Part 5

4.4K 205 0
                                    

ပိုင်ရှင်
အပိုင်း (၅)
#ပိုင်ရှင်

“မမ ရေ...ကိုကြီးက နေ့ခင်းကားနဲ့ သွားတော့မယ်တဲ့...မမ ကိုလည်း နှုတ်ဆက်ချင်လို့တဲ့ ခေါ်ခိုင်းလိုက်တယ်...”
“မမေရ.....”
“.....”
“ဟာ....မရှိဘူးလား....လွန်လိုက်တာ.... တစ်ရက်လေး သင်တန်း မသွားလည်း ရတာပဲကို....ဟွန့်...”
ပုံ့ပုံ့ရဲ့ စကားသံ အဆုံး မီးဖိုချောင်တံခါး ပြန်ပိတ်သံ ကြားရတော့မှ ဝိုင်း ရေချိုးခန်း တံခါး ဟကြည့်မိသည်..။
ကိုကြီး ကို နှုတ်ဆက်ချင်ပေမဲ့ ဝိုင်း ငိုချင်သည်..။
ကိုကြီး နဲ့ အကြာကြီး ခွဲရမှာကို တွေးမိရင် ကြောက်လွန်းလို့ ည တောင် အိပ်မပျော်ချင်...။
မရိုးသားတဲ့ ကိုယ့်စိတ်တွေကို မုန်းသလို ကိုကြီး ရဲ့ ရိုးသားတဲ့ စိတ်တွေကိုလည်း အားနာမိသည်..။
အိမ်ထဲက တိတ်တိတ်လေး ချောင်းကြည့်ခွင့်တောင် မရတော့မှာ သိတော့ မျက်ရည် တစ်စက်လွင့်ကျလာသည်..။
၀ိုင်း နှလုံးသားက မမှီနိုင်တဲ့ အချစ်ပန်းမှ လိုချင်တာလား...
မတန်မရာ မျှော်မှန်းနေမိတာလား ကိုကြီးရယ်...
၀ိုင်း စိတ်တွေကို မုန်းလိုက်တာ...အရင်အတိုင်း ကိုကြီး နဲ့ ရင်းရင်းနှီးနှီး မောင်နှမ လို ပြန်နေချင်လိုက်တာ....။
အလိုက်ကန်းဆိုးမသိတဲ့ ရင်ခုန်သံတွေကြောင့် ကိုကြီး အနားကို ရောက်တိုင်း ဝိုင်း ပင်ပန်းရတယ်...။
ငိုချင်သလိုလို ရှိုက်ချင်သလိုလို ဖြစ်လာတဲ့ စိတ်တွေကို ဘယ်လို ထိန်းချူပ်ရမလည်း ဝိုင်း မသိဘူး...။
ကိုကြီး ပြောဖူးတာတွေ ပြန်ကြားယောင်မိတော့ အားငယ်ရပြန်သည်..။
ကိုကြီး မျက်လုံးထဲမှာ ညီမ တစ်ယောက်ရဲ့ အဆင့်က ဘယ်တော့မှ တက်လာမှာ မဟုတ်ဘူးဆိုတာ သိပြီး  စိတ်မကောင်းဖြစ်ရပေမဲ့ တစ်ဖက်က ပြန်တွေးကြည့်ရင် ကိုကြီးလို လူတော် လူယဉ်ကျေး တစ်ယောက်ကို အစ်ကိုတော် ခွင့်ရထားတာ ကြည်နူးမိပါသည်..။
“ဒီမှာ ကိုကို...”
“ဟာ...တကယ်...ဖူးနေတာပဲ...ကိုကို က ညီမလေး အမြင်မှား နေတယ် ထင်လို့..”
“ပုံ့ တော်တယ်မလား..”
“အင်း..တော်တာပေါ့ မေမေ့ စံပယ်တွေတောင် မဖူးသေးဘူးလေ...ကြွားလို့ရပြီ.....မေမေ့ အပင် ခွဲစိုက်တာ မေမေ မသိသေးဘူးမလား..”
“ဟုတ်တယ်..”
ပုံ့က သူ့ အပင် လေးတွေ အဖူးပွင့်နေတာကို ခေါ်ကြွားနေတော့ ဝိုင်းလည်း ပြတင်းပေါက်မှာ ရပ် ကြည့်ရင်း ပြုံးမိသည်..။
“ကျောက်ခဲလေးတွေ စီထားတာလား..”
“အင်း..”
မာန်သွေး ကျောက်ခဲဝိုင်းလေးကို ကြည့်ရင်း အိမ်ရှေ့ ပြတင်းပေါက်ဆီ အကြည့်ရောက်သွားတော့ မျက်၀န်းတစ်စုံကို အမှတ်တမဲ့ တွေ့လိုက်ရသည်..။
လိုက်ကာ ကျသွားတော့မှ ပိုသေချာ သွားပြီး ပြုံးရင်း အိမ်ဘက်ကို လှည့်တော့ ကိုကြီးက သူ့ အခန်း ပြတင်းပေါက်မှာ ရပ်နေသည်...။
ဒီ နှစ်ယောက်လည်း တစ်ခုခု ပါပဲ....
“ဟ...”
“ဟီး...”
“လာခဲ့ ကောင်မလေး...”
ပါးကို လက်ညိုး နဲ့ လာသုတ်ပြေးတဲ့ ပုံ့ပုံ့ နောက်ကို ပြေးလိုက်ရင်း စိတ်ညစ်စရာတွေ တဒင်္ဂ မေ့ပျောက်သွားရသည်..။
“ဘာကျန်သေးလို့လည်း သားကြီး..”
“ဟင့်အင်း...ဟို..ဦးလေးကျော်ကို မနှုတ်ဆက်ရသေးဘူး..”
“ကိုကျော်စိုးလည်း လိုက်ပို့မှာပဲလေ...”
“သြော်..ဟုတ်...”
“လက်ထဲက ဘာလည်း...ကိုကြီး...”
“ဟမ်..ဘာမှ မဟုတ်ပါဘူး..”
အောင်သွေး လက်ထဲက လက်ကိုင်ပါတဲ့ ကော်ဘူးလေးကို နောက်ကို ခပ်လွဲလွဲ ပို့လိုက်သည်..။
“ဟ..ညီ..”
ထင်တဲ့ အတိုင်းပင် ညီက လက်ထဲက ဆက်ကနဲ့ ဆွဲယူပြီး ပြတင်းဘောင်ပေါ်တင်ခါ ဖွင့်ကြည့်သည်..။
“သြော်...ဝိုင်း အတွက်လား...ပုံ့.. ညီမလေး...”
“ရှင်..”
“ရော့ ဒါကို ဝိုင်းကို ပေးလိုက်..ကိုကြီး ပေးတာလို့ ပြောလိုက်နော်”
“ရတယ်..ဒီတိုင်းပေးလိုက်ပါ..”
“ပြောအုံးနော်...”
“ဟုတ်...”
“ကဲ သားတို့...ကားရောက်ပြီ....ဦးလေးကျော်ပဲ လိုက်ပို့လိမ့်မယ်..သားတို့ ဖေဖေ မအားဘူး..”
“အားနာစရာကြီး လေးကျော်ရယ်..”
“အားနာတယ်ဆိုတော့ အသက်တွေ ကြီးသွားလို့ဖြစ်မယ်ကွ...”
“ဟား..ဟား...ဟုတ်တယ်..”
အကုန်လုံး အိမ်ရှေ့ဘက်ကို ထွက်ကြတော့ ပုံ့ပုံ့ တစ်ခု ကို သတိရခါ
“ခဏ ကိုကို..”
ကိုကို ရပ်စောင့်နေမှန်း သိပေမဲ့ ပုံ့ပုံ့ အချိန် မမှီမှာ စိုးလို့ ပြေးသွားလိုက်သည်..။
“ဘာလည်း ညီမလေး..”
ကိုကို့ လက်ကို ဆွဲယူပြီး ပန်းဖူးလေး ထည့်ပေးလိုက်တော့ ကိုကို က အံသြနေသည်..။
“လက်ဆောင်ပေးတာ...”
“ဟား...ကျေးဇူးတင်ပါတယ်ဗျာ...ပထမဆုံး ပွင့်တာ မနှမျောဘူးလား..”
“နှမျောတာပေါ့..ကိုကို မို့လို့ ပေးလိုက်တာ....”
“သိမ်းထားပါမယ် ဗျာ...”
ပုံ့ အပြုံး တစ်ခုနဲ့ အတူ ခေါင်းညိတ်လိုက်ပြီး ကိုကို့ လက်ကို ကိုင်ခါ ကားဆီ လိုက်ပို့ပေးလိုက်သည်..။
ကားက ချိုးကွေ့ထွက်သွားပေမဲ့ ပုံ့ပုံ့ ခြံရှေ့ ပြေးထွက်ပြီး လက်ပြမိဆဲပင်...။
“သမီးလေး လာ..”
“ဟုတ်...”
“ဟင်း...အရင်ကလည်း အိမ်မှာ မနေပေမဲ့ အခုကျတော့ ခြောက်ကပ်နေသလိုပဲ....”
“ဟုတ်တယ်နော်..မေမေကြည်...”
“သားတို့ မရှိချိန် သမီးတို့ကိုပဲ အားကိုး ရမှာနော်..မေမေကြည် တစ်ယောက်တည်း ပစ်ထားမှာလား..”
“ဟုတ်ပါဘူး...ပုံ့ တို့ နှစ်ယောက် စလုံး လာနေပေးပါ့မယ် မေမေကြည်ရဲ့..”
“ဟင်း...ဝိုင်းလေးက အရင်လို မဟုတ်ဘူး သမီးရယ်....ဒီကလေး ဘာကို နာသွားလည်း မသိဘူး..မေမေကြည် စိတ်မကောင်းလိုက်တာ..”
“ဟုတ်ပါဘူး..မေမေကြည်ရယ်...မမက စက်ချူပ်ပြီး ပြန်လာရင် အိမ် အလုပ်လည်း လုပ်ရတယ်...ဆရာမ ထည့်ပေးလိုက်တဲ့ အထည်တွေကိုလည်း လက်ချူပ်လိုက်ပေးရလို့ပါ မေမေကြည်ရဲ့...”
“တော်တော် ပင်ပန်းရှာမှာပဲ...”
“ဟုတ်...”
“မေမေကြည်... ပုံ့ အိမ်ခဏ ပြန်လိုက်အုံးမယ်...”
ပုံ့ပုံ့  ပြတင်းပေါက် တန်းပေါ် တင်ထားတဲ့ ကော်ဘူးလေးကို ယူပြီး အိမ်ဘက် ကို ပြန်ပြေးလာခဲ့သည်..။
အိမ်တံခါးတွေကို ကြည့်တော့ ဖွင့်ထားပြီး ပြတင်းပေါက် တွေလည်း ဖွင့်ထားတော့ မမ ပြန်ရောက်နေပြီမှန်း သိလိုက်သည်..။
“မမေရ...”
“ဟင်..ငိုနေတာလား..”
“အင်း...”
“ဘာဖြစ်လို့လည်း...ကိုကြီး က မမ အတွက် လက်ဆောင်ပေးခဲ့တယ်..ဖွင့်ကြည့်ပါအုံး..”
မမ လက်ထဲ အတင်းထိုးထည့်ပြီး ပုံ့ပုံ့ လည်း ဘေးကနေ ကြည့်ရင်း စိတ်လှုပ်ရှားနေမိသည်..။
“ဟယ်...အပ်ချူပ်တဲ့ ဘူးလေး..”
“ပစ္စည်းဘူးပါဟာ...”
“ဘယ်နှစ်မျိုးတောင် လည်း မသိဘူး..အောက်မှာ တစ်ထပ်ရှိသေးတယ်..”
မမ က တစ်ဆင့်ဖြုတ်ပြီး ချလိုက်တော့ အောက်မှာ ရောင်စုံ အပ်ချည်ဘီးလုံး ၁၂ လုံး ထည့်ထားသည်..။
“အပေါ်က ပေကြိုး၊ ကတ်ကြေး၊ အပ် ၊ ကြယ်သီး နဲ့ ကော်ချောင်းတောင် ပါသေးတယ်...ကိုကြီး ဒါကို ဘယ်မှာ သွားရှာခဲ့လည်း မသိဘူး..”
“အေးလေ...ဒီလောက် အလုပ်များနေရဲ့သားနဲ့ “
မမ က မျက်ရည်တွေကို သုတ်ပစ်ရင်း ပစ္စည်းတွေကို သေချာ ပြန်စီထည့်နေသည်...။
“မမ ဒါတွေ ကို မသုံးဘူးလား..”
“ဟင့်အင်း...အမှတ်တရ သိမ်းထားမလို့...”
“အိုး..သုံးစေချင်လို့ ပေးတာကို မမကလည်း သိမ်းထား ဘာလုပ်ဖို့လည်း..”
“ဒီလို လက်ဆောင် မျိုး နောက်တစ်ခါ ရတော့မှ သုံးမယ်...သမျောလို့...”
“ကောင်းတယ်...မေမေကြည်တောင် မမ ကို မေးနေတယ်..”
“ကိုကြီးကော မေးသေးလား..”
“မေးတာပေါ့...သွားခါနီး အထိ လှည့်ကြည့်နေတာ....မမ ကလည်း တစ်ခါတစ်လေ မနားဘူး..အခု ပြန်လာတာ မမှီလို့ ငိုနေရပြီမလား..”
၀ိုင်း မုသားဖြင့် ခေါင်းညိတ်ရင်း ကိုကြီးပေးတဲ့ လက်ဆောင် ဘူးလေးကို ဘီဒို ပေါ် သေချာ တင်ထားလိုက်သည်..။
ကိုကြီး က ကားပေါ်တက်ခါနီး အိမ်ဘက်ကို ကြည့်နေတာ သိတော့ ဝိုင်း မျက်ရည်ကျရသည်..။
“မမ ရေ...ညကျရင် မေမေကြည်တို့ အိမ်သွားမယ် လိုက်မလား..”
“အင်း...လိုက်မယ်လေ..”
“ဟမ်..တကယ်လား....နေ အနောက်က ထွက်တော့မယ်...”
“သွား မြန်မြန် စာရေးဖို့ရှိတယ်ဆို..”
“ဟုတ်..”
ပုံ့ပုံ့ အခန်းထဲ ၀င်သွားတော့မှ ဘီဒို ပေါ် က ကော်ဘူးလေးကို ပြန်ယူပြီး သေချာပြန်ကြည့်မိပြန်သည်..။
အပြုံး တစ်ခုနဲ့ အတူ တယုတယ ဘီဒိုပေါ် ပြန်တင်ပြီး လက်ချူပ်လိုက်ဖို့ ပြင် ရသည်..။
ကိုကြီး အပေါ် မရိုးသားခဲ့တာ ဆယ်တန်း စာမေးပွဲ နီးမှလေ..။
ဒါကြောင့် အမှတ်နည်းသွားတာ ဖြစ်ပါလိမ့်မည်...။
ကိုကြီး က ရိုးရိုးသားသား စာပြ ပေးပေမဲ့ ဝိုင်းမှာတော့ ရင်ခုန် စိတ်လှုပ်ရှားရသည်..။
“ဝိုင်း...ဘာ မရှင်းလို့လည်း..”
“ဟင့်အင်း...”
“တစ်ခုခု ပြောစရာ ရှိလို့လား..”
၀ိုင်း အကြည့်တွေ က ကိုကြီး  ရဲ့  မျက်ခုံးမှာ ရပ်တန့်နေတာ သတိ၀င်ပြီး ခေါင်းရမ်းခါ စာအုပ်ဆီ ပြန်ရွေ့ရသည်..။
“မရှင်းရင် မေးနော် ညီမလေး..”
“ဟုတ်..”
ကိုကြီး က အပြုံး တစ်ခုဖြင့် ပြောပြီး သူ့စာအုပ်တွေကို ပြန်ကြည့်နေချိန် ဝိုင်း သချာင်္ စာအုပ်က မျက်လုံး မခွါရဲတော့ပါ...။
“ဟော...ဝိုင်းလေး တောင် လာပြီ..”
“ဟုတ်ကဲ့...”
“သမီး ကိုကြီး ကတော့ အိပ်တုန်းပဲ တက်နှိုးလိုက်လေ..”
“နေပါစေ မေမေကြည် ဝိုင်း လာတာ စောနေလို့ပါ..မေမေကြည် ထမင်းကြေ်ာ မလို့လား ဝိုင်း လည်း ကူပေးပါမယ်..”
“အိုး လိမ်မာလိုက်တဲ့....ရွေ သမီး...”
ထမင်းကြော်ဖို့ ကူပြီး တဲ့ အထိ ကိုကြီး က မထသေးတော့ မေမေကြည် နှိုးခိုင်းလို့ အပေါ် တက်လာခဲ့ရသည်..။
“ကိုကြီး..”
“ကိုကြီး...”
၀ိုင်း အသံတိုးတိုးလေးကြောင့် ကိုကြီး က လူးလွန့်တောင် မလာပဲ စောင်ကို ရင်ဘတ်အထိ ခြုံထားရင်း အိပ်မောကျနေသည်..။
မျက်ခုံး တန်းတွေရဲ့ အောက်က နူးညံ့တဲ့ မျက်လုံးတွေ ပျောက်ပြီး ခပ်စိပ်စိပ် မျက်တောင်တွေကို အနီးကပ် မြင်ရသည်..။
နှာတံ စင်းစင်းနဲ့ အတူ ခပ်ဟဟ ဖြစ်နေတဲ့ နှုတ်ခမ်းကြောင့်  ငြိမ်သက်နေတဲ့ ရုပ်ထု တစ်ခုလို့ ထင်ရသည်..။
ညာဘက် ပါးစောင်းမှာ မှဲ့ နက်တစ်လုံး က ထင်းထင်းလေး ဖြစ်နေပြီ.း ..ကိုကြီး ဆံပင် စင်းစင်းလေးတွေက ခပ်ပွပွ လေးဖြစ်ခါ နဖူးပေါ် ဝဲကျနေသည်..။
“အင့်...”
“အိုး...ကိုကြီး..”
“ဟင်..ဝိုင်းလား...”
“အဲ...ဟုတ်....လာနှိုးခိုင်းလို့..”
“သြော်..လာခဲ့မယ်နော်...ကိုကြီး မျက်နှာ သစ် လိုက်အုံးမယ်..”
အပျင်းကြော တစ်ချက်ဆန့်ပြီး သမ်းဝေခါ ကုတင်ပေါ်က ဆင်းသွားတော့မှ ဝိုင်းမှာ အသက်ရှုရဲတော့သည်..။
ဟူး...ကောင်းကောင်း ခိုးကြည့်နေတုန်း နိုးလာတာ...အချိန်မှီ သရုပ်ဆောင်နိုင်လို့ တော်ပါသေးရဲ့..။
“ဟင်...ကိုကြီး..”
ဓာတုဗေဒ ဖြေပြီး ကျောင်းက ထွက်လာတော့ ကိုကြီး ကားကို တွေ့မိပေမဲ့ အနားမသွားခဲ့ပါ..။
ကိုကြီးက လက်ကို လာဆွဲတော့မှ အံအားသင့်သွားရသည်..။
“ကိုကြီး ဘယ်ကိုလာတာလည်း..”
“ဟောဗျာ....ဝိုင်း ကို လာကြိုတာပေါ့..”
“ဟင်...ဟုတ်လား...အားနာစရာကြီး..”
“အားနာတာလား..မကြိုချင်တာလား..”
“မဟုတ်ပါဘူး...ကားနဲ့ ပြန်ရတာ ကောင်းတာပေါ့ ကိုကြီးရဲ့...ဝိုင်း သူငယ်ချင်းတွေကို သွားပြောလိုက်မယ်..”
ကိုကြီး က ဝိုင်း အနောက်က လိုက်လာတော့ ဝိုင်း ပျော်ရသည်..။
ဇင်ဝေ နဲ့ အိအိ ကို ကိုကြီး အကြောင်းတွေ ပြောပြထားလို့ သူတို့က သိပ်တွေ့ချင်နေတာလေ..။
“ဟေ့ ဇင်ဝေရေ...ကိုကြီး လာခေါ်လို့ ပြန်တော့မယ်..”
“ဟယ်...နင် က သစ္စာဖောက်တာလား..”
“မဟုတ်ပါဘူးဟာ..”
“ညီမတို့က ဘယ်ကို ပြန်မှာလည်း..”
“ဘော်ဒါဆောင်ပါ ကိုကြီး..”
၀ိုင်းပဲ အစား ၀င်ဖြေပေးလိုက်တော့ ကိုကြီး က ခေါင်းညိတ်ပြီးတာနဲ့ လိုက်ပို့ဖို့ ခေါ်တော့သည်..။
“ဟီး..ကိုကြီးက သဘောကောင်းတယ်နော်...အဲဒါကြောင့် ချောတာ သိရဲ့လား....ကိုကြီးတို့ ဆေးကျောင်းက ချောမှ တက်လို့ရတာလား..ဟင်..”
“ဟား..ဟား...မဟုတ်ပါဘူးကွာ...”
“သိဘူးလေ....ဆေးကျောင်းသားတွေ အကုန်လုံး ချောနေကြတာပဲ...”
“ဟား..ဟား...အတန်းမြင့်လေ...ရုပ်ဆိုးလေပဲကွ...မယုံရင် ကျောင်းမှာ လာကြည့်...”
“ဟိ..အရင်ကတော့  မသိဘူး...အခုတော့ လာကြည့်အုံးမယ်..”
“ကိုကြီး နဲ့ ဇင်ဝေ က နှစ်နှစ်ပဲ ကွာတာပေါ့ သူက သုံးနှစ်ကျလေ..”
“ဟုတ်လား...အခုတော့ ဖြေနိုင်ပြီမလား..”
“ဇင်ဝေ ဖြေနိုင်ရင် ဘော်ဒါ ဂုဏ်တက်ပြီ..”
“နင်ကလေ...”
သူတို့ နှစ်ယောက်နဲ့ ကိုကြီး စကား အပြန်အလှန် ပြောနေတာကို ဝိုင်း စိတ်ထဲ ၀န်တို လာမိသည်..။
“ဖြေနိုင်ရဲ့လား ညီမလေး တိတ်လှချည်လား..”
“ဖြေနိုင်ပါတယ်...ဝိုင်းက ကိုကြီးကို အားနာလို့ပါ..ဝိုင်း သူငယ်ချင်းတွေက အရမ်းစကားများတာ..”
“ဟား..ဟား...ဘာဖြစ်လည်း...ဝိုင်းက ကိုကြီး ညီမလေးပဲလေ...ညီမလေး သူငယ်ချင်းကလည်း ကိုကြီး ရဲ့ ညီမလေးပဲပေါ့...မဟုတ်ဘူးလား..”
“ဟုတ်..”
၀ိုင်းရဲ့ ရင်ခုန်သံ မျှော်လင့်ချက်တွေကို ကိုကြီး က အချိန်တိုအတွင်း ရိုက်ချိုးပစ်လိုက်သည်..။
ကျောင်းပိတ်ရက်တွေမှာ ကိုကြီး သူငယ်ချင်း ဆရာ၀န်မလေးတွေ ပါလာတက်တော့ ကိုယ့် အဆင့် ကိုယ် သိပြီး ခပ်ဝေးဝေးကို ပိုတိုးနေမိသည်..။
မထင်ထားပဲ ကိုကြီး ရဲ့ ဝိုင်း အပေါ် သဘောထား ကို သိခဲ့ရတော့ ၀မ်းနည်းစိတ်ဖြင့် မတွေ့အောင် ရှောင်နေမိသည်..။
မုန်းလို့ မဟုတ်ပါဘူး ကိုကြီးရယ်..ရင်ဘတ်ထဲက....နာကျင်မှုက ပြင်းထန်လို့ပါ...။
၀ိုင်းကို ရုပ်ဆိုး ကြောင်း ဟာသ လုပ်ပြောနေတဲ့ ကိုကြီး စကားလုံးတွေက ထိချက်ပြင်းတယ်...။
တိတ်တခိုး ချစ်ရတာ...ဘယ်လောက် ပင်ပန်းလည်း ကိုကြီး သိခဲ့ရင် ဝိုင်း ကို ဘယ်လိုမျိုး တုန့့်ပြန်လာမလည်း သိချင်ပါရဲ့...။
အဲဒီ့ အချိန်က စလို့ ဝိုင်းရဲ့ ရည်ရွယ်ချက်က ကွန်ပျူတာလည်း မဟုတ်ဘူး...။
ဆရာ၀န်လည်း မဟုတ်ဘူး...။
ကိုယ့်လုပ်တဲ့ အလုပ်တစ်ခုကို သူများထက် တော်အောင် တက်မြောက်ချင်တယ်...။
ကိုယ့် ကိုယ်ကို ယုံကြည်မှု ရှိတဲ့ မိန်းမ တစ်ယောက်ပဲ ဖြစ်ချင်တော့တယ် ...။
ကိုကြီး ကို မနှုတ်ဆက်နိုင်တဲ့ ယုံကြည်မှု မရှိတဲ့ ဝိုင်းကို ခွင့်လွှတ်ပါ..။
ကိုကြီး ပြန်လာချိန်ကျရင် ဝိုင်းဆိုတာ ကိုကြီး သိထားတဲ့ ရုပ်ဆိုးဆိုး အရည်အချင်း မရှိတဲ့ ကောင်မလေး မဟုတ်ဘူးဆိုတာ သက်သေပြချင်တယ်...
မုန်းလို့ မဟုတ်ဘူး...အတ္တစိတ်ကြောင့် မဟုတ်ဘူး...ကိုကြီး အသိအမှတ်ပြုတာလေး ခံချင်လို့ပါ...။
၀ိုင်း အဆင့်သင့် မဖြစ်သရွေ့ ကိုကြီး နဲ့ မျက်နှာချင်းဆိုင် မတွေ့ဘူးလို့ ဆုံးဖြတ်ခဲ့ပြီးပြီ..။
အတွေးပေါင်းစုံ လှည့်ပတ်နေရင်း လက်ချူပ်လိုက်တာ နှစ်ထည်တောင်ပြီးသွားတော့ ဝိုင်း ပြုံးလိုက်သည်..။
လက်တောင် မနည်းသွက်လာပြီပဲ..။
ချူပ်ရိုးလေးတွေ ညီ မညီ လိုက်ကြည့်တော့ တစ်လိုင်းပဲ ပြန်ဖြုတ်ရတော့သည်..။
“ပုံ့ပုံ့ ရေ ...မမ တို့ မေမေကြည် ဆီ သွားရအောင်..”
“ပုံ့ စာ မပြီးသေးဘူး..”
“ဟိုကျမှ ဆက်ရေးပေါ့..မေမေကြည် တစ်ယောက်တည်း စိတ်မကောင်းဖြစ်နေမှာပဲ..”
“ဟုတ်..”
ပုံ့ပုံ့ ရေးလက်စ စာအုပ်တွေ လွယ်အိတ်ထဲ ထိုးထည့်ပြီး ယူခဲ့လိုက်သည်..။
မမကလည်း အရင်ကတော့ ဟိုဘက်အိမ် ဆိုရင် ဖေဖေ သွားခိုင်းတောင် ပုံ့ ကိုပဲ လွှတ်နေပြီး အခုမှ တစ်မျိုး...။
“ဟယ်...ဝိုင်းလည်းပါလာတာလား..”
“ဟုတ်ကဲ့ မေမေကြည်...”
“မေမေကြည် ပျင်းနေမှာ စိုးလို့တဲ့..”
“ပျင်းတာပေါ့ သမီးရယ်...ဒါတွေက လက်ချူပ်လိုက်ပေးရတာလား..”
၀ိုင်းလက်ထဲက  အ၀တ်ထည့်ထားတဲ့ အိတ်ကို ကြည့်ပြီး မေးတော့ ခေါင်းညိတ်ပြလိုက်ရသည်..။
“များလိုက်တာ သမီးရယ်....လက်ထိပ်ကလေးတွေ နာမှာပဲ..”
“နာရုံ မဟုတ်ဘူး မေမေကြည် ပေါက်ကုန်တာ...ဖေဖေ က မလုပ်နဲ့တော့လို့ ပြောတာ မမ က မရဘူး..”
ပုံ့ပုံ့ က ရှေ့က ကျော်ပြောလိုက်တော့ ဝိုင်း ဘာမှ ၀င်မပြောတော့ပဲ ငြိမ်နေလိုက်ရသည်..။
“မဟုတ်သေးပါဘူး..သင်တန်းသာ ဆိုတယ် လက်ချူပ်လိုက်တာပဲ သင်နေတော့တာလား..”
မေမေကြည် ရဲ့ မေးခွန်းက ဆရာမ အပေါ် အပြစ်မြင် သလို ဖြစ်နေတော့ ဝိုင်း ပျာပျာသလဲ ခေါင်းရမ်းရင်း
“ဝိုင်း က လက်ချူပ် ညီအောင် မလိုက်တက်သေးလို့ပါ မေမေကြည်...တစ်ခုကို ကျွမ်းကျင်မှ နောက်တစ်ခု သင်ချင်လို့ပါ..”
“ဝိုင်းလေးက သိပ် အပင်ပန်းခံချင်တာပဲ..”
မေမေကြည်ရဲ့ အပြစ်တင်သံ မပါသည့် နူးညံ့တဲ့ စကား တစ်ခွန်းကို ဝိုင်း ခေါင်းညိတ်ခါ ထောက်ခံမိသည်..။
“ပုံ့ပုံ့ ကော စာလိုက်နိုင်လား သမီး..”
“ဟုတ်...အရင် က ကိုကို တို့ ကိုကြီး တို့ ပြခိုင်းလို့ ရတယ်..ခုတော့ စိတ်ညစ်တာပဲ ကျူရှင် တက်ရတော့မယ် ထင်တယ်..”
“ဟုတ်ပါရဲ့.....အိမ်နဲ့ နီးတာ နည်းနည်း စုံစမ်း ကြည့်ပေါ့ သမီးရယ်...”
“ဟုတ်..”
၀ိုင်း လက်ချုပ် လိုက်ရင်း က ပုံ့ပုံ့ ကို ကျူရှင် ပို့ဖို့ ကိစ္စ က ခေါင်းထဲ ရောက်လာပြန်သည်..။
အစ်မကြီးတော့ အမိရာ တဲ့...
တာ၀န်တွေကလည်း များလိုက်တာ.....။
.
“ဟလို...ကိုကြီးလား...ပုံ့ပါ...”
“မေမေကြည်...စျေးသွားတယ်...မမ လား...လိုက်သွားတယ်လေ....”
၀ိုင်းက စျေးလိုက်ပေးတယ် ဆိုတော့ အောင်သွေး မျက်ခုံး ပင့်သွားရသည်..။
စျေးဆို အထည်စျေးတောင် မသွားချင်ပါဘူးဆိုတဲ့ ဝိုင်းက အခုတော့ ဟင်းစားစျေး ကို လိုက်သွားသည်တဲ့လေ..။
“ညီမလေး က အိမ် စောင့် နေတာပေါ့...”
“ဟုတ်တယ်...စာလုပ်ရင်း အိမ် နှစ်အိမ် စောင့်နေရတယ်..”
“ကိုကြီး ဘာလုပ်နေလည်း..ကိုကိုကော..”
“ကိုကြီးက ဂျူတီ မ၀င်ခင် ဖုန်းဆက်လိုက်တာ....ညီမလေး ကိုကို က အိပ်တုန်း..”
“အိုး..ကိုကို က အိပ်ပုတ်ပဲ...”
“ဟား..ဟား...ဟုတ်တယ်....ညီမလေး..စာလိုက်နိုင်လား...”
“မနိုင်ဘူး....ကျူရှင် တက်နေရတယ် ကိုကြီး..”
“ဘယ်ဘာသာ မရတာလည်း..”
“သချာင်္ တူး..”
“ဟုတ်သားပဲ....ကျူရှင်မှာ အဲဒီ ဘာသာ ကို ပိုအာရုံစိုက်နော် ညီမလေး...”
“ဟုတ်...ကိုကြီးတော့ ဘယ်တော့ ပြန်လာမှာလည်း..”
“ဟ..ရောက်တာ တစ်ပတ်ကျော်ပဲ ရှိသေးတယ်လေ ...ပိတ်ရက်ရှည်မှ ပြန်လာမယ် ညီမလေးရယ်...ကားသုံးဆင့်လောက် စီးရမှာ ပင်ပန်းလို့...”
“ဟုတ်...ကိုကြီး ဒါပဲနော်...တာ့တာ...ကိုကို့ ကိုလည်း ဖုန်းဆက် ခိုင်းပါအုံး..”
“ဟုတ်ပါပြီဗျာ.....ကိုကြီး ဖုန်းဆက်တာ မေမေ့ ကိုလည်း ပြောလိုက်နော်...”
“ဟုတ်...”
အောင်သွေး ဖုန်းချလိုက်ပြီး တာနဲ့ ကြည်နူးစွာ ပြုံးလိုက်မိသည်..။
အထောက်တော်လေးရဲ့ သတင်း စကားအရ ဝိုင်းနဲ့ ပုံ့ က မေမေ့ ဆီမှာ တစ်နေ့ကုန် လာနေဖြစ်သည်တဲ့လေ..။
မေမေ့ အတွက် စိတ်ချရသလို သူတို့လို အရွယ်လေးတွေအတွက် လည်း စိတ်ချရတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ပင်..။
၀ိုင်းနဲ့ ဖုန်းပြောချင် လို့ အချိန်ပြောင်း ဖုန်းဆက်ပေမဲ့ သင်တန်းသွားချိန် နဲ့ စျေးသွားချိန်သာ အမြဲတိုက်နေသည်..။
နေ့ခင်းတော့ တစ်ချက် ဆက်ကြည့်အုံးမှ ပါလေ...။
“ဟေ့....ညီ....ကိုကြီး သွားတော့မယ်...နေ့ခင်း ဆေးရုံ လိုက်ခဲ့နော်..”
“အင်း..”
“သြော်....မင်းရဲ့ ညီမတော် က ဖုန်းဆက်ပါအုံးတဲ့...”
“ပုံ့လား..”
“အေး...”
“ကိုကြီး ရဲ့ အချစ်တော် ကော ဖုန်းမဆက်ဘူးလား..”
“ဘယ်သူလည်း..”
“ဝိုင်းလေ...”
“ဟား.ဟား...မရှိဘူး အထူးအဆန်း စျေးသွားတယ်တဲ့..လူကြီးစိတ်၀င်သွားမှာတောင် စိုးရတယ်...”
အောင်သွေး ဟန်ဆောင်ရယ်ရင်း ဆေးရုံ သွားဖို့ သာ အလောတကြီး ပြင်ဆင်နေရသည်..။
အချစ်တော် တဲ့....။
ဒီကောင်ကလေ....စကားပြောရင်  မလွတ်မလပ်တွေ ဇွတ်ပြောနေတာပဲ....။
.
“အင်္ဂလိပ် က ဘယ်ရောက်ပြီလည်း..”
“ပုံ့ စိတ်ညစ်နေတာနော်...”
“ဘာလို့...”
“ပုံ့ အမုန်းဆုံး လူကြီး အကြောင်း သင်နေရတယ်...”
“ဟား...ဟား...ဘယ်သူလည်း ပြောပါအုံး..”
“A strange man လေ အစကတော့ မမုန်းပါဘူး ဆရာမရှင်းပြ မှ ပိုမုန်းသွားတယ်...”
မာန်သွေး ပခုံးလှုပ်အောင် ရယ်နေရပေမဲ့ အသံ မထွက်မိအောင် ကြိုးစားနေရသည်..။
မသိချင်ယောင် ဆောင်ပြီး အသံကို ထိန်းချူပ်ခါ
“အဲဒါ ဘာမုန်းစရာ ရှိလည်း ညီမလေးရဲ့...”
“အဲဒါ ဒိုင်အော်ဂျင်နိ(ဇ်) အကြောင်းလေ....တြိဂံ တွေ စတုရန်းတွေ ကို သူထွင်တာလေ...သူ့ကြောင့် ပုံ့မှာ ဖေဖေ ဆူတာလည်း ခံရတယ်..မမ ခေါင်းခေါက်တာလည်း ခံရတယ်...သချာင်္တူးလည်း မုန်းတယ်...သူ့ကိုလည်း မုန်းတယ်...”
“ဒီလလည်း ရှုံးပြန်ပြီ့လား...”
“ဟုတ်တယ်...ပုံ့ သချာင်္တူးကို လုံး၀ မကြည့်တော့ဘူး ၀မ်းကိုပဲ ရအောင် လုပ်တော့မယ်..”
“ဒီလိုလည်း မဟုတ်ဘူး..နားလည်သွားရင် ပျော်ဖို့ ကောင်းပါတယ် ညီမလေးရဲ့...”
“အနားမညီ တြိဂံကို အဖြေညှိနေတာထက် စက်ဝိုင်း တစ်ခု အသစ်ဆွဲလိုက်တာမှ ကောင်းသေး....”
“ဟား..ဟား...တော်လိုက်တာ...”
ကိုကို့ ရယ်သံကြောင့် ပုံ့လည်း လိုက်ရယ် နေမိသည်..။
ပေါင်ပေါ်တင်ထားတဲ့ အင်္ဂလိပ် စာအုပ်ကို ကြည့်ရင်း ပိတ်ရက် တုန်းက ကျူရှင် အပြန် အကြောင်း ကို သတိရသည်..။
“ကိုကို့ ကို ပြောစရာ ရှိတယ်...”
“အင်း..”
“ဟို...ပုံ့ ကို ကောင်လေး တစ်ယောက် လိုက်နေတယ်...”
မာန်သွေး ဖုန်းထဲက စကားသံကြောင့် မျက်ခုံးတွန့်လိုက်မိပြီး အာရုံစိုက်ခါ နားထောင်နေမိသည်..။
စကားသံ ထပ် မလာတော့မှ
“ဘာဖြစ်လို့လည်း..”
“ချစ်လို့တဲ့...”
“ဝိုင်း မသိဘူးလား...”
“ဟင့်အင်း  မမ က ကျူရှင်ဆင်းမှ လာခေါ်တာ...ပုံ့ ကျူရှင်သွားရင် သူက လမ်းထိပ်မှာ လာစောင့်နေတယ်..သူ နေတဲ့ နေရာနဲ့ အဝေးကြီး ပဲ...သူက ပုံ့တက်တဲ့ ကျူရှင်မှာ လာတက်နေတယ်....သူ့ အိမ်က ကိုယ်ပိုင်ကားနဲ့ လိုက်ပို့တာ ကိုကိုရဲ့....လမ်းထိပ်မှာ အကြာကြီး  ပုံ့ကို လာလာ စောင့်နေတယ်...သနားပါတယ်နော်...”
“မသနားဖို့တော့ မပြောပါဘူး..ညီမလေး ကို ကိုကို ပြောတာ မှတ်မိလား..”
“ဟုတ်...ကျောင်းပြီးမှ..”
“အင်း...”
“သူက သဌေးသားလေ......ဟို...ဟို...ပုံ့ ကိုလည်း Mp4 တစ်လုံး  လက်ဆောင်ပေးတယ်....”
“ဟင်.”
“ပုံ့ မယူပါဘူး...ပြန်ပေးလိုက်တယ်...”
“အင်း တော်တယ်...ခေါင်းထဲ သိပ်မထည့်နဲ့နော်...ကျောင်းစာ ထိခိုက်မယ်...အနှောင့်အယှက် တအားဖြစ်နေရင် ဝိုင်း ကို ဖွင့်ပြောလိုက်...”
“ဟင့်အင်း...မမ က နားမလည်ဘူး...အဆုံးတွေးလွန်းတယ်...”
“ကျောင်းမှာ အခန်းတူလား..”
“မတူဘူး...သူက အေခန်းပါ...စာလည်း တော်ပါတယ်....ရုပ်လည်း ချောတယ်...အတန်းခေါင်းဆောင်...”
“ငါ့ ညီမလေးက သူ့ အကြောင်း သိပ်တွေးလွန်းနေပြီနော်...”
“ဟင်...ဟာ...ကိုကို ကလည်း...”
ပုံ့ပုံ့ ရင်တွေ တလှပ်လှပ်ဖြင့် မလုံမလဲဖြစ်ခါ ရှက်မိတော့သည်..။
ကိုကို့ က ပုံ့ ရဲ့ သက်ရှိ ဒိုင်ယာရီ စာအုပ် ကလေး တစ်အုပ်လိုပါပဲ....။
ဘယ်သူ့ကိုမှ ဖွင့်မပြောမိတဲ့ အရာ အားလုံး ကိုကို့ ကို ပြောပြရဲတာ ငယ်ငယ်ကတည်းက ပုံ့ အကျင့် လို ဖြစ်နေပြီလေ...။
“ကျောင်းသွားရင် အလှတွေ တအား မပြင်သွားနဲ့နော်...”
“ဟုတ်ကဲ့ပါ...ကိုကို လည်း ကျောင်းမတက်တော့ဘူးလား..”
“ဟင့်အင်း...ကိုကို အခု ကိုကြီး လက်ထောက် လုပ်နေရတယ်လေ....ဆေးဘွဲ့ မရပဲ ဆရာ၀န် လက်ထောက် လုပ်နေရတာ ဘယ်လောက် ကောင်းလည်း လို့...”
“ကိုကို က ဆရာ၀န်မှ မဟုတ်တာပဲ...သန့်ရှင်းရေးပဲ လုပ်ရမှာပေါ့...”
“ဟား..ဟား...မဟုတ်ပါဘူး ခင်ဗျာ...အထင်ကြီးလိုက်စမ်းပါ အစ်မရယ်...မနေ့ကပဲ  နောင်ကား ရွာကို ကိုကို လိုက်သွားရတယ်...ကျွန်တော်မျိုး ကိုယ်တိုင် ကလေးမွေးတာ ကူခဲ့ရတာပါ ခင်ဗျာ....”
“ဟယ် တကယ်ကြီးလား..”
“ဟုတ်ကဲ့...”
“ပျော်စရာကြီး ပေါ့နော်...”
“ဟုတ်တယ်...၁၅ရက်စျေးနဲ့ တိုးလို့  ပအိုဝ်း မလေးတွေ ကို တွေ့ခဲ့ရသေးတယ်...”
“ဟီး..ဟီး...အဲဒါကြောင့် ပျော်တာမလား..”
“နှစ်ခု စလုံးပါပဲ...ကိုကိုတော့ ..မနေ့ကမှ လူ့ အသက်တန်ဖိုးကို သိတော့တယ်...နောင်တရနေတယ်...ဗိုက်ထဲမှာကတည်းက ရှင်သန်ဖို့ ရုန်းကန်ခဲ့ရတာ...စကားတစ်ခွန်းကြောင့် လွယ်လွယ် ထွက်သွားချင်တဲ့ စိတ်ကိုတောင် ရှက်မိတယ်...ကိုကြီး မွေးပေးခဲ့တဲ့ ကလေးလေးက လေ ပေါင်ချိန်လည်း မပြည့်ဘူး အသက်ကိုတောင် မနည်းလုထားရတာ ညီမလေးရဲ့...ဒါပေမဲ့ သူ က သန်မာတယ်...လွယ်လွယ်ပြန်မသွားဘူး...လူလောကထဲကို ရောက်အောင် လာနိုင်တယ်...သူ့ ငိုသံကြားတော့ ကိုကို ပျော်လိုက်တာ မပြောပါနဲ့...”
“ပုံ့တောင် ပျော်လာပြီ....ကိုကို နဲ့ ကိုကြီး လည်း ရှမ်းမလေးတွေ ချည်း လိုက်ကြည့်မနေနဲ့နော်...”
“ တိဟ့်ဟာယူ..”
“အဲဒါ ဘာလည်း...”
“မကြည့်အားပါဘူး လို့ ပြောတာ...”
“ညာနေပြီ ..ဒါပဲနာ်...ဖုန်းချ လိုက်တော့မယ်...”
“လီယောက်...”
“ဟောင်းဟတ်ဆူ...”
“ဟ...”
ဒီကောင်မလေး ကျောင်းက တက်လာတဲ့ စကားတွေ ပြောသွားတာ အဓိပ္ပာယ်ကော သိလို့လား ....
မာန်သွေး ရယ်လိုက်မိခါ အသံမကြားရတော့တဲ့ ဖုန်းကို နေရာတကျ ပြန်ထားလိုက်ရသည်...။

━━━━━━━☆☆━━━━━━━
ကဲ.... ရောက်တက်ရာရာဖြစ်ကုန်ပြီရော..😭
ဟူး....သည်းခံပေးကြပါ...စာဖတ်သူ တို့ရေ....အပိုင်းတိုင်းက အဆက်တွေပျက်လို့....အင်း...
အားတွေလည်း နာပါရဲ့...😫
သည်းခံပြီး ဖတ်ပေးတဲ့ စာဖတ်သူလေးတွေရေ... ဟောင်းဟတ်ဆူ 😁 (ကျေးဇူးပါ လို့ ခစ်ခစ်)

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love U all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now