Part 24

3.9K 177 0
                                    

ပိုင်ရှင်
အပိုင်း (၂၄)
#ပိုင်ရှင်

“ပုံ့ ညီမလေး ထမင်းစားဖို့လေ...”
“...”
“ညနေကတည်းက အိပ်တာ ည ရှစ်နာရီတောင် ထိုးပြီး...ထလေ ထမင်းစားဖို့...”
“....”
“ပုံ့...”
“မစားချင်ဘူး..”
“ရမလား...မနက်ကတည်းက ဘာမှ သေချာမစားဘူး နေမကောင်းလို့လား...”
“ကောင်းပါတယ်..”
ပုံ့ အိပ်နေရာက ငုတ်တုတ်ထထိုင်လိုက်တော့ ခေါင်းတွေမူးပြီး မျက်လုံးတွေ ပြာသွားသည်..။
ဘာမှ စားချင်စိတ်မရှိသလို ထိုင်နေချင်စိတ်လည်း မရှိ....။
ကိုကို မန္တလေး သွားတာ သုံးရက်တောင် ရှိပြီ...။
အားလုံးက အလုပ်ကိစ္စနဲ့ ခရီးသွားတယ်ထင်နေကြပေမဲ့ ပုံ့ကြောင့်ဆိုတာ သိတော့ စိတ်မကောင်းဖြစ်ရသည်..။
ကိုကို့ ကိုလည်း သတိရတယ်...စော်ကားခဲ့တဲ့ စကားလုံးတွေ အတွက်လည်း ပြန်တောင်းပန်ချင်သည်..။
ဖုန်းဆက်လည်း မကိုင်တော့ ကိုကို လည်း ပုံ့ကို မုန်းသွားပြီလား ဆိုတဲ့ စိုးရိမ်စိတ်ကလေးတွေ ပြည့်လာခဲ့သည်..။
“ကဲ...ထမင်းမစားချင်ရင် ဘာစားချင်လည်း....မမ လုပ်ပေးမယ်...”
“ဟင့်အင်း...”
မမ ကလည်း ပုံ့ ကို ကြည့်ခါ မျက်နှာမသာမယာဖြင့် ကုတင်ပေါ် ထိုင်ချလိုက်သည်..။
“မမ...”
“ပြော...ဘာစားမလည်း..”
“စားမလို့ မဟုတ်ပါဘူး...မမ နဲ့ ကိုကို လက်ထပ်တော့မယ်နော်...ပြီးရင် ထွက်သွားမှာလားဟင်...”
“အိုး..ဒါကို စိတ်မကောင်းဖြစ်နေတာလား...”
“ပုံ့ နားလည်ပါတယ်...ထွက်သွားမယ်ထင်လို့ မေးကြည့်တာပါ....စိတ်မကောင်းတော့ မဖြစ်ပါဘူး..မမ ကကော ကိုကို့ ကို ချစ်လားဟင်...”
“ဘာဖြစ်လို့မေးတာလည်း..”
မမ က မျက်ခုံးတွန့်ပြီး ပုံ့ ကို မေးခွန်းမေးလာတော့ ခေါင်းရမ်းလိုက်မိသည်..။
ပုံ့ ပခုံးကို လှမ်းဖက်ပြီး ခေါင်းနောက်ဘက်က ဆံပင်တွေ ဆီ လက်ထိုးဖွတော့ ပုံ့ ငြိမ်နေလိုက်ခါ...
“ကိုကို နဲ့ မမ က အမြဲ ရန်ဖြစ်နေတာလေ....ဘယ်တုန်းက ဘယ်လို...”
“ဟင်း...မုန်းတယ်...ထင်ခဲ့ပေမဲ့...ချစ်နေတက်တယ်... ချစ်တယ်ထင်ခဲ့ပေမဲ့ မုန်းနေတက်ကြတယ်လေ....”
“မမတို့ က ချစ်လို့ လက်ထပ်မှာပေါ့နော်...”
“ကောင်မလေး သိပ်စပ်စုနေတယ်နော်...ဘာလည်း...ဖြိုးကောင်က လက်ထပ်ဖို့ ပူဆာလို့လား...”
“ဟင့်အင်း....မဟုတ်ပါဘူး....ကိုကို ကလည်း အခုရက်ပိုင်း ခရီးသွားရတယ်လို့...တကယ်ဆို မမ အနားမှာနေသင့်တာမလား..”
“အမလေး..သွားပါစေ...အချိန်တွေ အကြာကြီး တူတူ နေရမှာ တွေးမိရင် စိတ်တွေ ရှုပ်လွန်းလို့...”
“မမကလည်း..”
“ကဲ...စကားတော်ပြီ....ကြာဇံချက်စားမလား..ကြေးအိုးစားမလား..”
“ထမင်းပဲစားတော့မယ်..”
“ဟုတ်ပြီ...လာ..ထ...ဖေဖေ တောင် ထမင်းစားပြီးပြီ...မမ လာကြည့်တုန်းက ညီမလေး.. အိပ်ပျော်နေတယ်လေ..”
“အင်း..ဂိမ်းဆော့တာများလို့ မျက်လုံးတွေလည်း ညောင်းလို့ပါ...”
“ဖုန်းလျော့နော် ...”
“ဟုတ်..”
မမ က လက်ဆွဲထူပြီး ခေါ်တော့ ပုံ့ လည်း ကုတင်ပေါ်က ထပြီး မမ ဆွဲခေါ်ရာ တစ်လျှောက်ပါလာရသည်..။
“ညဘက်ဆိုတော့ အသီးဟင်း မစားနဲ့တော့..”
“ဟုတ်...”
မမ က ပုံ့ ဘေးမှာ ထိုင်ပြီး ဟင်းတွေ ထည့်ပေးရင်း အဖော်လုပ်နေတော့ မမ ကို အားနာပြီး သနားရသည်..။
အစ်မကြီးပီသ တဲ့ မမ မှာ စိတ်ဓာတ်မကောင်းတဲ့ ညီမ တစ်ယောက်ရှိနေတာလား..။
ပုံ့ မကောင်းလိုက်တာ....ပုံ့ စိတ်တွေကို မုန်းတယ်...။
မသင့်တော်မှန်းသိပေမဲ့ ကိုကို့ အကြောင်းတွေ မတွေးပဲ မနေနိုင်ဘူး...။
ကိုကို မရှိတဲ့ ဒီရက်ပိုင်းလေးမှ အတိတ်က ကိုကို့ အကြောင်းတွေကိုပါ ပြန်တွေးနေမိသည်..။
ပုံ့ ကို ခွင့်လွှတ်ပါ မမ ရယ်..။
“ဟောတော့....ထမင်းစားနေရင်းက ဘယ်လို ဖြစ်တာလည်း..”
“ဟင်..”
ပုံ့ သတိမထားမိခင် မျက်ရည်တွေက စီးကျသွားတော့ မမ က မျက်လုံးပြူးလေးဖြင့် အံသြနေသည်..။
“အဟွင်း..စပ်လို့ပါ...”
ပုံ့ ရယ်ကြဲကြဲ ဖြင့် မျက်ရည်တွေကို ဘယ်လက်နဲ့ သုတ်ပစ်တော့ မမ ရဲ့ ကရုဏာ မျက်၀န်းတွေ ကို မြင်ရချိန်  ပို ၀မ်းနည်းရသည်..။
“ဖြိုးလေး နဲ့ အဆင်မပြေဘူးလားဟင်..”
ဒီမေးခွန်းကို ကြားရတိုင်း ပုံ့ နောင်တရပြီး အတိတ်ကို မုန်းတီးရသည်..။
ဘာဖြစ်လို့ ပုံ့ ငိုင်နေတာ ဖြိုးလေး နဲ့ သက်ဆိုင်တယ်လို့ချည်း တွေးနေကြတာလည်း...။
ကိုကို လည်း မမ ကို ပြောပြလိုက်ပြီ ထင်ပါတယ်လေ...။
“သူ အိမ်မလာတာ ကြာပြီနော်...”
“ပုံ့ နဲ့ သူ ပြတ်သွားပြီလေ..”
“ဟင်..”
“အင်း...သုံးလ လောက်ရှိပြီလေ..”
“အိုး...မမ ကို ဘာလို့ မပြောတာလည်း...”
“ဒီတိုင်းပါ သူလည်း ခု အေးဆေး ဖြစ်နေပြီ...”
“ညီမလေး ကရော..”
“ဟင်..”
“ညီမလေး အသည်းကွဲနေတာကို ပြောတာလေ....သူတောင် အေးဆေး ဖြစ်နေပြီ မလား..ညီမလေးလည်း အေးဆေး ဖြစ်သင့်နေပြီလေ...”
“ပုံ့ ဘာမှ မဖြစ်ပါဘူး..”
မမ က ပုံ့ နဖူးကို လက်သီးဆုပ် ဖြင့် ထုချလိုက်ရင်း..
“အမလေး..တမှိုင်မှိုင် တတွေတွေ နဲ့ အရက်နာ ကျတဲ့ သူထက် အချစ်နာ ကျတဲ့သူက ပိုသိသာတယ်နော်...”
“အဟွင်း...ဖြိုးလေး နဲ့ မဆိုင်ပါဘူး..”
“ဒါဆို....”
“ပုံ့ ကိုယ့်ကိုယ်ကို မုန်းလို့ပါ...”
“ဟင်...”
“ဒီတိုင်း..အဲလို ဖြစ်နေတာပါ...”
“မနက်ဖြန်ကျရင် အေးစံ တို့နဲ့ ရုပ်ရှင် သွားကြည့်ကြမယ်လေ...”
“ဟုတ်....မမ မလိုက်ပါနဲ့ ပုံ့ တို့ ပဲ သွားလိုက်မယ်လေ...”
“သူတို့လည်း အိမ်မလာတာ ကြာပြီ..ဘာတွေ ဖြစ်ထားကြလို့လည်း...”
“မဖြစ်ပါဘူး...အေးစံက အလုပ်၀င်နေပြီ...ဝါ၀ါကလည်း သင်တန်းတက်တယ်..နီနီက သူ့အဒေါ်ဆီ ရောက်နေလို့..”
“ဟူး...ကလေးတွေလည်း တကွဲတပြားစီပဲ...မမ တော်တော်လေး ဘေးရောက်နေတာပဲနော်..”
“ဟိ..ဟုတ်တယ်...”
ပုံ့ ရယ်ပြီး ပြောလိုက်တော့ မမ က ပြုံးရင်း ရေခွက်ရှေ့ချပေးသည်..။
ထမင်းစားပြီး ဖေဖေ့ဘေးမှာ ၀င်ထိုင်လိုက်တော့ ဖေဖေ က ခေါင်းငဲ့ကြည့်သည်..။
အရင် ဒီ အချိန်ဆို ဟိုဘက်အိမ် ကို ရောက်နေတက်တဲ့ ပုံ့က မသွားတာ ကြာနေပြီ...။
ဖေဖေကတော့ မေးခွန်းတွေ မမေးပဲ တီဗွီပဲ ကြည့်နေသည်..။
မမ ကတော့ ထုံးစံအတိုင်း အပင်တွေ ကြည့်ဖို့ ထွက်သွားပြီ...။
ပုံ့ လည်း တီဗွီဆီ အကြည့်ရောက်နေပေမဲ့ စိတ်တွေက ကိုကို့ ဆီ ရွက်လွင့်နေပြန်သည်..။
.
“ဝိုင်း..”
“ဟင်..”
“မေမေ ခေါ်ခိုင်းလို့..”
“ဟုတ်..”
ဒန်းခုံမှာ ထိုင်နေတုန်း ခြံတံခါးနားမှာ ကိုကြီးက ရောက်လာပြီး ခေါ်တော့ ဝိုင်း ခေါင်းညိတ်ပြီး ထသွားခဲ့ရသည်..။
ခြံတံခါးမှာ ရပ်စောင့်နေပြီး ဝိုင်း အနားကို ရောက်တော့ ရှေ့ကနေ ဆက်လျှောက်သွားသည်..။
“လာ သမီး..”
“ဟုတ်..”
၀ိုင်း က ဆိုဖာတွေ မှာ ၀င်ထိုင်လိုက်တော့ ကိုကြီး က ထောင့်ဆိုဖာ မှာ ထိုင်ပြီး တီဗွီ ရီမုကို ကောက်ခါ လိုင်းပြောင်းနေသည်..။
“သမီးကလည်း အေးလိုက်တာ...”
“ရှင်..”
“ရှေ့လ လက်ထပ်မယ်ဆိုပြီး ဘာမှလည်း မစီစဉ်သေးဘူး...သားငယ် ကလည်း အလုပ်ရှိလို့ ပြန်မလာဖြစ်သေးဘူးတဲ့...”
“ဟို..အဲဒါက..”
“မေမေကလည်း..တစ်လကျေ်ာတောင် လိုသေးတာပဲ မလောပါနဲ့...”
“အိုး..ဧည့်ခံပွဲ အတွက် ပြင်ရဆင်ရမယ်လေ..သားရဲ့..”
ကိုကြီး ရဲ့ စကားသံ တိတ်ကျသွားတော့မှ မေမေ က ပြုံးပြီး ဝိုင်းဘက်ကို ပြန်လှည့်လာသည်..။
“ကဲ..မေမေက လောသလိုကြီး ဖြစ်နေပြီလား...ဒါဆိုလည်း..တို့ဟူးကြော်စားတယ်...ပူတုန်းလေး ကိုကျော်စိုး အတွက် ယူသွားလိုက်သမီး...အိုး..ငါ့ကလေး တစ်ယောက် ဘယ်ပျောက်နေလည်း..”
ပုံ့ကို မေးတာမှန်းသိတော့ ဝိုင်း ပြုံးလိုက်ပြီး..
“ဂိမ်းဆော့ပြီး မျက်ရိုးကိုက်လို့ အိပ်နေတယ် မေမေ..’
“တအားကြီး မဆော့ခိုင်းနဲ့နော်..”
“ဟုတ်..”
မိုးမိုး ယူလာပေးတဲ့ အကြော်စုံ ပန်းကန်ကို ကိုင်ပြီး ထရပ်လိုက်တော့ ကိုကြီး ကလည်း မတ်တက်ရပ်ချိန် ရင်ထဲ ထိတ်သွားရသည်..။
ဘာများ ပြောစရာရှိလို့လည်း...မင်္ဂလာဆောင် ကိစ္စ မငြင်းလို့ ဆူမလို့များလား တွေးရင်း ဖိနပ်၀တ်တာတောင် ဘယ်ညာ မှားသေးသည်..။
“သွားပြီ..မေမေကြည်..”
“အေး သမီး..”
၀ိုင်း အိမ်အောက်ရောက်တော့ ကိုကြီးလည်း နောက်ကလိုက်လာသည်..။
ခြံတံခါးကို ဖွင့်ပေးပြီး ဘာမှမပြောပဲ ရပ်စောင့်နေတော့ ဝိုင်းလည်း မမေးပဲ အိမ်ဘက် ပြန်လာခဲ့ရသည်..။
အိမ်ရှေ့ ရောက်တော့မှ နောက်လှည့်ကြည့်လိုက်တော့ ကိုကြီး က ရပ်စောင့်ကြည့်နေဆဲ..။
ရင်တွေခုန်သွားလို့ အိမ်ထဲကို ခပ်သွက်သွက်လေး ၀င်လာခဲ့မိသည်..။
“ဘာတွေလည်း သမီး..”
‘မေမေကြည်...အကြော်စုံ လုပ်စားလို့ ဖေဖေ...ပူပူလေး..”
‘အေး ကောင်းသား..”
“ပုံ့ လည်းစားမယ်..”
“ဟွင်း..မာတယ်..တစ်နေ့ကုန် ဘာမှလည်း စားတာမဟုတ်ဘူး.”
“ရပါတယ်..မမရယ်..တစ်ခုပဲ..”
လက်ညိုး တစ်ချောင်းထောင်ပြီး အကြောင်းပြချက် ခိုင်လုံနေတဲ့ အပြင် ဖေဖေ ကလည်း ၀င်မတားတော့ ဝိုင်းလည်း ခေါင်းညိတ်လိုက်ရတော့သည်..။
စာအုပ်နဲ့ ခဲတံ ယူပြီး ဖက်ရှင် ရှိုး တစ်ခုမှာ ထည့်ရမဲ့ ၀တ်စုံဆွဲဖို့ အိမ်ပြင် ပြန်ထွက်လာမိသည်..။
ဒန်းခုံမှာ ထိုင်ပြီး စိတ်တိုင်းကျလောက်အာင် သေချာဆွဲနေတာ နာရီ၀က်လောက်ကြာသည် အထိ ပုံစံ မကျသေး...။
“ဟူး...”
စာအုပ်ကို ဘေးချပြီး ကျောဆန့်လိုက်ရင်း အကြည့်တွေက ပြတင်းပေါက်ဆီ အမှတ်တမဲ့ ရောက်သွားသည်..။
“အိုး..”
မာန်သွေးလည်း အိမ်မှာ မရှိတော့ ရပ်ကြည့်နေတာ ကိုကြီး မှန်းသိလိုက်ပြီး လက်ကပျာ ပြန်ချလိုက်သည်..။
မနက်ကလည်း ခရေပန်းတွေ သီပြီး ဒန်းခုံမှာ လာတင်ထားတာ သူပေါ့...။
မာန်သွေး မရှိတော့မှ ပန်းတွေ လာပို့နေတဲ့ တရားခံကို ခန့်မှန်းမိတော့သည်..။
“နင် မသိတာ ကိုကြီးက နင့်ကို အရိပ်လို အမြဲစောင့်ကြည့်နေတာ...ဆိုးတာ တစ်ခုက နောက်ပိုးကြီး ဆိုတော့ သက်ဆိုင်သူက အသိအမှတ် မပြုဘူးလေ....”
“ငါတို့ ပထမဆုံးပြန်လာချိန်ကလေ နင် မရှိတော့ ကိုကြီးက ငါ့ကို စိတ်ဆိုးတာ...မသိရင် ငါကပဲ နင့်ကို ပဲခူးပို့ပေးထားသလိုကြီး...အဲကတည်းက ကိုကြီး မရိုးတာ ငါသိသားပဲ...”
“နင် မယုံရင် ညဘက် အပြင်ထွက်ရင် ပြတင်းပေါက်တွေကို ကြည့်လိုက်လေ...တိုက်ဆိုင်တာဆို တစ်ခါတလေပဲ ရှိရမှာ မဟုတ်ဘူးလား..”
၀ိုင်း စာအုပ်ဆီ အကြည့်ပြန်ရွေ့လိုက်ပေမဲ့ မာန်သွေး ပြောခဲ့တဲ့ စကားတွေ ပြန်ကြားယောင်ရင်း  ကြည်နူးရင်ခုန်စိတ်လေးကြောင့် သွားလေးတွေ ပေါ်သည် အထိပြုံးလိုက်မိသည်..။
အရင်လို စူပုတ်ပုတ် မျက်နှာလည်း မဟုတ် အတင်း လိုက်ရောတာလည်း မဟုတ်ပဲ..
အိနြေ္ဒသိက္ခာကြီး နဲ့ ချစ်ရေးဆိုဖို့ ပြင်ဆင်နေတာ ရယ်ချင်စရာကြီး...။
ဘယ်ခေတ်မှာ နေတဲ့ လူသားမို့လို့လည်း...
၀ိုင်းကို အသိအမှတ်ပြုရင် ကိုကြီးကို လည်း အသိအမှတ်ပြန်ပြုမှာပေါ့..။
အခုတော့ ပြင်ဆင်နေတာ မပြီးနိုင် မစီးနိုင်...
ဒီပုံစံ ဝိုင်း အသက် လေးဆယ် အထိ ကိုကြီး တစ်ယောက် ဖွင့်ပြောဖြစ်ပါ့မလား မသေချာ...။
တကယ်ဆို ပါးရိုက်မိတဲ့ နေ့ကတည်းက ဝိုင်းစိတ်တွေ ပိုပြီး သေချာသွားရသည်..။
နောင်တတွေနဲ့ အိပ်မရသလို ကိုကြီးက မနက်ပိုင်း ဘာမှမဖြစ်သလို ဆိုင်လိုက်ပို့ပေးတော့ ၀မ်းနည်းမိသည်..။
စော်ကားခဲ့မိတာ တောင်းပန်ချင်ပေမဲ့ ထို အခိုက်အတန့်ကို ပြန်တွေးမိရင်း ရင်တွေခုန်ခါ ရှက်သွေးဖြာရင်း ပါးနှစ်ဖက် နွေးလာတော့ စိတ်ကူးပြောင်းလိုက်ရတော့သည်.။
ကိုကြီး ရင်ခွင်မှာ နေရတဲ့ အချိန်အတွင်း ဒေါသတွေ စိုးရိမ်စိတ်တွေကြားက နွေးထွေးတဲ့ အခိုက်အတန့်လေးကိုလည်း အမှတ်ရနေသည်..။
တစ်ချိန်လုံး စိတ်ကူးယဉ်ခဲ့ရတဲ့ ဒီရင်ခွင်မှာ...။
“အိုး..”
လေတစ်ချက်အဝေ့ မှာ  ဒီတိုင်းတင်ထားတဲ့ စာအုပ်လေး လွင့်ကျသွားပြီး ဝိုင်း အတွေးတွေကို ရှက်မိခါ စာအုပ်ကို ငုံ့ကောက် ရင်း ပြုံးမိသည်..။
.
“ညီမလေး...”
“....”
“အပူကျသွားပြီပဲ သိပ်မစိုးရိမ်ပါနဲ့ ..”
နားကြပ်နဲ့ ဆေးပစ္စည်းတွေ ကောက်သိမ်းနေတဲ့ ကိုကြီးကြောင့် ဝိုင်း ပိုပြာသွားရသည်..။
“ကိုကြီး ပြန်တော့မလို့လား...”
“အင်း...”
“ဟို..”
“ကိုယ် တစ်ယောက်တည်းဆိုတော့ မကောင်းဘူးလေ...ခဏနေရင် အပူ ထပ်ကျသွားလိမ့်မယ်...”
လာပါခေါ်မှ ပြန်ချင်နေတာ လိုက်တော့မှ ပြေးနေတာ...ယောင်္ကျားတွေများ အမြင်ကပ်ဖို့ ကောင်းလိုက်တာနော်...။
ဖေဖေ နဲ့ မေမေကြည် ဖေဖေကြီး  တို့ အကုန် ဧည့်ခံပွဲ တစ်ခုကို သွားတာ ည ကိုးနာရီလောက်မှ ပြန်လာမှာလေ...။
အခုမှ ခြောက်နာရီကျော်လေး ရှိသေးတာကို မကောင်းဘူးလေး ဘာလေး နဲ့ မုန်းချင်စရာကြီး..။
ပုံ့ကလည်း ညနေတုန်းက အိပ်ချင်လို့ အိပ်နေတယ် မှတ်တာ ထမင်းစားဖို့ လာနှိုးတော့မှ ကိုယ်တွေပူနေတာ သိသည်..။
ဟိုဘက်အိမ်မှာ ကားတွေ့ကတည်းက ကိုကြီး ရှိတာ သိလို့ သွားပြေးခေါ်တာကို သွားနှင့် လာခဲ့မယ်တဲ့...။
သူ့ကို ဘယ်သူက ဘာလုပ်မှာ စိုးနေလည်း မသိဘူး..အခုမှ ဆရာ၀န်တို့ အိနြေ္ဒရွှေပေးလို့ မရ လုပ်နေတာလေ...။
“ကိုကြီး...”
“ဟင်..”
ကိုကြီးက လက်ထဲမှာ ဆေးကဒ်တွေကို ထပ်ရင်း မော့ကြည့်လာတော့ မျက်လုံးချင်းဆုံချိန် ဝိုင်း သေချာကြည့်ပြီး
“မသွားပါနဲ့..”
“.....”
လက်ထဲက ဆေးကဒ်တွေဆီ အကြည့်ပြန်ရွေ့ပြီး အလုပ်ရှာနေရင်း အောင်သွေး ပြောစရာ စကား ပျောက်ဆုံးနေသည်..။
တမင်တကာ ရှောင်ပြီး အနေအထိုင် ဆင်ခြင်ပေးနေရတာကို အခုလို အခြေအနေ ဖြစ်လာတော့ ဘယ်လို ပြောရမလည်း စဉ်းစားမရ...။
အရင်ပုံစံက သူ့ အတွက် မုန်းစရာဆိုရင် အရင်တုန်းကလို အိမ်ကို ၀င်ထွက်နေတာလည်း ဆင်ခြင်သင့်တယ် ထင်လို့ ပြန်တော့မယ် ပြောမိတာပါ...။
၀ိုင်းရယ်..မင်းကို ဘယ်လို နားလည်ရမလည်းကွာ...။
“ဝိုင်း တစ်ယောက်တည်း..ပုံ့ တစ်ခုခု ဖြစ်ရင်..”
“မဖြစ်ပါဘူး..”
“ကိုကြီး က မဖြစ်ပါဘူး ပြောနေတာ...အခုထိ ခေါ်လို့မရဘူး....အင့်”
၀ိုင်း စိတ်ပူတာနဲ့ အားငယ်တာရောပြီး တစ်ချက်ရှိုက်လိုက်မိသည်..။
ကိုကြီးက လက်ထဲက ဆေးကဒ်ကို ခုံပေါ်တင်ပြီး သက်ပြင်းချခါ...
“အိပ်ပျော်နေတာပါ ဝိုင်းရယ်..”
“...”
“ပုံ့....ညီမလေး...”
“....”
“ညီမလေး..”
“အင်...ကိုကို....ကိုကို ....ကိုကို...ပုံ့ချစ်တာပါ...အ..မဟုတ်ဘူး..မသွားပါနဲ့ ကိုကို...”
“ဟင်..”
ကယောင်ကတမ်းထပြောသည့် ပုံ့ စကားတွေကြောင့် ဝိုင်း နဲ့ ကိုကြီး အံသြရင်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်နေမိသည်..။
ခဏကြာတော့မှ ပြိုင်တူ ပြုံးလိုက်ပြီး ပုံ့ လက်လေးကို ဝိုင်း ဆုပ်ကိုင်လိုက်သည်..။
“အိမ်ရှေ့မှာ ရှိမယ်နော်..”
“ဟုတ်..”
ကိုကြီး ထွက်သွားတော့မှ ဝိုင်း ပြုံးရင်း ပုံ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်ပြီး ငုံ့ နမ်းမိသည်..။
ဘယ်လို ကလေးလည်း...
ဘယ်လောက်တောင် ကြိတ်ပြီး ခံစားလို့ အခုလောက် အထိ ဖြစ်သွားရလည်း...
အချစ်ရူးမလေး...နင် မို့လို့ ဒီ အရူးကောင် ကိုချစ်တယ်နော်...။
ဒီလောက် တုံးတဲ့ ကောင်....ချစ်နေတာ မသိပဲ ထွက်ချည်းပြေးနေတဲ့ ကောင်...။
ပုံ့ ဆီက ၀န်ခံစကားကို မာန်သွေး ကြားရင် ဘယ်လိုနေမလည်း မသိပေမဲ့ ဝိုင်းကတော့ ပျော်မိသည်..။
ဖြိုးလေး ထက် စာရင် သူဗိုလ်ကျလို့ ရတဲ့ မာန်သွေးနဲ့ပဲ သဘောတူတာပေါ့လေ...။
“အရူးမလေး...အခုကောင်းကောင်းပြော...လူကြီးတွေလာရင် မပြောနဲ့တော့နော်...”
ချွေးစိုသွားတဲ့ အ၀တ်တွေကို လဲပေးပြီး စောင်ပါးလေး ထပ်ခြုံခါ အခန်းပြင် ထွက်လာခဲ့လိုက်သည်..။
အပူ ကျသွားတာ ကိုကြီး ကို ပြောဖို့ ဧည့်ခန်းကို ထွက်လာတော့ ဘယ်သူမှ မရှိ...။
ပြန်သွားပြီလား...ကြီးကျယ်လိုက်တာနော်....ဟူး...။
“အဟမ်း...”
“ဟင်..”
အသံကြားရလို့ အိမ်ရှေ့ ထွက်လာတော့ ဒန်းခုံမှာ ခြေချိတ် ထိုင်ပြီး ဖုန်းကြည့်နေတာ အကျအန...
ဒါက ဘာသဘောလည်း...။
၀ိုင်း စူအောင့်အောင့်ဖြင့် အနားကို ရောက်သွားတော့ မော့ကြည့်လာသည်..။
“ဘာဖြစ်လို့လည်း..”
“အိမ်ပြန်ချင်နေရင် ပြန်လေ...”
“ပုံ့ကော..”
“အပူကျသွားပြီ..”
“အင်း..ဒါဆို .....”
တကယ် ပြန်ဖို့ ခုံက ထပြီး ခြေလှမ်းပြင် တော့ အမြင်ကပ်လို့ မျက်စောင်း ပိတ်ထိုး၍ ခြေဆောင့်ခါ အိမ်ထဲ ပြန်၀င်လာခဲ့လိုက်သည်..။
“ဂျိန်း..”
သံတံခါးကို ဆောင့်ဆွဲပိတ်ပြီး သော့ခတ်တော့ အောင်သွေး ကြောင်တောင်တောင် ဖြင့် ရပ်ကြည့်နေရသည်..။
“ဝိုင်း...”
“ဘာလည်း...မလိုတော့ဘူး..ဒီလောက် ပြန်ချင်နေတာ ....ပြန်...”
“ဟို...”
“ရတယ်...”
“မဟုတ်ဘူးလေ...”
“နေရဲသွားပြီ...ပြန်ပါဆို..”
“ကိုယ်...”
“မလိုဘူး..မလိုဘူး...တစ်သက်လုံး နေလာတဲ့ အိမ်...”
အောင်သွေး ရယ်ရင်း တံခါးဆီ လျှောက်သွားတော့ စူပုတ်ပုတ် မျက်နှာထားနဲ့ မတ်တက်ရပ်နေတာ အိမ်ထဲလည်း မ၀င်သေး...။
တံခါးသော့ကို လက်နှိပ်ကြည့်တော့ တကယ် သော့ခတ်ထားတာမို့ မျက်ခုံးပင့်မိသည်..။
“တံခါး ခဏဖွင့်ပေးပါလား..”
“မသင့်တော်ဘူးဆို....ပြန်ပါ..”
“အင်...ပြန်မလို့လေ...ကိုယ့် နားကြပ်နဲ့ ပစ္စည်းတွေက အထဲက ခုံပေါ်မှာမို့လို့..”
မျက်နှာ တစ်ခုလုံး ရဲတက်သွားပြီး ခေါင်းငုံ့ ခါ အိမ်ထဲ ခပ်သွက်သွက် ၀င်သွားချိန် ဆံပင်ရှည်လေးတွေက နောက်မှာ ဝဲကနဲ့ ဖြစ်သွားတာကို ကြည့်ကောင်းကောင်းနဲ့ ရပ်ကြည့်နေမိသည်..။
ခဏကြာတော့မှ နားကြပ်ကို လက်က ကိုင်ပြီး သံတံခါး ပေါက်ကနေ တိုးထည့်ပေးသည်..။
“ဟူး...”
“နေဦး..သော့ဖွင့်လိုက်ဦးမယ်..”
“ရပါတယ်...ဒီကပဲပေး...”
တံခါးပေါက်ကနေ  လက်ထုတ်ပေးတော့ လက်ကို မထိအောင် သေချာ တစ်ခုချင်း ဆွဲယူနေပုံ က မသိရင် ကိုယ်ကပဲ အတင်းလိုက်ရောနေသလိုလို နဲ့...။
၀ိုင်း ခြေလှမ်းတွေ အိမ်ထဲကို ဦးတည်လိုက်ပေမဲ့ အပြင်က ခြေသံကိုတော့ နားစွင့်နေမိသည်..။
ခြေသံတွေ ဝေးသွားတော့ စိတ်ထဲမှာ အားငယ်လာရပြန်သည်..။
အလကား စျေးကိုင်နေတာလေ....အလှည့်ကျရင် တွေ့မယ်....နောက်တစ်ခါ အကျီ င်္ လာပြင်ခိုင်းရင် တစ်နှစ်လောက်ကြာအောင် ပစ်ထားလိုက်ဦးမယ်လို့ မှတ်ထားလိုက်သည်..။
.
“သမီးကြီး ကို ဘာမှ မပြောဘူးလား..”
“ဟင့်အင်း...သြော်..အလုပ်ကိစ္စကြောင့် ခရီးသွားရမယ်လို့တော့ ပြောတယ်...ဘယ်လောက်ကြာမလည်း မပြောဘူး..”
“သူတို့ချင်း အကြောင်း တစ်ခုခု ရှိမယ်ထင်တယ်..အခုက နှစ်ပတ် ကျော်လာပြီ မလား...”
“ဟုတ်..”
“ဖုန်းဆက်ကြည့်ပါဦး...လူကြားလို့မှ မကောင်းဘူးကွာ..သမီးငယ် တော်တော် မိုက်တာပဲ မကြည်ကြည် နဲ့ ရဲသွေးက လူစိမ်းတွေသာဆို မျက်နှာပျက်ရချည်ရဲ့..”
“အိုး..ဖေဖေ ကလည်း...ညီမလေးက မာန်သွေးကို ငယ်ငယ်ကတည်းက  အရမ်းခင်တာကိုး.....မေမေကြည်လည်း နားလည်ပါတယ်..”
“အင်း..အဲလိုပဲ တွေးရတော့မယ်...”
ဖေဖေ က အိပ်ပျော်နေတဲ့ ညီမလေးကို မျက်ထောင့်ကပ်ကြည့်ပြီး အခန်းပြင်ထွက်သွားတော့မှ ဝိုင်း လက်သီးဆုပ်ရင်း ပုံ့ နဖူးကို ခပ်ဖွဖွ ထုလိုက်သည်..။
နေ့ခင်းပိုင်း အပူပြန်တက်ချိန် ကျမှ လူကြီးတွေက ရောက်လာသည်။
ဒီဟာမလေးကလည်း ကိုကို တတော့ မေမေကြည်ကလည်း မာန်သွေးကို ဖုန်းတွေခေါ် မရတော့ စိတ်ဆိုး..ဖေဖေကလည်း မျက်နှာတွေပူ..အခုတော့...ရှေ့ဆက်ရန် ဘာမှန်းကို မသိတော့တာပါလေ...။
“ဟလို..မာန်သွေးလား..”
“အင်း..ပြော..ဝိုင်း..”
“ပေးစမ်း မေမေ့ ကို..”
၀ိုင်းလက်ထဲက ဖုန်းကို ဆွဲယူပြီး မေမေကြည် က အခန်းပြင်ထွက်သွားတော့ ပုံ့ အနားမှာ ထိုင်နေလိုက်သည်..။
ဖျားတာ သုံးရက်ရှိပြီဆိုတော့ ပုံ့လည်း သိသိသာသာ ပိန်သွားတာ စိတ်မကောင်းဖြစ်ရသည်..။
ကိုယ်တွေလည်း အတက်နိုင်ဆုံး ပြုစုပေမဲ့သူ့ဆေး က အဝေးကြီးရောက်နေတော့ ခက်သည်..။
မာန်သွေး မြန်မြန် ပြန်လာမှ ပဲ ဒီကိစ္စက ပြီးမှာ...။
“ဟုတ်ကဲ့ မေမေ...”
မာန်သွေး ကားကိစ္စ စကားပြောနေတုန်း ဖုန်း၀င်လာတော့   ကိုင်လိုက်တာ မေမေ ဖြစ်နေသည်..။
“ငါ ဖုန်းခေါ်တာ ဘာဖြစ်လို့ မကိုင်တာလည်း..”
“ကျွန်တော့် ဖုန်းပျောက်သွားလို့ပါ မေမေ...ဒါ အလုပ်ရုံက ဖုန်းပါ...”
“သြော်...မသိဘူးလေ....အဆက်အသွယ်မရှိတော့ ဘယ်လို လုပ်မလည်း..”
“ဖေဖေ့ ကို ညတိုင်း ဖုန်းပြောတယ်လေ...”
“ကဲ...အကြောင်းပြချက်တော်တော့...မင်း ဘယ်တော့ပြန်လာမလည်း..”
မာန်သွေး သက်ပြင်းတစ်ချက် ခိုးရှိုက်ရင်း နှုတ်ခမ်းလည်း ဖိကိုက်လိုက်မိသည်..။
ပုံ့ နဲ့ နီးနီးမှာ မနေချင်လို့ တမင်ရှောင်နေတာ ...ဘယ်အချိန်ထိလည်းဆိုတဲ့အချိန် ကာလ အပိုင်းအခြားတောင် မသတ်မှတ်ထားပါဘူး...
“အကြောင်းရှိလို့လား မေမေ...”
“ရှိတယ်...ညနေ ကားနဲ့ ပြန်လာခဲ့တော့...”
“ဗျာ...”
“ပုံ့ နေမကောင်းဘူး..”
“ဟင်..”
သာမန်နေမကောင်းရုံလောက်ဆို မာန်သွေးကို ခေါ်မှာ မဟုတ်ပါဘူး..။
ဘာတွေ ဖြစ်တာလည်း..ပုံ့ ဘာဖြစ်လို့ နေမကောင်းတာလည်း...။
စိုးရိမ်စိတ်နဲ့ ထူပူသွားခါ ကယောင်ကတမ်း ထရပ်မိသည်..။
လက်ထဲက ဖုန်းကို သတိရပြီး ပြန်ထိုင်ခါ မေးခွန်း အတွက် အရင် အသက် ၀၀ ရှုထားရသည်..။
“ပုံ့ ဘာဖြစ်တာလည်း..”
“ဖျားနေတာ...သုံးရက်ရှိပြီ...”
“ကျွန်တော် ညနေ ပြန်လာခဲ့ပါမယ်...”
“အင်း...ကားထွက်ရင် ဖုန်းဆက်ဦး..”
“ဟုတ်..”
မာန်သွေး ဖုန်းချပြီးတာနဲ့ စိတ်တွေ ကနာမငြိမ်ဖြစ်လာခါ ကားလက်မှတ်ကို ဘိုကင်လုပ်ရသည်..။
၀ိုင်းဆီကို ဖုန်းထက်ခေါ်တော့လည်း မကိုင်ပြန်ဘူး..။
လူက တွေးစရာတွေ ပူစရာတွေများပြီး အလုပ်တွေလည်း ခေါင်းထဲ မထည့်နိုင်ပဲ ပုံ့ ဆီကိုသာ စိတ်က ရောက်နေသည်..။
မာန်သွေး အိမ်ဖုန်းနံပါတ် ခလုတ်တွေဆီ နှိပ်လိုက်ရသည်။
“ကလင်....ကလင်...”
“ဟလို...”
“ဟလို.....ဝိုင်း...”
“အင်း..ပြော...”
“ပုံ့ ဘာဖြစ်လို့လည်း...နေမကောင်းဘူးဆို...”
အခုမှ ပျာပျာသလဲ အသက်ထွက်မတက် အသံနဲ့ ပြောနေတော့ စိတ်ထဲ ချဉ်လာတာနဲ့ တမင် စကားပြန်မပြောပဲ ငြိမ်နေလိုက်သည်..။
ဒီကောင် သူများညီမလေးကို ညှင်းဆဲထားတာ နည်းသလား..။
“ဝိုင်း..ဟလို..”
“ကြားပါတယ်..”
“ပြောလေဟာ...ငါ ရင်တွေပူလွန်းလို့ပါ..”
“နင် ဖုန်းဆက်တာလည်း မကိုင်ဘူး..ဘာအရူးထတာလည်း..”
“ငါ့ ဖုန်းပျောက်သွားလို့ပါ...ပုံ့ ဘာဖြစ်တာလည်း..”
“ရိုးရိုးဖျားတာပါ...”
“သုံးရက်တောင် ရှိပြီဆို...”
“ဟုတ်တယ်လေ.....နင့် ညီမလေး အရိုးပဲ ကျန်တော့တယ်...”
“ဟာ...”
“အပူတက်လာတိုင်း နင့် ကိုချည်း ကယောင်ကတမ်းတနေလို့ မေမေကြည်လည်း ဖုန်းတွေ ဆက်သေးတယ်..”
“အိမ်မှာ ဖုန်းနံပါတ်တွေ ရှိရဲ့ နဲ့ဟာ...”
“နင် ဘယ်တော့ ပြန်လာမလည်း..”
“လေးနာရီ သီရိကားလက်မှတ်ရတယ်...”
“အေး..ကောင်းတယ်...ဒါမှ ငါတို့ သက်သာမှာ ..“
မာန်သွေး ဖုန်းချပြီးတာနဲ့ ကားဂိတ်ကို လက်မှတ်ကိစ္စ တစ်ချက်ပြန်စစ်ကြည့်ခါ ထွက်လာခဲ့လိုက်သည်..။

ပိုင်ရှင်Where stories live. Discover now