတော့သည်..။
ထမင်းဝိုင်းမှာ ဘယ်သူမှ မရှိလို့ တော်ပါသေး..။
“သား နဲ့ ပုံ့ က ...”
“ဟို..ဟို...ပုံ့ အိမ်မက်မက်ပြီး..”
“အယ်...ပြောလို့ မရသေးဘူးဆိုပါတော့..”
“မဟုတ်...မေမေ...အဲဒါက...”
“ပုံ့ က သားကို သံယောဇဉ် ရှိနေတာ မေမေ တို့ သိပါတယ်...”
“ဗျာ...”
မာန်သွေး မယုံနိုင်လို့ မျက်လုံးပြူးရင်း ထမင်းပန်းကန်ထဲ မှာ အကြောင်းရှာ လှုပ်ရှားနေတဲ့ လက်တွေ ရပ်တန့်သွားရသည်..။
“ဝိုင်း နဲ့ ကိစ္စ ကတော့ ကိုကျော်စိုးကို ဘယ်လိုပြောရမလည်း မသိတော့ဘူး..”
“ဝိုင်း က လက်မထပ်ချင်သေးဘူး...ကိုကြီး နဲ့ ချက်ချင်း လက်ထပ်ရမှာ စိုးလို့ ကျွန်တော် နဲ့ ဇာတ်တိုက် လိုက်လာပါ..”
“ဘာ...”
မေမေ က မျက်ခုံးတွန့် တက်သွားတော့ မာန်သွေး လည်း ရှေ့ဆက်ပြောဖို့ လန့်လာသည်..။
လူကြီး တွေ အတည်တကျစီစဉ်နေတာ ကို ကလေးကစားသလို အမျိုးမျိုး ပြောင်းနေတာ ကိုယ်တိုင်လည်း မကြိုက်လှပါ...။
ဒါပေမဲ့ ပုံ့ ကို လည်း လက်မလွှတ်နိုင်ပြန်ဘူး..။
“ဒါဆို...ဒီ တစ်ခေါက်ကကော ဘာဇာတ်လည်း..”
“မ...မဟုတ်ပါဘူး..မေမေ....သားနဲ့ ပုံ့ က တကယ်ချစ်တာပါ...”
မာန်သွေး စကားကို မယုံသလို မေမေ က နှုတ်ခမ်းမဲ့ ပစ်ပြီး မျက်စောင်းပါ အစစ် ထိုးသွားသေးသည်..။
ဘယ်လိုတွေ ရှင်းပြရမလည်း...ကိုယ်တိုင်တောင် နားမလည်နိုင်သေးတဲ့ အခြေအနေ မှာ တခြားလူကို နားလည်အောင် ရှင်းပြဖို့ ဆိုတာ မလွယ်ကူ ပြန်ဘူး..။
“ဒါဆို လက်ထပ်ပွဲ နောက်လပဲ စီစဉ်ရမယ်..”
‘ဗျာ..”
‘ဘာလည်း...ဘာဇာတ်လမ်းထွင် ဦးမလို့လည်း..”
“မဟုတ်ပါဘူး..မေမေရယ်...ပုံ့က နောက်နှစ်မှ ကျောင်းပြီးမှာလေ...အဲဒါ...”
“နင်တို့ လေးယောက် ဘာဖြစ်နေတာလည်း...ဟမ်...လူကြီးတွေက စီစဉ်ပေးတာ လွယ်တယ်များ ထင်နေကြလား...မင်္ဂလာပွဲ လုပ်တာ ဘယ်လောက် အလုပ်ရှုပ်သလည်း သိလား..ဝိုင်း ကို ချစ်လို့ ကိုယ့် သားကို သူ့ အတွက်ပဲ လို့ တွက်ထားတာ...လက်မထပ်ချင်သေးဘူး..ကဲ နောက်တစ်ယောက် ကိုယ့် လက်ထဲ မှာ ကြီးလာတဲ့ ကလေး မို့လို့ လူငယ်ချင်းလည်း မေတ္တာရှိလို့ စီစဉ်ပြန်တော့ နေ့ ရွေ့ ညရွေ့ လုပ်ချင်ပြန်ပြီ...ဘိုကင် လုပ်ထားတဲ့ ဟိုတယ်...မိတ်ကပ်ဆရာ ဧည့်ခံပွဲ အစားအသောက်တွေက တစ်လကြိုမှာရတာလေဟဲ့....ပိုက်ဆံတွေလည်း ပေးပြီးပြီ...”
“ဗျာ...မေမေ က ဘယ်တုန်းကကြိုပြီး သိနေတာလည်း..”
“နင့်တို့ဇာတ်လမ်း ဘာမှ မသိဘူး...နောက်လထဲမှာ လက်ထပ်ချင်တယ် လို့ ပြောတာ ဘယ်သူတွေလည်း..”
“ဟို..အဲဒါ...”
“တော်သေးတာပေါ့..ဖိတ်စာ ဒီဇိုင်း လူစုံမှ ရွေးဖို့ စီစဉ်ထားလို့..ဖိတ်စာပါ ကြိုရိုက်ထားမိရင်....သတိုးသမီး နေရာ အပြောင်းအလဲ ဖြစ်လာဦးမယ်...နင်တို့ အရှုပ်တွေ အကုန်ရှင်း..ဟိုဘက်အိမ်ကိုသွား....ပုံ့ ကို တစ်ခါတည်းမေးခဲ့လိုက်..သွား..”
မေမေ က လက်တွေ ဝေ့ရမ်းပြီး ဒေါသနဲ့ ပြောတော့ မာန်သွေး နှုတ်ခမ်း ကိုက်ပြီး စဉ်းစားရတော့သည်..။
မေမေ ဒေါသထွက်လည်း ထွက်ချင်စရာ...ကိုယ် က ပေါ့ပေါ့လေး ပြောလိုက်ပေမဲ့ မေမေ က ကြိတ်စီစဉ်နေတာ သိမှ မသိခဲ့တာလေ...။
ဟူး....ပုံ့ ကို ပြောဖို့က အခုလောလောဆယ် မျက်နှာချင်းဆိုင်တာနဲ့ နှလုံးရောဂါ ထလာတော့မှာ မဟုတ်လား...။
“ကျွန်တော် ကို တစ်ပတ်တော့ အချိန်ပေးပါ မေမေ...ပုံ့ လည်း အရမ်းရှက်နေတယ်..အိမ်ကလူတွေနဲ့...မျက်နှာချင်းဆိုင် ညှိနှိုင်းကြရင် ကလေး မနေတက်ဖြစ်နေလိမ့်မယ်.”
“ဟုတ်ပြီလေ..တစ်ပတ်ပဲ...နင်တို့ လေးယောက် အကြောင်းပြန်စရာမရှိရင် ငါတို့ မင်္ဂလာ နှစ်ပတ်လည်ပွဲ လုပ်ပစ်လိုက်မယ်..”
မေမေ့ရဲ့ အကြံကောင်း ညဏ်ကောင်း ကြောင့် မာန်သွေး နှုတ်ခမ်းဖိခါ ရယ်နေမိသည်..။
တစ်ခုမရ တစ်ခု တကယ်လုပ်မဲ့ ပုံပါပဲ....ပုံ့ ကို ဘယ်လို ဖွင့်ပြောရမလည်း တွေးရင်း ရင်မော လာပြန်ပြီ...။
ဒီရက်ပိုင်း ဟိုဘက်အိမ်ကို သွားဖြစ်ပေမဲ့ ဝိုင်းနဲ့သာ အပြင်မှာ ရပ် စကားပြောပြီး ပြန်ခဲ့ရတာ...။
ပုံ့ကလည်း တမင်ရှောင်နေတယ် ထင်လို့ အလိုက်သိ မခေါ်မတွေ့ပဲ နေပေးခဲ့တာပါ..။
မျက်နှာချင်း မဆိုင် ဖြစ်တော့တာ ငါးရက် ရှိပြီ...။
ပုံ့ က အရင် လာခေါ်တော့  စိတ်ထဲ မှာ ကိုယ့်ကိုယ်ကို ဒေါသထွက်ရသေးသည်..။
မာန်သွေး ကားသော့ ယူပြီး ဆင်းလာတော့ ပုံ့ က ခေါင်းငုံ့ ပြီး ကားဘေးကို ခပ်သွက်သွက် ပြေးလာသည်..။
ကားပေါ်တက်ပြီး ခေါင်းငုံ့ချပြီး အိမ်ထဲကို မျက်လုံးလှန် ကြည့်ပြန်သည်..။
လျှာလေး ပြူတစ်တစ် လုပ်ပြီး လွယ်အိတ်ကို ရင်ခွင်မှာ ပွေ့လိုက်တော့ မာန်သွေး ဟက်ကနဲ့ ရယ်မိသည်..။
အပြစ်လုပ်ထားတဲ့ ကလေး ကျနေတာပဲကွာ..။
“မောင်းလေ...ကိုကို..”
“အင်း..”
ကားပေါ် ရောက်ကတည်း က တိတ်ဆိတ်နေတော့ ပုံ့လည်း ဘာပြောရမှန်းမသိ...။
တကယ်ဆို ကိုကို အနေရခက်ပြီး မဟုတ်တာတွေ လျှောက်တွေးနေမှာ စိုးလို့ တမင်တကာ ကျောင်း ကို အကြောင်းပြပြီး သွားခေါ်လာရတာ...။
အခုလည်း ဘေးက လူကို တစ်ချက်မှ မကြည့်ပဲ ရှေ့ကိုပဲ မျက်တောင် မခတ်ကြည့်နေပြန်ပြီ..။
မိန်းကလေး ဘက်က စပြောလို့ အလေးအနက် သဘောမထားတာလား..။
ဒါမှ မဟုတ်...ကိုကို က ပုံ့ ကို ညီမလေး လိုပဲ ချစ်တာလား...။
ပုံ့ မေးခွန်းတွေနဲ့ ခေါင်းတွေ ရှုပ်လာလို့ သီချင်းဖွင့်လိုက်သည်.။
“မိုးရေထဲ လျှောက်လာခဲ့တယ် တို့ တစ်ယောက်တည်း....🎼..လမ်းဟာ..တကယ်ကို မှုန်ဝါးဝါးရယ်..🎼.တို့ ရင်ထဲ မိုးရေများ စိုရွဲနေခဲ့ ..🎼 အချစ်ဟာ ရင်မှာ ရွာခဲ့တယ်...🎼မင်းကို သတိတွေ ရခြင်း မြောက်များစွာ ...🎼လွတ်မြောက်လမ်း လည်း မရှိပါလား..🎼ချစ်တဲ့ စိတ်ဆိုတာ ဖွင့်ဟမရသူပါ ...🎼ဘာကြောင့်မို့သတိတွေရ..ချစ်တဲ့ စိတ်ဆိုတာ တိတ်တိတ်လေးရင်မှာ .🎼..ခံစားရမှာလား ကဲကွယ် ပြောစမ်းပါ...🎼.”
“အဟမ်း..”
“....”
“မင်းကို သတိတွေ ရခြင်း မြောက်များစွာ ...🎼လွတ်မြောက်လမ်း လည်း မရှိပါလား..ချစ်တဲ့ စိတ်ဆိုတာ ဖွင့်ဟမရသူပါ🎼 ...ဘာကြောင့်မို့သတိတွေရ..🎼ချစ်တဲ့ စိတ်ဆိုတာ တိတ်တိတ်လေးရင်မှာ ...🎼ခံစားရမှာလား ကဲကွယ် ပြောစမ်းပါ...”
သီချင်း က ကောင်းပေမဲ့ ပုံ့ ရင်တွေ ပူလာသလို မျက်နှာတွေ ပူလာသလိုလို....။
“ဟင်..”
ကိုကို့ လက်ကို အမှတ်တမဲ့ ထိမိပြီး ကြည့်လိုက်တော့ ကိုကို နဲ့ မျက်လုံးချင်း ဆုံသွားရသည်..။
လက်ကို ကပျာကယာ ရုတ်ပြီး နှုတ်ခမ်းလေး ကို ဖိကိုက်ခါ လမ်းဘေးစျေးသည်တွေကိုပဲ ကြည့်နေလိုက်သည်..။
ရင်တွေ ခုန်လိုက်တာ....ကိုကို့ လက်ကလည်း အေးစက်နေတာပဲ....။
ကျောင်းကို သွားနေတာ သေချာသွားတော့ ပုံ့ စိတ်တို လာရသည်.။
ဘယ်လို လူကြီးကိုမှ ချစ်မိတာလည်း...တကယ်ဆို မိန်းကလေး ဘက်က စပြီး ဖွင့်ပြောထားတာပဲ...သူလည်း တစ်ခုခု ပြန်ကြိုးစားသင့်တာပေါ့...အခုတော့ ကျောက်ရုပ်ကြီး လိုပဲ...စကား တစ်ခွန်းတောင် မပြောတာ အမြင်ကပ်ဖို့ ကောင်းလိုက်တာ...။
“ကိုကို..”
“ဗျာ....အဲ....ဟင်...”
ကိုကို က အလန့်တကြား လှည့်ကြည့်ပြီး ကယောင်ကတမ်းတွေ ပြောတော့ ပုံ့ နှုတ်ခမ်းဖိကိုက်ပြီး မရယ်မိအောင် မနည်း ကြိုးစားနေရသည်..။
ကိုကို ခမျာ သနားစရာ....ဆယ်ကျော်သက် မိန်းကလေးတောင် ကိုကိုလောက် မတည်မငြိမ် ဖြစ်တော့ပါဘူး..။
ပုံ့ ရယ်ချင်စိတ်ကို အဓမ္မ မြိုချပြီး အသက်ကို ခပ်ပြင်းပြင်း ရှုလိုက်သည်..။
“ပုံ့ ....ကန်တော်ကြီး  သွားချင်လို့..”
“ကျောင်းက..”
“မတက်ဘူး..”
ပုံ့ ရဲ့ ဘုဆက်ဆက် တုန့်ပြန်မှုကြောင့် ကိုကို ဘာမှ မပြောရဲတော့ပဲ ခေါင်းညိတ်ပြီး ကားကို လမ်းကြောင်းပြောင်းဖို့ ကြိုးစားနေရသည်..။
အခုလို အလိုလိုက် နေတာလေး ကလည်း ချစ်စရာလေးပါပဲ ကိုကိုရယ်...။
မသိရင် သူ့ကို ကားတင်ပြေးမှာ ကျနေတာပဲ...ကားမောင်းကျွမ်းကျင်တဲ့ ကိုကို က အခုတော့ စီယာတိုင် ကို လက်နှစ်ဖက်နဲ့ ကျစ်နေအောင် ဆုပ်ထားရင်း လူက  ရှေ့ကို တောင် ခါးကိုင်းနေပြိ...။
ကိုကို့ ပခုံးကို ထိုင်ခုံနောက်ကို ပြန်ဆွဲကပ်ပေးချင်ပေမဲ့ အခုချိန် သွားလုပ်လိုက်ရင် လန့်ဖြတ်ပြီး ကားတွေ တိုက်ကုန်မှဖြင့်...။
ပုံ့ ကျောပိုးအိတ်ကလေး ကို ခပ်တင်းတင်း ပိုက်ပြီး ကိုကို့  မျက်နှာ ကို ခိုးကြည့်မိသည်.။
ကိုကို့ ကားမောင်းနေချိန် မျက်နှာကို တစ်ခါမှ စေ့စေ့ငေးမကြည့်ခဲ့ပေမဲ့ အခုတော့ ဒီလို ကြည့်နေရတာလေးကို ကြည်နူးရသည်..။
ဘေးတိုက် အနေအထားမို့ နှာတံ အစင်းလေးနဲ့ နှုတ်ခမ်း ထောင့်စွန်းလေးပဲ  မြင်ခွင့်ရသည်.။
ပါးရိုးအောက်ပိုင်း နားလေးမှာ ၀က်ခြံ အနီ တစ်စက်တွေ့တော့ ပုံ့ ပြုံးမိသည်..။
နမ်းခဲ့တဲ့ နေရာမှာ ၀က်ခြံ ထဖြစ်ရတယ်လို့....။
နားသယ်စပ် တစ်လျှောက် ရှိနေတဲ့  အမွှေးငုတ်တိုလေးကို ကိုင်ကြည့်ချင်သည်..။
ကိုကို့ နားရွက်ဖြူဖြူ နားသံဖျားလေးကိုလည်း နီရဲတဲ့ အထိ ဆွဲကြည့်ချင်သည်...။
ကားကို ကွေ့လိုက်တော့မှ အသိ၀င်လာပြီး အကြည့်တွေ ပြန်သိမ်းလိုက်ရသည်..။
“လမ်းလျှောက်မလား..”
“ဟုတ်..”
“နေပူလိမ့်မယ်..”
“အပင်ရိပ် တစ်ခုအောက်မှာပဲ ရပ်လိုက်ပေါ့....”
“အင်း..”
ကိုကို က ကားကို စက်သတ်ပြီး တဲ့ အထိ ဘာမှ မလှုပ်ရှားပဲ ငုတ်တုတ်မေ့နေဆဲ....။
“ကိုကို..”
“ဟင်....”
“ပုံ့ ကို အထင်သေးသွားတာလား ဟင်...”
“ဟာ...မဟုတ်ပါဘူး..”
မာန်သွေး ပျာပျာသလဲ မျက်နှာ လှည့်လိုက်တော့ ပုံ့ ရဲ့ မျက်၀န်းတွေက ညိုးငယ်နေသလိုလို...။
ဘယ်လို ပြောရမလည်း...ဘယ်လို လုပ်ရမလည်း မသိတော့ပါ.။
ချစ်သူ ရည်စားလို ပါးလေးကိုင် လက်လေး ကိုင်ဖို့ကလည်း ပုံ့ စိတ်ဆိုးသွားမှာ ကြောက်ရသည်..။
ခေါင်းငုံ့ ပစ်လိုက်တော့ မစဉ်းစားနိုင်တော့ပဲ မေးဖျားကို ဆွဲမော့ယူမိသည်..။
မျက်၀န်းချင်းဆုံချိန် ရင်ခုန်သံတွေ တဒိတ်ဒိတ် ဖြင့် ခိုသီနေတဲ့ မျက်ရည်စလေးတွေကို မဝံမရဲ လက်ညိုးကွေးပြီး သုတ်ပေးလိုက်သည်..။
“ပုံ့ ရယ်...မငိုပါနဲ့နော်...ကိုကို ဘာမှားသွားလို့လည်းဟင်..”
“ကိုကို အခုလို လုပ်နေတာကို မုန်းတာ သိရဲ့လား..”
“ဟင်..”
ပုံ့ မေးဖျားကို ကိုင်ဆွဲထားတဲ့ လက်ကော မျက်ရည်သုတ်ပေးလက်စ လက်ကို ပါ ရုတ်ခါ နောက်ဆုတ် လိုက်တော့  ပုံ့ စူပုတ်ပုတ် ဖြင့် ဆိုက်ကြည့်နေမိသည်...။
“ဟို...ဆောရီး...ကိုကိုက ပုံ့ ငိုနေလို့....ကိုင်မိတာပါ....”
ဒီလူရိုး လူအကြီးကို ဘယ်လိုပဲ မြောင်းလုပ်ပေးပေး ရေကတော့ စီးလာမယ်မထင်...။
ချစ်ဒေါသလေး ဖြစ်ပေမဲ့ ကိုကို့ ရဲ့ စိုးရိမ်တက်တဲ့စိတ် ကိုလည်း သနားမိခါ လက်မောင်းကို ပွေ့ဖက်ပြီး ပခုံးပေါ် ခေါင်းမှီလိုက်သည်..။
“ကိုကို ကလည်း နေနိုင်လိုက်တာ...”
“ဟင်..”
“ပုံ့ လာခေါ်မှ တွေ့ရတယ်...”
“ဟို..ကိုကို...က ပုံ့ အနေရခက်မှာ စိုးလို့ပါ...”
“ကိုကို တစ်ယောက်တည်း ဖြစ်နေတာလေ....ပုံ့ က မေမေကြည့် ကို ကြောက်လို့ မလာရဲတာ..ကိုကို က တော့ ပုံ့ ကို မချစ်လို့ ရှောင်နေတာမလား..”
“မဟုတ်...မဟုတ်ပါဘူး...တကယ်ပါ...”
“ပုံ့ အတွင်းရေးတွေပါ ကိုကို က သိတော့ ဒီကောင်မလေး ငရှုပ်မလေး ဆိုပြီး အထင်သေးပြီး မချစ်ချင်တာမလား.....”
“မဟုတ်ပါဘူး....တကယ်ချစ်တာပါ...”
“ဘယ်တုန်းက ချစ်တာလည်းဟင်...”
“ကိုကို ပြောလိုက်ရင်...မရိုးသားတဲ့ ကိုကို့ စိတ်ကြောင့် ပုံ့ မုန်းသွားမှာကြောက်တယ်...အထင်လည်း သေးသွားလိမ့်မယ်...”
“အမယ်...သူများစကားကြီး ကောက်ဖွဲ့လိုက်တာပဲ...ပြောပြပါ...”
“ဟူး.....ပုံ့ ဆယ်တန်း ကတည်းက..”
“ရှင်....”
ပုံ့ က ပခုံးမှာ မှီနေရာက ဆတ်ခနဲ့ ခေါင်းထောင်သွားတော့ မာန်သွေး အလန့်တကြား လှည့်ကြည့်ရသည်..။
စိတ်ဆိုးသွားပြီ ထင်ပါတယ်....ကျစ်...မပြောလိုက်ရင် အကောင်းသား...။
“ဆယ်တန်း ဘယ်တုန်းကလည်း..”
“ပုံ့ ကို ကောင်လေးတစ်ယောက် ရည်းစားစကားပြောတယ်လို့ ဖုန်းဆက်ပြောတုန်းကလေ...”
“ဟင်...”
“မမှတ်မိဘူးလား...ကျူရှင်အပြန် စက်ဘီးမှောက်လို့ လိုက်ပို့ ပေးရင်း ခင်သွားကြတယ်ဆိုတာလေ..”
ပုံ့ သေချာ အလေးနက် ပြန်စဉ်းစားနေရလို့ မျက်ခုံး နှစ်ခု စုဆိုင်လာသည်အထိ အတိတ်တွေဆီ ပြန်သွားနေရသည်.။
“ကိုကိုရေ....”
“ပြော...”
“စိုးမိုးအောင် ကို သိတယ်မလား..”
“သိတယ်လေ....ပုံ့ သူငယ်ချင်းအသစ်မလား..”
“အင်း...သူလေ ဒီနေ့ ကျူရှင်ဆင်းတော့ ချစ်တယ်ပြောတယ်...”
“ဘာ....”
“ဟိ....သူက ချစ်တယ်ပြောပြီး အဖြေပေးပါ လို့ တောင်းသေးတယ်...”
“....ဒါ ရယ်စရာလား ပုံ့...”
“ဟင်..ကိုကို...”
“မင်းကိုက အနေအထိုင် မတက်တာလေ...အခုချိန်အထိ မင်းကို ဖွင့်ပြောနေတဲ့ ယောင်္ကျားလေးတွေ ဘယ်နှစ်ယောက် ရှိပြီလည်း သိလား...”
“ဘယ်သိမလည်း ပုံ့ မှ မှတ်မထားတာ..”
“ကိုး ယောက်ရှိပြီ အမိ...ကိုးယောက်တောင်....ဆယ်တန်း ကျောင်းသူ တစ်ယောက် ဘယ်လိုတွေ အပျို ကြီး ပုံစံ ဖမ်းနေလို့ ဒီကောင်တွေ ပြောရဲနေတာလည်း ဟမ်...”
“ကိုကို ပုံ့ ကို ဆူနေတာလား..”
“ဟုတ်တယ်...”
“ပုံ့ ကို မဆူနဲ့..ကိုကို့ စကားကို နားထောင်ပြီး တစ်ယောက်ကိုမှ ခေါင်းထဲမထည့်ဘူး..စာကိုပဲ ဂရုစိုက်နေတာ...ပုံ့ ကို အော်တယ်...ဆူတယ်...ကိုကို့ ကိုလည်း မချစ်တော့ဘူး...ဖုန်းလည်း မဆက်တော့ဘူး...နောက်ဆို ဘာဖြစ်ဖြစ် မပြောတော့ဘူး...ဒါပဲ...ဂွက်...”
“ပုံ့...”
မာန်သွေး ထိုနေ့ည တစ်ည လုံး အိပ်လို့ မပျော်ဖြစ်ရသည်..။
စိတ်ဆိုးပြီး လုပ်ချင်ရာ လျှောက်လုပ်ကုန်မှာလည်း စိုးရိမ်ရသည်...။
နောက်တစ်ပတ် တနင်္ဂနွေ အထိ မနည်းသည်းခံ မြိုသိပ်ပြီး စောင့်ခဲ့ရပမဲ့ တကယ် ဖုန်းမလာခဲ့ပါ..။
သူ့ အတွက်တားဆီးခဲ့တဲ့ စေတနာ မာန တွေကြောင့် မတောင်းပန်ချင်ပါ...။
တစ်ပတ်လုံး ထပ်ပြီး ရင်ဆိုင်ကျော်လွှားနေရတာ ပူပြင်းလွန်းပြန်သည်..။
တနင်္ဂနွေ မနက်စောစော ဖုန်း၀င်လာလို့ နေမကောင်းတဲ့ကြားက ဖုန်းဆင်းကိုင်ချိန်...
“ဟလို...ကိုကို...”
“ဟင်...ပုံ့လား...”
“ဟုတ်...”
မာန်သွေး ပျော်လွန်းလို့ မထိုင်နိုင် မနေနိုင်ဖြစ်ခါ ခုံမှာ ထိုင်ပြိးခါမှ ပြန်ရပ်မိပြန်သည်...။
“ဟို....ဟို....ပုံ့ မှားသွားတယ်....ခွင့်လွှတ်ပါနော်..”
“အင်း သိပြီလား..”
“ဟုတ်...”
“အမှတ်စာရင်းတွေ ထွက်ပြီမလား...ဘယ်လိုလည်း..”
“ကောင်းပါတယ်...”
“ကောင်းပါတယ်ဆိုတာ...”
“ကိုကိုကလည်း...ဘဲဥတော့ ကွဲပါတယ်...”
“တော်သေးတာပေါ့...”
“ခစ်...ခစ်....ဆရာမကတော့ ...ပုံ့ကို သချာင်္ အောင်မှတ်ရလို့  ကျေးဇူးတင်နေတယ်..”
“ဟား...ဟား....”
ရယ်သံတွေ လေလှိုင်းထဲမှာ ပြည့်သွားတော့ အရင်အတိုင်း ပြန်ဖြစ်သွားရသည်...။
“ဒါဆို ကိုကိုအကြာကြီး မြိုသိပ်ထားခဲ့တာပဲနော်....”
“အင်း...”
“မမွန်းကြပ်ဖူးလား....ပုံ့ ဆို ကိုကို နဲ့ မမ ကို တွေ့မိကတည်းက ညတိုင်းငိုနေတာပဲ...”
“ဟင်...”
ကိုကိုက အံသြနေတဲ့ မျက်၀န်း တစ်စုံနဲ့ ငုံ့ကြည့်တော့ ပုံ့ခေါင်းညိတ်လိုက်ရင်း..
“ဟုတ်တယ်....ဘာဖြစ်မှန်း မသိပေမဲ့...ပုံ့ ရင်ထဲမှာ ကိုကို ရှိနေတာ အဲတော့ မှ သတိထားမိတာပါ...ကိုကို ကလည်း  အစောကြီးကတည်းက ဖွင့်ပြောပါလားလို့...”
“သြော်...ပုံ့ရယ်...ကိုကို တို့ ဝေးနေတဲ့ အချိန်မှာ ကတည်းက ပုံ့ကို ချစ်နေတာ ဆိုပေမဲ့ ပြန်တွေ့တော့ ပုံ့က အရမ်းလှတဲ့ အရုပ်မလေး ဖြစ်နေတယ်လေ...မရိုးမသား ခပ်လှမ်းလှမ်းက ငေးရင်း ခိုးချစ်နေရပေမဲ့ ပုံ့က အကို တစ်ယောက်လို ချစ်တာ သိတော့ ကိုကို လည်း ပြန်ရိုးသားဖို့ ကြိုးစားခဲ့တာပါ....ပြီးတော့ ဖွင့်ပြောလိုက်ရင် ပုံ့ ငြိုငြင် ပြီး မုန်းသွားမှာကို ကြောက်လို့ပါ...”
“ကိုကို ရယ်...ပုံ့ စိတ်မကောင်းဘူး..”
ကိုကို့ လက်မောင်းကို ဆွဲခိုပြီး ပါးကို ဖိကပ်လိုက်မိတော့ ကိုကို က ငဲ့ကြည့်ပြီး ပြုံးနေသည်..။
ကိုကို့ အပြုံးလေးတွေကို ပုံ့ သိပ်ချစ်တာပဲ ကိုကိုရယ်...။
ဘာကြောင့် အခုလို အရူးမလေး ဖြစ်သွားတာလည်း...ကိုကို တော့ ပုံ့ ကို ပြုစားသွားပြီထင်ပါရဲ့...။
“မေမေကြည် ဘာပြောလည်းဟင်..ကိုကို...”
“ဟို...မပြောပါဘူး..”
“အ၀တ်မပါပဲ ကိုယ်ဗလာကို ဖက်ထားမိတာ ဘာမှမပြောဘူးလား....လိမ်တာ...”
ပုံ့ ခေါင်းထောင်ပြီး မျက်စောင်းလေးဝဲ ပြောလိုက်တော့ ကိုကိုက ခေါင်းရမ်းပြီးမှ ပြုံးစေ့စေ့လုပ်ခါ...
“အဟွင်း...ပြောတယ်....အများကြီး ပြောတယ်...”
“သိသားပဲ...ပုံ့ ကို ကဲ့ရဲ့နေပြီမလား...”
“ဟင့်အင်း....နောက်လထဲ လက်ထပ်ပေးဖို့ ပြောတယ်..’
‘ဟမ်..”
“ပုံ့ ကျောင်းမပြီးသေးလို့ ကိုကို ကတော့ ငြင်းလိုက်တယ်...မေမေ က စိတ်ဆိုးနေပြီလေ...လက်မထပ်ဖြစ်ရင် ဧည့်ခံပွဲ အတွက် စီစဉ် ထားတာတွေက ငွေချေပြီးနေပြီမို့ မေမေတို့ မင်္ဂလာ နှစ်ပတ်လည် လုပ်ပစ်မယ်တဲ့...”
“အိုး...ကိုကို  က ဘာလို့ ငြင်းလိုက်တာလည်း..”
“ဟင်...ဟို...ပုံ့ က ကျောင်းမပြီးသေးခင် မလက်ထပ်ချင်ဘူး ထင်လို့ပါ...”
“လက်ထပ်ချင်တာပေါ့...”
“ဟင်..”
ကိုကို့ရဲ့ မျက်၀န်းတွေကို ငေးရင်း အကြည့်ဖယ်ခါ မလုံမလဲ ဖြင့် လက်မောင်းကို လက်ညိုးနဲ့ ဖွဖွထိုးနေမိသည်..။
“ဟိုလေ....ပုံ့ လေ...ကိုကို နဲ့ မခွဲနိုင်ဘူး...အခုလိုမျိုး အမြဲနေချင်တာ...လက်ထပ်ရအောင် ကိုကို နော်...ကိုကို က လက်မခံချင်တာလား ဟင်..”
“အိုး...ကိုကို က ဘာလို့ လက်မခံချင်ရမှာလည်း ကွာ...ညီမလေး လို တစ်မျိုး ချစ်သူလို တစ်မျိုး ချစ်နေမိတာ ...ကိုကို တင်စား မပြောတက် ပေမဲ့ ချစ်တာတော့ တော်တော် ချစ်တာပါ...”
“ဒါဆို မေမေကြည် ကို လက်ခံပါတယ်လို့ ခေါင်းညိတ်လိုက်နော်...”
“အဟွင်း..အခုပြောလိုက်မယ်...”
“အိုး..ချက်ချင်း...”
ကိုကိုက ရယ်ရင်း ဖုန်းကို ထုတ်လိုက်တော့ ပုံ့ လက်ကို ဆွဲထားလိုက်ရသည်။
“မသိဘူးလေ...ကိုကို ပျော်ရင် အဲလိုပဲ...”
“စိတ်ကို ငြိမ်ငြိမ်ထားစမ်းပါ ကိုကို ရဲ့...တည်ငြိမ်မှုကို မရှိဘူး..”
“ချစ်မိသွားရင် မရူးဘူးနော်...ချစ်သူဆီက အဖြေရတော့မှ စရူးတော့တာ...ဟား.”
ပုံ့ ပခုံးလေးကို ကိုကိုက လက်တင်ဆွဲဖက်လိုက်တော့ ကိုကို့ ရင်ခွင်ထဲကို ပုံ့ ကိုယ် တစ်ခြမ်းနစ်၀င်သွားရသည်..။
.
“ဘာတွေလည်း ကိုကြီး..”
“ဟင်...”
အောင်သွေး ပန်းကွင်းကို ဒန်းခုံပေါ်လာထားတုန်း သူခိုးလူမိသွားတော့ နည်းနည်း လန့်သွားရသည်..။
၀ိုင်း က အိပ်ရာနိုးစ ပုံစံ မဟုတ်ပဲ စပို့ရှပ် အဖြူ လက်တိုလေးနဲ့ လုံခြည် အဖြူချိတ်လေး ၀တ်ထားသည်..။
ချလက်စ ပန်းကွင်းလေးကို ပြန်ယူလိုက်ပြီး လက်ထဲ ဆုပ်ကိုင် ထားရပေမဲ့ စိတ်တွေက မလုံခြုံ...။
ဆံပင်တွေ ဖြန့်ချထားတာ ကို ငေးရင်း အသိ၀င်လာတော့ အကြည့် အမြန်လွဲရသည်..။
“ပန်းတွေ လား..”
“အင်း...ယုဇနတွေ ပွင့်လို့..”
“သြော်...မာန်သွေး ...ထပ်လုပ်ပေးတာလား..”
“ဟမ်....အမ်း....ဒီမှာ...”
အောင်သွေး လှမ်းပေးလိုက်တဲ့ အခါ ဝိုင်းက လက်ကို ထိကိုင်ယူတော့ ရင်ထဲ ဒိတ်ကနဲ့ ဖြစ်သွားရပြန်ပြီ..။
အရိုးသားဆုံးဖြစ်အောင် ကြိုးစားပေမဲ့ ရမှ မရတာပဲလေ...ဘယ်တက်နိုင်မလည်း..။
“အစောကြီး နိုးနေတာလား..”
“ဟုတ်တယ်...မနက်စောစော ဒီဇိုင်းဆွဲလို့ ကောင်းလို့ပါ...”
“အင်း...”
နှစ်ယောက်ကြားမှာ စကားလုံးတွေ ပျောက်ဆုံးသွားတော့ ဝိုင်းလက်ထဲ က ပန်းကွင်းလေးကို ခေါင်းမှာ စွပ်ကြည့်လိုက်သည်..။။
“အိုး..”
“ဟာ...ချောင်နေတာလား..”
“အင်း...ကြည့်လေ..”
ခေါင်းပေါ် စွပ်လိုက်တာ လည်ပင်းကို ရောက်သွားတော့ ဝိုင်း ပြန်ချွတ်ပြီး ပြောလိုက်သည်..။
“ကိုကြီး ဘာနဲ့ တိုင်း လုပ်တာလည်း..”
“ပန်းကန်နဲ့...”
“အိုး...ဝိုင်း ခေါင်းက ဒီလောက်မှ မကြီးတာပဲ...”
“ပြန်လုပ်ကြည့်မယ်..”
အောင်သွေး လက်လှမ်းယူတော့ ပန်းကွင်းလေးကို ဆောင့်ပေးတာ ပန်းလေးတွေ တစ်ချို့ ကြွေကျသွားရသည်..။
မြေပေါ်သို့ ခသွားတဲ့ ပန်းပွင့် ကြွေလေးတွေကို ငုံ့ကြည့်ရင်း စိတ်မကောင်းဖြစ်မိသည်..။
သံကြိုးလေးကို အစ ဖြည်ပြီး သေချာ အောင် ပြန်ချည်ပေးလိုက်သည်..။
“ရပြီထင်တယ်..”
“ကိုကြီး ဘယ်အချိန်ကတည်းက ထလုပ်နေတာလည်း..”
“ဟင်...”
၀ိုင်းက လက်ထဲက ပန်းကွင်းလေးကို မေးငေါ့ပြတော့ အောင်သွေး ပြုံးလိုက်ပြီး ခေါင်းညိတ် ၀န်ခံလိုက်ရတော့သည်..။
“ညကတည်းက ခူးထားတာပါ...”
“တစ်လွဲဖြစ်ဦးမယ်..သေချာ တိုင်းပြီး လုပ်ပေးလေ ကိုကြိးရဲ့..”
၀ိုင်း ဆီက ခွင့်ပြုချက်ရတော့မှ သူ့ ခေါင်းပေါ် အသာအယာ တင်ပြီး သေချာ တိုင်းရသည်...။
သံကွင်းကို သေချာ ထိုင်လုပ်နေချိန် ဝိုင်းက ဘေးနားမှာ ဆောင့် ကြောင့်လေး ထိုင်ချသည်..။
“အင်း..ရပြီ...”
“ပန်ပေး...”
“ဟင်...”
“သြော်..တစ်ရှုး လိုသေးတယ်မလား...”
“အဟွင်း..”
အောင်သွေး ရယ်လိုက်ပြီး ခေါင်းပေါ်ကို သေချာ နေရာချပေးလိုက်ခါ မျက်နှာ ပေါ် ရောက်နေတဲ့ ဆံပင်တွေကိုပါ သပ်တင်သိမ်းပေးလိုက်သည်..။
“ဝိုင်း ငယ်ငယ် တုန်းက ဆံပင်ကောက်တွေကို ကိုကြီး အရမ်းစတယ်နော်..”
“ဟုတ်တယ်...ဒါပေမဲ့ ညှပ်လိုက်တိုိင်း သမျောတယ်..”
“အင်းလေ....အမြဲဆူတာပဲ ...ဆံပင်တွေက မလှမပမို့ ညှပ်ပစ်တာပေါ့..”
အတိတ်တွေကို အလိုမကျစွာ နှုတ်ခမ်းစူပြီး အပြစ်တင် နေတော့ အောင်သွေး ပြုံးလိုက်မိခါ...
“ဝိုင်းက ငယ်ငယ်ကတည်းက ဆံပင်ရှည်လေးနဲ့ ပိုလိုက်တယ်...”
“အဟက်....ဟုတ်တယ်နော်...တော်တော် များများက အဲလိုပဲ ပြောတယ်...”
“မနေ့က ဟိုကောင်လေး နဲ့ ဆူးလေ ပွိုင့်မှာ တွေ့လိုက်တယ်...”
မသက်ဆိုင်တဲ့ စကား တစ်ခွန်းကို ကြားရပေမဲ့ အရင်လို မျက်မှောင်ကြီး ကြုတ် ပြီး ဒေါသတကြီး မေးတာ မဟုတ်တော့ ကြည်နူးမိသည်..။
“ဟုတ်တယ်...ကိုကြီး မအားဘူးထင်လို့ပါ...ရှိုး တစ်ခုမှာ ဝိုင်း ၀တ်စုံ လေးစုံ ပါရတယ်လေ...”
“သြော်...ဂုဏ်ပြုပါတယ်နော်...”
စကားပြောပုံက ရွဲသလိုလို စောင်းသလိုလို နဲ့ မျက်နှာကြည့်တော့လည်း မတည်မပြုံး အေးစက်စက် ပြောနေတာမို့ ဝိုင်း စိတ်တိုလာပြီလေ...။
“ကိုကြီးက တည်ငြိမ်နေတာလား တည်ငြိမ်ချင်ယောင် ဆောင်နေတာလား...”
“ရင်ထဲမှာတော့ ဆိုင်ကလုန်း ဖြစ်နေတာပေါ့ကွာ...ဒါပေမဲ့ မြတ်နိုးသူ တစ်ယောက်ကို ဘယ်လို ပြောဆို ဆက်ဆံရမလည်း သင်ယူပြီးနောက်တော့ ကိုယ်ပဲ ကြိတ်မှိတ် ခံစားနေ လိုက်တော့တယ်....”
“အဟွင်း...သနားစရာလေး...”
၀ိုင်း ထိုင်နေရာက ထပြီး အပင်တွေ ရေလောင်းဖို့ ရေဘားသွားဖွင့်လိုက်သည်..။
ညနေ  မနက် ည ဘယ် အချိန် ဖြစ်ဖြစ် ဝိုင်း အပင်တွေကို ဆင်းကြည့်လိုက်တိုင်း ကိုကြီးက ပြတင်းပေါက် အကွယ်မှာ ရပ်ငေးနေတာ သိသည်..။
သူ့ ကိုယ်သူ ထိန်းချူပ်ပြီး အပိုစကားတစ်ခုမျှ မေးမလာပေမဲ့ ဇော် နဲ့ စကားပြောတိုင်း မျက်နှာမကောင်းတာ သတိထားမိသည်..။
အခုတလော အလုပ်ရှုပ်ပြီး ညပိုင်း နောက်ကျမှ ပြန်ရင် ဖုန်းဆက်ပြီး ခဏခဏမေးမယ်...ပြီးရင် ဆောရီး တစ်ခွန်း နဲ့ ဖုန်းချသွားတက်သည်..။
“ဆေးကျောင်းသား သီချင်းအော်ဆိုဦး မလို့လား..”
“ဟာ မဟုတ်ပါဘူး..”
ရေပိုက်ကို ရေဖွင့် ပြီး ငေးနေမိတာ ကိုကြီးက ကောက်ယူပေးတော့ မလုံမလဲဖြင့် ငြင်းလိုက်မိသည်..။
“ဝိုင်း ..”
“ဟင်...”
“ကိုယ် မင်း ကို လက်ထပ်ချင်တယ်...”
‘ရှင်..”
“စဉ်းစားပေးနော်...”
ဘာ စကားကြီးလည်း ချစ်တယ် လည်း မဟုတ်ဘူး...လက်ထပ်ချင်တယ်တဲ့..အမလေး ယူပြီး မှ ကောင်းကောင်းနိုင်ရင် ဘယ်လို လုပ်မလည်း...။
လွယ်တာမှတ်လို့....မိန်းကလေးများ အဖက်ဖက် က စဉ်းစားမှ တော်ရာ ကျမှာမဟုတ်လား...
၀ိုင်း စိတ်ထဲက အတွေးတွေ အတိုင်း ကြောက်လွန်းလို့ နှာခေါင်းပါ ရှုံ့လိုက်မိချိန်..
“ရည်မှန်းထားတဲ့ သူ ရှိနေပြီလား...”
၀ိုင်း သစ်ရွက်စိမ်းလေးတွေ ဆီ အကြည့်ရွေ့လိုက်ပြီး အချိန်ကြာအောင် ငိုင်နေမိသည်...။
“ဆောရီးပါ...ကိုယ် မသိလို့ ပြောမိတာပါ...”
၀ိုင်း မော့ကြည့်လိုက်တော့ ကိုကြီး မျက်၀န်း နီဖန်ဖန်တွေက ဒေါသကြောင့် မဟုတ်ပဲ ကြေကွဲရိပ်ကြောင့် အရည်ကြည်တွေဝေ့နေသည်..။
ပြောတက်လိုက်တာ ကိုကြီးရယ်...
၀ိုင်းကို အထင်သေးနေတုန်းပဲလား...
၀ိုင်းရဲ့ အချစ်ဦး အချစ်ဆုံးက ကိုကြီး ဆိုတာ သိရဲ့သားနဲ့ ဘာကြောင့် ဒီလို တွေ ပြောနေတာလည်း ဟင်...။
“မရှိပါဘူး...ဒါပေမဲ့ အများကြီး စဉ်းစားရဦးမယ် ထင်တယ်...”
“ဟုတ်ပါတယ်..ကိုယ့် ဘက်က အများကြီး မှားခဲ့တာဆိုတာ့ ဝိုင်း မုန်းနေမယ်ဆိုတာ သိပါတယ်...ရပါတယ်...အချိန်ယူ စဉ်းစားပါ ကိုယ် စောင့်နိုင်ပါတယ်...”
“ဝိုင်း ကိုကြီး ကို မမုန်းပါဘူး..”
“ဟင်...”
“ဟုတ်ပါတယ်...မုန်းလို့လည်း မရဘူး..ဒါပေမဲ့ စဉ်းစားခွင့်တော့ပေးပါ...”
“မမုန်းဘူးဆို ချစ်လို့ပေါ့နော်...”
“မသိဘူးလေ...စဉ်းစားရဦးမယ်..”
“ဘာတွေ များ အကြာကြီး စဉ်းစားစရာလိုအပ်နေတာလည်း ဝိုင်း ရယ်..”
“အိုး...ဆရာ၀န် ကတော် မလုပ်ချင်ပါဘူး..”
“ဟင်...”
အောင်သွေး မျက်လုံးပြူးပြီး  ကြည့်လိုက်တော့ ပခုံးတွန့်ပြီး ရေပိုက်ကို ဝေ့ယမ်းခါ အပင်တွေကို ပဲ ကြည့်နေသည်..။
မခန့်လေးစား လုပ်နေတာလား....တကယ် ပြောနေတာလား....။
“ကိုယ် က ဘာဖြစ်နေလို့လည်း..”
‘အိုး...ကိုကြီးကို မဟုတ်ပါဘူးဆို ဆရာ၀န် ကတော် မလုပ်ချင်တာ..”
“ဟောဗျာ...ခေတ်ကြီးပြောင်းလဲသွားတာလား..ဆရာ၀န်တွေ စျေးကျတာလား..အရင်ကဆို ဆရာ၀န်လောင်းဆို လိုချင်တဲ့ သူတွေပေါလို့...”
“အခုလည်း တန်းစီရင်စီလိမ့်မယ်..ဝိုင်းတော့မပါဘူး..”
နှုတ်ခမ်းမဲ့ပြီး ရှေ့ကလူကို အထင်သေးသလို ကြည့်ပြီး ပြောနေတော့ အောင်သွေး မျက်မှောင်ကြုတ်မိပြန်သည်..။
“ဘာကြောင့်လည်း...”
“အချိန်မရှိလည်း ဂျူတီဆို ပြေးရင် ပြေးရမယ်..ညဂျူတီဆို တစ်ယောက်တည်းဆွေး....မိန်းမထက် နားကြပ်က ပိုပြီး အချိန် တူတူနေရတာမလား....ဆရာ၀န်မလေးတွေကလည်း ဘေးကနေ အမြဲလိုက်နေရမှာလေ...ရောဂါတွေ နဲ့ အမြဲထိတွေ့နေရတာ...ကြောက်စရာကြီး...မေးခိုင်ပိုးတို့....အေ ပိုးတို့ ပါတဲ့ အပ်စူးမိရင်..ဘီပိုးစီပိုး တွေ...အမလေး...တွေးတာတောင် ကြောက်ဖို့ကောင်းတယ်...မကြိုက်ပါဘူး...ဆရာ၀န်ကတော်လို မပူလောင်ချင်ဘူး..”
“ဟား..ဟား...အဝေးကြီး တွေးထားတာပဲနော်...”
“ဟင်...”
ကိုကြီး ရယ်တော့မှ ဝိုင်း ကြောင်နေပြီး သဘောပေါက်ခါ ပါးလေး နှစ်ဖက် နွေးတက်လာတော့သည်..။
ပြောချင်တာ က တစ်မျိုး...သဘောရောက်သွားတာက တစ်မျိုး နဲ့ လွဲတော့ ကုန်ပါပြီနော်....။
“ဝိုင်းကို တစ်ခုမေးမယ် စိတ်မဆိုးနဲ့..”
“အင်း..”
“ဝိုင်း အခုလို ပြောင်းလဲလာတာ ကိုကြီး စကားတွေကို နာကြည်းလို့မလား..”
“ဟုတ်တယ်..”
၀ိုင်း မျက်၀န်းမှာ မာနရောင်လေး လက်ခနဲ့ ဖြစ်သွားပြီး ခေါင်းကို ဆတ်ခနဲ့ ငြိမ်ပြမိသည်..။
“ဝိုင်းရဲ့ မခံချင်စိတ်ကို သိလို့ ဝိုင်း ကြားအောင် တမင်ပြောပစ်ခဲ့တာ ကိုယ့် ရင်ထဲမှာတော့ မကောင်းဘူး..ဝိုင်း ပြောင်းလဲလာတာ ၀မ်းသာဂုဏ်ယူပေမဲ့ တခြားသူ အတွက် ဖြစ်သွားမှာ သေလောက်အောင် စိုးရိမ်တယ်..ကိုယ် အတ္တကြီးခဲ့တယ်လေ...”
“ဟင်..တမင်ပြောတာ ဟူတ်လား..”
‘ဟုတ်တယ်...ဝိုင်း ငယ်ငယ် ကတည်းက မခံချင်စိတ်ပြင်းတယ်..အထူးသဖြင့် ကိုကြီး ပြောလိုက်ရင် ဝိုင်းပိုခံစားတယ်...အင်္ဂလိပ် ညံ့တယ် ပြောလိုက်တာ အမြဲ အမှတ်ပြည့်ရအောင် ကြိုးစားလိုက်တယ်လေ...ဝိုင်း ကို လှလှပပလေး နေဖို့ ပြောလိုက်တိုင်း ဝိုင်း က ဘဝတွေနဲ့ ယှဉ်ပြီး အကြောင်းပြတယ်...ဘောင်းဘီတိုနဲ့ လမ်းထဲ ပတ်နေတာမလား...ကိုယ့် စကားကြောင့် ဝိုင်း မခံချင်စိတ် နဲ့ ပြောင်းလဲသွားတယ်...ကိုယ့်ကို မုန်းလည်း အမုန်းခံနိုင်ပါတယ်...”
“ဒါ...ဒါဆို..ကိုကြီးက...နာအောင်ပြောတာလား....”
“ဟုတ်တယ်....ဝိုင်း အိမ်ဘက်ကို လာနေတာ တွေ့ရင် နာမဲ့ စကားတွေ ပြောမိတယ်..-ဝိုင်း ပြန်ပြေးသွားတာ တွေ့ရင် ကိုယ်လည်း ရင်ထဲမှာ စိုးရိမ်တယ်..မုန်းများသွားမလားဆိုတဲ့ ကြောက်စိတ်လည်း ရှိတယ်...ဒါပေမဲ့ နောင်တ မရဘူး..အခုလို ဝုိင်း အောင်မြင်နေတာ တွေ့တော့ ပိုပြီး နောင်တမရဘူး...”
“အင့်...”
၀ိုင်း ခေါင်းငုံ့ ပြီး ရှိုက်လိုက်ရင်း မျက်ရည် တစ်စက် ပါးကို တိုက်စား သွားသည်..။
“ကိုယ်....ဝိုင်း ကို အရမ်းချစ်တာတော့ ယုံပါနော်...ကိုယ်လေ...အခုလို ပြီးပြည့်စုံတဲ့ ဝိုင်း ဆိုတဲ့ မိန်းကလေး ကိုမှ နှစ်သက်တာ မဟုတ်ပါဘူး...ကိုယ် ချစ်ခဲ့တာ ဆံပင်ကောက်ကလေး တွေနဲ့ သွားတက်ဝါလေးတွေနဲ့ ဝိုင်းကိုပါ....ဝိုင်း ရဲ့ ဆံပင် ကောက်ကလေးတွေ ကို ကိုယ်ပဲ ကိုင်ခွင့် ရခဲ့သလို ဝိုင်းရဲ့ ဆံပင်ရှည်လေးတွေကို ကိုယ်ပဲ ထိကိုင်ခွင့်ရချင်တယ်...ဒါပေမဲ့....”
ကိုကြီး ရဲ့ အသံတွေ က တိမ်၀င်သွားပြီး  ရပ်သွားသည်...။
“ဆောရီး...ကိုယ် ဆက်မပြောနိုင်တော့ဘူး...အဟွင်း... ပြန်တော့မယ်နော်..”
ကျောခိုင်း ထွက်သွားတဲ့ ကိုကြီး ရဲ့ အရိပ်တွေ ဝေးသွားမှ ဝိုင်း သတိ၀င်လာခါ လက်ထဲက ရေပိုက်ကို ပစ်ချခဲ့လိုက်သည်..။
“ကိုကြီး..”
“ဟင်...”
ကိုကြီး က ပြန်လှည့်ကြည့်တော့ ဘာပြောရမှန်းမသိပဲ ခဏ ငိုင်သွားရသည်..။
“ကိုကြီး ကို ဝိုင်း မမုန်းပါဘူး...”
“ကျေးဇူးတင်ပါတယ်...”
“ပြီးတော့....ပြီးတော့လေ...ဝိုင်း ဆိုတာ ကျောက်ရိုင်းဖြစ်ဖြစ်...ကျောက်ပွင့် ဖြစ်ဖြစ် ကိုကြီး က ပိုင်ရှင် ဖြစ်ရမှာပါ...”
“ဟင်...”
“ဝိုင်း နှလုံးသားရဲ့ ပိုင်ရှင်က ကိုကြီးပါလို့....”
“ဒါက..”
“စဉ်းစားလိုက်ဦးမယ်လေ...နောက်နှစ်လောက်မှ လက်ထပ်ရင်လည်း ရတာပဲမလား...ဝိုင်းအတွက် အချိန်လို လို့ပါ....ပြန်တော့မယ်..”
“အ..ဝိုင်း..”
လှမ်းခေါ်ပေမဲ့ ပြေးထွက်သွားတာ ဘယ်လိုမှ လှမ်းလို့ မမှီလိုက်..။
လေထဲမှာ ဝဲပျံလွင့်နေတဲ့ ဆံနွယ်လေးတွေကို စက္ကန့်ပိုင်း အတွင်း ငေးကြည့်မိရင်း နှုတ်ဖျားမှာ အပြုံးတွေ ဝေနေရသည်..။
အရိပ်ကလေး ပါ ပျောက်သွားချိန် ရင်ထဲမှာ ဟာပြီး ရောက်တဲ့ နေရာမှာ ခဏငိုင်နေမိသည်..။
ရေစီးချောင်းကို ကြည့်ပြီး ရေပိုက်ကို သတိရတော့ ပိတ်လိုက်ခါ အိမ်ပြန်လမ်းမှာ ကြည်နူးလို့ ခြေလှမ်းတွေ က သွက်နေပြန်ပြီ...။
အချစ်ဆိုတာ ထူးဆန်းလိုက်တာ....။
.
━━━━━━━☆☆━━━━━━━
ရေးတော့ ရေးတာပါပဲ 😁

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love u all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now