Part 28

4.7K 158 0
                                    

ပိုင်ရှင်
အပိုင်း (၂၈)
#ပိုင်ရှင်

“ပုံ...”
“.....”
အိမ်ရှေ့မှာ ခေါ်နေတာ သိပေမဲ့ လုံး၀ မထွက်ဖို့ ဆုံးဖြတ်ထားသည်..။
အခန်းထဲမှာ နေတာတောင် အသံကြားတော့ နားကြပ်ထိုးပြီး သီချင်းဖွင့် နားထောင်နေလိုက်သည်...။
“ဟဲ့...ညည်း ယောင်္ကျား လာခေါ်နေတယ်လေ...”
“မမနော်...”
မမ က ပြုံးစေ့စေ့ လုပ်ပြီး ပုံ့ ခေါင်းကို ခေါက်ခါ ကုတင်ပေါ် ဆွေ့ခနဲ့ ထိုင်ချလိုက်သည်.။
ပုံ့ နားကြပ်ကို ဆွဲဖြုတ်၍ ဖုန်းကိုပါ လုတော့ အတင်း ပြန်ဆွဲထားရသည်..။
“အိပ်နေတယ်လို့ ပြောလိုက်..”
“မအိပ်ဘူးဆိုတာ သူသိသားပဲ...”
“မသိဘူး..မတွေ့ချင်ဘူး...”
“ဒီကောင် ငါ့ညီမကို ဘာလုပ်လည်း ပြောစမ်း..”
“မလုပ်ပါဘူး..ပြောတာ....လက်ထပ်ပွဲ မလုပ်ချင်ဘူးတဲ့...”
“ကြည့်စမ်း..ရမလား...မိန်းကလေး တစ်သက်မှာ တစ်မင်္ဂလာဆို တာ သူမသိဘူးလား...ရန်သွားတွေ့ဦးမယ်...”
“မမ...”
မမ ကုတင်ပေါ်က ထချိန် ပုံ့ ပျာပျာသလဲ လက်ကို ဆွဲထားတော့ မမ က ခပ်တည်တည်ဖြင့် ရုန်းနေသေးသည်..။
ကိုကို့ ကို ပြောဆိုမှာတော့ မခံစားနိုင်ပြန်ဘူးလေ...။
ချစ်မိတာ မှားပြီလား ကိုကိုရယ်...။
ကိုကို ပြောသလို ရူးကုန်ပြီထင်ပါရဲ့လေ...။
“သွားလိုက်....မနက်ကတည်းက အိမ်ဘက်ကို လာတာ သုံးလေးခေါက် ရှိနေပြီ..”
“ဟွန့်...ခုမှပါ...”
“ဘာခုမှလည်း...သူခမျာ..လျှောက်ပြန်သံပေးနေတာ နှစ်ရက်တောင် ရှိပြီလေ...”
“နေပလေ့စေ..”
“နေနိုင်လို့လား...ချော့နေတုန်း ပြေ လိုက်တော့လေ...ဒီတစ်ခါ မေမေကြည် ခေါ်ခိုင်းတာနော်....မကောင်းဘူး ပုံ့ရယ်..မမ လည်း ဆိုင် မှာ ၀တ်စုံကိစ္စ လုပ်ရဦးမယ်..ညီမလေးတိ်ု့ မေမေကြည် နဲ့ ပြောဆိုပြီးရင် ဆိုင်ဘက်ကို ထွက်လာခဲ့လေ...”
“ဟွင့်..”
ပုံ့ နှုတ်ခမ်းစူ လိုက်ပေမဲ့ သနားသော အားဖြင့် ကုတင်ပေါ်က ဆင်းပြီး အ၀တ်လဲလိုက်ခါ ဖုန်းယူ၍ ထွက်လာခဲ့လိုက်သည်..။
“ပုံ့...”
“ဘာလည်း...”
အနားကို အပြေးရောက်လာတဲ့ ကိုကို့ ကို မကြည့်ပဲ ဆောင့်ပြောလိုက်သည်။
“ဟို..ကိုကို တောင်းပန်ပါတယ်...”
“မလိုပါဘူး...မေမေကြည့် ကို ပြောပြီးပြီလား..”
“ဘာကိုလည်း ဟင်..”
“လက်မထပ်တော့ဘူးဆိုတာ...”
ပုံ့ စကားကို ကြားရတော့ မယုံနိုင်သလို မျက်လုံးပြူးသွားခါ...
“ဟာ..မဟုတ်တာ...ပုံ့ရယ်...ကိုကို စကားမှားသွားလို့ပါ...ပုံ့ဘက်ကို မငဲ့သလို ဖြစ်သွားတာ ကိုကို့ကို ခွင့်လွှတ်ပါနော်...”
“မသိဘူး..”
ပုံ့ စူပုတ်ပုတ်ဖြင့် ခြေလှမ်းတွေ မြန်ပြီး မေမေကြည်တို့ အိမ်ဘက်ကို ကူးလာခဲ့လိုက်သည်..။
ဧည့်ခန်းထဲမှာ မေမေကြည်ထိုင်နေတော့ မျက်နှာထားကို ပြင်ပြီး အိမ်ပေါ်တက်သွားရသည်..။
“ဟော..သမီးလာ...”
“ဟုတ်...”
မေမေကြည်က ဆိုဖာမှာ ထိုင်နေရင်းက လက်ဆန့်တန်း ခေါ်တော့ ဘေးမှာ ၀င်ထိုင်လိုက်သည်..။
ရှေ့ခုံမှာ တင်ထားတဲ့ ဓာတ်ပုံ အလ်ဘမ်ကို အမှတ်တမဲ့ အကြည့်ရောက်သွားတော့ သတို့သမီး ၀တ်စုံ နဲ့ မင်းသမီးပုံတွေ....။
ပုံ့လည်း မကြာခင် ဒီလို ၀တ်ရတော့မယ်ဆိုတဲ့ အသိကြောင့် ပျော်သလို ငိုချင်သလို  ဖြစ်လာရသည်..။
“မိတ်ကပ်အတွက် ရွေးနေတာ သမီးရဲ့...သမီးကြီးကတော့ ၀တ်စုံ ရွေးပြီးတာနဲ့ အစမ်းပြင်ကြည့်ထားမှ အဆင်ပြေမယ်လို့ ပြောတယ်...”
“ဟုတ်...”
“သမီး က ဘယ်မိတ်ကပ်ဆရာနဲ့ ပြင်ချင်လည်း..”
“မသိဘူး..မေမေ နဲ့ မမ ပဲ ရွေးလိုက်ပါ...”
“အင်း...သမီးကြီးကတော့ ဒီအလုပ်ကို ကျွမ်းကျင်ပါတယ်...သူ့ပဲ စီစဉ်ခိုင်းလိုက်မယ်နော်...ပွဲက သဘက်ခါ ဆိုတော့ သိပ်မလို့တော့ဘူး...၀တ်စုံက ခုချိန်ထိ မရွေးရသေးဘူးဆို..”
“ဟုတ်...”
မေမေ ကြည်က ဆူသလို ပြောတော့ ပုံ့ စိတ်ထဲ ကိုကို့ ကို မကျေမနပ်ဖြစ်မိသည်...။
ကိုကိုကြောင့် ခုလို အဆူခံရတာလေ...မဟုတ်ရင် ပုံ့ က သတို့သမီးလောင်း အဖြစ် လုပ်စရာတွေ မှ အများကြီး...။
“ဝိုင်း တစ်ယောက်တည်း ဦးဆောင်နေရတာ...သမီးတို့ နှစ်ယောက်က ပေါ့လိုက်တာကွယ်...သွား..၀တ်စုံကိစ္စတော့ ဒီနေ့ အပြီးလုပ်လိုက်...သားငယ် ရှိတယ်မလား...တစ်ခါတည်း လိုက်ပို့ခိုင်းနော်...”
“ဟုတ်..”
ပုံ့ ခေါင်းညိတ်ပြီး အိမ်ထဲက ထွက်လာတော့ ကိုကို က ခြံထောင့်က ခုံမှာ ထိုင်ရင်း ပုံ့ကို ငေးကြည့်နေသည်..။
အဲလို အဝေးက ငေးကြည့်နေတက်တဲ့ သနားစရာ အကြည့်တွေ နဲ့ ပြုစားပြီး လူကို မနေနိုင်အောင် လုပ်နေတာလေ...။
“သွားမယ်..”
“ဘယ်ကိုလည်းဟင်..”
“အ၀တ်ဆိုင်...”
ကိုကို က ခေါင်းညိတ်ပြီး ကားဆီကို ဦးတည်လျှောက်သွားတော့ ပုံ့လည်း နောက်ကနေ ဖြည်းဖြည်း လိုက်သွားသည်..။
ကားပေါ်မှာ နီးနီးကပ်ကပ်နေရတော့ ချွေးဆို့ချင်လာပြန်ပြီ...။
“ကိုကို့ ကို စိတ်ဆိုးတုန်းလား..”
“ဟုတ်တယ်..ဆိုးတယ်...”
ချက်ချင်း ဆူအောင့်ပြီး ဖြေလိုက်တော့ မာန်သွေး ပြုံးလိုက်မိခါ ကားကို အရှိန်လျော့ပြီး ဖြည်းဖြည်း ပဲ မောင်းခဲ့လိုက်သည်..။
“ပုံ့သိလား..”
“မသိဘူး..”
“ပုံ့..စကားမပြောတဲ့ နှစ်ရက်အတွင်း ကိုကို သေတော့မလို့...”
“အပိုတွေ...”
“ဟောဗျာ...တကယ်ပါဆို...”
“ခုကျတော့ အကောင်းကြီးပဲ..”
“ဒါကတော့ ပုံ့ကို တွေ့လိုက်ရတာကိုး..အခု ဘေးမှာ ရောက်နေတော့ ကောင်းသွားတာပေါ့...”
“အဲလို မဟုတ်တာလျှောက်ပြောနေလို့ မုန်းတာ..”
“တကယ်ပြောတာပါဆို.....ဒီမိန်းမတော့... ထုမိတော့မယ်...”
“ဟာ ကိုကိုနော်...”
“ဟား...ဟား...”
နှုတ်ခမ်းကိုက်ခါ လက်မောင်းကို ထုလိုက် ဆိတ်လိုက်ဖြင့် အလုပ်ရှုပ်နေတဲ့ ပုံ့ကို ငဲ့ကြည့်ခါ မာန်သွေး ပြုံးနေမိသည်..။
ချစ်ဖို့ကောင်းလိုက်တာ ကလေးရယ်...။
ပုံ့ မသိပေမဲ့ ဒီ လက်ထပ်ပွဲ အတွက် ပြင်ဆင်ရတာ မာန်သွေး အတွက် အရမ်းခက်ခဲလွန်းပါသည်။
ကိုယ့်အတွက် ပင်ပန်းလွန်းပေမဲ့ ချစ်သူရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာလေးကို ကြိုမြင်ယောင်ရင်း အရာအားလုံး ရင်ဆိုင်နိုင်အောင် လေ့ကျင့်နေရသည်။
၀ိုင်း တို့ ဆိုင်ရှေ့ရောက်တော့ ကားကို ပါကင်ထိုးခါ ပုံ့ ဘက်တံခါးကို ဖွင့်ပေးချိန် မျက်လုံးလှန်ကြည့်ပြီးမှ မျက်စောင်းထိုးသည်..။
လက်ကမ်းပေးလိုက်တော့ စူပုတ်ပုတ် မျက်နှာထားလေးဖြင့် လက်ကို ဆောင့်ထည့်ပေးသည်..။
လက်ကလေးကို ဖွဖွ ဆုပ်ကိုင်ပြီးတွဲခါ ဆိုင်ဘက်ကို လျှောက်လာတော့ ဝိုင်း က ခါးထောက်ပြီး နှုတ်ခမ်းမဲ့သည်..။
သူ နဲ့ ကိုကြီး အရင် လက်မထပ်ရလို့ မကျေနပ်ဘူးထင်ပါတယ်လေ...။
“ညီမလေး ဘာအရောင် ကြိုက်လည်း..”
“မသိဘူးလေ..မမ ရွေးပေးမှာပေါ့...”
“အာ...သူရွေးပေးရင် အဖွားကြီးစတိုင်လ် ဖြစ်နေမှာပေါ့..”
“မာန်သွေးနော်..”
“လာ..ကိုကို ရွေးပေးမယ်...”
ကိုကိုက ပုံ့လက်ကို ဆွဲခေါ်ပြီး သတိုးသမီး ထိုင်မသိမ်း ၀တ်စုံတွေ ထားတဲ့ အခန်းကို ခေါ်လာသည်..။
“ဟဲ့...အဲဘက် ဆိုဒ်တွေက ပုံ့ နဲ့ မတော်ဘူးနော်....အနီရောင် စင်ထဲကပဲ ယူ...”
“ဟွင်း..ရွေးစရာကလည်း နှစ်ထည်ထဲ ရှိတာလား..”
အကျီ င်္တွေပြည့်နေတဲ့ အ၀တ်စင် ကြီး တစ်ခုလုံးကို ကြည့်ပြီး နှာခေါင်း ရှုံ့ပြောတဲ့ ကိုကို့ ကြောင့် ပုံ့ စိတ်ဆိုးနေပါတယ်ဆိုကာမှ ပြုံးမိသွားသည်..။
“အပြာလေး..”
နက်ပြာရောင် အကျီ င်္ကို ဆွဲထုတ်ပြီး ပုံ့ ကိုယ်မှာ ကပ်ကြည့်တော့ ပုံ့ နောက်တွန့်လိုက်ရသည်..။
“ဒါဆို...အစိမ်းနုလေး...”
“ကိုကိုနော်...”
“ဘာလည်း...စိမ်းမမစိမ်းလေးရဲ့...”
ပုံ့ မျက်စောင်းဝဲပြီး  တခြား အရောင်တွေကို  လိုက်ငေးနေမိသည်..။
အနီရောင်လေးကို အကြည့်ရောက်တော့ ဘီးကုတ် အနီလေးကို မြင်ယောင်မိပြန်သည်..။
စိတ်ထဲ သနားလို့ လှည့်ကြည့်မိတော့ စင်ပေါ်က အထည်တွေကို လက်နဲ့ လိုက်ကိုင်ကြည့်နေသေးသည်..။
လက် နဲ့ ကိုင်ကြည့်ရင် သိတာမှတ်လို့...။
မမ ကို ဆရာသွားလုပ်နေတာ...အခုတော့ မမလည်း အမြင်ကပ်လို့ ဖြစ်မယ်..၀င်တောင် မလာတော့ပါ...။
ကိုကိုကလေ...တစ်ခါတလေ...တကယ့်ကို အရိပ်အကဲ မသိဘူး...။
သခွားရောင်လေး ထူးထူးခြားခြားတွေ့တော့ ပုံ့ လက်လှမ်းဖို့ ရွယ်လိုက်ချိန်...
“ဟင်..”
ကိုကို့ လက်ကို အုပ်ကိုင်မိသွားတော့ နှစ်ယောက်သား မျက်လုံးပြုးဖြင့် အကြည့်ချင်းဆုံသွားသည်..။
“အဟွင်း..”
ပုံ့ လက်ကို ရုတ်လိုက်ပေမဲ့ ကိုကို က ဖိဆုပ်ကိုင်ပြီး ဘယ်လက်ဖြင့် အကျီ င်္စဖြုတ်ယူသည်..။
“ဒါလေး မဆိုးဘူး...ပုံ့ နဲ့ လိုက်တယ်...”
“နေပါဦး..တခြားဟာတွေ ကြည့်ဦးမယ်..”
“မကြည့်ပါနဲ့...ဒါ အကောင်းဆုံးပဲ...”
“ကိုကို ဘယ်လို ဖြစ်နေတာလည်း..”
ပုံ့ ရှေ့မှာ ပြနေတဲ့ အကျီ င်္ကို ပုတ်ချပစ်လိုက်တော့ ကိုကိုက လက်နှစ်ဖက်နဲ့ ဖမ်းလိုက်ပြီး ပြုံးသည်..။
“အရမ်းမရွေးနဲ့..အမြင်တွေ ရှုပ်ကုန်လိမ့်မယ်နော်...”
“မရှည်ပါနဲ့...”
“ဟာ...”
ကိုကို့ရဲ့ ငေါက်ဆပ်ဆပ် စကားကြောင့် ပုံ့ စိတ်ထဲ လန့်သွားခါ မျက်လုံး ဝိုင်းဖြင့် မော့ကြည့်မိသည်..။
“ချစ်ဖို့ကောင်းလိုက်တာ..”
ပုံ့ ပါးကို ဖွဖွ ဆွဲပြီး ရယ်ခါ ပြောတော့ မျက်စောင်းဝဲလိုက်မိသည်။
ကိုင်ထားတဲ့ လက်ကို ဆောင့်ဖြုတ်လိုက်ပြီး အကျီ င်္ယူခါ ခပ်ဆောင့်ဆောင့် ထွက်လာခဲ့လိုက်သည်..။
“မမ..ဒါလေး တော်မလား..”
“အင်း...တော်တယ်လေ...၀တ်ကြည့်လိုက်ဦး... မာန်သွေးလည်း တစ်ခါတည်း ၀တ်ကြည့်...ကြားရောင်လေးဆိုတော့ တစ်မျိုးလေးပေါ့...ညီမလေး အရွေးတော်တယ်...”
ကိုကို က မေးပင့် ပြီး ပြုံးစေ့စေ့ လုပ်နေတော့ ပုံ့ မသိချင်ယောင်ဆောင်ပြီး အ၀တ်လဲခန်းထဲ ၀င်လိုက်သည်..။
ထိုင်မသိမ်း တစ်ခါမှ မ၀တ်ဖူးလို့ ၀န်ထမ်းနှစ်ယောက်က ကူ ၀တ်ပေးရသည်..။
အခန်းထဲက ထွက်လာတော့ တိုက်ပုံ့ အဖြူ နဲ့ ကိုကို့ ကို မြင်ပြီး ငေးခနဲ့ ဖြစ်သွားသည်..။
“အရမ်း လှတယ် ပုံ့ရယ်..”
“အဟမ်း..အဟမ်း...”
မမ ခေါင်းဟန့်သံကြောင့် ပုံ့ ရှက်ပြီး ခေါင်းငုံ့ထားလိုက်ရသည်..။
အဲ့ ကိုကိုကလေ ပြောရင် ရှေ့နောက်ကို မကြည့်ဘူး...။
တစ်ခါတလေ..အေးတိအေးစက် နဲ့ တစ်ခါတလေ ကျတော့ လူရှေ့မရှောင် ချစ်ပြတက်ပြန်သည်..။
တကယ့်ကို နားလည်ရခက်တဲ့ ကိုကို...။
“သြော်...ဒီလင်မယားတွေ ရောက်နေတာကိုး..”
“ဟမ်...”
“အိုး ကိုကြီးကလည်း..”
“ဘာလည်း မင်းတို့ လင်မယား မဟုတ်ဘူးလား..”
ကိုကြီး က ဆိုင်ထဲ ၀င်လာတော့ ဒီတစ်ခါ ဝိုင်းပါ စိတ်ညစ်ရတော့သည်..။
မာန်သွေးသာ သိရင် ဝိုင်းကို ကောင်းကောင်းစတော့မှာလေ...။
“ဒီမှာ..ဝိုင်း..”
ထင်ထားတဲ့ အတိုင်း အလိုက်မသိ လှမ်းပေးတော့ ဟိုနှစ်ယောက် အကြည့်တွေက ကိုကြီးလက်ဆီကို ရောက်သွားသည်...။
“ကိုကြီးတို့က ဒီအဆင့်လား..”
“ဟမ်...”
“မာန်သွေးနော်...”
“ဟား...ဟား....မနော်ဘူး...ဝိုင်း...ဝိုင်း...လျှိုတယ်နော်...ကိုကြီးလည်း တူတူပဲသိလား...”
“ဘာလည်းကွ...”
“ဘာမှ မဟုတ်ဘူးပဲ ထားပါတော့လေ....ကိုကြီးတို့ အရင်လက်မထပ်ရလို့ ဝိုင်းက ညီ့ကို ရန်ထောင်နေတယ်လေ...”
“ဟုတ်လား...ဝိုင်း..”
“အိုး...မဟုတ်ဘူး..မာန်သွေး...နင်တို့ မပြန်နိုင်သေးဘူးလား...”
“မနှင်ပါနဲ့....ပြန်မယ်...လာ..ကိုကို...”
အစ်မဖြစ်သူကို ရန်တွေ့ပြီး သူ့ သတို့သားလောင်း လက်မောင်းကို ချိတ်ခါ ခေါ်သွားတဲ့ ပုံ့ကို ပြေးထုချင်စိတ်တွေ ပေါက်လာရသည်..။
မွေးရကျိုး မနပ်တဲ့ ဟာမလေး...။
“ဝိုင်းက လက်ထပ်ချင်လို့လား... မေမေတို့ကို နောက် နှစ်လည်လောက်မှ လက်ထပ်ဖို့ ကိုယ် ပြောထားတယ်..”
အလိုက်မသိတဲ့ ကိုကြီးကို မျက်စောင်းထိုးပြီး လက်ထဲက အိတ်ကို ဆွဲယူလိုက်သည်..။
“လက်မထပ်ချင်ပါဘူး..စိတ်တွေ ရှုပ်လို့..”
“အရမ်း ပင်ပန်းနေပြီလား..”
“ဟုတ်တယ်...ပင်ပန်းတယ်..အလိုက်မသိတဲ့ သူတွေ ကြောင့် ပို ပင်ပန်းတယ်...”
ဝိုင်း က ခပ်ဆောင့်ဆောင့်လေး ပြောလိုက်တော့ ကိုယ်ကြီးက ခါးထောက်ပြီး မျက်မှောင်ကြုတ်ခါ..
“ကိုယ် ဘာ အလိုက်မသိလို့လည်း..”
“ဒီအိတ်ကြီးကို လူတွေရှေ့ ဒီတိုင်းသယ် လာရလားလို့...ရှက်ဖို့ကောင်းလိုက်တာ..”
“ဘာလည်း...ဝိုင်း သွားယူဖို့ မအားလို့ ကိုယ့်ကို ယူခိုင်းပြီးတော့လေ...”
“ဟုတ်တယ်လေ...ဆိုင်အတွက်လိုအပ်တာတွေ..အခုတော့ ဝိုင်း ၀တ်ဖို့လို့ ထင်ပြီး ပြောချင်ရာတွေ ပြောသွားပြီလေ...”
“သြော်...ဟား..ဟား...ဘာဖြစ်လည်း..ထင်ချင်သလို ထင်ပေါ့...ကိုယ်တောင် ဘာမှ မဖြစ်ပါဘူး...ဟား...ဟား....”
အတောမသတ်နိုင်အောင် ရယ်နေတဲ့ ကိုကြီးကို အမြင်ကပ်လာလို့ လက်မောင်းကို ထုပစ်လိုက်ပြီး အိတ်ကို ဆွဲခါ အခန်းထဲ ၀င်ခဲ့လိုက်သည်..။
ဆိုင်အတွက် လိုအပ်တဲ့ ရင်ခံအထည်တွေကို သွားယူဖို့ မအားလို့ သူ့ကို လွှတ်လိုက်မိပါတယ်..။
အခုတော့ လူတကာမြင်ပြီး ထင်ချင်တာ ထင်ကုန်ပြီလေ...။
ဆိုင်က ကောင်မလေးတွေကလည်း..ယောင်္ကျားလေး တစ်ယောက်လာယူတာ အိတ်အမဲလေးတောင် မသုံးဘူး..။
တစ်လမ်းလုံး ဒီအိတ်ကြီးကို ဆွဲလာတဲ့ ကိုကြီး ကို မြင်ယောင် ပြီး ဝိုင်း စိတ်ညစ်စွာ ခေါင်းကုတ်လိုက်မိသည်..။
“ဝိုင်း...သံပရာရည် အေးအေးလေး တစ်ခွက်ပေး...”
“သံပရာသီး ကုန်နေတယ်...”
အလုပ်ခန်းထဲက စုံလည်ခုံမှာ ထိုင်ပြီး အမိန့်ပေးတော့ အမြင်ကပ်လို့ ဘုဆက်ဆက် ပြောလိုက်သည်..။
၀ိုင်းမှာတော့ ညီမလေး မင်္ဂလာဆောင် အတွက် ၀တ်စုံတွေ စီစဉ်ရတာ တမျိုး...တစ်ဖက်က အပ်ထည်တွေ အမှီပြီးဖို့ ကြိုးစားရတာတစ်မျိုး...
သူက အလိုက်တသိ ကူညီလို့ ၀မ်းသာရမလား မှတ်တယ်..ခုံမှာ ထိုင်ပြီး တစ်ခုစီ ခိုင်းနေတာ မပြီးနိုင်တော့ဘူး...။
“ဝိုင်း ပြောတော့  အိတ်သွားယူပေးရင် သံပရာရည် တိုက်မယ်ဆို...”
“ကိုကြီးရယ်...ဝိုင်း အလုပ်တွေ အရမ်းများနေလို့ပါ ပြန်ပါတော့...”
၀ိုင်း စိတ်ပျက်လက်ပျက် ပြောလိုက်ပေမဲ့ စိတ်က မနေနိုင်လို့ ရေခဲသေတ္တာထဲက သံပုရာသီး နဲ့ သကြားဘူး ထုတ်ပြီး သံပုရာရည်ဖျော်ဖို့ ပြင်ဆင်နေပြီ...။
“အဲဒါကြောင့် ပိုချစ်တာ သိလား...”
“လွှတ်...”
“ဟင့်အင်း..”
၀ိုင်း ခါးပေါ်က လက် ကို မဖယ်ပေးပဲ ပခုံးပေါ်ကိုပါ မေးတင်လာတော့  ကြည်နူးစိတ်ဖြင့် ခိုးပြုံးလိုက်မိသည်..။
ကိုကြီး ကိုယ်က ရေမွှေးနံ့ သင်းသင်းလေးနဲ့ အတူ ပါးချင်း ကပ်လုမတက်ဖြစ်နေတဲ့ အနေအထားမှာ ရင်ခုန်သံ မြန်လာသလိုလို...။
“သကြားလျော့နော်...”
“အရမ်းချဉ်လိမ့်မယ်...”
“အချစ်ဖျော်တာမို့လို့ ချိုပါတယ်ကွာ..”
“ဟုတ်လား...ဒါဆို သံပုရာသီးပဲ စားလိုက်လေ...အချစ်လှီးထားတာ...”
“ကြည့်စမ်း...”
ကိုကြီးက ဝိုင်း ပခုံးပေါ်က ရွေ့ပြီး ငဲ့ ကြည့်တော့ ပခုံးတွန့်ပြလိုက်သည်..။
ဟုတ်တယ်လေ...အပိုတွေ သိပ်ပြောတာပဲ...။
“အင့် ရပြီ...”
၀ိုင်း လှမ်းပေးလိုက်တဲ့ သံပုရာရည်ဖန်ခွက်ကို ကိုင်ပြီး ပခုံးကို လှမ်းဖက်ခါ ခုံဆီကို ရောက်အောင် ဆွဲခေါ်သွားသည်..။
“ထိုင်..”
၀ိုင်း ပခုံးကို ဆွဲပြီး ခုံမှာ ထိုင်ခိုင်းတော့ ထိုင်ချလိုက်ရပေမဲ့ ဘာတွေ လုပ်ဦးမယ် မသိ...။
“ရော့...သောက်....”
“ဟာ...ဝိုင်း..မအားဘူး ကိုကြီးကလည်း...အရမ်းပဲ...ကျစ်..”
“ဝိုင်း အရမ်းပင်ပန်းနေပြီမလား...ခဏနားပါဦး...”
၀ိုင်းထိုင်နေတဲ့ ခုံကို လှည့်ပြီး ကိုကြီးက စားပွဲပေါ် တက်ထိုင်တော့ မျက်နှာချင်းဆိုင် ဖြစ်သွားရသည်..။
“ရတယ်...အလုပ်တွေ အပြီး လုပ်ရမယ်..ဧည့်ခံပွဲရက်ဆို အလုပ်နားထားမှာလေ..”
“ကိုယ့် အတွက် မစဉ်းစားတော့ဘူးလား..ဟမ်..”
၀ိုင်း နှုတ်ခမ်းလေးကို ဖိကိုက်ပြီး မော့ကြည့်တော့ ကိုကြီး က ပြုံးရင်း နဖူးပေါ် ဝဲကျနေတဲ့ ဆံပင်တွေကို  ဖွဖွလေး သပ်တင်ပေးသည်..။
နဖူးစပ်ကို ကျလာတဲ့  အနမ်းနွေးလေးကြောင့် မျက်လုံးတွေ ဖျတ်ခနဲ့ ပိတ်လိုက်မိသည်..။
“ကိုယ့်ချစ်သူ ပင်ပန်းရင်..ကိုယ်လည်း ပင်ပန်းတယ်ကွာ...”
၀ိုင်း ခေါင်းငုံ့လိုက်ခါ ကြည်နူးစိတ်ကြောင့် ပြုံးမိသွားချိန် ကိုကြီးက မေးဖျားကို ဆွဲမော့ယူပြန်သည်..။
နှုတ်ခမ်းပေါ် ကျလာတဲ့ အနမ်းဖွဖွလေး ကြောင့် ရင်ခုန်သံတွေ တဒိတ်ဒိတ် ဖြစ်နေရပြီ..။
ဝိုင်း ပါးလေးကို လက်ညိုးဖြင့် တို့ထိရင်း ငုံ့ကြည့်ခါ...
“ကိုယ်တို့ လက်ထပ်ကြရင် ၀တ်စုံကို ဝိုင်း ချူပ်မှာလား..”
“အမလေး...မပြောပါနဲ့တော့...”
ခြေကုန်လက်ပန်းကျနေတဲ့ ဝိုင်းရဲ့ အသံလေးကြောင့် အောင်သွေး ပြုံးမိရင်း..
သံပုရာရည်ခွက်က ပိုက်ကိုလှည့်ခါ နှုတ်ခမ်း၀ကို တေ့ပေးလိုက်သည်..။
“သောက် အမောပြေသွားအောင်လေ...”
အောင်သွေး မေးငေါ့ပြီး ပြောလိုက်တော့ ဝိုင်းက နှုတ်ခမ်းမဲ့ပြီး မျက်စောင်းပါ ထိုးပြန်သည်..။
“ဒီလောက် အမောပြေစေချင်ရင် ကိုယ်တိုင် ဖျော်တိုက်ပါလား...အလှူ့လက်ဖက်နဲ့ မျက်နှာ သိပ်လုပ်တယ်..”
“ဖျော်တိုက်မှာပေါ့ကွာ...အခုတော့ ကိုယ် မဖျော်တက်သေးလို့ပါ...အဲ...ဝိုင်း...သားသားမီးမီးတွေ မွေးတဲ့ အချိန်ကျရင်..”
‘အိုး..”
တစ်ဖက်ကို မျက်နှာလွဲ သွားတဲ့ ဝိုင်းကို မေးဖျားကနေ ဆွဲလှည့်ပြီး..
“နားထောင်ပါဦး...အဲ့ အချိန်ကျရင် ကလေးတွေအတွက်လည်း နို့ဘူးဖျော်တိုက်ပေးမယ်...အမေအတွက်လည်း နို့ဖျော်တိုက်ပေးရမယ်လေ...”
“ဘာတွေမှန်းမသိဘူး...သွားပြန်တော့...”
မျက်နှာပန်းသွေးရောင်လေးဖြင့် နှုတ်ခမ်းစူခါ တွန်းလွှတ်နေတော့ အောင်သွေး ပြုံးရင်း လက်ကို ဖမ်းဆုပ်ကိုင်ထားလိုက်သည်..။
“ဝိုင်းအလုပ်တွေကို ကူပေးချင်လို့ ခွင့်တောင် တင်ထားတယ်နော်..”
“တော်တော် ရက်စက်တဲ့ ဆရာ၀န်..”
“လူနာတွေ အပေါ်မရက်စက်ရင် ချစ်သူက ကိုယ့်ကို ရက်စက်မှာကိုး...”
“ဝိုင်းက ဘာရက်စက်လို့လည်း..”
“ကိုယ် မရှိရင် ဇော် ရှိတယ်မလား..”
“ကိုကြီး နော် ဝိုင်း ကို မစွပ်စွဲနဲ့ ..အဲကောင်လေး စင်ကာပူကို သွားပြီလို့ ပြောထားတယ်လေ..”
“စင်ကာပူ နဲ့ ဒီ ဘာဝေးလို့လည်း..တော်ကြာ ကိုယ် မရှိတုန်း မမ လာလုပ်နေရင် ဘယ်လိုလုပ်မလည်း..”
“ဘယ်လိုမှ မလုပ်နဲ့ ပြန်တော့ဆို...”
“ကဲ...ကဲ...ဒီလောက် နှင်နေရင်လည်း ပြန်ပါ့မယ်...မပြန်ခင် ပေးဦး..”
မျက်လုံးစုံမှိတ်ပြီး မျက်နှာကြီး ရှေ့တိုးပေးတဲ့ ကိုကြီး ကို ကြည့်ခါ ဝိုင်း နှာခေါင်းရှုံ့ပြီး သူ့ နှာခေါင်းကို လက်နဲ့ လိမ်ပစ်လိုက်သည်..။
“အ...”
“ပေးပြီးပြီလေ...”
“ဝိုင်း..”
“ဘာလည်း...”
“ဘာလည်း...ဟုတ်လား...”
စားပွဲပေါ်က ခုန်ဆင်းလိုက်တော့ ဝိုင်း အလန့်တကြား ထရပ်လိုက်ပေမဲ့ နောက်ကျသွားခဲ့ပြီ..။
၀ိုင်းကို ရင်ခွင်ထဲ မြုပ်နေအောင် ဖက်ထားတဲ့ ကိုကြီး မျက်နှာကို မော့ကြည့်ရင်း စိတ်ထဲက ကြောက်လာသလိုလို...။
“ချစ်တယ်...ဝိုင်းရယ်...”
၀ိုင်း ခေါင်းကို လက်နဲ့ အုပ်ကိုင်ပြီး နားသယ်စပ်ကလေးကို နမ်းခါ ပြန်လွှတ်ပေးတော့မှ သက်မချနိုင်တော့သည်..။
“သွားမယ်နော်...ညနေ ဖုန်းဆက်လိုက်..”
“ဟုတ်...”
ဆိုင် တံခါး၀ အထိလိုက်ပို့ ပေးလိုက်တော့ ကားထဲက နေ လက်ပြပြီးမှ မောင်းထွက်သွားသည်..။
ရင်ခုန်သံတွေ ပုံမှန် မဖြစ်သေးခင် ဝိုင်း ပြုံးမိပြန်သည်...။
ရဲတင်းလွန်းတဲ့ အနမ်းတွေနဲ့ ပြုစားနေတာ...တော်တော် ဆိုးတဲ့ ကိုကြီး...။
.
“ကိုကျော်စိုး တို့ကော လိုသေးလား..”
“မလိုတော့ဘူး...သားကြီးကို မေးပြီးပြီလား..”
“အင်း...ဖိတ်ဖို့ကျန်ခဲ့ရင် အားနာရမယ်မလား..”
ပုံ့ ဧည့်ခန်းထဲကို ရောက်သွားတော့ မေမေကြည် နဲ့ ဖေဖေကြီး ရယ်...ဖေဖေရယ် က ဖိတ်စာတွေ ရှေ့ချပြီး စကားပြောနေကြသည်..။
“သြော်..သမီး ပြန်လာပြီလား....၀တ်စုံတွေကော အဆင်ပြေလား..”
“ဟုတ်..ကိုကို က သခွားရောင်လေး ရွေးပေးတယ်မေမေ....”
“ကောင်းပါတယ်..ဝိုင်းတော့ ပင်ပန်းနေရှာမှာပဲ...”
“ပင်ပန်းပါဘူးမေမေရဲ့....မမ ကြိုချုပ်ထားတဲ့ ၀တ်စုံက အတော်ပဲဆိုတော့ ထပ်ချုပ်စရာ မလိုတော့ဘူး..”
“တော်သေးတာပေါ့...”
ပုံ့က သတို့သမီး ဆိုပေမဲ့ ဘာဆိုဘာမှ စိတ်မ၀င်စားပဲ လူကြီးတွေ စီမံပေးသမျှသာ လွယ်လွယ်ကူကူ ခေါင်းညိတ်ပေးလိုက်သည်..။
ကိုကိုက ပုံ့ ကို အတင်းလိုက်ချော့သလို စကားတွေ အရမ်းများပြနေပေမဲ့ ပုံ့ စိတ်ထဲမှာတော့ သိပ်မကျေနပ်သေး..။
“သားငယ်ကော သမီး..”
“ကိုကိုလား...ကားသွင်းနေတယ် ထင်တယ်...”
“ဒီကျန်တာတွေတော့ သားငယ်ကို ပဲ ဖိတ်ချင်တဲ့သူ ဖိတ်ခိုင်းလိုက်မယ်...”
“အေးလေ...သူ့ မင်္ဂလာဆောင်သာဆိုတယ်...သူ့မိတ်လည်း တစ်ယောက်မှ မဖိတ်သေးဘူး..ဘယ်လိုကောင်လည်း မသိပါဘူးကွာ..”
ဖေဖေကြီးက အပြစ်တင်လေသံ နဲ့ ပြောတော့  မေမေကြည်ကလည်း ခေါင်းညိတ်ထောက်ခံသည်..။
“သူက အပေါင်းအသင်း သိပ်မများလို့ပါကွာ..”
ဖေဖေ က ၀င်ပြောတော့ မှ ပုံဆိုဖာမှာ ၀င်ထိုင်လိုက်ပြီး ရှေ့က ဖိတ်စာ အထပ်ကို ကြည့်မိသည်..။
“သိပ်မများပါဘူး မေမေရဲ့..”
“အင်း နှစ်ဆယ်လောက်ပဲ ကျန်တာပါ...သမီး သူငယ်ချင်းတွေကို အကုန်ဖိတ်ပြီးပြီလား..”
“ဟုတ်....သြော်...ကိုကို့ အသိတစ်ချို့တော့ ပုံ့နဲ့သိတယ်လေ..ဖိတ်လိုက်ရမလား..”
“ဟုတ်လား..ကောင်းတာပေါ့...သမီးရယ်...သူလည်း အလုပ်ကိစ္စတွေကြောင့် မေ့နေတာဖြစ်မယ်..”
ပုံ့ ခုံပေါ်က လက်ကျန်ဖိတ်စာ အထပ်လေးကို ယူပြီး အိမ်ဘက်ကို ပြန်လာခဲ့လိုက်သည်..။
ခေါင်းထဲမှာတော့ ကိုကို့ အတွက် အစီအစဉ် ကြီး တစ်ခုရေးဆွဲနေမိသည်..။
.
“ဟား..ဟား..မင်းကလည်း...china wedding ကျနေတာပဲကွာ...အခင်းကလည်း အနီရောင်ချည်းပဲ...”
မာန်သွေး ခေါင်းကုတ်ရင်း အိပ်ယာခင်း စောင်းနေတာကို ပြန်တည့်လိုက်ရသည်..။
အဖြူခံပေါ် အနီရောင် နှင်းဆီပွင့်လေးတွေ ပါတဲ့ ဒီဇိုင်းမျိုးကို ပုံ့ ကြိုက်တက်တာသိလို့ တကူးတက ကိုယ်တိုင် ရှာ၀ယ်ထားရတာလေ...။
“ညီ...မင်း..ဒေါက်တာညီနိုင် ဆီသွားသေးလား....”
“အင်း..ဆရာက စိတ်ရောဂါဆရာဝန် ဆိုတော့ သွားရမှာရှက်လို့ အချိန်ဆွဲနေမိတာပါ...
မနေ့ကတော့ သွားတယ်..ဆေးပေးလိုက်တယ်..”
“ဘယ်လိုနေလည်း ခေါင်းကိုက်သေးလား..”
မာန်သွေး ခေါင်းကို ခပ်လေးလေးရမ်းခါ ပန်းအိုးထဲက ပန်းလေး တွေကို နေရာကျအောင် ပြင်နေမိသည်။
“ညီ ဖြစ်နေတဲ့ အကြောင်းတွေ ပြောပြလိုက်သေးလား”
“အင်း..အများကြီး..မေးတယ်...ငယ်ငယ်ကတည်းက အကြောင်းတွေလည်း မေးတယ်လေ...ညီ့လိုမျိုး..အတိတ်မှာပဲ ဝဲလည်နေတဲ့သူတွေ အများကြီးရှိတယ်တဲ့..ကိုယ့်အားသာချက်တွေ များများတွေးပြီး..စိတ်ကို အေးဆေး ဖြစ်အောင်နေဖို့ပြောတယ်...တကယ်တော့.. အပြောလွယ်သလောက် လုပ်ရခက်တယ်...လက်ထပ်ပွဲမှာ လာတဲ့ လူတွေ အများကြီးထဲ... သုံးစက်လို့ ခေါ်လိုက်မှာ တွေးမိရင်...နေလို့မကောင်းတော့ဘူး...လာမဲ့ ဧည့်သည်တွေထဲ ညီ့အကြောင်းကိုသိပြီး လှောင်နေမလား...သရော်မလားလို့ပဲ စိုးရိမ်နေတယ်....ပြီးတော့...လူတွေ အများကြီး တွေ့ရမှာလည်း ကြောက်တယ် ...
ဆရာကတော့ စိတ်ငြိမ်ဆေးလည်း ပေးထားပါတယ်...ဒါပေမဲ့...ကြောက်တယ်..ရှက်တယ်......ပြီးတော့ နှလုံးခုန်နှုန်းတွေ တအားမြန်နေတော့ နေရတာ မကောင်းဘူး....တစ်ခါတလေ ကျရင် အဲလို ခေါ်တော့ကော ဘာဖြစ်လည်းလို့ ကြိုးစားပြီး သတ္တိထားဖို့ တွေးမိတယ်...ဒါပေမဲ့...အင်း...ပုံပြောသလို.. ယောင်္ကျားမပီသတာ ဖြစ်မှာပါလေ....”
“ဟာ..မဟုတ်တာကွာ...ဒါ...ရောဂါ တစ်မျိုးပါ...ကမ္ဘာကျော် ချန်ပီယံ တွေမှာတောင် ဒါမျိုး ဖြစ်တက်ပါတယ်...အရာ အားလုံး အဆင်ပြေသွားလိမ့်မယ်...ညီ တစ်ယောက်တည်း မဟုတ်ဘူး...တစ်မိသားစုလုံး အနားမှာ ရှိနေတယ်လေ...အဓိကက...ကျန်းမာရေးကိုပဲ ဂရုစိုက်..အများကြီး ကြိုမတွေးထားနဲ့....”
မာန်သွေး နှုတ်ခမ်းကိုက်ခါ ခေါင်းညိတ်ပြလိုက်ပေမဲ့...ညဆို စိုးရိမ်ပြီး အိပ်မပျော်တာ မပြောမိတော့ပါ...။
“မနက်စောကြီး စျေးသွားသေးတယ်ဆို..”
“အင်း...ပန်းအိုးသွား၀ယ်တာ...ပုံ့က ပန်းအရမ်းကြိုက်တယ်လေ...”
“ညီ ...မင်းက သတို့သားနော်...မအိပ်မနေ လျှောက်လုပ်နေတော့ ဧည့်ခံပွဲမှ မူးလဲရင် ဘယ်လို လုပ်မလည်း..”
“တစ်ခါတွေး တစ်ခုလိုနေတာပဲ...ခဏနေရင် ပုံ့ကို ခေါ်ပြီး သူလိုတာတွေ သွား၀ယ်ပေးရဦးမယ်..”
“ဟား..ဟား...ကြွားနေလိုက်တာကွာ...”
ကိုကြီးရဲ့ စကားကို မတုန့်ပြန်တော့ပဲ ပြုံးရင်း ၀န်ခံလိုက်ရတော့သည်..။
ညတရေးနိုးလည်း ပုံကြိုက်တဲ့ အရာလေးတွေကို သတိရရင် ချရေးထားရသည်။
သတို့သမီးလောင်းလေး ပုံ့ကို ပျော်စေချင်ပါသည်။
“ဒါကရော....ထိုင်း စတိုင်လ်လား..”
မှန်တင်ခုံ အသစ်လေးမှာ ချိတ်ထားတဲ့ စံပယ်ပန်းကုံးအများကြီး ကို ကြည့်ပြီး ကိုကြီးက မေးငေါ့ပြန်ပြီ..။
“မဟုတ်ပါဘူး...ပုံ့က စံပယ်ပန်းကြိုက်လို့ပါ..”
“ညီကလည်း အစောကြီး ၀ယ်ထားတော့ နွမ်းကုန်မှာပေါ့...”
“ရောင်းတဲ့ကောင်လေးက ရေခဲသေတ္တာထဲ ထည့်ထားရင် ခံတယ်တဲ့လေ...အခု ပုံ့ အခန်း လာကြည့်ရင် ပျော်သွားအောင် ခဏထုတ်ချိတ်ထားတာ...”
“ဟား...ဟား...သတိုးသမီးကို အခန်းအပ်ရဦးမယ်ပေါ့လေ....မင်း မိန်းမက ဆော့ကောင်းတုန်း...”
ကိုကြီး မေးငေါ့ပြတော့ မာန်သွေး ပြတင်းပေါက် ကို အကြည့်ရောက်သွားရသည်..။
ခုံတွေ အစီအရိ ချထားတဲ့ အလယ်မှာ ဂါ၀န် မိုးပြာလေး ဝတ်ပြီး သူငယ်ချင်းတွေနဲ့ စကားပြောလိုက် မုန့်စားလိုက်လုပ်နေတာ တကယ့်ကလေးလေးလို အပူအပင်ကင်းစင်လှသည်..။
ကိုယ် မြတ်နိုးရတဲ့ ချစ်ရသူကို မနက်ဖြန်ကျရင် လူသိရှင်ကြား ပိုင်ဆိုင်ခွင့် ရတော့မယ်ဆိုတဲ့ အသိက တစ်ကိုယ်လုံးကို ပူနွေးသွားစေသည်..။
“မင်္ဂလာခန်းမကြီးထဲ..🎼.ဒီ မင်္ဂလာခန်းမကြီးထဲ🎼 ...တို့ နှစ်ဦး လက်တွေတွဲ ခိုင်မြဲသော အချစ်ကို သက်သေထူမယ်....အဖြူရောင်သတို့သမီးလေး ..တကယ်ပါ နင် လှနေလို့..🎼..မိုးထက် နတ်သက်ကြွေသူ ရင်ခုန်သံ ဘယ်လို ထိန်းရမှာလည်း..”
မာန်သွေး ဖုန်းက ထွက်လာတဲ့ သီချင်းသံကြောင့် ကိုကြီး က ပြုံးစေ့စေ့ ဖြစ်နေပြီ...။
ခုံပေါ်က ဖုန်းကို ကမန်းကတမ်းဆွဲယူပြီး နံပါတ်မကြည့်ပဲ ကိုင်လိုက်ရသည်..။
“ဟေး...သုံးစက်...”
“ဟင်..”
မာန်သွေး မျက်လုံး အစုံ ပြူးရင်း ရင်ခုန်နှုန်းတွေ ပြင်းထန်လာ ရသည်..။
“ဘယ်...ဘယ်သူလည်း..”
“ငါပါ..မေဖူးငုံ့လေ...”
မာန်သွေး တံတွေး တစ်ချက်မြိုချရင်း အသံကို အတည်ငြိမ်ဆုံး ဖြစ်အောင် ထိန်းခါ
“ဘာ...ဘာပြောမလို့လည်း..”
“သြော်...နင့် ဇနီးလောင်းလေး ဖိတ်စာဝေခိုင်းထားတာလေ...ငါလည်း အကုန်လုံး စုံစမ်းဖို့ မလွယ်ဘူးဟ...”
“ဟင်...”
“ဟိုတစ်ခါ တွေ့တဲ့ ကောင်မလေးလေ...ငါ့ကို ဖိတ်စာတွေ အစောင် နှစ်ဆယ်လောက် လာပေးထားတယ်..အရင်ကျောင်းက သုံးယောက်ပဲ တွေ့လို့ ဖိတ်လိုက်တယ်...ပိုတာတွေ လာပို့တာ....ငါ နင်တို့ ခြံရှေ့မှာလေ...”
မာန်သွေး ဖုန်းချလိုက်ပြီး လှေကားတွေကို ပြေးဆင်းသွားလိုက်ခါ ဧည့်ခန်းရောက်တော့ ခြေလှမ်းတွေ နှေးကျသွားသည်..။
ခြံတံခါး ဝ မှာ မတ်တက်ရပ်နေတဲ့ မေဖူးငုံ ကို တွေ့တော့ ခြေလှမ်းတွေ လေးကန်လာရပြန်ပြီ...။
“သတို့သားလောင်းကြီး ပိုချောလာသလိုပဲနော်..”
“အိမ်ထဲ၀င်....အဟမ်း..ဝင်ပါလား..”
“ငါ အလုပ်ရှိသေးလို့ပါ...ဒီမှာ ဖိတ်စာတွေ...”
“နင်...ဘယ်သူတွေကို ပေးလိုက်သေးလည်း..”
“ခိုင်ခိုင်ရယ်...သူရကိုပဲ ပေးရသေးတယ်...နင့် မိန်းမက အရင်ကျောင်းက သူငယ်ချင်းတွေကိုပဲ ဖိတ်ပေးပါလို့ပြောတယ်လေ...ငါ့ကို မကျေနပ်လို့ထင်တယ်..”
“ဆောရီးပါဟာ..”
“ရပါတယ်..ကလေးစိတ်မကုန်သေးလို့ လုပ်တာပါ...
ဒါနဲ့...ကောင်မလေးက နင့်ကို တမင် ဒုက္ခ ပေးချင်နေသလိုဖြစ်နေတယ်...မိဘတွေများအတင်းပေးစားလို့လား....”
“မဟုတ်ပါဘူး...”
“အဲ...ငါက ညနေ နယ် ခဏပြန်မှာဆိုတော့ နင်တို့ မင်္ဂလာပွဲ မတက်နိုင်ဘူး...ကြိုဂုဏ်ပြုပေးတယ်နော်...”
“သြော်..အင်း..”
မာန်သွေး လက်ထဲရောက်လာတဲ့ ဖိတ်စာ အထပ်ကို ငုံ့ကြည့်နေရင်း အမြင်တွေ ေ၀၀ါးလာရသည်..။
“ဘယ်သူလည်း ညီ..”
ကိုကြီးကို ရှောင်ပြီး လှေကားတွေကို ပြေးတက်ခါ အခန်းတံခါးကို လော့ခ်ချထားလိုက်သည်..။
စိတ်လှုပ်ရှားမှု အတိုင်း အသက်ပြင်းပြင်း ရှုနေရသလို ရင်ထဲမှာ မောလျလာပြန်သည်..။
ပုံ့ ဘာတွေ လျှောက်လုပ်တာလည်း...
အရင်ကျောင်းက လူတွေကို ရွေးပြီး သွားဖိတ်တယ်တဲ့...
သူတို့သာ မင်္ဂလာပွဲကို ရောက်လာကြရင်...
ကိုယ် ရှောင်ကွင်းနေတဲ့ လူတွေကိုမှ သွားပတ်သက်တာ...
ဘာတွေကို မကျေနပ်လို့ ကလဲ့စားချင်နေတာလည်း....
မာန်သွေး အတွေးတွေ နဲ့ ဦးနှောက်တစ်ခုလုံး နာကျင်လာသလို ရင်ခုန်နှုန်းတွေ မြန်လာပြန်ပြီ...။
“ဟဲ့...ဟိုမှာ..နင့်လူရဲ့ အဆက်ဟောင်းမလား..”
အိမ်ရှေ့က မေဖူးငုံ ကားဖြတ်သွားချိန် လက်ပြသွားတော့ ပုံ့ မျက်မှောင်ကြုတ်မိသွားသည်..။
ကိုကို့ဆီက ပြန်သွားတာလား...။
ပုံ့ သူငယ်ချင်းတွေကို ခဏထားခဲ့ပြီး အိမ်ကူးလာခဲ့လိုက်သည်..။
“ကိုကြီး....ကိုကိုကော..”
“အပေါ်မှာ ညီမလေး..”
လှေကားတွေကို ပြေးတက်သွားပြီး အခန်းတံခါးကို ဖွင့်ကြည့်တော့ လော့ခ်ချထားသည်..။
“ကိုကို...”
“....”
“ကိုကို....အထဲမှာလား...”
“......”
“ဒေါက်....ဒေါက်....”
“ကိုကို....”
“ကိုကြီး...ကိုကို မရှိဘူးနဲ့ တူတယ်..”
“..ရှိပါတယ်..စောစောကမှ တက်သွားတာလေ...”
ကိုကြီးက အောက်ထပ်က လှမ်းအော်တော့ ပုံ့ တံခါးကို ထပ်ခေါက် လိုက်သည်။
“ကိုကို...”
“.....”
“ကိုကိုး...”
ပုံ့ စိုးရိမ်စိတ်ဖြင့် ငိုသံပါလာခါ လက်နဲ့ တဒုန်းဒုန်း ထုလိုက်တော့မှ တံခါး ဂျက်ပွင့်လာသည်..။
“ကိုကို...ဘာဖြစ်လို့တံခါး...အ...”
ပုံ့ လက်ကို ဆောင့်ဆွဲပြီး အခန်းထဲ ခေါ်သွင်းလိုက်တော့ အခန်း အပြင်အဆင် အသစ်အဆန်းကို လိုက်ငေးနေမိသည်..။
လုံး၀မတူတဲ့ အပြင်အဆင်တွေနဲ့ ပုံ့ကြိုက်တဲ့ နှင်းဆီပန်းလေး တွေ အများကြီး ပါသေးသည်..။
စံပယ်ပန်းကုံးတွေ အများကြီး ကြောင့် စံပယ်ပန်းနံ့ သင်းသင်းလေးက အခန်းထဲမှာ ပြည့်နေသည်..။
“ကိုကို...ဒါတွေ...”
“မင်း...ဒါဘာလုပ်တာလည်း ပုံ့...”
ကိုကို့ လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ဖိတ်စာတွေက ကျိုးနေပြီမို့ ပုံ့ မျက်မှောင်ကြုတ်မိသွားသည်..။
“ဘာမှ မလုပ်ဘူး..အဲဒီ့ မိန်းမကို မကျေနပ်လို့ ဖိတ်လိုက်တာ...”
“ဘာ...”
ကိုကို့ ရဲ့ ဒေါသမကင်းတဲ့ မျက်၀န်းနဲ့ အတူ ထွက်လာတဲ့ အသံတိုးလျလျမှာ လုံး၀ မပွင့်တပွင့်မို့ ပုံ့ အံသြမိသည်..။
“ဟုတ်တယ်...သူ့ကိုယ်သူ အထင်ကြီးနေတဲ့ မိန်းမ...ကိုကို သူ့ကို မရခဲ့လို့ သတ်သေဖို့တောင် တွေးခဲ့ လုပ်ခဲ့တယ်လေ...ကိုကို့ ကို ငြင်းခဲ့တဲ့သူက ကိုကို့ မင်္ဂလာပွဲကို တက်သင့်တယ်.....ကိုကို့ စိတ်ထဲမှာ သူ ရှိသေးလားဆိုတာ သိချင်တယ်...”
“မင်းကွာ...”
အားမပါပေမဲ့ ပုံ့ မျက်နှာကို ဦးတည်ပြီး ပစ်ပေါက်လိုက်တဲ့ ဖိတ်စာတွေကြောင့်  အံသြမှု ပိုခါ ပါးစပ်များ ပွင့်ဟသွားရသည်..။
“ကိုကို...ကိုကို...ဘာဖြစ်တာလည်း...ဒီမိန်းမကြောင့် ပုံ့ကို ဒီလိုလုပ်တယ် ဟုတ်လား..”
“မင်းထွက်သွား...”
အသံတိုးတိုးလေး ဖြင့် နှင်လွှတ်ပေမဲ့ ကိုကို့ရဲ့ ဒေါသ မျက်၀န်း တွေကို သေချာအောင် ဆိုက်ကြည့်နေမိသည်..။
“သွား..”
ပုံ့ ကိုယ်လေး တစ်ချက်တုန်သွားခါ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာပြီး အခန်းထဲက ပြေးထွက်ခဲ့မိသည်..။
ရက်စက်လိုက်တာ ကိုကိုရယ်...ကိုကို့ အချစ်ဦးကြောင့် ပုံ့ အပေါ် ဒီလို ဆက်ဆံလိုက်တာ မယုံနိုင်သေးဘူး...။
“ညီမလေး...ပုံ့...”
ကိုကြီး လှမ်းခေါ်ပေမဲ့ နောက်ကို လှည့်မကြည့်ပဲ အိမ်ဘက်ကို ပြန်ပြေးလာခဲ့မိသည်..။
သူငယ်ချင်းတွေ သတိမထားမိချိန် အိမ်ထဲ၀င်ပြီး အခန်းတံခါး ဂျက်ချခါ အားရအောင် ကြိတ်ငိုနေမိသည်...။
“သုံးစက်...မင်္ဂလာဆောင်လား..”
“ဂုဏ်ပြုပါတယ်...သုံးစက်..”
“ဟား..ဟား...ဟား...သုံးစက်ဆိုတာ သေချာလား....”
“မဟုတ်ဘူး...မဟုတ်ဘူး....”
မာန်သွေး ခေါင်းတွေချာချာလည်ပြီး နားကိုလက်နဲ့ အုပ်ခါ ထိုင်ချလိုက်မိသည်။
“ညီ....”
ပုံ့ ထွက်ပြေးသွားတော့ အောင်သွေး ဘာရယ်မဟုတ်ပဲ တစ်ချက် ကြည့်လိုက်တာ ပုံ့က ငိုနေသည်..။
အကြောင်းသိရအောင် ညီ့အခန်းထဲ တက်လာခဲ့တာ...။
မထင်ထားပဲ ခွေခွေလေး လဲကျနေတဲ့ ညီ့ကို တွေ့တော့ ထူပူသွားရသည်..။
“ညီ....ညီ....”
“ဟယ်...ဘာဖြစ်တာလည်း...ကိုကြီး...”
“မိုးမိုး...ငါ့ အခန်းထဲက ဆေးအိတ်သွားယူစမ်း..မြန်မြန်...”
ဆေးအိတ်ရောက်မလာခင် သူငယ်အိမ် တုန့်ပြန်မှုကို စစ်ကြည့်လိုက်ပြီး ကိုယ်အနေအထားကို ဖြောင့်နေအောင် ပြင်ပေးရသည်....။
“ဟင်..မာန်သွေး...ဘာဖြစ်တာလည်း..ကိုကြီး..”
၀ိုင်း အခန်းရှေ့မှာ မျက်လုံးပြူးနေချိန် ကိုကြီးက ပြန်မဖြေအားပဲ နားကြပ်တွေ ဆေးပုလင်းတွေဖြင့် အလုပ်ရှုပ်နေသည်..။
ပုံ့ကို ရိုက်လိုက်တယ်ဆိုပြီး ငိုနေလို့ ရန်တွေ့ဖို့ ဝိုင်း ပြေးလာခဲ့တာ မထင်ထားတဲ့ မြင်ကွင်းကြောင့် ကြောင်သာကြည့်နေရသည်..။
“မမ...”
“ဟင်....ကိုကို..ကိုကို...ဘာဖြစ်တာလည်း...ကိုကြီး...
ဟင်...ဘာဖြစ်တာလည်းလို့..”
မမ နဲ့ ကိုကို ရန် ဖြစ်မှာစိုးလို့ လိုက်လာခဲ့တာ အခုတော့  ကြမ်းပြင်ပေါ်မှာ ကိုကို က အိပ်ပျော်နေသလို...
“ဝိုင်း...ပုံ့ကို ခေါ်စမ်း..”
“ဟင့်အင်း မဟုတ်ဘူး....မသွားဘူး...”
မမ က ပုံ့ လက်မောင်းကို ဆွဲခေါ်ပြီး အခန်းထဲက ထုတ်လာချိန် ပုံ့ ရုန်းကန်နေပေမဲ့ အားမပါလို့ လွယ်လွယ်ကူကူ အောက်ထပ်ရောက်လာခဲ့ရသည်...။
━━━━━━━☆☆━━━━━━━
ဒီနေ့ စာ အရမ်းရှည်သွားတယ်နော်
ဆောရီးပါ 🙏
မနက်ဖြန် ဇာတ်သိမ်း လိုက်တော့မယ်နော် 💔😢
အများကြီး စိတ်ညစ်အောင် လုပ်မိခဲ့တာ အားနာလှပြီ 🙏

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love u all ❤
#စပိုက်ကာ

ပိုင်ရှင်Where stories live. Discover now