Part 29 (Final)

13.6K 326 17
                                    

ပိုင်ရှင်
အပိုင်း (၂၉) ဇာတ်သိမ်း
#ပိုင်ရှင်

“သားကြီး...”
“မစိုးရိမ်ပါနဲ့..မေမေ...ရှော့ခ်ဖြစ်သွားလို့ပါ..”
“ညီ...”
တစ်ချက် လူးလွန့်လာပြီး နှုတ်ခမ်း ခပ်ဟဟ ပွင့်လာတော့ အောင်သွေး ရှေ့တိုးလိုက်သည်.။
“ရေ....”
“အင်း...ပေးမယ်...မထနဲ့ဦး...”
မေမေ က ရေခွက်ကို ငှဲ့ထည့်ပေးနေသံကြောင့် မျက်လုံး ပွင့်လာသည်..။
“မူးသေးလား...”
“ခေါင်းတွေ နောက်နေတယ်...”
“အင်း..ဖြည်းဖြည်းထလိုက်...ကိုကြီး တွဲပေးမယ်..”
လက်မောင်းကို ကိုင်ပြီး အားယူထလိုက်တော့ အောင်သွေး နောက်ကျောကို ထိန်းကိုင် ပေးထားရသည်..။
ရေသောက်ပြီး တော့ ကုတင်ပေါ် တွဲပို့ပေးခါ သက်တောင့်သက်သာ အိပ်ခိုင်းလိုက်သည်..။
“မင်း...အိပ်ဖို့လိုနေတယ်..ညီ...အိပ်ပျော်အောင် အိပ်လိုက်ပါ..”
“ပုံ့...”
“ရှိတယ်...အောက်မှာ ရှိတယ်...ခေါ်မလား...”
မျက်လုံး စုံမှိတ်ပြီး ခေါင်းရမ်း အဖြေပေးတော့ အောင်သွေး အခန်းထဲက ထွက်လာခဲ့လိုက်ရသည်..။
“အဟင့်....ဟီး...ကိုကို သာ တစ်ခုခု ဖြစ်သွားရင်...”
“ဘာမှ မဖြစ်ပါဘူး...မမ ကို ကြည့်စမ်း...ဘာမှ မဖြစ်ဘူးနော်...”
“ကိုကို....ကိုကို...ပုံ့ကြောင့်...”
“ထိုင်စမ်း...ညီမလေး..”
ကိုကြီးရဲ့ အမိန့်ကြောင့် ပြန်ထိုင်လိုက်ရပေမဲ့ ပုံ့ စိတ်တွေ မတည်မငြိမ်ဖြစ်နေဆဲ..
အမြင်တွေဝါးနေလို့ မျက်ရည်ဖိသုတ်လိုက်ရသည်..။
“ညီ့မှာ social phobia ရှိတယ်...နားလည်အောင်ပြောရရင် လူကြောက်တဲ့ ရောဂါပေါ့...”
“ဟင်..”
ပုံ ငိုနေတဲ့ကြားက ကိုကြီးစကားကြောင့် တိတ်သွားရသည်။
“မွေးရာပါ မဟုတ်ပါဘူး...ညီ ငယ်ငယ်က အဖြစ်အပျက်တစ်ချို့ကို မှတ်မိတယ်မလား...ကျောင်းမှာ ကျောင်းသားချင်း အနိုင်ကျင့်ခံရပြီးကတည်းက ကျောင်းတွေ ခဏခဏ ပြောင်းပေးရတယ်...ဒါပေမဲ့ သူ့ ကြောက်စိတ်က ပျောက်မသွားဘူး...အတိတ်က လူတွေနဲ့ ပြန်တွေ့ရင် သူ အရှက်ကွဲရမယ်ဆိုတဲ့ စိုးရိမ်စိတ်ပဲ ဖြစ်နေခဲ့တယ်...မေးဖူးငုံ့ဆိုတဲ့ ကောင်မလေးကြောင့် တက္ကသိုလ်လည်း ဆက်မတက်ဖြစ်တော့ဘူး...ဒါ..မေဖူးငုံ့ သူ့ကို မချစ်လို့ မဟုတ်ဘူး...သူ့ အရမ်းရှက်တဲ့ ကြောက်တဲ့ သုံးစက် ဆိုတဲ့ နာမည်ပြောင်ကို ခေါ်ပြီး လူတွေသိအောင် လုပ်လို့ပါ...အဲဒီ့ အချိန်တုန်းက ပုံ့သာ အနားမှာ မရှိရင် ညီအခုချိန် လူလောက မှာ ရှိတော့မှာ မဟုတ်ဘူး...ညီ့အတွက်တော့ ဒီနာမည်က အိမ်မက်ဆိုးလိုပဲ အမြဲဖြစ်နေတယ်...ဆိုးဝါးတဲ့ ကားအက်ဆီးဒန့်ဖြစ်ဖူးတဲ့ သူတစ်ယောက်က ကားမမောင်းရဲတော့သလိုမျိုးပေါ့...သုံးစက် ဆိုတဲ့ နာမည်ကြားတာနဲ့ သူ့ရဲ့ အတိတ်ဆိုးတွေကို ချက်ချင်း ပြန်မြင်ယောင်လာမယ်...စိတ်ရဲ့ ဖိအားများတော့ ကိုယ်ခန္ဓာရဲ့ စနစ်တွေမှာပါ ထိခိုက်ကုန်တယ်....အခုလည်း အိပ်ရေးပျက်ထားတဲ့ အခံရှိတော့ ရှော့ခ်ရသွားတာပါ....ပုံ့  နားလည်ပါတယ်နော်...”
ကိုကြီး ရှင်းပြလိုက်တော့မှ ပုံ့ မျက်ရည်တွေ တစ်ခါပြန် တာကျိုးလာရတော့သည်။
“ဟီး...အဟင့်....ပုံ့ မသိလို့...ကိုကို့က...အင့် မမ မေဖူးငုံကို ချစ်နေသေးလို့ ပုံ့နဲ့ လက်မထပ်ချင်ဘူး ထင်လို့ပါ....”
“ဟာ....မဟုတ်တာကွာ... ညီက လက်ထပ်ပွဲ အတွက် အများကြီး ပြင်ဆင်နေရတာပါ....သူ့အတွက် ပရက်ရှာလည်း အရမ်းများနေတယ်...ဒါပေမဲ့ ပုံ့ပျော်စေချင်လို့...သူ တစ်ခုချင်း စဉ်းစားပြီး ကြိုတင်ပြင်ဆင် ထားတယ်..”
“ဟီး... ပုံ့ မသိလို့ပါ ....”
ကိုကြီးက ပုံ့ မျက်ရည်တွေကို သုတ်ပေးပြီး ကျောကိုပုတ်ပေးခါ...
“တအားကြီး မငိုပါနဲ့...မနက်ဖြန် မင်္ဂလာပွဲလေ...အလှဆုံး ဖြစ်နေ ရမယ်..ညီတောင် လူအများကြီး နဲ့ ပွဲလုပ်တာ ကို မကြိုက်ပေမဲ့ ကြိုးစားပြီး ဆရာဝန်ပြနေတယ်... စိတ်ငြိမ်ဆေးတွေ ဘာတွေ တောင်းထားသေးတယ်.....မနက်ဖြန် ဧည့်ခံပွဲ မှာ တစ်ခုခုလွဲသွားရင် ညီ ခံစားနေရလိမ့်မယ်...
ညီမလေးကို ညီ ဘယ်လောက်ချစ်လည်း သိတယ်မလား...အိမ်ပြန်နားလိုက်တော့နော်...”
ပုံ့ မျက်ရည်သုတ်ပြီး ခေါင်းညိတ်လိုက်ပေမဲ့ လှေကားတွေဆီ အကြည့်ရောက်တော့ ငိုချင်ပြန်သည်။
“....ကိုကို့ ကို တွေ့ချင်သေးတယ်..”
“အဆင်ပြေပါတယ်...ခု အိပ်ပျော်နေတယ် ပြန်လိုက်တော့နော်...ဝိုင်း...ပြန်ခေါ်သွားလိုက်ပါ...”
“ဟုတ်...”
မာန်သွေး အကြောင်းတွေ သိရတော့ ဝိုင်း စိတ်မကောင်းဖြစ်ရပေမဲ့ ညီမလေး က အရေးကြီးလို့ အိမ်ဘက်ကို ပြန်ခေါ်ခဲ့လိုက်ရသည်..။
တစ်ထွာသာရှိတဲ့ လျှာက လူတစ်ယောက်ကို တော်တော် ဒုက္ခပေးနိုင်ပါလားနော်...။
ငယ်ငယ်တုန်း က ဘာရယ်မဟုတ်ပဲ မာန်သွေးမကြိုက်တဲ့ သုံးစက်ဆိုတာကို ခဏခဏ ခေါ်ခဲ့ဖူးသည်။
ဖေဖေ ဆူလိုက်တော့မှ မခေါ်တော့ပေမဲ့..ကိုယ့်စကားတစ်ခွန်းကို သူ့မှ ဝေဒနာ အဆင့်ထိ ခံစားခဲ့ရတာ သိတော့ ကိုယ့်ပယောဂ မကင်းသလို စိတ်မကောင်းဖြစ်ရသည်။
ဘာမဟုတ်တဲ့ အပြုအမူ ၊ လုပ်ရပ်ကလေး တစ်ခုက လူ တစ်ယောက်ရဲ့ တစ်ဘ၀လုံးကိုလည်း ထိခိုက်သွားစေနိုင်ပါလား...။
၀ိုင်း သက်ပြင်းချလိုက်မိခါ ပုံ့ဘေးနားမှာ ထိုင်ချလိုက်သည်..။
“ညီမလေး...မငိုနဲ့တော့နော်...”
ပုံ့ မျက်ရည်တွေကို မမ က ညင်ညင်သာသာ သုတ်ပေးလိုက်ပေမဲ့ မျက်နှာ ဝှက်ခါ ငိုမိပြန်သည်..။
ကိုကိုရယ်....ပုံ့ မသိလို့ပါ....ပုံ့ကြောင့် ကိုကို အခုလို ဖြစ်ရတာပါ....။
“မမ အလုပ်ရှိတယ်...ညီမလေး ငိုချည်းမနေနဲ့လေ....မနက်ဖြန်ကျရင် ရုပ်ဆိုးနေလိမ့်မယ်...”
မနက်ဖြန်လှတာ မလှတာထက် လက်ရှိ ခံစားနေရတာက ပြင်းထန်လွန်းလို့ ပါ မမရယ်...
ပုံ့ ငိုပါရစေတော့....။
“ဧည့်သည်တွေ အတွက် ညစာ စီစဉ်ပေးရဦးမယ်...မငိုနဲ့တော့နော်..မမ ခဏနေ ပြန်လာမယ်..”
မမ အခန်းထဲက ထွက်သွားတော့မှ ပုံ့ ခေါင်းအုံးပေါ် မျက်နှာ အပ်ခါ အားရအောင် ငိုမိသည်....။
အတိတ်ဆိုးတွေ ပုံ့မှာလည်း ရှိတာပဲလေ...။
သွေးတွေနဲ့ လဲကျနေတဲ့ ကိုကို ....
ချစ်ရင် ဘယ်သူ့ကိုမှ မပြောဖို့ တောင်းဆိုခဲ့တဲ့ ကိုကို့ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာ...။
ဟင့်အင်း...ကိုကို ဘာမှ မဖြစ်ရဘူးနော်....ကိုကို သာ တစ်ခုခု ဖြစ်ခဲ့ရင် ပုံ့ တကယ်သေရပါလိမ့်မယ်...။
ခေါင်းအုံးကို ကိုကို့ ကိုယ်စားပွေ့ဖက်ထားရင်းကနေ ကိုကို နေကောင်းဖို့ မျက်ရည်များဖြင့် အထပ်ထပ် ဆုတောင်းနေမိသည်..။
.
“မေမေကြည်..”
“သြော်..သမီးကြီး လာ..”
“ဧည့်သည်တွေ အတွက် စားဖို့ကို ဟိုတယ်ကိုပဲ ပို့ခိုင်းလိုက်ရမလား...”
“အင်း...အဲဒါပဲ ကောင်းပါတယ်လေ...ပထမတော့ နှစ်ဖက် ဆွေမျိုးတွေ ညစာ လက်ဆုံ စားကြမလို့...ပုံ့လေးကော ဘယ်လိုလည်း..”
“ငိုနေတယ်..”
“သူလည်း လန့်သွားမှာပေါ့...သားကြီး ဆီက ဆေးတောင်းသွားလိုက်....ငိုချည်း နေလို့ မဖြစ်ဘူးလေ...မနက်ဖြန် ဧည့်ခံပွဲက ရှိသေးတယ်မလား...”
“ဟုတ်..”
၀ိုင်း အပေါ်ထပ်ကို တက်လာခဲ့တော့ ကိုကြီးက မာန်သွေး ကုတင်ဘေးနားမှာ မတ်တက်ရပ်နေသည်..။
“ကိုကြီ...”
“ဟင်...ဝိုင်း...”
၀ိုင်း အခန်းထဲ ၀င်သွားချိန် မာန်သွေး ကို ကြည့်ပြီး စိတ်မကောင်း ပိုဖြစ်ရသည်...။
မနက်ကပဲ အခန်းကို သူ ကိုယ်တိုင်ပြင်ပြီး ပုံ့ကို ခေါ်ပြဖို့ စီစဉ်နေခဲ့တာလေ...။
ပုံ့ မကြည့်ရခင် နင်လည်း မကြည့်ရဘူးလို့ တားဆီးခဲ့တာ..အခုတော့...အရာအားလုံးကို ပစ်ထားပြီး အိပ်မောကျနေလေရဲ့...။
“ပုံ့ ဘာလုပ်နေလည်း..”
“ငိုနေတယ်...မေမေကြည်က ကိုကြီး ဆီက ဆေးယူသွားတဲ့...”
“အင်း...ညီကတော့ အိပ်ပျော်နေပြီ...မနက်ကျရင်တော့ လန်းသွားမှာပါ...”
ကိုကြီးက အခန်းထဲက ထွက်သွားတော့ ဝိုင်းလည်း ကိုကြီး အခန်းဘက်ကို လိုက်လာခဲ့ရသည်..။
“ဟူး...”
သက်ပြင်း တစ်ချက် မှုတ်ပြီး ကုတင်ပေါ် ပစ်ချထိုင်လိုက်တဲ့ ကိုကြီး ကို ကြည့်ခါ ဝိုင်း စိတ်ထဲ သနားမိပြန်သည်..။
အကြီး တစ်ယောက်ရဲ့ စိုးရိမ် ပူပန် မှုကို ကိုယ်ချင်းစာရသလို...ကိုယ့်ချစ်ရတဲ့သူ ပင်ပန်းနေတာကိုလည်း မကြည့်ရက်ပြန်...။
“အဟွင်း...အဲဒီ့ အကြည့်တွေကို ကိုယ်သိတယ်နော်...”
“ဟင်...”
“လာလေ...ဒီနားကို...”
ကုတင်ပေါ်ကို လက်ဝါးနဲ့ ပုတ်ပြပြီး ခေါ်နေတော့ ဝိုင်း မျက်စောင်းလေး ၀င့်လိုက်ပေမဲ့ အနားကို ရောက်အောင်သွားလိုက်သည်..။
“ကိုယ်လေ....ညီရဲ့ စိတ်ကို မကုပေးနိုင်တာ စိတ်မကောင်းဘူး..”
“ကိုကြီးက စိတ်ရောဂါ ဆရာ၀န်မှ မဟုတ်တာ...သူ့ ရောဂါ ကိုပျောက်အောင် လုပ်လို့မရဘူးလားဟင်...”
“ရတယ်...စိတ် ကို စိတ်က ပဲ ကုနိုင်တာလေ...”
“ဟင်း...မာန်သွေး အကြောင်းတွေ သိရတော့ စိတ်တောင် မကောင်းဘူး...သူငယ်ငယ်က ကျောင်း ခဏခဏပြောင်းနေတာ...ကျောင်းမတက်ချင်လို့ အကြောင်းရှာနေတယ်လို့ ထင်ခဲ့မိတာ...”
“ညီက စာတော်တဲ့သူပါ...ဘာမဟုတ်တဲ့ အဖြစ်အပျက်ကလေး တစ်ခုက သူ့ဘ၀တက်လမ်းကိုပါ ဖျက်စီးပစ်လိုက်တယ်...တစ်ခါတလေ..တစ်စုံတစ်ယောက် အတွက် ဘာမှ မဟုတ်ပေမဲ့ တစ်စုံတစ်ဦး အတွက်တော့ ဘ၀ချီအောင် ခံစားနေရတာပဲ...ကျစ်...ကိုယ်တောင်...ဝိုင်းကို ပြောခဲ့မိတာတွေ အတွက် နောင်တရချင်လာပြီ...”
“ဟုတ်တယ်...မုန်းဖို့ကောင်းတယ်...”
“မုန်းတော့မမုန်းပါနဲ့ကွာ...”
ဘေးချင်း ယှဉ်ထိုင်ထားရင်း ရုတ်တရက် ပခုံးကို ဆွဲဖက်လိုက်တော့ ဝိုင်း ကိုယ်လေး တွန့်ခနဲ့့ဖြစ်သွားရသည်..။
“ကိုကြီးနော်...အခွင့်အရေးမယူနဲ့..”
“အခွင့်အရေး မယူချင်လို့ ပခုံးပဲ ဖက်တာပေါ့...”
“မနက်ဖြန် အတွက် အ၀တ်အစားတွေ စီစဉ်ပြီးပြီလား..”
“ဟင့်အင်း မိန်းမ မရှိတော့ စီစဉ်ပေးမဲ့သူ မရှိဘူး...”
“ပြောပုံကိုက...”
၀ိုင်း မျက်စောင်းရွယ်ရင်း ပခုံးပေါ်တင်ပြီး ပါးကို လာထိနေတဲ့ လက်ချောင်းတွေကိုပါ စိတ်မရှည်လို့ ဆိတ်ပစ်လိုက်သည်..။
“အ...ရောက်တဲ့ လက်စနဲ့ စီစဉ်ပေးသွားပါလား..”
“မနေ့ကတည်းက..မိုးမိုး နဲ့ အကျီ င်္တွေ ပို့ပေးပြီးသားလေ...”
“သြော်...မိန်းမ စီစဉ်ပေးတာပဲ..ကျေးဇူး...”
“အိုး..ဘာတွေ ပြောနေမှန်း မသိဘူး...မုန်းဖို့ကောင်းတယ်...”
“မုန်းဖို့ကောင်းတယ် ပြောလိုက်...ဘေးကလူ နှုတ်ခမ်းကို ခိုးကြည့်လိုက်နဲ့ ဘာတွေ လိုအပ်နေတာလည်း မိန်းကလေး..”
“တွေ့လား..တော်ပြီ....ပြန်တော့မယ်...”
၀ိုင်း ကုတင်ပေါ်က ရုတ်တရက် ထလိုက်တော့မှ လက်ကို ဆွဲထားပြန်ပြီ..။
“ကိုယ် ပင်ပန်းနေလို့ပါ...ဝိုင်း နဲ့ တွေ့ရရင် အမောပြေတယ်လေ...နေဦး..ဆေးယူသွား...”
စားပွဲ အံဆွဲထဲက ဆေးကဒ်တွေ အများကြီးကို လက်နှိုက်မွေပြီးမှ ဆေး တစ်ကဒ်ကို ဆွဲထုတ်သည်..။
အဲလို စည်းမရှိ ကမ်းမရှိ ဖြစ်သလို နေတက်တဲ့ ဒေါက်တာ အောင်သွေး...။
“အင့်...ညစာကျွေးပြီး တိုက်လိုက်...မနက်ဖြန် ယောင်္ကျားရလိမ့်မယ်..”
“ဟမ်...”
“ဟုတ်တယ်....ဝိုင်းလည်း အပျိုဟိုင်းကြီး ဖြစ်နေပြီဆိုတော့...လိုအပ်တယ်မလား..သောက်ကြည့်လေ...ဟား...ဟား..”
“ကိုကြီးနော်...”
၀ိုင်း မျက်စောင်းလေး ရွယ်လိုက်ပြီး စားပွဲပေါ်က နားကြပ်ဆီ အကြည့်ရောက်သွားတော့ ငယ်ငယ်တုန်းက အချိန်တွေကို ပြန်သတိရသည်..။
ကိုကြီး ရင်ခုန်သံကို နားထောင်ရင်း ကိုယ်တိုင် ရင်ခုန်ခဲ့ရဖူးပါသည်..။
“ကိုကြီး...”
“ဟင်...”
“ကျေးဇူးတင်တယ်...”
“ဘာအတွက်လည်း....”
“ချစ်ပေးလို့လေ...”
၀ိုင်း ခပ်တိုးတိုး လေး ပြောလိုက်ပေမဲ့ ကိုကြီး က ကြားပြီး ရယ်နေတော့  အခန်းထဲက ခပ်သွက်သွက် လေး ပြေးထွက်လာခဲ့ရသည်..။
မငိုနဲ့လို့ မတားချင်လို့ ခဏလေး လွှတ်ထားခဲ့တာ ပြန်လာတဲ့ အထိ ငိုနေတုန်းပါပဲလား ပုံ့ရယ်...။
၀ိုင်း အခန်းတံခါးကို ပြန်စေ့လိုက်ပြီး မီးဖိုခန်းဘက်ကို ထွက်လာခဲ့လိုက်သည်...။
ဆီချက်ခေါက်ဆွဲ ပြင်ဆင်ပြီး ပန်းကန်ထဲထည့်ခါ ဆေးတိုက်ဖို့ပါ စီစဉ်နေရသည်..။
“ပုံ့...ညီမလေး..”
“အင့်...”
“မငိုပါနဲ့တော့ဆို...သတို့သမီးလောင်းက အခုလောက် ငိုနေတာ မကောင်းဘူးနော်..”
“အင့်...ပုံ့က ကိုကို့ ကို စိတ်ပူလို့ပါ...”
“စိတ်မပူနဲ့...ဒင်းက ညီမလေးကို ရိုက်တာဆို...”
“အဲဒါ...ကိုကို ဒေါသထွက်ပြီး...ပစ်ပေါက်တာပါ...မနာပါဘူး....”
“ရှေးလူကြီးစကား သိပ်မှန်တယ်..ကြားသုံးကြား မပါနဲ့ ဆိုတာ အဟုတ်ပဲ...”
မမ က မျက်စောင်းထိုးရင်း နှုတ်ခမ်းပါ မဲ့ ပစ်လိုက်တော့ ပုံ့ မျက်ရည်တွေ သုတ်ပစ်ရသည်။
“မမ ကလည်း ပုံ့က”
“တော်ပါပြီ...အင့်..ဒါစားပြီး.....ဆေးသောက်လိုက်...ကိုကြီး ပေးခိုင်းလိုက်တာ...”
“ကိုကိုကော ဘယ်လိုနေသေးလည်း ဟင်...”
“အိပ်ပျော်နေတယ်...”
“မမ ...”
“ပြော....”
“ကိုကို နဲ့ သွားတွေ့လို့ မရဘူးလား...”
“မရဘူးလေ...သူ က အိပ်ပျော်နေပြီ...ညီမလေးလည်း စောစော အိပ်ရမယ်..မနက်ဖြန် ပြင်မှာဆင်မှာနဲ့ တအား ပင်ပန်းနေလိမ့်မယ်...”
မမ လည်း ပုံ့တို့ကြောင့် ပင်ပန်းနေတာ သိတော့ ထပ်မတောင်းဆိုတော့ပဲ မုန့်ပန်းကန်ကိုသာ ယူစားလိုက်ရသည်..။
လက်ထဲရောက်လာတဲ့ ဆေးလုံးကို သောက်လိုက်ရပေမဲ့ စိတ်တွေက ကိုကို့ ဆီမှာရောက်နေပြန်သည်..။
ကိုကို ပုံ့ကို စိတ်ဆိုးသွားပြီလား...။
“ဟူး...တော်ပါသေးရဲ့...”
၀ိုင်း မနက်ဖြန်အတွက် စဉ်းစားလိုက် လိုအပ်တာ ပြင်ဆင်လိုက်နဲ့ ဆယ်နာရီကျော်တော့မှ ပုံ့ကို သတိရသည်..။
အခန်းထဲ ၀င်ကြည့်တော့ အိပ်ပျော်နေတာတွေ့မှ စိတ်ချရသည်..။
မနက်ဖြန်ဆိုရင် ပုံ့က ဟိုဘက်အိမ်မှာ သွားအိပ်တော့မှာလေ...။
အိမ်မှာ သိပ်မနေတဲ့ ပုံ့ အတွက် ဘာမှ မထူးပေမဲ့ ဝိုင်းကတော့ တွေးရင်း စိတ်မကောင်းသလို ဖြစ်လာသည်..။
ညဘက်တွေဆို တစ်ခါတလေ ကြောက်ရင် ဝိုင်း အိပ်ယာထဲ တိုိးအိပ်တက်တဲ့ ပုံ့ကို လွမ်းရဦးမည်..။
အိပ်ပျော်နေတဲ့ ပုံ့ နဖူးလေးကို ဖွဖွ နမ်းခါ စောင်ပါးလေး ခြုံပြီး ထွက်လာခဲ့ရသည်..။
အိမ်ရှေ့က တီဗွီ ပိတ်ရက်သားကြီးကို ထိုင်ငေးနေတဲ့ ဖေဖေ့ကို တွေ့တော့ ဆိုဖာ မှာ ၀င်ထိုင်လိုက်သည်..။
“ဖေဖေ့ မှာ သမီး နှစ်ယောက်ပါနော်...”
၀ိုင်း စကားကို ဖေဖေ က သဘောပေါက်သလို ပြုံးပြီး ခေါင်းညိတ်ပြတော့ စိတ်မကောင်းဖြစ်ရသည်..။
“သမီး နှစ်ယောက်မို့လို့ တွေးနေတာပေါ့..အတောင်စုံရင် အသိုက်ပြောင်းကြတော့မယ်လေ...”
“ဝိုင်းက မပြောင်းပါဘူး ဖေဖေ ရယ်...”
“ပြောတာပါပဲ.....့ခြံနဲ့တိုက်တောင် ကြို၀ယ်ထားတဲ့ သူက ပြောတော့  ယုံရ ခက်တယ်လေ..”
“အဲဒါ ဒီတိုင်း ၀ယ်ထားတာပါ ဖေဖေရယ်...ဝိုင်း က ဖေဖေ့ အနားမှာပဲ တစ်သက်လုံးနေပါ့မယ်...”
“ကဲ...သမီးကြီးက နေချင်ရင်တောင် ဖြစ်လာမဲ့ အမျိုးသားက နေခိုင်းမလား..”
“ဝိုင်းကို ချစ်ရင် ဝိုင်း နဲ့ လိုက်နေနိုင်ရမှာပေါ့....”
“အဟား....ဖေဖေ နဲ့ အမြင်တူတာ အောင်သွေး တစ်ကောင်ပဲ ရှိသေးတယ်...တခြားကောင်တွေဆို အိမ်လိုက်နေလည်း စိတ်မတိုက်ဆိုင်ရင် ကန်ချပစ်မှာပဲနော်...ကြိုပြောပြီးသား..”
“အိုး...ဒါဆို လည်း အပျိုကြီးပဲ လုပ်တော့မယ်..ကောင်းဘူးလား...”
“ဟား..ဟား...ဟုတ်ပြီနော်...မမေ့ကြေး..”
ဖေဖေ က ပြုံးပြုံး ရွှင်ရွှင် ဖြစ်သွားတော့မှ ဝိုင်း လည်း မနက်ဖြန် အတွက် အစီအစဉ်တွေကို တိုင်ပင်ရတော့သည်..။
“ဖေဖေ..မနက် ဦးမိုး တို့ကို သာဦးပဲ ခေါ်ခိုင်းလိုက်မယ်....ဒီမှာ ဖေဖေ မရှိလို့ မဖြစ်ဘူး...ဒါနဲ့ ၀တ်ဖို့ အင်္ကျီကို ဘီဒိုပေါ်မှာ တင်ထားမယ်နော်...”
“အင်း..ဖေဖေ က ကိစ္စ မဟုတ်ပါဘူး..သမီးတို့သာ ပြင်ကြရမှာလေ...”
‘ကိစ္စ ရှိတာပေါ့လို့..သတို့သမီး အဖေ ပဲကို...ဒီဇိုင်နာ မူမူစိုး အဖေက ဒိုက်ဂေါ ကြီး ၀တ်လာတယ်ဆို ဝိုင်းက သိက္ခာကျဦးမယ်..”
“အမလေး ဟုတ်ပါပြီ...ဒီဇိုင်နာ မမရယ်..”
သားအဖ နှစ်ယောက် စကားပြောလိုက် ရယ်လိုက်ဖြင့် အိပ်ရာ၀င်တော့ ဆယ်တစ်နာရီ ထိုးခါနီးနေပြီ...။
.
“ဟောတော့...မိပုံ့ရယ်....မိတ်ကပ်ပြင်ရမယ် ဆိုခါမှ ဘယ်ပျောက်သွားပြန်တာလည်း..”
၀ိုင်း ၀တ်ထားတဲ့လုံချည်  အချိတ် အသစ်တွေကို စိတ်မရှည်စွာဖြင့်  နည်းနည်းမခါ ခပ်သွက်သွက် လျှောက်လာခဲ့လိုက်သည်.။
မေမေကြည်တို့လည်း အလုပ်များနေမှာပဲ...။
ဒီကောင်မလေး သွားနိုင်မဲ့ တစ်နေရာ ကို ကြိုသိနေတော့ ဝိုင်း လှေကားဆီကို ဦးတည် သွားလိုက်သည်..။
လှေကားတွေကို ခပ်သွက်သွက် ဖိနင်းပြီး အပေါ်ထပ်ကိုရောက်တော့ မာန်သွေး အခန်းထဲ ကြည့်လိုက်တာ ဘယ်သူမှ မရှိ...။
ဘယ်ကို သွားကြတာလည်း...။
မေမေကြည့် ကို သွားမေးရင်လည်း စိတ်ပူပြီး ပွဲဖြစ်သွားရင် ဒုက္ခပါပဲ...။
ကိုကြီး ကို သတိရတော့ ဟိုဘက်အခန်းကို သွားပြီး တံခါး တွန်းဖွင့်ကြည့်မိသည်..။
“အို...”
“ဟ...”
တာဝါပတ်ထားပြီး ခေါင်းရေသုတ်နေတဲ့ ကိုကြီးကို တွေ့တော့ ဝိုင်း အကြည့်တွေ အမြန်လွဲပစ်လိုက်ရသည်..။
အခန်း၀ကို ကျောခိုင်း ဖို့ ခြေလှမ်းပြင်လိုက်ချိန် လက်ကို ဆွဲပြီး အခန်းထဲ ခေါ်သွားပြီ...။
“ကိုကြီး..”
‘အတော်ပဲ...ကိုယ်....ဘယ်ပုဆိုး ၀တ်ရမလည်း မသိတော့လို့...”
“ဟမ်...”
သေချာ မှာပြီး ကြိုပို့ပေးထားတာတောင် ဘာ၀တ်ကမှန်း မသိတော့လို့ ဆိုတော့ ဝိုင်း မျက်မှောင်ကြုတ်မိသည်..။
သတို့သမီး နဲ့ သတို့သားပျောက်နေပါတယ် ဆိုကာမှ သူက ပုဆိုးပျောက်ရှာပုံတော် ဖွင့်ခိုင်းနေပြန်ပြီလေ..။
“ကိုကြီးကို ပေးထားတဲ့ ပုဆိုးကော..”
“ဘာအရောင်လည်း ဟင်..”
“အပြာလေ...”
“အဲဒါမနေ့က ၀တ်လိုက်မိလား မသိဘူး..”
“ဟောတော့....”
၀ိုင်း ပါးစပ်အဟောင်းသားဖြစ်နေချိန် ကိုကြီး က ခေါင်းကုတ်ပြီး ဘီဒိုတံခါးကို ဆွဲဖွင့်ခါ လိုက်ကြည့်နေသည်..။
ဧည့်ခံပွဲမှာ ၀တ်ရမယ့် ပုဆိုးကို ယူ၀တ်မိသလားတောင် မသိဘူးတဲ့လေ...။
အမလေးနော်...စိတ်ရှည်ချင်စရာကြီး...ဝိုင်း မျက်စောင်းရွယ်ရင်း အနားကို ရောက်အောင် သွားလိုက်သည်..။
“အာ...ဒီမှာ အပြာတစ်ထည်ကျန်သေးတယ်..”
ဘီဒို ထဲက ပုဆိုးကို ထုတ်တော့မှ ဝိုင်း သက်ပြင်းချရတော့သည်..။
မဟုတ်ရင် ဘယ်မှာပြေးပြီး ၀ယ်ပေးရမလည်း ဆိုတာ စဉ်းစားနေရပြီလေ...။
“ကိုကြီးကလေ...တကယ်ပဲ.....မာန်သွေးကို တွေ့လား..”
“ဟင့်အင်း...ပုံ့ကော နိုးပြီလား..”
“မတွေ့လို့ လိုက်ရှာနေတာ..”
“ဟာ..သူတို့ ထွက်ပြေးတာလားမသိဘူး...သူတို့ မရှိရင်လည်း ကိုယ်တို့ ဧည့်ခံပွဲလုပ်လိုက်မယ်လေ...”
ကိုကြီးရဲ့ ရွှတ်နောက်နောက် စကားကြောင့် ဝိုင်း မျက်စောင်းရွယ်ရပြန်ပြီ...။
‘..နောက်မနေနဲ့ နောက်ကျနေပြီနော်..မြန်မြန်လုပ်ဦး...”
“နေဦး...ဝိုင်းက ဒီပုံစံ သွားမှာလား..”
အခန်းဝရောက်သွားတဲ့ ဝိုင်းကို သတိထားမိပြီး လှမ်းမေးလိုက်သည်..။
“အင်း..”
ခေါင်းညိတ် ၀န်ခံလိုက်တော့ အောင်သွေး ခြေလှမ်းကြဲဖြင့် အနားကို ရောက်အောင် သွားရသည်..။
“ဆံပင်တွေက..”
“ဒီတိုင်းလေ..”
‘မရဘူး..လုံး၀ မချရဘူးနော်...လူတွေရှေ့ ဆံပင်ဖျားလျားလျှောက်သွားနေတာ လုံး၀မကြိုက်ဘူး...ဒီအိမ်ကိုလာရင်လည်း ချမလာနဲ့...လူစိမ်းတွေရောက်နေတယ်...”
“အဲဒါ ကိုကြီး အမျိုးတွေလေ..”
‘အဲ အမျိုးတွေကလည်း ယောင်္ကျားတွေကွ..မရဘူး အခု ထုံးလိုက်....လာ ကိုယ်ချည်ပေးမယ်...”
အောင်သွေး ရှည်လျားလွန်းတဲ့ ဆံပင်တွေကို လိမ်ထုံးလိုက်ပြီး သေချာအောင် အလိတ်လိတ် ထုံးပစ်လိုက်သည်..။
ဟုတ်တယ်လေ....သူ့ဆံပင်ရှည်ကြီးကို ယောင်္ကျားထုက မျက်လုံးစူးစူးတွေနဲ့ ကြည့်မှာ မကြိုက်ပါဘူး...။
“အ...ကိုကြီး...ဖြောင့်ထားရတာ...မလိမ်နဲ့လေ..”
“ငြိမ်ငြိမ်နေ...စကား နားမထောင်ရင် ...လက်ထပ်ပွဲက ကိုယ်တို့ပွဲ ဖြစ်သွားမယ်နော်...”
“အမလေး.....ကြောက်စရာကြီး...ဖယ်တော့ရပြီ...”
“မခန့်လေးစား မလုပ်နဲ့နော်...တစ်ခါတည်း...”
၀ိုင်းကို လှမ်းဖက်ဖို့ ရွယ်လိုက်တော့ ရှောင်ပြီး လှေကားတွေဆီ ပြေးလာခဲ့လိုက်ရသည်..။
.
“ဟင်...”
ကိုကို့ အခန်းထဲက ထွက်လာပြီး ပန်းခြုံနားကိုရောက်တော့ မထင်ထားပဲ ကိုကို့ကို တွေ့လိုက်ရသည်..။
အနားကို သွားဖို့ မဝံ့ရဲပေမဲ့ ကိုကို နေမကောင်းထားတာ သတိရတော့ ခြေလှမ်းတွေက မြန်လာသည်..။
“ကိုကို..”
“ဟင်..”
“ဘာဖြစ်လို့လည်းဟင်..”
ကိုကို က ခေါင်းရမ်းပြီး ထိုင်ရာက ထလာတော့ ပုံ့ လက်လှမ်းပေးလိုက်မိသည်..။
ပုံ့လက်ကို ဆွဲကိုင်ပြီး အနားကိုရောက်လာတဲ့ ကိုကို့ မျက်နှာကို အကဲခတ်နေရ၏..။
ကိုကို စိတ်ဆိုးတုန်းပဲလား...။
“ကိုကို နေကောင်းရဲ့လား..”
“အင်း...ပုံ့ ကိုကို နဲ့ လက်မထပ်ချင်တော့ဘူးမလား...”
“ဟင်...”
“ကိုကို့ ကို မုန်းသွားပြီမလား...”
“မဟုတ်ပါဘူး..ကိုကိုရယ်...ဘာတွေပြောနေတာလည်း...ပုံ့ကိုသာ ကိုကိုက စိတ်ဆိုးသွားတာလေ...ပုံ့ ကလေးဆန်ပြီး လျှောက်လုပ်မိတာပါ...”
“ဟင်း...”
ကိုကို က သက်ပြင်းရှည် တစ်ချက်ချလိုက်ခါ ပုံ့ လက်ကို ဆုပ်ကိုင်လိုက်ချိန် ၀မ်းနည်းရသည်..။
“ပုံ့ ဘာမှမပြင်ဆင်ဘူးလား..”
“ကိုကို့ ကို သတိရလို့ လာကြည့်တာပါ...”
“ဒါဆို...ကိုကို့ကို စိတ်မကုန်သေးဘူးပေါ့နော်...”
“ပုံ့က ကိုကို့ကို ထာ၀ရ ချစ်နေမဲ့သူပါ ကိုကိုရယ်...”
“ပုံ့ရယ်....”
ကိုကို က မျက်တောင်တွေ ပုတ်ခတ်ပြီး ပုံ့ကို ဆွဲခါ ရင်ခွင်ထဲ ထည့်လိုက်တော့ ပုံ့ ငြိမ်နေလိုက်သည်..။
“မနေ့က ကိစ္စ ကိုကို တောင်းပန်ပါတယ်...ပုံ့ မမုန်းပါနဲ့နော်...”
“မမုန်းပါဘူးဆို...ကိုကို လည်း ဘာမှ မပြင်ဆင်သေးဘူးလား..”
“အင်း...ပုံ့ကို သတိရလို့..ဆင်းလာတာ...”
“အမလေး....ငါ့မှာတော့ လူပျောက် တိုင်ရတော့မလား တွေးနေတာ...ဒင်းတို့က ဒီမှာ အလွမ်းသယ်နေတာကိုး...”
မမ က ကိုကို့ ရင်ခွင်ထဲက ပုံ့ကို ဆွဲထုတ်ပြီး ခေါ်လာတော့ ခေါင်းငုံ့ပြီး ပါလာခဲ့ရသည်..။
အဲလို အနှောင့်အယှက်တွေကြောင့် မြန်မြန် လက်ထပ်ချင်တာလေ.....ကိုကိုရဲ့...။
.
“ဟဲ့..ရလား..မာန်သွေး....”
“အင်း...နက်ခ်တိုင် မဝတ်ချင်ဘူးဟာ....ဟိုဘက်က လည်စည်းပဲပေး..”
“အမလေး.... အမျိုးမျိုးတွေပဲ...တစ်ယောက်တစ်မျိုး..
ဒုက္ခပေးနေတယ်....”
“ပုံ့တော့ စိတ်မကောင်းဖြစ်နေပြီလား မသိဘူး...ငါ တစ်နေ့ကုန်ပျောက်နေလို့ စိတ်ဆိုးနေပြီလား....”
“အမလေး...ဟိုက ရှင့်ကို သတိတောင် မရဘူး....သူငယ်ချင်းတွေနဲ့ အာရိုက်နေတယ်....ပြင်ဖို့ဆင်ဖို့ ပြောနေတဲ့ကြားက မုန့်ထွက်စားလိုက်သေးတယ်...နင်တော့လေ.. ...တော်တော်ထိန်းရမှာသိလား...”
ဝိုင်းရဲ ခြိမ်းခြောက် စကားကြောင့် မာန်သွေး ပြုံးလိုက်ပြီး...ရှပ်အင်္ကျီ လက်ကြယ်သီးကို သေချာတပ်လိုက်သည်။
“ပုံ့ကော...ပြင်ပြီးပြီလား...”
“အင်း...ညပွဲဆိုတော့ အများကြီးမပြင်ထားဘူး..”
“ပုံ့က မပြင်လည်း လှပါတယ်”
မာန်သွေး စကားကြောင့် ဝိုင်းက ဟက်ခနဲ့ ရယ်ပြီး ရင်ဘတ်မှာ ပန်းကပ်ကလေး တစ်ခု ချိတ်ပေးသည်။
ပုံ့ ဘယ်လောက်တောင် လှနေမလည်း...။
မနက်ကတော့ သတို့သား နဲ့ သတို့သမီး ပြင်ဆင်တာ နောက်ကျတော့ တစ်အိမ်လုံး အပြေးအလွှားဖြင့် ချစ်ရသူကိုတောင် စေ့စေ့ မကြည့်နိုင်ခဲ့...။
လူကြီးမိဘတွေ စီစဉ် သမျှကိုသာ ခေါင်းညိတ် နာခံ လိုက်လုပ်ပေးနေရခဲ့ရသည်..။
ထိုင်ဆို ထိုင် သွားဆိုသွား လာဆိုလာ ဖြင့်သာ တစ်မနက်ကုန်ခဲ့ရသည်..။
ဧည့်ခံပွဲမှာ ကိုယ့်စိတ်ကို ငြိမ်အောင် ထိန်းချူပ်နေရတဲ့ ကြားထဲ ငယ်သူငယ်ချင်း သုံးလေးယောက် ကိုတွေ့တော့ စိတ်လှုပ်ရှားမိသည်။
ဘယ်သူမှ သုံးစက်လို့ မခေါ်ပေမဲ့ စိတ်ထဲ ခေါ်လိုက်သလိုကြားပြီ...တစ်ယောက်တည်း အမျိုးမျိုးတွေ ခံစားခဲ့ရသည်။
ဧည့်ခံပွဲပြီးချိန် အထိ ရင်တမမ နဲ့ အဆင်ပြေဖို့ ဆုတောင်းခဲ့ရတာ မရပ်မနား....။
သူများပျော်လို့ မပျော်နိုင်တဲ့ သတို့သား ဘဝ...။
စိတ်ငြိမ်ဆေးသောက်ထားပေမဲ့ ဧည့်ခံပွဲ ကအပြန် မူးလို့ ကိုကြီးပေးတဲ့ ဆေးသောက်ပြီး အိပ်နေရပြန်သည်။
အဝတ်အစားလဲဖို့ ဝိုင်းလာနှိုးတော့မှ ထလာခဲ့ရတာ...
ဆေး အရှိန်နဲ့ အိပ်ပျော်သွားတာ မိုးချူပ်နေမှန်းတောင် မသိလိုက်...။
“ရပြီ...သွား...နင့်ညီမလေး စောင့်နေပြီ..”
မာန်သွေး ခေါင်းညိတ်ပြခါ လှေကားတွေကို ခပ်သွက်သွက်ပြေးဆင်း ခဲ့ပြီး ညပွဲ လုပ်မည့် ပုံ့တို့ ခြံဘက်ကို ကူးခဲ့လိုက်သည်။
“ကိုကို..”
“ဟင်..”
မျက်နှာချင်းဆိုင် ဦးတည်လျှောက်လာတဲ့ ပုံ့က ဂါဝန်လေးကို လက်တစ်ဖက်ဖြင့် မ ထားသေးသည်။
၀ိုင်း ကိုယ်တိုင် စီစဉ်ပေးတဲ့ အဖြူရောင် ဂါ၀န် လက်ပြတ်ကလေး  နဲ့  ဇာ ဦးထုတ်ဝိုင်းသေးသေး လေးက ဥရောပ စတိုင်မျိုး...။
ဦးထုတ်ကလေးကို တစောင်းလေး အလှတင်ထားတော့ ဆံပင် နီညိုလေးတွေက ထင်းနေသည်..။
အပြုံးလေးဝေ နေတဲ့ ချစ်ရသူ အပါး ကို မပြေးရုံတမယ် ခြေလှမ်းတွေဖြင့် ရောက်သွားရသည်..။
“ဘယ်လိုနေလည်း..”
အနီးကပ်ကြည့်လိုက်တော့ မျက်တောင်အတု မတပ်ပေမဲ့ အဖျားလေးတွေ ဆေးကူပြီး ကော့ထားတော့ မျက်လုံးဝိုင်းလေးနဲ့ လိုက်ဖက်လွန်းနေသည်..။
ပါးနုနုလေးထက်မှာ ပန်းနုရောင်လေးကြောင့် ပိုပြီး နုဖက်နေသည်..။
ပြုံးစစလေး ဖြစ်နေတဲ့ ပန်းသွေးရောင် နှုတ်ခမ်းလေးဆီ အကြည့်ရောက်တော့  ရင်ခုန် နှုန်းတွေ မြန်လာသည်...။
ပုံ့ မျက်နှာလေး ကို ချစ်စိတ်ဖြင့် ငေးကြည့်နေချိန် နှုတ်ခမ်းစူ၍ လက်မောင်းကို ကိုင်လှုပ်လာပြီ...။
“ဘယ်လိုနေလည်းလို့..”
“ကိုကို  မပြောတက်ဘူး..”
“ဟင်...”
“အရမ်းလှတယ်လို့ ပြောလိုက်ရင် မလုံလောက်ဘူးလေ....ဒီထပ် ပိုပြောဖို့လည်း ကိုကို စကားလုံး မရှာတက်ဘူး..”
“အမယ်...လူကြီး အရမ်းတက်တယ်နော်..”
ကိုကို့ လည်စည်းလေးကို နေရာကျနေရဲ့သားနဲ့ ခေါင်းမော့ ပြီး လက်နှစ်ဖက်နဲ့ သေချာကိုင်၍ ညှိပေးလိုက်သည်..။
ရင်ဘတ်မှာ ထိုးထားတဲ့ ပန်းကပ်ကလေးကို ခေါင်းစောင်းကြည့်ပြီး ဖြုတ်ခါ သေချာ ပြန်တပ်ပေးဖို့ ကြိုးစားမိပြန်သည်..။
“ကိုကို ခေါင်းမူးလို့ အိပ်နေတာဆို...ဘယ်လိုနေသေးလည်း....”
“ပုံ့ အနားမှာဆိုတော့ ကောင်းသွားပြီ ..”
“နည်းနည်းလျော့..”
“တကယ်.....”
ကိုကိုက ပုံ့ မျက်နှာလေးကိုငေးကြည့်ရင်း အပြုံးဝေနေတော့ ရှက်ရှက်ဖြင့် ခေါင်းငုံ့လိုက်ရသည်။
“ကိုကိုကလည်း..တအားမကြည့်နဲ့လေ...ပြီးတော့..
လူတွေရှေ့ အဲလိုကြီး..မပြုံးပါနဲ့....”
“ဘာဖြစ်လို့လည်း ပုံ့ရဲ့..”
“ကိုကို အဲလိုကြည့်ပြီး အဲလိုပြုံးနေရင် ပုံ့ အသည်းယားလို့....တစ်ခုခု လုပ်ပစ်ချင်လာတယ်....”
“ဟား...ဟား...ပုံ့ကလည်း...ပြောတော့မယ်...
ကိုကိုက အခု ပုံ့ယောင်္ကျားဖြစ်သွားပြီနော်...ရိုသေ....”
ပုံ့ယောင်္ကျားဆိုတဲ့ အသုံးစကားကြောင့် ပုံ့ ရင်ထဲ ကြည်နူးစိတ်ကလေးနဲ့ အတူ ရှက်စိတ်လေးပါ ခိုဝင်သွားသည်။
ဒါကို ကိုကိုက ရယ်တော့ မသိမသာ မျက်စောင်းဝေ့ရင်း မခံချင်စိတ်ဖြင့်....
“ပုံ့လေ လက်ထပ်လိုက်ပေမဲ့ ဘာမှ မထူးသလိုပဲ..”
“ဟင်..”
“ဟုတ်တယ်...ပုံ့ သူငယ်ချင်းတွေက ငယ်ငယ်လေး နဲ့ လက်ထပ်လို့တဲ့ အပြစ်တင်တယ်...သူတို့ အတွက် လက်ထပ်တာက ထူးဆန်းနေတယ်...ပုံ့ကတော့ ကိုကို့ အခန်းထဲပြောင်းအိပ်ရမယ်လို့ပဲတွေးမိတယ်..”
“ဟား..ဟား...”
“အိုး...ဒါလည် မထူးဆန်းပါဘူး..ပုံ့ တစ်ခါတလေ ကိုကို့ အခန်းထဲမှာ အိပ်ပျော်သွားတာပဲ မဟုတ်ဘူးလား..”
‘ဟုတ်ပါတယ်...”
“နေပါဦး...ပုံ့က ကိုကို လို့ပဲ ခေါ်မှာနော်...ကိုကိုက ပုံ့ လို့ ခေါ်မှာလား..ညီမလေး လို့ ခေါ်မှာလား..”
“အင်း...ဘယ်လို ခေါ်ရမလည်း..ကလေးလေး..လို့ ခေါ်ရမလား...အသဲလေးလား..”
“ခစ်..ခစ်...မသိဘူးလေ..”
“ကဲ..ကဲ...မိသားစု ဓာတ်ပုံ ရှိက်မယ်တဲ့..အမလေး.....ဆရာမ...ကျွန်မ ပြင်ပြီးသားကို ဘာလို့ ပြန်ဖြုတ်နေတာလည်း..”
မမ က အနားမှာ လာခေါ်ရင်း ကိုကို့ ရင်ဘတ်က ပန်းကို ဖြုတ်ပြီး ပြန်တပ်မရတာ တွေ့သွားတော့ ဆူတော့သည်..။
“ဟို..စောင်းနေသလားလို့..”
“တော်နေတာ...ဖယ်..”
ပုံ့ လက်ကို ပုတ်ထုတ်ပြီး ကိုကို့ ရင်ဘတ်ကို ပန်းလေး ပြန်ချိတ်ပေးတော့ ပုံ့ နှုတ်ခမ်းစူထားမိသည်..။
“အမလေးကွာ....သူများ လင်မယားကြားကို ရှုပ်နေပြန်ပါပြီ..”
၀ိုင်း လက်တွေကို ကိုကြီး က ဆွဲလိုက်တော့ ဟန်ချက်ပျက်ပြီး သူ့ရင်ခွင်ထဲ ယိုင်လဲသွားရသည်..။
“အိုး..ကိုကြီး က အရမ်းပဲ...”
ကိုကြီး ရင်ခွင်ထဲကနေ ရှက်ရှက် ဖြင့် ရုန်းထွက်လိုက်တော့ ပခုံးကို ဖက်ပြီး  အတင်းဆွဲထားပြန်ပြီ...။
“ဟဲ....ဟဲ...မမတို့က..ဘာတွေလည်း..”
“ဒါတွေပေါ့...”
အောင်သွေး မျက်ခုံးပင့်ပြလိုက်ပြီး အချိန်အခါ အခြေအနေမသိပဲ ဆရာ၀င်လုပ်တက်တဲ့ အရှုပ်မလေးကို ဆွဲထုတ်လာခဲ့ရသည်..။
ဒါတောင်မှ အပျိုကြီးပီပီ နောက်ကို လှည့်ကြည့်ပြီး....
“လာမြန်မြန်..ညပိုင်း ဆိုတော့ ဓာတ်ပုံဆရာ က ညနက်ထိ မနေဘူး...”
“ဟုတ်...လာပြီ..ကိုကို လာလေ..”
“အင်း..”
မနက်ပိုင်း ဧည့်ခံပွဲတုန်းက မေမေ လုပ်ခိုင်းခဲ့တဲ့ အတိုင်း ကိုကို လက်မောင်းလေးကို ချိတ်ကိုင်လိုက်တော့ ကိုကို က ပြုံးနေသည်..။
ကြည့်ပါလား..ပြုံးစေ့စေ့ နဲ့ လူကို သတ်နေတာလေ..။
မနက်ကလည်း ပုံ့ ထိုင်မသိမ်း အောက်နားစကို ခဏခဏ တက်နင်းမိပြီး ချော်လဲဖို့ ဖြစ်တိုင်း ကိုကိုက တွဲ ခါ ထိန်းကိုင် ပေးထားရသည်..။
အခုဂါ၀န်ကလည်း နောက်ပိုင်း ရှည်နေတော့ ဘာတွေ ဖြစ်လာမလည်း မသိသေး..။
ညနေပွဲမို့ ဆွေမျိုး တွေချည်း သပ်သပ်ပေမဲ့လည်း မမ ကတော့ ဂါ၀န် ၀တ်ရမည်ဆိုတဲ့ အမိန့်ချသည်..။
“သတိုးသားဘက်ကို အမျိုးသားတွေ လာပါ...ဟုတ်ပြီ”
မိသားစု ဓာတ်ပုံ ရိုက်ပြီး တော့မှ ဧည့်သည်တွေကို ဧည့်ခံရသည်..။
အိမ်ရှေ့ ခြံ၀န်းထဲမှာမို့ ပေါ့ပေါ့ပါးပါးလေးနဲ့လူရင်းတွေလောက်သာ ဖိတ်ဖြစ်သည်..။
ကိုကို က ပုံ့ သူငယ်ချင်း တွေနဲ့ ရပ်ပြီး စကားပြောနေတာ တွေ့တော့ ပုံ့ လည်း ပျော်မိသည်.။
သူငယ်ချင်းမရှိတဲ့ ကိုကို့ရဲ့ အထီးကျန်ဘ၀ကို တွေးမ်ိပြီး တစ်ချိန်တည်း စိတ်မကောင်းဖြစ်ရပြန်သည်..။
ပုံ့လက်ထဲမှာ ကိုင်ထားတဲ့ သောက်လက်စ ရေခွက်ကို ပြန်ချလိုက်ပြီး နောက်ကို  မသိမသာ လျှောက်သွားလိုက်ခါ...
“ဟေး...သုံးစက်..”
ပုံ့ သူငယ်ချင်းတွေ နဲ့ စကားပြောနေတုန်း နောက်ကခေါ်လိုက်တဲ့ အသံကြောင့် မာန်သွေး ရုတ်တရက် လည်ချောင်းတွေ ခြောက်သွေ့သွားရသည်..။
ရှေ့က ပုံ့ သူငယ်ချင်း နှစ်ယောက်က မာန်သွေး အနောက်ကို လှမ်းကြည့်နေတော့ ဘယ်လိုတွေ ရင်ဆိုင်ရမလည်း မသိတော့ပါ..။
ငယ်ငယ် တုန်းကအတိုင်း လက်မှာ ချွေးစေးတွေ ဖြစ်တည်လာခါ ခေါင်းတွေလည်း ချာချာလည် မူးလာသလိုလို...။
“ဟေး...သုံးစက်...”
နောက်ထပ် ထွက်လာတဲ့ အသံ က ရင်းနှီးသလို ရှိနေတော့ မာန်သွေး မဝံ့မရဲ ခပ်ဖြည်းဖြည်း လှည့်ကြည့်သည်..။
“ဟင်..”
အပြုံးလေးဝေ နေတဲ့ ပုံ့ က လွဲလို့ ဘယ်သူမှ မရှိ ကြည့်မနေ...။
မာန်သွေး ရှေ့တိုးပြီး ပုံ့ အနားကို ရောက်အောင် လျှောက်သွားသည်..။
“ပုံ့ ခေါ်တာလား..”
“ဟုတ်..”
“ဟမ်..”
“ကိုကို လန့်သွားတယ်မလား...”
“လန့်တာပေါ့ကွာ...ကိုကို မူးလဲရင် ဘယ်လို လုပ်မလည်းဟင်...ကိုကို့ အတိတ်ဆိုးကြီးကို ကိုကို ဘယ်လောက်ကြောက်လည်း ပုံ့ သိရဲ့သားနဲ့ကွာ..”
ကိုကို လက်ကို ဆွဲကိုင်လိုက်တော့ လက်ဖျားတွေက အေးစက်နေတာ သတိထားမိသည်..။
“ကိုကိုရယ်..ဒီ အတိတ်ကို လက်ခံလိုက်ပါနော်...အတိတ်ဆိုးတွေကို ဖျောက်လို့လည်း မရဘူး..ဖျက်စီးလို့လည်း မရဘူးလေ...ဒါပေမဲ့ အတိတ် အသစ်တွေကို ဖန်တီးလို့ရတယ်မလား...ဒီနေ့လေးကို အနာဂတ်နေ့ကနေ ပြန်ကြည့်ရင် လှပတဲ့ အတိတ်နေ့ရက်လေး ဖြစ်နေမှာလေ...ပုံ့နဲ့့အတူ အတိတ်လှလှလေးတွေပဲဖြစ်အောင် ကြိုးစားကြမယ်နော်...အတိတ်ဆိုးတွေ နေရာဖယ်ပေးလိမ့်မယ် သိလား....ကိုကို ရဲ့ ဘေးမှာ ထာ၀ရ ပုံ့ရှိနေမှာပါ...”
စကားတက်လွန်းတဲ့ ချစ်ရသူလေးကြောင့် မာန်သွေး အလန့်တကြားဖြစ်နေတဲ့စိတ်တွေ ပျောက်ပြီး ကြည်နူးစွာ ပြုံးလိုက်မိသည်..။
အတိတ်ဆိုးတွေမှာ ပုံ့ သာ မကူညီရင် အခုချိန်ဆို ရှိမယ်တောင် မထင်...။
“လာလေ...”
မာန်သွေး လက်မောင်းကို လက်သွယ်သွယ်လေး ရောက်လာပြီး တွဲခေါ်တော့ ခြေလှမ်း ပြင်ရသည်..။
သူ့ သူငယ်ချင်းတွေ ဆီက မေးခွန်း အကြည့်တွေကို မာန်သွေး အဖြေရှာမရခင် ပုံ့ က ရယ်နေသည်..။
“သုံးစက်လေ....ကိုကို့ကို ချစ်စနိုးနဲ့ ခေါ်တဲ့ နာမည်..”
“သြော်...”
“ပုံ့ပုံ့ ကလည်း ဟာ..အထူးအဆန်း သုံးစက်တဲ့..”
“ဒါပေါ့  ချစ်လို့ ခေါ်တာ..”
“ငါတို့ကော ခေါ်လို့ မရဘူးပေါ့..”
“ငါ့ယောင်္ကျားကို ငါ ခေါ်တဲ့ နာမည်ပါဆို..”
“အမလေးဟဲ့..ခါ ပစ်လိုက်တာ လွင့်တောင် ထွက်တယ်...”
‘ဟား..ဟား...”
သူငယ်ချင်းတွေကို ကြွားစောင်းလေး ပြောပြီး လက်မောင်းကို ပိုဆုပ်ကိုင်ခါ ခေါင်းမှီတော့ မာန်သွေး ပြုံးမိသည်..။
နှလုံးသားရဲ့  ကြည်နူး မှု ပီတိ အဟုန်ဖြင့် တစ်ကိုယ်လုံး ကို နွေးထွေးစေသည်..။
လက်မောင်းပေါ်က လက်ဖြူဖြူလေးကို လက်နဲ့ ဖွဖွ ဖိအုပ်ကိုင်လိုက်ပြီး ချစ်ရသူကို ချစ်စိတ် အပြည့်ဖြင့် ငဲ့ကြည့်လိုက်သည်..။
ကိုကို မြတ်နိုးယုယ ရတဲ့ ပန်းလေး ကို  ပိုင်ဆိုင်ခွင့် ပြုတဲ့ အတွက် ကျေးဇူးတင်ပါတယ် ကလေးရယ်...။
နှလုံးသားထဲက စကားလုံးတွေ ကြားရသူ တစ်ယောက်လို ရှက်သွေးဖြန်း မျက်နှာလေးဖြင့် ခေါင်းငုံ့လိုက်တော့ မာန်သွေးလည်း ပြုံးလိုက်မိသည်။
“ဦးမိုးတို့မိသားစု ကို နှုတ်ဆက်ရအောင်နော်...ကိုကို..”
လက်မောင်းပေါ်က လက်ဖြူဖြူလေး လှုပ်ရှားပြီး ပြောတော့ ရှေ့ခုံက ဆွေမျိုးတွေကို နှုတ်ဆက်ဖို့ သတိရသည်..။
ဘ၀လမ်းခရီးမှာလည်း ဒီလိုမျိုးလေး လက်တွဲပြီး ထာ၀ရ လျှောက်လှမ်းခွင့်ရပါစေလို့ ဆုတောင်းရင်း...အတိတ်သစ်တွေရဲ့ ပထမဆုံးခြေလှမ်းကို ပြိုင်တူ လှမ်းမိသည်..။

<ပြီးပါပြီ>
━━━━━━━☆☆━━━━━━━

ကိုယ့်စကားတစ်ခွန်းကြောင့်

သူတစ်ပါး စိတ်မဆင်းရဲစေအောင်

ဆင်ခြင် ရှောင်ကြည်ရသလို

သူတစ်ပါး စကားတစ်ခွန်းကြောင့်

ကိုယ် စိတ်မဆင်းရဲအောင်လည်း

ဉာဏ်ယှဉ် နေတက်ရမယ်။ #crd

တစ်ယောက်စကား ၊တစ်ယောက်နားမှာ ၊မခါးရအောင်၊ သတိဆောင်၍ ၊မောင်တို့ဆိုလေ ပျားသကာသို့ ချိုလှစေ။

ဟိ...ဇွဲကောင်းကောင်း နဲ့ ဇာတ်သိမ်းမယ်ဆိုမှ နောက်ပါကျကရော 😂

အခုဆိုရင်ဖြင့် မပြည့်မစုံ ဝဲလည်လည် ပိုင်ရှင် ဇာတ်လမ်းလေး ဇာတ်သိမ်းသွားပါပြီ..💔

စရေးကတည်းက ရေးလိုက်မရေးလိုက် ဖြစ်နေတာပါ...

နေ့တိုင်းတင်လို့ရအောင်လည်း တော်တော် ကြိုးစားလိုက်ရတယ် 😁

ပိုင်ရှင်က ဝဲလည်လည် နဲ့ ကျေနပ်စရာ မကောင်းဘူး ဖြစ်နေတော့ စာဖတ်သူတွေကိုလည်း အားနာပါတယ် 🙏

ပျော်စရာ ရိုစရာ သိပ်မပါပဲ စိတ်ချည်းညစ်နေရတယ်နော်😢

မာန်သွေးကိုလည်း အားနာတယ် 😁

စိတ်ညစ်ခံပြီး နေ့တိုင်း ဖတ်ပေးခဲ့လို့ လည်း ပိုပြီး ကျေးဇူးတင်ပါတယ် ❤

ဇာတ်သိမ်းမကောင်းတာကို ခွင့်လွှတ်ပါနော်
ဇာတ်မသိမ်းတက်လို့ပါ 🙏

အခုလို ပြီးတဲ့အထိ ရေးနိုင်ခဲ့တာ စာဖတ်သူတွေရဲ့ မမြင်ရတဲ့ တွန်းအားတွေကြောင့်ပါနော်

မနက်တိုင်း စောင့်ဖတ်ပေးခဲ့တဲ့ စာဖတ်သူလေးတွေကို ကျေးဇူးတင်ပါတယ် ❤

Like Com က တစ်ဆင့် အားဖြစ်လို့ ကျေးဇူးကြီးကြီးပါ ❤

Like Com မပေးဖြစ်လည်း စာတွေဖတ်ပေးခဲ့တဲ့ စာဖတ်သူတိုင်းကိုလည်း ကျေးဇူးထူးထူးပါ ❤

Comကနေ အကြံပေးတာလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။

အချိန်တွေအများကြီး
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

နောက်ဇာတ်လမ်းကတော့ 😁
နားဦးမယ်ကွယ် 😜

Love u all ❤
#စပိုက်ကာ

ပိုင်ရှင်Donde viven las historias. Descúbrelo ahora